02/11/2024
JLPT Listening မေးခွန်း 発話表現
(ပုံပါမျှားထိုးပြီးမေးသော)မေးခွန်းအတွက် သိထားသင့်သော သတ်မှတ်စကားစုတွဲများ
✅လူတစ်ဦးနှင့်တစ်ဦးခွဲခွါသောအချိန်၊ကျောင်း၊အလုပ်မှအိမ်သို့ပြန်သောအချိန်တွင် ပြောလေ့ရှိသော စကားစုများ
❶じゃあね
❷さようなら
❸またあした
❹またこんど
❺またあとで
✅တစ်စုံတစ်ဦးရဲ့အိမ်နှင့်ရုံးခန်းတို့ကိုသွားပြီး ထိုနေရာမှပြန်သောအချိန်တွင် သုံးလေ့ရှိသော စကားစုများ
❶おじゃましました
❷そろそろしつれいします
✅တစ်စုံတစ်ဦးထံမှကူညီမူကို လက်ခံရရှိသောအချိန်တွင် ပြောလေ့ရှိသောစကားစုများ
❶ありがとうございます/ました
❷ごくろうさま(です/でした)
❸おせわになります/ました
❹おつかれさま(です/でした)
✅တပါးသူကိုစိတ်ပူ၍မေးမြန်းသောအခါ၊စိတ်ပူကြောင်းပြောသောအခါတွင် ပြောလေ့ရှိသော စကားစုများ
❶だいじょうぶ?
❷だいじょうぶですか?
❸おだいじに
❹ざんねんですね
❺きをつけて
❻どうぞごゆっくり
❼どうぞごえんりょなく
✅တစ်နေရာရာ(အခန်း၊အိမ်၊ရုံးခန်း)သို့ ဝင်သောအခါ ၊ဝင်ခွင့်ပေးသောအခါမျိုးတွင် ပြောလေ့ရှိသောစကားစုများ
❶失礼します >どうぞ
❷おじゃまします >どうぞおはいりください
✅တောင်းပန်သောအခါတွင် ပြောလေ့ရှိသော စကားစုများ
ရင်းနှီးသောသူနှင့်ပြောဆိုသောအခါ
❶ごめん
❷すまん
အလုပ်ခွင်တွင် ပြောဆိုသောအခါ
❶ほんとうにすみませんでした
❷ごめんなさい
❸まことに申し訳ありません(でした)
❹申し訳ございません
✅တစ်ဦးတစ်ယောက်မှ မိမိအား တောင်းပန်စကားဆိုသောအခါတွင် သုံးလေ့ရှိသောစကားစုများ
❶いいよ
❷いえいえ
❸だいじょうぶ(です)
❹気にしないで
❺こんどきをつけてください
✅တစ်စုံတစ်ဦးကို ဂုဏ်ပြုစကားပြောလိုသောအခါ၊တစ်စုံတစ်ဦးထံမှ ဂုဏ်ပြုစကားကို လက်ခံရရှိသောအခါတွင် ပြောလေ့ရှိသောစကားစုများ
❶おめでとう
❷よかったね/よかったですね
❸ありがとう
❹おかげさまで
✅အိမ်နှင့်ရုံးမှအပြင်သို့သွားသောအချိန်တွင်ပြောလေ့ရှိသောစကားစုများ
❶いってきます(အပြင်သွားမည့်သူပြောသည့်အခါတွင်သုံး)
❷いってらっしゃい(အိမ်၊ရုံးတွင်ကျန်ခဲ့မည့်သူပြောသည့်အခါတွင်သုံး)
ဒါလေးတွေက အရေးကြီးတာမို့ သေချာကျက်ထားသင့်ပါတယ်နော်။
01/11/2024
မြည်သံစွဲ オノマトペလေးတွေ😍😍
----------------------------
むしむし - အိုက်စပ်စပ်
むずむず - ယားကျိယားကျိ
中中 - တော်တော်
ねるねる - ချောချောမွေ့မွေ့
