AELC - Acuity English Language Center- Magway

AELC - Acuity English Language Center- Magway

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AELC - Acuity English Language Center- Magway, Community College, No. 282/A, coner of Thitsar Street and Kanthar street, Magway.

25/02/2026

စာလုံးတစ်လုံးတည်းနဲ့ အဓိပ္ပာယ်များစွာ ဖော်ပြနိုင်တဲ့ စကားလုံးတွေ အများကြီးရှိနေတာကို သိထားရဲ့လား ✨🤯
အင်္ဂလိပ်စာဟာ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာစကားတစ်ခုပါ။ အထူးသဖြင့် စာလုံးပေါင်းက တစ်မျိုးတည်း ဖြစ်ပေမယ့် သူ့ရဲ့ အသုံးပြုပုံပေါ်မူတည်ပြီး အဓိပ္ပာယ်တွေ အများကြီး ကွဲပြားသွားတဲ့ စကားလုံးတွေ ရှိပါတယ်။
ဒီလိုစကားလုံးတွေက ဝေါဟာရကြွယ်ဝမှုကို တိုးတက်စေရုံသာမက အင်္ဂလိပ်စာကို ပိုပြီး နက်နက်နဲနဲ နားလည်စေဖို့ပါ အကူအညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့တော့ 𝐀𝐄𝐋𝐂 နဲ့အတူ ဒီလို စိတ်ဝင်စားစရာ စကားလုံးအချို့တွေကို လေ့လာကြည့်လိုက်ရအောင်။👇
✅𝐒𝐞𝐭 ⚙️
"𝐒𝐞𝐭" ဟာ အင်္ဂလိပ်စာမှာ အဓိပ္ပာယ်အမျိုးမျိုးနဲ့ အများဆုံး အသုံးပြုတဲ့ စကားလုံးတစ်ခုပါ။
📍ကြိယာ (𝐕𝐞𝐫𝐛) အနေနဲ့ဆိုရင်တော့ "ထားသည်"၊ "စီစဉ်သည်"
ဥပမာ - 𝐈 𝐬𝐞𝐭 𝐭𝐡𝐞 𝐛𝐨𝐨𝐤 𝐨𝐧 𝐭𝐡𝐞 𝐭𝐚𝐛𝐥𝐞. (ကျွန်တော် စာအုပ်ကို စားပွဲပေါ်မှာ ထားလိုက်တယ်။)
📍နာမ် (𝐍𝐨𝐮𝐧) အနေနဲ့ကတော့ "အစုအဝေး"၊ "အုပ်စု"
ဥပမာ: 𝐀 𝐬𝐞𝐭 𝐨𝐟 𝐫𝐮𝐥𝐞𝐬 (စည်းကမ်းချက်များ)
📍နာမဝိသေသန (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞) အနေနဲ့ စဥ်းစားမယ်ဆိုရင်တော့ "သတ်မှတ်ပြီးသား" လို့ အဓိပ္ပါယ် ရပါတယ်။
ဥပမာ - 𝐓𝐡𝐢𝐬 𝐢𝐬 𝐚 𝐬𝐞𝐭 𝐩𝐫𝐢𝐜𝐞. (ဒါက သတ်မှတ်ပြီးသား ဈေးနှုန်းပါ။)
✅𝐑𝐮𝐧 🏃‍♀️
"𝐑𝐮𝐧" ဆိုတာ "ပြေးသည်" လို့ပဲ အများစုသိကြပေမယ့် အဓိပ္ပာယ်များစွာရှိပါတယ်။
📍ကြိယာ (𝐕𝐞𝐫𝐛) အနေနဲ့မှာ "ပြေးသည်"၊ "လုပ်ငန်းတစ်ခုကို လုပ်ဆောင်သည်"
ဥပမာ - 𝐇𝐞 𝐜𝐚𝐧 𝐫𝐮𝐧 𝐟𝐚𝐬𝐭. (သူ မြန်မြန်ပြေးနိုင်တယ်။)
