အထက ဝါးကြီးအိုင့် - ကျောင်းသားဟောင်းများ

  • Home
  • Myanmar
  • Magway
  • အထက ဝါးကြီးအိုင့် - ကျောင်းသားဟောင်းများ

အထက ဝါးကြီးအိုင့် - ကျောင်းသားဟောင်းများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အထက ဝါးကြီးအိုင့် - ကျောင်းသားဟောင်းများ, Wargyiaing, Magway.

2023ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းအထက ဝါးကြီးအိုင့်စာဖြေဌါန
08/06/2023

2023ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း
အထက ဝါးကြီးအိုင့်စာဖြေဌါန

02/07/2021

၂၀၁၉/၂၀ ပည ာသင်နှစ်၊ဝါးကြီးအိုင့်အ.ထ.ကမှတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသော ကျောင်းသား/သူှများအားလုံး အခြေခံပညာပြီးဆုံးကြောင်းလက်မှတ်များကို၁.၇.၂၀၂၁မှ၃၁.၈.၂၀၂၁အထိထုတ်ပေးသွားမည် ဖြစ်ပါသည်...

20/11/2020

( ၁ )
ကြယ်အစား သွပ်မိုးသည်သာ ပဒေသာ
*************************************
ဂွမ်းစောင်ကြား ထွေးရင်းနဲ့
ခြေရင်းက နံရံပေါ် လက်အရုပ်ဆွဲနေလိုက်တယ်
တအောင့်နေတော့ ကားချပ်ပေါ်က
လက်ဖြစ်ခွေးရုပ် နားရွက်ပြုတ်လိုက်
ခေါင်းပြုတ်လိုက်နဲ့ မှောင်မည်းသွားတယ်
မီးလုံးဟာ မှေးမှိန်စပြုပြီ...
ကြယ်လိုလို၊ဂြိုလ်တုလိုလို မြင်လိုဇောနဲ့
မျက်စိသရမ်းကြည့်ခါမှ
ဟော..တွေ့ပြီ ကြယ်တော့မဟုတ်
မှိတ်တုပ်မှိတ်တုပ်နဲ့ ဆရာကြီး အောက်လင်းမီး....
( ၂ )
အိမ်သာလူစောင့်ရခြင်း တုတ်ဆက်တွဲများ
*****************************************
စိတ်မှတ်နံပါတ်ကိုယ်စီနဲ့
အကြည့်ဒုန်းစိုင်းနေရတဲ့ တဒင်္ဂ....
တယောက်စကားတယောက်နားက
'' ဆရာကြီး လာပြီဟေ့ '' မရောက်တတ်သေး
ဖုန်းခနဲ အသံနဲ့အတူ လျှပ်စစ်မီးရောင်ကြား
ဖုန်မှုန့်တွေ ဝဲကျ သွားတယ်
ကျောပြင်အပူဓာတ် လွှမ်းတော့လည်း
တကိုယ်လုံး နွေးရသား.....
( ၃ )
ခရမ်းချဉ်သီးနှင့် မိတ်ဖွဲ့ရခြင်း
*****************************
ကတုံးပြောင်ချောချောကို ပွတ်သပ်ရင်း
'' ရေစစ်လိုစစ်သောက် နေတာ ကလေးမနှယ်..''
အသံနဲ့အတူ အရွက်အဖတ်အစုံအလင်နဲ့
ခရမ်းချဉ်အဖတ်များ ကန္တာရအလယ်
ဥယျာဥ်စိုက်လိုက်သည့်အလား..
'' ဟေ့ မလိုချင်ဘူး ခုစား ငါ့ရှေ့မှာ စား ''
ပလုပ်ပလောင်းရယ်မောသံတွေနဲ့အတူ
ပြီးခဲ့တဲ့ ပစ္စုပ္ပန်ဟာ လှခဲ့တယ်......
( ၄ )
ကော်ဖီခါးထဲက သကြားပွင့်အနည်းအကျဥ်း
********************************************
ဝါစိမ်းနီနဲ့ကြယ်ဖြူ
အလံတိုင်ထိပ်ဖျား တဖျပ်ဖျပ်...
'' အားလုံး သတိ '' အနေအထားနဲ့
အဆမ်ပလီ(assembly)ကွင်းမကျယ်တကျယ်ထဲ