にこにこ - ပြုံးစိပြုံးစိ
にたにた - ပြုံးဖြဲဖြဲ
にやにや - စပ်ဖြဲစပ်ဖြဲ
のびのび - အေးအေးဆေးဆေး/သက်တောင့်သက်သာ
のこのこ - ဘာကိုမှဂရုမစိုက်ပုံ
のろのろ - နှေးတိနှေးကွေး
のそのそ - နှေးနှေးကွေးကွေး
ぬくぬく - နွေးနွေးထွေးထွေး
おちおち - အေးအေးဆေးဆေး
おどおど - ကြောက်ကြော်လန့်လန့်
おいおい - တဖြည်းဖြည်း/ရိုက်ကြီးတငင်ငင်
おめおめ - အရှကိမဲ့စွာ
おうおう(往々) - အမြဲတစေ /အမြဲလိုလို
おろおろ - ဂယာင်ချောက်ချား
おそるおそる - ကြောက်ကြောက်ရွံရွံ
おずおず - ရင်တဖိုဖို
ぱちぱち - တဖြောက်ဖြောက်
ぱくぱく - ဖွင့်လိုက်ပိတ်လိုက်/ပလုတ်ပလောင်း
ぱらぱら - တဖြောက်ဖြောက်/တဖွဲဖွဲ/ဖြည်းညှင်းစွာကျဲချပုံ
ぱたぱた - တဖတ်ဖတ်
ぺらぺら - သွက်သွက်လက်လက်
ぺろぺろ - ပလပ်ပလပ်
ペトペト - ကပ်စီးကပ်စီး
ぴちぴち - ခုန်ဆွခုန်ဆွ
ぴかぴか - တဝင်းဝင်း / တလက်လက်
ぴんぴん - သန်သန်စွမ်းစွမ်း
ぽちゃぽちゃ - ဝဝဖြိုးဖြိုး
ぽかぽか - နွေးနွေးထွေးထွေး
ぽんぽん - တဒိုင်းဒိုင်း
ぽろぽろ - တတောက်တောက်
ぽとぽと - တဖြိုင်ဖြိုင်/တဒီးဒီး
ぽつぽつ - တစက်စက်/တဖြည်းဖြည်း
ぽつりぽつり - ======
さばさば - ပေါ့ပါးလန်းဆန်းစွာ
さめざめ - တွေတွေ/တဖြိုင်ဖြိုင်
さんざん - ပြင်းပြင်ထန်ထန်/မရူမလှ
さらさら - တရှဲရှဲ/ဘယ်တော့မှ/နည်းနည်းမှ
せいせい - အသက်ဝင်စွာ / အဆင်မပြတ်
せいぜい - တက်နိုင်သမျှ/အများဆုံး
せかせか - ပျာပျာလောင်လောင်
しばしば - ခဏခဏ
しくしく - တရိူက်ရိူက်
しろじろ - တဖွေးဖွေး
しとしと - တဖွဲဖွဲ
それぞれ - အသီးသီး
そろそろ - တရွေ့ရွေ့/တအိအိ/အချိန်တန်ပြီ
そよそよ - တဖြူးဖြူး
すべすべ - ချောမွတ်ချောမွတ်
すいすい - တရှီးရှီး
すごすご - စိုက်စိုက်ငိုက်ငိုက်/စိတ်ပျက်အားငယ်စွာ
すくすく - လျင်လျင်မြန်မြန်
すらすら - ရေရေလည်လည်/ချောချောမောမော
すやすや - တရူးရူး
すれすれ - ချဉ်းချဉ်းကပ်ကပ်/သီသီကလေး
するする - ချောမောပြေပြစ်စွာ
たびたび - ထပ်တလဲလဲ /အခါခါ
たかたか - အများဆုံး/မြင့်မြင့်မားမား
たまたま - တစ္ခါတေလ
たらたら - တလုံးလုံး/တတွေတွေ/တဒီးဒီး/တဖွဖွ
ととぽとぽ - ဒယီးဒယိုင်
ときどき - တခါတေလ
とんとん - အထစ်အငေါ့မရှိစွာ/တထုံထုံ/တဒုန်းဒုန်း
とろとろ - စေးစေးထန်းထန်း/မှေးမှေးမှိန်မှိန်/တစ်မှေးတစ်မှိတ်