𝐌𝐲 𝐟𝐚𝐦𝐢𝐥𝐲 𝐫𝐮𝐧𝐬 𝐚 𝐬𝐦𝐚𝐥𝐥 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬. (ကျွန်တော့်မိသားစုက စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခု လုပ်ဆောင်နေပါတယ်။)
📍နာမ် (𝐍𝐨𝐮𝐧) အနေနဲ့မှာတော့ "ပြေးလွှားခြင်း"
ဥပမာ ကတော့ 𝐖𝐞 𝐰𝐞𝐧𝐭 𝐟𝐨𝐫 𝐚 𝐦𝐨𝐫𝐧𝐢𝐧𝐠 𝐫𝐮𝐧. (ကျွန်တော်တို့ မနက်ခင်းပြေးဖို့ သွားခဲ့တယ်။)
✅𝐏𝐫𝐞𝐬𝐞𝐧𝐭 🎁
"𝐏𝐫𝐞𝐬𝐞𝐧𝐭" ဟာလည်း တစ်လုံးတည်းနဲ့ပဲ အဓိပ္ပါယ် နှစ်ခု အသုံးပြုနိုင်တဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်။
📍နာမ်/နာမဝိသေသန အနေနဲ့ကတော့ "လက်ဆောင်"၊ "လက်ရှိ" လို့ အသုံးပြုလေ့ရှိပါတယ်။
ဥပမာ - 𝐈 𝐛𝐨𝐮𝐠𝐡𝐭 𝐲𝐨𝐮 𝐚 𝐩𝐫𝐞𝐬𝐞𝐧𝐭. (မင်းအတွက် လက်ဆောင်တစ်ခု ဝယ်ခဲ့တယ်။)
𝐇𝐞 𝐢𝐬 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐢𝐧 𝐭𝐡𝐞 𝐫𝐨𝐨𝐦. (သူ အခန်းထဲမှာ ရှိနေတယ်။)
📍ကြိယာ အနေနဲ့ဆိုရင်လည်း အားလုံးသိတဲ့ 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 နဲ့ ဆက်စပ်လျက် "တင်ပြသည်" ဆိုပြီး အသုံးပြုလေ့ရှိပါတယ်။
ဥပမာ - 𝐇𝐞 𝐰𝐢𝐥𝐥 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐡𝐢𝐬 𝐢𝐝𝐞𝐚𝐬 𝐚𝐭 𝐭𝐡𝐞 𝐦𝐞𝐞𝐭𝐢𝐧𝐠. (သူ အစည်းအဝေးမှာ သူ့ရဲ့ အကြံဉာဏ်တွေကို တင်ပြပါလိမ့်မယ်။)
✅𝐖𝐚𝐭𝐜𝐡 ⌚
"𝐖𝐚𝐭𝐜𝐡" ကို "စောင့်ကြည့်သည်" အပြင် တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးပါတယ်။
📍ကြိယာ (𝐕𝐞𝐫𝐛) မှာတော့ အားလုံးသိကြတဲ့အတိုင်း "ကြည့်သည်"၊ "စောင့်ကြည့်သည်" အနေနဲ့ အသုံးပြုပါတယ်။
ဥပမာ - 𝐖𝐞 𝐰𝐚𝐭𝐜𝐡𝐞𝐝 𝐭𝐡𝐞 𝐦𝐨𝐯𝐢𝐞. (ကျွန်တော်တို့ ရုပ်ရှင်ကြည့်ခဲ့တယ်။)
𝐏𝐥𝐞𝐚𝐬𝐞 𝐰𝐚𝐭𝐜𝐡 𝐦𝐲 𝐛𝐚𝐠. (ကျွန်တော့်အိတ်ကို စောင့်ကြည့်ပေးပါဦး။)
📍နာမ် (𝐍𝐨𝐮𝐧) အနေနဲ့ကတော့ "နာရီ" ဆိုပြီး အသုံးပြုကြပါတယ်။
ဥပမာ - 𝐌𝐲 𝐰𝐚𝐭𝐜𝐡 𝐢𝐬 𝐛𝐫𝐨𝐤𝐞𝐧. (ကျွန်တော့်နာရီ ပျက်နေတယ်။)
ကဲ ဒီလောက်ဆိုရင်တော့ စကားလုံးတစ်လုံးတည်းကနေ အဓိပ္ပါယ် နှစ်ခုနဲ့ အထက် ကွဲပြားနေတဲ့ ပုံစံကို နားလည်သွားမှာပဲ ဖြစ်ပါတယ်။

