05/07/2022
FOC ( Free of charges) ပါ အခမဲ့ သင်ပေးမှာပါ
အရှိုလူငယ်များ စိတ်ဝင်စားပါက အောက်ပါ link မှာ စားရင်းသွင်းပါ
https://tinyurl.com/39znmbt5
Professional Development Training Courses for Asho People
အရှိုလူငယ်များရဲ့ capacity များကိုမြှင့်တင်ပေးလိုသော ရည်ရွယ်ချက်များဖြင့် အောက်ပါ သင်တန်းများကို သင်တန်းကြေးလုံးဝ (လုံးဝ) မယူဘဲ အခမဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဝင်ကြေးလေးတောင် မပေးဆောင်ရပါဘူးခင်ဗျာ။
သင်ကြားပေးမဲ့ ဘာသာရပ်များမှာ -
(1) Basic Geographic Information System
(2) Digital Literacy for Professional Purpose
(3) Basic English
သင်ကြားပေးမည့်ပုံစံ -
လူတိုင်းက ကိုယ့်အခြေအနေနဲ့ကိုယ် မအားတဲ့အချိန်ရှိမှာဖြစ်တဲ့အတွက် Google classroom ထဲမှာ အကုန် self-pace နဲ့ တင်ထားပေးမှာဖြစ်ပါတယ်။
ကိုယ်အားတဲ့ အချိန် video ဝင်ကြည့်၊ quiz ဖြေ ၊ မသိတာ ရှိမှ discussion မယ်/ မေးကြမယ် ဖြေကြမယ်။
မသိနားမလည်တဲ့့သင်ခန်းစာတွေကို group discussion (or) private discussion ပြန်လုပ်ပေးပါမယ်။
လေ့လာတဲ့လူငယ်များအနေနဲ့ ကျွန်တော့်ဆီမှာ စရင်းလာပေးလို့ရပါပြီ။ သင်ခန်းစာ စတင်မဲ့ အချိန်ကိုတော့ ပြန်လည်ပြောပပေးသွားမှာဖြစ်ပါတယ်။
Professional Development Training Courses for Asho People
အရှိုလူငယ်များရဲ့ capacity များကိုမြှင့်တင်ပေးလိုသော ရည်ရွယ်ချက်များဖြင့် အောက်ပါ သင်တန်းများကို သင်တန်းကြေး....
04/02/2021
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်
အရှိုတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့က လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထား ထုတ်ပြန်ချက်
12/12/2020
အရှို(ချင်း)လူမျိုး ထဲမှ ပညာရေးနယ်ပယ်မှာ အောင်မြင်ပေါက်မြောက်သူ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ အားကျအတုယူ ရတဲ့ ကျွန် တော်တို့အစ်ကို ကြီးအတွက် ဂုဏ်ယူပါတယ်...
KDI School of Public policy and Management, Sejong, Korea မှာ Development Policy နဲ့ PhD ရရှိခဲ့တယ်လို့ သိရပါတယ်...
PhD ရသည်အထိ လျှောက်ခဲ့တဲ့ လမ်းကြောင်းက လွယ်ကူချော မွေ့နေမှာတော့ မဟုတ်ပါဘူး...
အောင်မြင်မှုဆိုတာ ကျားကုတ်ကျားခဲ ကြိုးစားတဲ့ သူတွေ အတွက်ပဲ ဖြစ်လို့ လေးစားရပါတယ်...
သူ့ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ လေ့လာဆည်းပူးခဲ့ တဲ့ ပညာရပ်များကိုလည်း ဖော်ပြပေးလိုက်ပါတယ် ..
ဆလိုင်းသာကီမျိုး (Salai Thar Kei Myo)
သည်အဘ ဦးမျိုးမြင့် နှင့် အမိ ဒေါ်ကြည်ကြည်စိန်တို့ ၏ သားဖြစ်ပြီး
မောင်နှမ ၅ယောက်အနက်အကြီးဆုံးသားဖြစ်ပါတယ်။
ဂုတ်ကြီးကျေးရွာ၊ ငဖဲမြိုနယ်၊ မကွေးတိုင်းဒေသကြီး မှ ဖြစ်ပါသည်။
လေ့လာဆည်းပူးခဲ့သော ပညာရပ်များအနေဖြင့်
1) B.E (Electronics ) ( TU-Mandalay)
2) Master of Engineering (ICT Convergence) (Soongsil University, Seoul, Korea)
3) PhD in Development Policy (KDI School of Public Policy and Management, Sejong, Korea) -2020 တို့ ဖြစ်ပါသည်။
ဆက်လက်ပြီး နိုင်ငံနဲ့ လူမျိုးအတွက် ကျရာကဏ္ဍ ကနေ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါစေ လို့ ဆန္ဒပြုပါတယ် ...