つぎつぎ - အဆက်မပြတ်
つねずね - အမြဲတစေ/မကြာခဏ
うかうか - နမော်နမဲ့
うろうろ - ရစ်သီရစ်သီ /ယောင်လည်လည်
うすうす - မူန်တိမူန်မွား/မဖြစ်စလောက်
うとうと - အိပ်ချင်မူးတူး
うつらうつら - အိပ်ချင်မူးတူး
うずうず - ရှစိရှစိ/ဂနာမငွိမျ
よぼよぼ - ဒယိမ်းဒယိုင်
よちよち - ယိမ်းပီယိမ်းပါး/ဒယီးဒယိုင်
よなよな - ညတိုင်း
よろよろ - ဟိုယိုင်ဒီယိုင်
よたよた - ဒယီးဒယိုင်/ယိမ်းပီယိမ်းပါး
ゆくゆく - အနာဂါတ်တွင်
ゆらゆら - ယိမ်းပီးယိမ်းပါး
ゆるゆる - ဖြည်းဖြည်းဆေးဆေး
わくわく - မြူးမြူးကြွကြွ
わざわざ - တကူးတက/ တမင်သက်သက်/တမင်တကာ
うろうろ တနေရာထဲခေါက်တုံ့ခေါက်ပြန်လျှောက်ခြင်း။ လိုက်ရားလိုက်ရားလျှောက်သွားခြင်း
ごろごろ ဘာမှမလုပ်ပဲအိမ်ထဲတွင်အချိန်ဖြုန်းခြင်း
すらすら ( 話す) ချောချောမွေ့မွေ့
ペラペラ (話す) သွက်သွက်လက်လက်
ギリギリ ပွတ်ကာသီကာ
ばらばら တကွဲတပြား
いらいら ရင်တလှပ်လှပ်ဖြစ်(မကျေနပ်မှု)
はらはら ရင်တလှပ်လှပ်(စိတ်ပူမှု)
わくわく ရင်တလှပ်လှပ်(ပျော်ရွင်မှု)
ふらふら ယိုင်တိုင်တိုင် ကတုန်ကယင်
にこにこ ပြုံးစိစိ
にやにや စပ်ဖြဲဖြဲ
めちゃめちゃ ဖရိုဖရဲ
ぎゅうぎゅう ကျပ်ကျပ်တည်းတည်း(ပြည့်ကျပ်သည့်အနေထား)
がらがら. ချောင်ချောင်ချိချိ
つるつる ပြောင်ပြောင်ချောချော
サラサラ ချောချောမွေ့မွေ့ (物)
ザラザラ ကြမ်းကြမ်းတမ်းတမ်း(表)
カラカラ ခြောက်ခြောက်သွေ့သွေ့
ぬるぬる စိုစိစိုစိ
べたべた စေးကပ်စေးကပ်
パサパサ ဖြာတာတာ
ぼろぼろ ရိရိရွဲရွဲ
くしゃくしゃ ကွမှေမှ
ぽかぽか နွေးနွေးထွေးထွေး
むしむし အိုက်စပ်စပ်
ひそひそ တိုးတိုးတိတ်တိတ်(人の悪口)
プルプル အိကျိအိကျိ(例_豆腐の食感)
カピカピ မာတာတာ(固まる感)
チクチク ယားကျိကျိ
ふるふる လှုပ်ခါရမ်းခါ(振る)
すがすが လန်းလန်းဆန်းဆန်း
ガシャガシャ များများစားစား(沢山(たくさん)
ぐずぐず နှေးတုန့်နှေးတုန့်(あまり遣りたくない感じ)
のろのろ နှေးတုန့်နှေးတုန့်
きょろきょろ ဟိုကြည့်ဒီကြည့်
がたがた အရာဝတ္ထုမညီညာ၍လှုပ်တဲ့ အသံ
キンキン( に 冷えて.....) အေးမြမြ
しぶしぶ မလုပ်ချင်လုပ်ချင်
(遣りたくないことを遣ってる表現)
たまたま တိုက်တိုက်ဆိုင်ဆိုင်
ふわふわ ပွရောင်းရောင်း ဖောင်းပွပွ
いきいき တက်တက်ကြွကြွ
しみじみ လေးလေးနက်နက်
むかむか တထောင်းထောင်း(怒る時)