ဒီလို စကားလုံးတွေကို လေ့လာထားခြင်းက အင်္ဂလိပ်စာကို ပိုမိုပြည့်စုံစွာ နားလည်စေပြီး စကားပြောတဲ့အခါ၊ စာရေးတဲ့အခါမှာလည်း ပိုမိုကျွမ်းကျင်လာမှာ အသေအချာပါပဲ!🎓📚✨
#အင်္ဂလိပ်စာ

Photos from AELC - Acuity English Language Center- Magway's post 13/02/2026

🍳မေမေ့ကိုကူရင်း 𝐀𝐜𝐭𝐢𝐨𝐧 𝐕𝐞𝐫𝐛𝐬 လေ့လာကြမယ် ✨

သားသား၊ မီးမီးတို့ရေ... ဒီနေ့ မီးဖိုချောင်ထဲမှာ မေမေဟင်းချက်တာ ကူရင်းနဲ့ အသုံးဝင်တဲ့
𝐜𝐭𝐢𝐨𝐧 𝐕𝐞𝐫𝐛𝐬 (လှုပ်ရှားမှုပြစကားလုံး) လေးတွေကို လက်တွေ့လေ့ကျင့်ကြည့်ရအောင်။

💡 𝐐𝐮𝐢𝐜𝐤 𝐓𝐢𝐩 𝐟𝐨𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐬: "𝐍𝐚𝐦𝐢𝐧𝐠 𝐭𝐡𝐞 𝐀𝐜𝐭𝐢𝐨𝐧"
ကလေးက မုန့်လုပ်တာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် ကူညီနေတဲ့အချိန်မှာ သူလုပ်နေတဲ့ လှုပ်ရှားမှုကို အင်္ဂလိပ်လို အသံထွက်ပြောပေးပါ။

ဥပမာ - ကလေးက ဇွန်းနဲ့မွှေနေရင် "𝐘𝐨𝐮 𝐚𝐫𝐞 𝐬𝐭𝐢𝐫𝐫𝐢𝐧𝐠 𝐭𝐡𝐞 𝐬𝐨𝐮𝐩!" လို့ ပြောပေးခြင်းဖြင့် သူတို့ရဲ့ ဦးနှောက်က လှုပ်ရှားမှုနဲ့ စကားလုံးကို တိုက်ရိုက်ချိတ်ဆက်သွားပါလိမ့်မယ်။

ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာလေးတွေကို အပတ်စဥ်တင်ဆက်ပေးမှာမို့ အမြဲ စောင့်မျှော်ဖို့ မမေ့ပါနဲ့နော်။

13/02/2026

အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ နိုင်ငံခြားမှာ သွားနေမှ ဖြစ်မှာလား? 🌍

အင်္ဂလိပ်စာ တတ်မြောက်ချင်သူတိုင်း ခေါင်းထဲမှာရှိတဲ့ အယူအဆတစ်ခုက "အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ဆို နိုင်ငံခြားမှာနေမှ ဖြစ်မယ်" ဆိုတာပါပဲ။

ဒါပေမယ့် အမှန်တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ အရေးကြီးဆုံးက ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အင်္ဂလိပ်စာနဲ့ ဘယ်လောက်အထိ ထိတွေ့မှု ရှိအောင် ဖန်တီးနိုင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

ဒါကြောင့် 𝐀𝐄𝐋𝐂 ကနေ ပြည်တွင်းမှာနေရင်းနဲ့ အင်္ဂလိပ်စာကို ကျွမ်းကျင်အောင် ဘယ်လိုလေ့လာနိုင်လဲဆိုတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။ 👇

