31/12/2025
Daily Conversation – Day 4 🇯🇵
ဒီနေ့မှာတော့မိမိကိုယ်ကိုယ် မိတ်ဆက်ပုံ (Jiko Shoukai) တစ်ခုအနေနဲ့
ပထမဆုံးအကြိမ် ယခုမှတွေ့တဲ့သူကို
မိမိကိုယ်ကို မိတ်ဆက်တဲ့အခါ
ဘယ်လိုပြောရမလဲ ဆိုတာကို
အခြေခံအကျဆုံးနဲ့ ရှင်းပြပေးပါမယ် 📚✨
ဒီအသုံးအနှုန်းတွေက
ဘယ်နေရာမှာပဲဖြစ်ဖြစ် သုံးလို့ရပြီး
Beginner တွေအတွက် အရမ်းအရေးကြီးတဲ့
အခြေခံ မိတ်ဆက်ပုံစံ ဖြစ်ပါတယ် 🇯🇵
⸻
🔹 ပထမဆုံး မိတ်ဆက်တဲ့သူ ပြောပုံ
👉 Hajimemash*te (はじめまして)
= တွေ့ရတာ ဝမ်းသာပါတယ် / ပထမဆုံးတွေ့တာပါ
👉 (မိမိနာမည်) desu. (です)
= ကျွန်တော် / ကျွန်မ … ပါ
👉 (နိုင်ငံ / မြို့နာမည်) kara kimash*ta. (からきました)
= … မှ လာပါတယ်
👉 Dōzo yoroshiku onegaishimasu. (どうぞよろしくおねがいします)
= ရင်းနှီးစွာ ဆက်ဆံပေးပါလို့ တောင်းဆိုပါတယ်
📌 Example
はじめまして。
Si です。
Myanmar からきました。
どうぞよろしくおねがいします。
⸻
🔹 အနှုတ်ဆက် ခံရတဲ့သူ ပြန်ပြောပုံ
အခြေခံအနေနဲ့တော့ 👇
[မိမိအမည်] desu. Kochira koso yoroshiku onegaishimasu.
([နာမည်] です。こちらこそ よろしく お願いします)
ကျွန်တော်/ကျွန်မ [နာမည်] ပါ။ ကျွန်တော့်ဘက်ကလည်း တွေ့ရတာ ဝမ်းသာပါတယ် (ခင်မင်ခွင့်ပြုပါ)။
⸻
⚠️ သတိထားရမယ့် အချက် (အရမ်းအရေးကြီး)
မိမိကိုယ်တိုင် မိတ်ဆက်တဲ့အခါ
ကိုယ့်နာမည်နောက်မှာ
–san (さん) ကို မထည့်ရပါဘူး ❌
🔹 –san (さん) ဟာ
အခြားသူကို လေးစားစွာ ခေါ်တဲ့အခါ သုံးတာပါ
🔹 ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့အခါ မသုံးရပါ
❌ Si-san desu
⭕ Si desu
⸻
📌 Rule တစ်ခုသာ မှတ်ထားပါ
Self-introduction မှာ
👉 ရိုးရိုး၊ သန့်ရှင်း၊ ယဉ်ကျေးစွာ ပြောရင် လုံလောက်ပါတယ်
💬 Comment မှာ
ကိုယ့်နာမည်နဲ့ Self-introduction တစ်ကြိမ်
ရေးကြည့်ပါနော် 👇🇯🇵