くたくた ဟောဟဲဟောဟဲ(疲れる時)
ヒューヒュー လေဖြေးဖြေးလေးတိုက်တဲ့ အသံ
ビュービュー လေပြင်းတိုက်သံ
ピリピリ(怒る時使う) ရှုးရှုးဒိုင်းဒိုင်း
ビリビリ(紙を破る時出て来た音、電気を触る時しびれちゃった感じ)
ちょこちょこ မြန်မြန်ဆန်ဆန်(態度-အမူအရာ)
モクモク မွှန်တွန်တွန်(煙り-မီးခိုး)
ガサガサ ကြွပ်ကြွပ် (袋の音)
ぱしゃぱしゃ「水をぱしゃぱしゃかける」- ရေကို မစိုတစိုလေးပက်သည် (ရေထဲတွင် လှုပ်ရှားပြီးရေများကိုစင်အောင်လုပ်သည်)စနောက်ကျီစားတဲ့အခါတွင်သုံးခြင်း
キラキラ - တလက်လက်(မျက်စိကျိန်းလောက်အောင်) 「目がキラキラ - တောက်ပတဲ့မျက်လုံး」
ピカピカ - လက်ခနဲ လက်ခနဲ တောက်ပခြင်း
シュワシュワ - ဘီယာ။ gas ပါတဲ့အရည် တမျိုးမျိုးကို ခွက်ထဲလောင်းထည့်သည့်အခါ အမြုပ်ထပြီး ထွက်လာသည့်အသံ
ぐるぐる - တရစ်ပြီးတရစ်(ချည်နှောင်ခြင်း)။ တပတ်ပြီးတပတ်(လည်ပတ်ခြင်း)။ ရီဝေဝေဖြစ်ခြင်း (မျက်လုံး)
じろじろ - စူးစူးစိုက်စိုက် ( ကြည့်ခြင်း)
ひそひそ - တိုးတိုးတိတ်တ်ိတ် (စကားပြောခြင်း)
こそこそ - တိတ်တ်ိတ်ကလေး ( လူမသိအောင်)
ガヤガヤ - ဆူဆူညံညံ
わいわい - (လူအများနှင့်) ပျော်ပျော်ပါးပါး→わいわいガヤガヤ - ပျော်ပျော်ပါးပါးဆူဆူညံညံ(စကားပြော)
ぐうぐう - နှစ်နှစ်ခြိုက်ခြိုက်။ ぐうぐうとイビキをかく→ တခေါခေါဟောက်သည်
すやすや - ငြိမ်ငြိမ်သက်သက်။ အေးအေးချမ်းချမ်း( အိပ်နေတဲ့ကလေး)
うとうと - မှေးကနဲ အိပ်ပျော်သွားခြင်း
ひらひら「風で舞っている姿」- တလွင့်လွင့် ( လေထဲမှာ လွင့်နေတဲ့ပုံစံ)
ぐらぐら「地震がぐらぐら揺れてる」- ယိုင်တိုင်တိုင်။ လှုပ်တုပ်တုပ်( ငလျင်ကယိုင်တိုင်ယိုင်တိုင်လှုပ်နေသည်)
ドキドキ😍「心臓→しんぞうがドキドキする」တထိတ်ထိတ်( ရင်ခုန်ခြင်း)
なみなみ「水をなみなみ入れる」- အပြည့်အလျှံ(ရေကိုအပြည့်အလျှံထည့်သည်)
ムキムキ - အားကောင်းကောင်း။ ဗလတောင့်တောင့်
イチイチ「イチイチ口を出さないでください」- တခုပြီးတခု ( တခုပြီးတခုမပြောပါနဲ့)
かちゃかちゃ - ချွင်ချွင်( သံထည်။ မာတဲ့အရာ ၂ ခုထိမိသည့်အသံ)
がちゃガちゃ - အရာဝတ္ထု တခုနဲ့တခုပွတ်တိုက်မိ၍ထွက်လာသော ဆူညံသံ
ごちゃごちゃ - ရှုပ်ရှုပ်ထွေးထွေး။ ညစ်ညစ်ပတ်ပတ်
こちょこちょ - မထိတထိလုပ်
すいすい「速くて上手くて何もジャマがない」ချောချောမွေ့မွေ့ (မြန်ဆန်စွာ ဘာအနှောက်မှမရှိပဲ)