✅ကိုယ်ပိုင် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 ပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ 🗣️
လူမှုကွန်ရက်တွေပေါ်က 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐆𝐫𝐨𝐮𝐩 တွေ၊ 𝐅𝐨𝐫𝐮𝐦 တွေမှာ ဝင်ရောက်ဆွေးနွေးပြီး အင်္ဂလိပ်လို ပြောဆိုလေ့ကျင့်လို့​ရပါတယ်။
𝐀𝐄𝐋𝐂 မှာဆိုရင်လည်း အတူတူသင်ယူနေတဲ့ သူငယ်ချင်းတွေ အချင်းချင်း စုပေါင်းပြီး 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐆𝐫𝐨𝐮𝐩 လေးအနေနဲ့ လေ့ကျင့်လို့ ရပါသေးတယ်။

✅နေ့စဉ်ဘဝကို အင်္ဂလိပ်စာနဲ့ ပေါင်းစပ်ပါ 🗓️
စိတ်ဝင်စားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ပါ။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို သီချင်းစာသားနဲ့တကွ လိုက်ဆိုကြည့်ပါ။

ဒါတွေဟာ ရိုးရှင်းတဲ့ အလေ့အကျင့်တွေဆိုပေမယ့် သင်ယူလေ့လာမှု ခရီးစက်မှာ များစွာ အထောက်အပံ့ဖြစ်နိုင်ပါတယ်။
အင်္ဂလိပ်သတင်း 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေ (𝐁𝐁𝐂, 𝐂𝐍𝐍), 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေနဲ့ 𝐏𝐨𝐝𝐜𝐚𝐬𝐭𝐬 တွေကို ပုံမှန် နားထောင်ပြီး အင်္ဂလိပ်စာနဲ့ ရင်းနှီးအောင် လုပ်တာမျိုးကလည်း အရေးပါလှပါတယ်။

✅𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေကို အသုံးပြုပါ 💻
𝐂𝐨𝐮𝐫𝐬𝐞𝐫𝐚, 𝐞𝐝𝐗, 𝐔𝐝𝐞𝐦𝐲 တို့လို 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို အင်္ဂလိပ်လို သင်ယူတာကလည်း အလေ့အကျင့်ကောင်းတစ်ခုပါပဲ။

✅ဒါ့အပြင် အကောင်းဆုံး နည်းလမ်းကတော့ 𝐀𝐄𝐋𝐂 မှာ သင်ယူပါ။
𝐀𝐄𝐋𝐂 မှာဆိုရင် အားလုံးရဲ့ သင်ယူမှု ခရီးစဥ်အတွက်
🎯အရည်အသွေးမြင့် ဆရာ၊ဆရာမတွေ၊
🎯နိုင်ငံတကာ အဆင့်မှီ သင်ရိုးတွေ၊
🎯စိတ်ဝင်စားပြီး၊ တက်ကြွစွာ ပါဝင်နိုင်တဲ့ 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေနဲ့ အမြဲ အသင့်ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလိပ်စာ သင်ယူမှု ခရီးစဉ်ကို 𝐀𝐄𝐋𝐂 နဲ့အတူ စိတ်အားထက်သန်စွာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဒီနေ့ပဲ ဆက်သွယ်လိုက်ပါ။ 🚀📚

#အင်္ဂလိပ်စာ

03/02/2026

𝐇𝐨𝐰 𝐚𝐫𝐞 𝐲𝐨𝐮 ဆို "𝐈'𝐦 𝐅𝐢𝐧𝐞, 𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮" လို့ပဲ ပြန်ပြောနေတုန်းလား? 🤯

တစ်ယောက်ယောက်က "𝐇𝐨𝐰 𝐚𝐫𝐞 𝐲𝐨𝐮?" လို့ မေးတိုင်း "𝐈'𝐦 𝐟𝐢𝐧𝐞, 𝐭𝐡𝐚𝐧𝐤 𝐲𝐨𝐮" လို့ပဲ ပြန်ဖြေနေရတာ ရိုးအီနေပြီလား?
တကယ်တော့ ဒါဟာ အင်္ဂလိပ်စာ သင်ယူသူတိုင်း နီးပါးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။
ကိုယ့်ရဲ့ စိတ်ခံစားချက်ကို "ကောင်းတယ်၊ မကောင်းဘူး" လို့ပဲ ပြောဆိုတာထက် ပိုပြီး ထိမိအောင် ဖော်ပြနိုင်တဲ့ စကားလုံးတွေ အများကြီးရှိပါတယ်။