မိုက်ခရိုဖုန်းဗလာမိန့်ခွန်း...
ဝါကျင်ကျင် အဖြူအကျီ္္အောက်က
ညိုညစ်ညစ် အသားအရေ
နေထိရတဲ့ အတွေ့ဟာ ဒီတရက် မှာဘဲ
ချွေးစေးကို သန့်စင်ပေးတယ်
ဒါဟာ ဖျော်ဇွန်းထိပ် အရသာခါးခါးထဲက
လျှာလည်မှု အစပျိူးသလောက်သာ...
( ၅ )
ဆံပင်ဖြူလှိုင်းဂယက်တွင်းက မွေးစားသမီးများ
**********************************************
အနက် မွှေး နုတ်မိတည်းက
ဇာဂနာစွန့်ခဲ့တဲ့လက်ဟာ အတန်းထောင့်
ခုံတန်းရှည်ပေါ် က ဆရာ့ခပ်လှမ်းလှမ်းနား
ဘိုင်အော်လော်ဂျီ( biology) ကိုသာ
မျက်စိစုံမှိတ်ရွတ်ရင်း
အိမ်ပြန်ရမဲ့နေ့ လက်ချိူးရေနေခဲ့တယ်
သိဖူးကြားဖူးတဲ့ စိတ်ကူးထဲက
တက္ကသိုလ် အဓိပတိလမ်းကိုလည်း
ပုံဖော်ကြည့်ရင်းပေါ့......
( ၆ )
နှမ်းပင်မှတ်တိုင် ဘဝတကွေ့
*****************************
ငါးတံခွန်ခြောက်ကြော်စကားစပ်
ငပိကြော် အမှာစပ်နဲ့
စနေနေ့ ဧည့်တွေ့ တသုတ်ပြီးတသုတ်ကြား
ဟေးခနဲ အသံတွေနဲ့အတူ
အလုအယက်တန်းစီကြတယ်
'' လမ်းလျှောက်သွားမှာတဲ့ဟေ့ ''
ရုံးတောရွာနဲ့ကြား ဘေးဘီက
နှမ်းထောင်မည်းမည်းဟာ
ယာကွက်လပ် သဲတောထဲ
'' ဟိတ် နင့်ဒူးနဲ့ခေါင်း ဘာလို့မထိသေးတာလဲ
အကြော မပျော့သေးဘူးလား '' နဲ့အတူ
ကျောကုန်းပေါ် လေးပင်ပင်တက်ဖိခြင်းကြောင့်
အိခနဲ ငြီးသံထွက်နေကြတဲ့
တက္ကသိုလ် ဝင်တန်း ကလေးကြီးတသိုက်ကို
နေပူအောက် မှာ ပြုံးပြံးကြီး ငေးလို့.....
( ၇ )
သွပ်မိုးအဟပ်နဲ့ နီတီတီဝါတာတာ အလှူမြင်ကွင်း
**********************************************
ရေသည်ပြဇာတ် ဘယ်သို့ဘယ်ပုံ
အနမ့်အမြင့် ကြွမကြွကို မမှီ
မှီလိုက်သည်က ရွာလယ်လမ်းမဆီ
ခေါင်းတည်လာတဲ့ ကြေးစည်သံ သာ...
ဆရာမခေါင်းအမော့ကို ရှောင်တိမ်းပြီး
လူ့တရပ်သာသာ အုတ်ရိုးဖြူပေါ်
စိတ်မှန်းနဲ့ ကျော်ခွတက်လိုက် မိတယ်
အသံသာကြား မြင်ကွင်းက ဝါးနေတာကိုး.....
( ၈ )
ထန်းလဘက်သရဲ အခြောက်ခံရသော ညများ
်*******************************************
စူးရှရှ အနံ့တွေဟာ ခြေရင်းရော
ခေါင်းရင်းကပါ လေနဲ့ရောထွေးပါလာတတ်တယ်
ပါးစပ်ထဲ စောင်စ ကိုက်ရင်း
အိခနဲ ငိုရှိုက်သံ မျှင်းမျှင်းက
ထွန်းရွှေဝါလိမ်းဆေး အောက် မှာ
တိမ်မြုပ်သွားရပြန်တယ်.....
အမေ့အိမ်ကို ပြန်ချင်လှပြီလေ...
# ၂၀.၁၁.၂၀၂၀( သောကြာ)
# ခင်ကျော့ကျော့စံ
PS : ဤစာဖြင့်ဆရာကြီးဦးကျော်မြင့်+ဆရာမ
ဒေါ်ခင်စန်းနွဲ့ ၊ဆရာဦးသန်းကျော်လင်း+ဆရာမ
ဒေါ်ခင်မာထွေး၊ ဆရာမဒေါ်ဝင်းမာလွင်ဦး၊
ဆရာဦးရန်နိုင် ၊ ဆရာမကြီး ဒေါ်စိုးစိုးဝင်းအပါအဝင်
ဆရာဆရာမအားလုံးအား ရှိခိုးကန်တော့ပါ၏။