ぷんぷん😡(怒る/ におう) - ပြင်းပြင်းထန်ထန်(စိတ်ဆိုး) စူးစူးရှရှ (အနံ့)
ウキウキ - ရွင်ရွင်မြူ းမြူ း(ပျော်စရာကိစ္စရှိတဲ့အခါ)
そわそわ - မယိုးမရွ။ လှုပ်စိရွစိ (နေမထိထိုင်မသာဖြစ်ခြင်း)
crd လေးစားလျက်ပါ
31/10/2024
は ( သည်ကမှာ) はရဲ့အနောက်ကဟာ အဓိကပြောချင်ရင်သုံး
が(သည်ကမှာ) がရဲ့အရှေ့ကဟာ အဓိကပြောချင်ရင်သုံး
ရှိတဲ့N ကိုပြောချင်ရင် が
ရှိကြောင်းကို ပြချင်ရင် は
の (၏/ရဲ့) N နှစ်ခုကြားのထည့်ရင် ၏/ရဲ့
N の ဆိုရင် ( ဟာ)ဆိုတဲ့ အဓိပ္ပာယ်
စာကြောင်းအဆုံးမှာ の ကပ်ရင် ですか。နဲ့အတူတူဘဲ။
Verbနဲ့ partical လုံးဝမဆက်ဘူး ။ ဆက်တဲ့ partical က と တစ်လုံးဘဲ ရှိတယ်
も (လည်းပဲ) ကိုယ်ပြောတာနဲ့ သူများပြောတာ ထပ်တူကျရင် も သုံး။
と(နှင့်)Nတစ်ခု or တစ်ခုထက် မကသော Nတွေကို ဆက်ချင်ရင် とနဲ့ဆက်ပေး
に ကို အချိန်နဲ့လည်းတွဲသုံးတယ် ( တိကျသော အချိန်မှာ သုံးတယ်) Eg: ၇နာရီ ၈နာရီ ၊ တနလ်ာ အဂ်ါ......( မနက်ဖြန် တဘတ်ခါ ဘာညာမှာ မသုံး)
に ( အား/ဆီက/ဖြင့်/မှာ) လှုပ်ရှားမှု့မရှိတဲ့verbတွေမှာလည်း သုံးတယ် います あります
အကြိမ်အရေအတွက်မှာလည်း に လိုက်တယ်
へ (သို့) သွား/လာ/ပြန်သည် တွေမှာ သုံးတယ်
で (ဖြင့်) ကြားခံပစ္စည်းတွေမှာ သုံးတယ် ၊ လှုပ်ရှားမှု့ရှိတဲ့Verbတွေမှာ သုံးတယ်
を(ကို) ပြုလုပ်ခံရသော Nရဲ့အနောက် ၊ ကိုယ်တိုင်လုပ်မှဖြစ်သော Verbရဲ့အရှေ့မှာ を ကိုသံူးတယ်
30/10/2024
N2 Listeningဖြေနည်း tips
Mondai 1
သူက 男 (or ) 女 က ဘာကို အရင်လုပ်မှာလဲ။
ဘာကိုမလုပ်လို့ မရဘူးလဲ .. ဆိုတဲ့ မေးခွန်းကို မေးတာများတယ်
သူက မေးခွန်းပြောပြီးတာနဲ့ အဖြေကို တန်းပြောတာမလို့ မေးခွန်းတွေ ကြိုဖတ်ထားဖို့လိုတယ်။ သူက အဖြေ 1-2-3-4 ကို အစဥ်လိုက်ရွတ်တာမလို့ သေချာ နားထောင်ကြည့်ရင် အဖြေရှာရလွယ်တယ်
Mondai 2
သူကလည်း mondai -1လိုမျိုးဘဲ မေးတာများတ
ယ် သူကတော့ စာဖတ်ချိန်ပေးထားတယ်၊ သူက 1234 ကို အစဥ်လိုက်မပြောတဲ့အတွက် မေးခွန်းဖတ်ပြီး သေချာမှတ်ထားဖို့လိုတယ်
Mondai 3
သူကတော့ n3 mondai-3မှာ မေးသလိုမျိုး မေးခွန်းရှည်လာမယ် ပီးမှ အဖြေ၄ကြောင်းရွတ်တယ်