Asho University Students Association
ကျောင်းသားအဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်းဖော်ပြလိုက်ပါသည်။
Photo Credit
11/10/2020
မတရားမှု့အတွက်Asho University Students Association (AUSA) မှ အပြင်အထန် ရှုံ့ချပါသည်။
05/10/2020
AUSA ၏ ငွေစာရင်း အား ပါဝင်သူအားလုံးသိစေရန် အသိပေးအပ်ခြင်း
၃.၁၀.၂၀၂၀ မနက်ပိုင်း အစည်းအဝေး
ကျင်းပသည်အချိန် ထိ
ငွေစာရင်းမှာ လက်ကျန်ငွေ ၃၅၅၀၀၀ နှင့်
ချင်းအမျိုးသားနေ့မှ ရရှိငွေ ၁၈၁၀၀၀ စုစုပေါင်း ၅၃၆၀၀၀ ကျပ်တိတိ ရှိပါသည်။
အစည်းအဝေးဆုံးဖြတ်ချက်အရ ထို ငွေအား
ဆလိုင်းချမ်းမြေ.မှအောက်တိုဘာမှ စတင်ကာ လစဉ် အတိုး အနေဖြင့် ၁၀၀၀၀ ကျပ်
အသက်ရှင်အောင် ပြုလုပ်ထားပါသည်။
အားလုံးကို အသိပေးအပ်ပါသည် ။
05/09/2020
ကြားမိတာလေး။ ဟုတ်မဟုတ် စောင့်ကြည့်ရပါမည်။ ဘယ်လိုထင်ကြလဲ။
ကျောင်းသား/သူတွေ မနစ်နာအောင်တော့ အစိုးရက စီစဉ်ပေးမှာပါ။
#ပညာရေးသတင်း
#ပညာရေးဝန်ဆောင်မှုလုပ်ငန်း
👇
Credit
https://www.facebook.com/102695604839837/posts/149624156813648/
04/09/2020
September 4 ,2020
ဒီမနက်ထိ ပိုးတွေ့လူနာက 1133
(ဝါသနာပါရင် R လို့ရတယ် 😝🤭)
ဒီကပ်ရောဂါက ကျွန်တော်တို့ရဲ့ ပညာသင်နှစ်
တစ်နှစ်လုံးကို ဝါမြိုပစ်မယ့် သဘောမှာရှိတယ်.....😔
ပိုဆိုးလာရင် နောက်နှစ်ထိ ပါ ပဲ့ပါသွားမယ်...
ဒီကပ်ဆိုးက လွတ်မြောက်ကြဖို့ သို့မဟုတ် ပိုမဆိုးလာဖို့
ဘာတွေ လုပ်ဖြစ်ပြီး ဘာတွေ မလုပ်ပဲ နေဖြစ်ကြလဲ အနည်းဆုံး နှစ်ချက်လောက် မျှဝေပေး ကြပါအုံး....
19/03/2020
မင်းတုန်းမြို့နယ်သဖန်ရောင်ကျေးရွာသို့ပြောင်းရွှေ့လာကြသောရခိုင်ပြည်နယ်အမ်းမြို့ဒါးလက်အုပ်စုမှအိမ်ထောင်စုများသို့ AUSA(magway)အရှိုချင်းကျောင်းသားများတက္ကသိုလ်မကွေးအဖွဲ့မှ
ဆန်၁၀အိပ်၊အားလူး၁၀ပိသာကြက်သွန်နီ၂၀ပိသာဆား၅ထုပ်၊ဆီ၈ဗူး၊ငပိ၈ပိသာ၊အဝတ်၁ထုပ်
ဒုတိယအကြိမ်သွားရောက်လှူဒာန်းနိုင်ခဲ့ပါသည်။
17/03/2020
ချင်းပြည်နယ် ပလက်ဝမြို့ နယ် အတွင်းလတ်တလောဖြစ်ပွားသည့် မြန်မာ့တပ်မတော် နှင့် AA အဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၄-၁၆ ရက်များအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ မိတ်စာဝ(၁)၊ မိတ်စာဝ(၂)၊ မိတ်စာဝ (၃)၊ ဝက်မ နှင့် ပြိုင်တိန်ကျေးရွာများသည် မြန်မာ့တပ်မတော်၏ လေကြောင်း ပစ်ခတ်မှု ခံခဲ့ရသည်။ ထိုသို့ပစ်ခတ်ခံရမှု ကြောင့် ဒေသခံ ချင်းတိုင်းရင်းသား (၂၁) ဦး သေဆုံးကာ (၂၈ ) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နေအိမ်များ မီးလောင်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် အဆိုပါကျေးရွာများမှ ဒေသခံချင်းတိုင်းရင်းသား ၁၅၀၀ ကျော်သည် နေရပ်စွန့်ခွာပြီး ဆမီးမြို့သို့ တိမ်းရှောင် နေရလျက်ရှိသည်။
ထိုနည်းတူ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပလက်ဝမြို့ အထက်နားရှိ ကေသကျေးရွာမှ ချင်းလူမျိုး (၃) ဦးအား ဆန်တောင်းသည်ကို မပေးနိုင်ခြင်းအတွက် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ AA အဖွဲ့ အနေဖြင့် ကျေးရွာများသို့ ဝင်ရောက်ပြီး ရွာသူရွာသားများထံ ဆန်တောင်းခြင်း၊ မပေးနိုင်ပါက သို့မဟုတ် သက်ဆိုင်ရာသို့ အသိပေးပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအား လက်လွတ်စပယ်ပစ်ခတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ စားနပ်ရိက္ခာ ပြတ်လပ်အောင် ဖန်တီးခြင်းနှင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များအပေါ် မိမိတို့အနေဖြင့် အလေးအနက် ကန့်ကွက်ရှုတ်ချသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံအရပ်သားပြည်သူများအတွက် ဆန်အပါအဝင်စားနပ်ရိက္ခာ များပြတ်လပ်မှု မရှိစေရေး၊ အသက်အန္တရာယ်လုံခြုံရေး၊ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ အရပ်သားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးတို့ကို နိုင်ငံတော်အစိုးရမှ အပြည့်အဝတာဝန်ယူပေးရန်နှင့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင် လာသည့် ဒေသခံအရပ်သားပြည်သူများအား ကူညီထောက်ပံ့ရေးကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက် နိုင်ရန်အလို့ငှာ ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းများဖြတ်တောက်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက် တောင်းဆိုလိုက်သည်။
ဆက်သွယ်ရန်
မိုင် သင်းယုမွန်- ၀၉၉၅၅၀၄၅၈၃၀
အန်ဒရူး ထားသွောန်- ၀၉၄၀၀၃၀၉၄၇၁
တောင်းဆိုသည့် အဖွဲ့အစည်းများ
1. Action Committee for Democracy Development
2. Alliance of Chin Refugees ( ACR), Malaysia
3. Asho University Students Association
4. Chin Human Rights Organization
5. Chin Education Initiative
6. Chin Refugee Committee ( CRC), Malaysia
7. Chin Youth Organization of North America ( CYONA )
8. Chin Youth Organization ( Malaysia )
9. Chin Women's Development Organization (CWDO - Kanpetlet)
10. Chinland Natural Resources Watch Group
11. Chin Students Union, Myanmar
12. Chin Students Union, Sittwe
13. Chin University Students In Rakhine State
14. Chin Literature and Culture Committee ( Universities - Yangon)
15. Chin Literature and Culture Committee ( Universities - Myonya )
16. Chin Literature and Culture Committee( Universities - Magway )
17. Chin Peace and Human Rights Institute
18. Chin Women Organization ( Paletwa )
19. Chin State Union Organization ( Kalaymyo )
20. Dai Community in Malaysia
21. Falam Refugee Organization ( FRO), Malaysia
22. Gender and development Institute
23. Hakha University Students Organization
24. Kachin State Women’s Network ( KSWN )
25. Kanpetlet University Students Fellowship
26. Kaladan Development Foundation
27. Khumi Affairs Coordination Council
28. Khumi Youth Association
29. Living water Organization
30. Mon Women’s Network
31. Mwetaung Area Development Group
32. Open Development Foundation
33. Paletwa Chin Civil Society Network
34. Paletwa Khumi Community ( Malaysia )
35. Raiki Social Development Foundation
36. SYNERGY - Social Harmony Organization
37. Tonzang Fellowship
38. Tedim Youth Fellowship
39. Tonzang Youth Association
40. Women and Peace Action Network (Shan state)
41. Zomi Youth Association
42. Zomi Association of Malaysia (ZAM)
43. Zahnak Tlang Students Fellowship
44. Chin Land Action Network (CLAN )
45. Lai Sianghleirun Sianghngakchia Bu (LSSB, Kalaymyo)
46. Youth Corner, Hakha
47. Chin Women Organization, Hakha
48. Chin University Students Fellowship (Paletwa)
49. Chin Women Network in Ann ( CWNA )
15/03/2020
AUSA မှ စစ်ဘေးရှောင် အတွက် အလှူခံ ရရှိသော အလှူငွေနှင့် အလှူ ရှင်များ
Mai Norah Theint - 70000ks
Nuam Sian Huai - 100000ks
(ကလေးမြို့)
ဘုံးဘောကျေးရွာမှအမည် -206000ks
မဖော်လိုသူ အစ်မ မှ
မကွေးမြို့ 72nd CND မှ ကောက်ခံ ရရှိသောအလှူငွေ များကို စစ်ရှောင်ပြည်သူများထံ ဒီလမကုန်ခင် သွားရောက် လှူဒါန်းမှာ ဖြစ်ပါသည်။
AUSA ကျောင်းသား အဖွဲ့သားများ အင်းအားဖြည့် ကူညီပေးရန် ဖိတ်ခေါ်ပါသည်။