2020ခုနှစ် အ ထ က ဝါးကြီးအိုင့် တက္ကသိုလ်ဝင်တန်းအောင်စာရင်း
08/08/2020

2020ခုနှစ် အ ထ က ဝါးကြီးအိုင့် တက္ကသိုလ်ဝင်တန်းအောင်စာရင်း

2019 ခုနှစ်  အထက ဝါးကြီးအိုင့်တက္ကသိုလ်ဝင်တန်း  အောင်စာရင်း
07/06/2019

2019 ခုနှစ် အထက ဝါးကြီးအိုင့်

07/06/2019

ရင်ခုန်သံတွေ ဆူညံနေပီ
ဝါးကြီးအိုင့်

အ ထ က ဝါးကြီးအိုင့်  မြတ်ဆရာပူဇော်ပွဲ
09/11/2018

အ ထ က ဝါးကြီးအိုင့်
မြတ်ဆရာပူဇော်ပွဲ

12-10-2018 နံနက် ၈ နာရီ့ဝါးကြီးအိုင့် အ့ထ့က လုပ်သက်ပင်စင်ခံစားသည့်အထက်တန်းပြဆရာဦးဝင်းနိုင် နှင့် အလယ်တန်းပြဆရာမဒေါ်စ...
12/10/2018

12-10-2018 နံနက် ၈ နာရီ့ဝါးကြီးအိုင့် အ့ထ့က လုပ်သက်ပင်စင်ခံစားသည့်အထက်တန်းပြဆရာဦးဝင်းနိုင် နှင့် အလယ်တန်းပြဆရာမဒေါ်စိုးစိုးဝင်း ဆရာ/မနှစ်ဦးတို့အား အထက်တန်းကျောင်းသား/သူများမှနှုတ်ဆက်ကန်တော့ပွဲ အခမ်းအနာ့း့

အ့ ထ့  က ဝါးကြီးအိုင့် ၂၀၁၇/ ၂၀၁၈တက္ကသိုလ်ဝင်တန်းအောင်စာရင်း
01/06/2018

အ့ ထ့  က ဝါးကြီးအိုင့် ၂၀၁၇/ ၂၀၁၈

Address

Wargyiaing
Magway

Website

Alerts

Be the first to know and let us send you an email when အထက ဝါးကြီးအိုင့် - ကျောင်းသားဟောင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share