သူ့မေးခွန်းက (.....)က အဓိကပြောချင်တဲ့ အကြောင်းအရာက ဘာလဲ ဆိုတဲ့ ပုံစံမျိုးမေးတာများတယ်။
အာ့ကြောင့်မို့ ကိုယ်ကြားသမျှ အတိုအထွာလေးတွေကို notes ရေးနိုင်ရင် ကောင်းတယ်
ဥပမာ
လျော့စျေးပေးနေတယ်ဆိုရင် dis
Volunteerရှာနေတာဆိုရင် Vol
လက်ဆောင်လာပေးရင် pre စသဖြင့် ကိုယ်အားသန်သလို မှတ်ထားပြီး ဖြေရင် အဖြေ၄ကြောင်းပြောတဲ့အခါ သိပ်မတွေဝေတော့ဘူး။
mondai 4
သူကတော့ နေ့စဥ် အသုံးပုံစံဖြစ်တဲ့အတွက်
သူမေးရင် ကိုယ်ဘယ်လိုပြန်ဖြေမလဲဆိုတဲ့ ပုံစံ
ဥပမာ
ミラーさん အဆူခံရတယ်လို့ကြားတယ်
ဟုတ်လား စိတ်မကောင်းစရာဘဲနော်... ဆိုတဲ့ အာ့လိုသဘောမျိုးတွေ
Mondai 5
သူက စကားပြော ၃ဦးပါဝင်တယ်
TV အစီအစဥ်ကြေညာတဲ့အရာကို နားထောင်ပြီး ကျန်၂ယောက်က ဘာဆက်လုပ်မလဲဆိုတာကို ဆုံးဖြတ်ရတာတွေ
အာ့ဒီမှာ တွေ့ရတာက TV အစီအစဥ် ကြေညာတဲ့လူက အချက်၄ချက်နဲ့ပြောတယ်
အာ့တော့ ကိုယ်က အချက် ၁ခုချင်းစီရဲ့ ကြားသလောက်ကို မှတ်ထား
ဥပမာ
Place 1 စားလို့ရ/ အပန်းဖြေရ
place 2 တိရစ္ဆာန်ရုံရှိ / ရေတံခွန်ရှိ
Place 3 marketရှိ/ လျော့စျေးလည်းရ
place 4 ရုပ်ရှင်ရုံရှိ/ .... စသဖြင့်ပေါ့
အာ့တာပြီးတာနဲ့ ကျန်၂ယောက်က စကားစပြောပြီး
ငါက ဘယ်သွားချင်တယ် ဘာလုပ်ချင်တယ် နောက်တစ်ယောက်ကလည်း ငါက ဘာလုပ်ချင်တယ် ဘာညာပြောတယ် ပြီးတော့ သူတို့ ၂ယောက်နေရာအတူတူရွေးပြီး じゃ、そうしよう。ပြောလိုက်ရင် သူတို့ ဘုံ တူရွေးထားကို ဖြေရမယ်
အာ့တာက mondai 5 ရဲ့ ပုစ္ဆာ 1-2-3 အတူတူဘဲ အာ့လိုမေးတယ်
mondai 5ရဲ့ ပုစ္ဆာ 3 ၂ခုရွေးရတဲ့ဟာကလည်း ရှေ့ကလိုမှတ်ပြီး ရွေးပြီး
ကောင်လေးက ဘာလုပ်မှာလဲ
ကောင်မလေးက ဘာလုပ်မှာလဲဆိုပြီး ပြန်မေးတာ
15/10/2024
Credit to the original uploader 🙏❤️
まいにちかいわနေစဉ်သုံးစကားပြော
1.あいてる? - အားလား?
2.あきちゃった。- ရိုးသွားပြီ!
3.あけましておめでとう。- နှစ်သစ်ပျော်ရွင်ပါစေ။
4.あげる。- ရော့!
5.あせらないで。- မလောနဲ့/မပြာယာနဲ့။
6.あたった。- ရပြီ /မှန်ပြီ /ထိသွားပြီ
7.あたりまえのことだ。- ဖြစ်သင့်ပါတယ်။
8.あっ。- အ!
9.あった。- ရပြီ / သိပြီ
10.あつかましい。- ခုခေတ်စကားနဲ.ပြောမယ်ဆို "သောက်ကြောတင်းတယ်ပေါ့"
11.あとでまたおでんわします。- နောက်မှဖုန်းပြန်ဆက်မယ်။
12.あなたとかんけいない。- မင်းနဲ.မဆိုင်ဘူး။
13.あなたとかんけいあるの。- မင်းနဲ.ဆိုင်လို.လား။
14.あなたね。မင်း.. တကယ်ပဲကွာ!
15.あなたもね。- မင်းရောပဲ။
16.あのう。- ဟို.../ တဆိတ်လောက်..
17.あほう。- သောက်ရူး
18.あほくさい。- ငထုံ
19.あまりとつぜんのことでびっくりしちゃった。- ရုတ်တရက်မို.လန်.သွားတယ်/ အံ့အားသင့်သွားတယ်
20.あやしいやつだな。- အဲ့ကောင်တစ်မျိုးပဲ..
21.あら。- အမလေး.../ ဘုရား..ဘုရား..
22.ありがとう。- ကျေးဇူးတင်ပါတယ်။
23.ありそうなことだね。- ဒါဖြစ်နေကျပါ..
24.あるよ。- ရှိတယ်လေ။
25.あれ。- ဟေ?
26.あんのじょうだ。- ထင်တဲ့တိုင်းပဲ။
27.いいにおい。- မွှေးလိုက်တာ...
28.いいえ、けっこうです。- တော်ပြီ.../ရပြီ../ လုံလောက်ပြီ..
29.いいがいがない。- ပြောလဲအပိုပဲ..
30.いいがたいね。- ဒါပြောရခက်တယ်....
31.いいかげんにしろ。- ထားလိုက်တော့ / ဆင်ဆင်ခြင်ခြင်လုပ်စမ်း..
32.よいごりょこうを。- ခရီးပျော်ရွင်ပါစေ။/bon voyage!
33.いいじゃないか。- မကောင်းဘူးလား?
34.いいわけばかりだね。- ဆင်ခြေတွေချည်းပဲ။
35.いいわけだけだ。- အဲ့ဒါဆင်ခြေတွေ
36.いいのか。- ရလား../ ရလို.လား..
37.いいな。- ကောင်းလိုက်တာ..
38.いいきかいだ。- ဒါ chance ပဲ..
39.いいてんきだね。- ရာသီဥတုကောင်းလိုက်တာ..
40.いけんはない。- ထင်မြင်ချက်မရှိဘူး..
まいにちかいわနေစဉ်သုံးစကားပြော
Part III
41.いくじなし。- မင်းသတ္တိနည်းလိုက်တာ.../ မင်းကတွန်.ဆုတ်တတ်လိုက်တာကွာ...
42.いけない。- မရဘူး!! /မဖြစ်သင့်ဘူး!
43.いそいでるところだ。- ခုအချိန်လောနေတယ်..(i'm in hurry! က ဆိုလိုရင်းပိုပေါ်တယ်။😅)
44.いた (いたい)。- နာတယ်..
45.いったいどういうこと。- ဘာ..ဘယ်လို!
46.いっしょにいこう。- တူတူသွားမယ်!
47.いってらっしゃい。- ဖြည်းဖြည်းသွားပါ..(အိမ်ကသူကအပြင်သွားမဲ့သူကိုပြောတာ)
48.いってきます。- သွားပြီ..(အပြင်သွားမဲ့သူက အိမ်မှာကျန်ခဲ့တဲ့သူကိုပြောတာ)
49.いつはじまるの。- ဘယ်အချိန်စမှာလဲ..
50.いつでも たちよってください。- ဘယ်ချိန်မဆို လမ်းကြုံရင်အိမ်၀င်ခဲ့လေ..
51.いつ。 - ဘယ်တော့လဲ?
52.いつのこと。- ဘယ်တုန်းကကိစ္စလဲ?
53.いつまで。- ဘယ်ချိန်ထိ?
54.いつまでも おしあわせにね。- အမြဲတမ်းပျော်ရွင်ချမ်းမြေ့ပါစေ။
55.いつもおせわになっています。- အမြဲတမ်းဂရုစိုက်မှု/စောင့်ရှောက်မှု ကိုရရှိခဲ့ပါတယ်။
56.いまいましい。- စိတ်တိုစရာကောင်းလိုက်တာ။
57.いま、なんじ。- ခု၊ ဘယ်နနာရီလဲ?
58.いや、けっこうだよ。- ရပြီ။ / တော်ပြီ။
59.いや。- မဟုတ်ဘူး။
60.いやだ。- မုန်းစရာကောင်းရီတာ။
まいにちかいわနေစဉ်သုံးစကားပြော
Part IV,
61.いやしいやつだ。မုန်းစရာကောင်းလိုက်တဲ့ကောင်ကွာ။
62.いやらしいな。- မနှစ်မြို.လိုက်တာ..
63.いらっしゃい。- Welcome!
64.いらっしゃいませ。- Welcome~
65.いらない。- မလိုဘူး။
66.いらないおせわで。。- မလိုအပ်တဲ့အပိုအလုပ်တွေ......
余計なお世話で。。。 polite form.
67.うそ。- လျှောက်ပြော!!
68.うそつき。 - နင်လိမ်တယ်!! ငလိမ်!
69.おちこんでいる。- စိတ်အိုက်လိုက်တာ../feeling down.
70.うちまでおくる。- အိမ်ထိလိုက်ပို.မယ်။
71.うまいね。- ကောင်းလိုက်တာ../ကျွမ်းလိုက်တာ../တော်လိုက်တာ..
72.うまくいっている。- အဆင်ပြေနေပါတယ်..
73.うらやましい。 - အားကျလိုက်တာ..
74.うるさい。- နားငြီးတယ်! / ပွမ်တယ်ဟာ!
75.うれしいな。- ပျော်လိုက်တာ..
76.うれしくてならない。- ပျော်လို.သေတော့မယ်။
77.ええ。- အင်း...
78.えっ。 - အဲ..ဟုတ်လား
79.おあいにくさま。 - မတိုက်ဆိုင်လိုက်တာ.../ကံမကောင်းစွာ
80.おい。- ဟေ့!
81.おい。- ဟေ့!
82.おいくら? - ဘယ်လောက်လဲ?
83.おいしそう。- စားလို.ကောင်းမဲ့ပုံပဲ..
84.おかえり。- ပြန်လာပြီလား။
85.あなたのせいだ。- အဲဒါနင့်ကြောင့်လေ။
86.おかげさまでうまくいきました。- ပို.သပေးတဲ့မေတ္တာကြောင့် အဆင်ပြေခဲ့ပါတယ်။
87.おかしい。- ရယ်ရတယ်။/ထူးဆန်းတယိ။
88.おかまいなく。- အလုပ်မရှုပ်ပါနဲ.တော့။
89.おこらないで。- စိတ်မဆိုးပါနဲ.။
90.おごるよ。- ငါကျွေးမယ်။ / ငါရှင်းမယ်။ (စားသောက်ဆိုင်တွင်ပိုက်ဆံရှင်းချိန်)
91.おさきにどうぞ。- အရင်(သွား/လုပ်/စား/verb)ပါ။
92.おしまいだ。- ပြီးပြီ။
93.おじゃまします。 - နှောင့်ယှက်ပါတော့မယ်../excuse me. (သူများတနေရာရာ ၀င်ရောက်ခါနီး အသံပေး တောင်းပန်စကားပြောနည်းမျိုးပါ။ じゃま- အနှောက်အယှက်)
94.おっしゃるとおりです。- ပြောတဲ့အတိုင်းပါပဲ။
95.おどろかさないで。 - မခြောက်ပါနဲ.။
96.おねがい。- please.../တောင်းပန်ပါတယ်၊ ကျေးဇူးပြု၍..
97.おねがいします。- တောင်းဆိုပါတယ်..။/တောင်းပန်ပါတယ်..။ (တောင်းဆိုစရာရှိလို့ တောင်းပန်တာပါ။ အမှားလုပ်ထားလို့ တောင်းပန်တာမဟုတ်ပါ။)
98.おはよう。- good morning!
99.おひさしぶりです。- မတွေ.ရတာကြာပြီ။
100.おぼえてる。- မှတ်မိသေးလား?
အားလုံးပဲအဆင်ပြေကြပါစေ🇯🇵❤️