ဒါပေမယ့် နေ့စဥ် စကားပြောရာမှာ သုံးနှုန်းနိုင်စွမ်း ရှာမရသေးတာပဲ ဖြစ်ပါတဘ်။
ဒါကြောင့် ဒီနေ့မှာတော့ 𝐀𝐄𝐋𝐂 ကနေ ကိုယ့်ရဲ့ ခံစားချက်ကို ပိုပြီး သေချာစွာ ဖော်ပြပေးနိုင်မယ့်
စကားလုံးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

✅ပျော်ရွှင်တဲ့အခါ 😊
ရိုးရိုး "𝐇𝐚𝐩𝐩𝐲" လို့ ပြောတာထက် ပိုပြီး အားရပါးရ ပျော်ရွှင်ကြောင်း ဖော်ပြချင်ရင်...
📍𝐈'𝐦 𝐨𝐧 𝐭𝐨𝐩 𝐨𝐟 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝! (ကမ္ဘာပေါ်မှာ အပျော်ဆုံးပဲ)
အရမ်းပျော်ရွှင်နေပြီး အရာရာကို အောင်မြင်နေတယ်လို့ ခံစားရတဲ့အခါ သုံးနိုင်ပါတယ်၊
📍𝐈'𝐦 𝐭𝐡𝐫𝐢𝐥𝐥𝐞𝐝! (အရမ်းကို ပျော်ရွှင်စိတ်လှုပ်ရှားနေတယ်)
ရုတ်တရက် သတင်းကောင်းတစ်ခုခုကြောင့် စိတ်လှုပ်ရှားပြီး ပျော်ရွှင်တဲ့အခါ သုံးပါတယ်။
📍လက်ရှိအခြေအနေက အရမ်းကို အဆင်ပြေနေတဲ့အခါမှာတော့ 𝐓𝐡𝐢𝐧𝐠𝐬 𝐜𝐨𝐮𝐥𝐝𝐧'𝐭 𝐛𝐞 𝐛𝐞𝐭𝐭𝐞𝐫. (အရာရာက အကောင်းဆုံး ဖြစ်နေတယ်) လို့ ပြောလိုက်ရအောင်နော်။

✅စိတ်ဖိစီးနေတဲ့အခါ 🤯
"𝐓𝐢𝐫𝐞𝐝" လို့ပဲ ပြောနေမယ့်အစား ကိုယ့်ရဲ့ ပင်ပန်းနွမ်းနယ်မှုကို ပိုပြီးတိတိကျကျ ဖော်ပြနိုင်ပါတယ်။
📍𝐈'𝐦 𝐬𝐰𝐚𝐦𝐩𝐞𝐝!
လုပ်စရာအလုပ်တွေ အရမ်းများလွန်းလို့ အချိန်မလောက်နိုင်တဲ့အခါ အခုလိုမျိုးလေး ဖော်ပြနိုင်ပါတယ်။
📍𝐈'𝐦 𝐟𝐞𝐞𝐥𝐢𝐧𝐠 𝐚 𝐛𝐢𝐭 𝐨𝐯𝐞𝐫𝐰𝐡𝐞𝐥𝐦𝐞𝐝.
အလုပ်တွေ ဒါမှမဟုတ် ခံစားချက်တွေကြောင့် လေးလံနေတဲ့အခါ 𝐈'𝐦 𝐟𝐞𝐞𝐥𝐢𝐧𝐠 𝐚 𝐛𝐢𝐭 𝐨𝐯𝐞𝐫𝐰𝐡𝐞𝐥𝐦𝐞𝐝. လို့ ပြန်ပြောကြရအောင်နော်။
📍𝐈'𝐦 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐥𝐲 𝐝𝐫𝐚𝐢𝐧𝐞𝐝. (အားအင်တွေ ကုန်ခမ်းနေတယ်!)
ကိုယ်ရောစိတ်ပါ အရမ်းကို ပင်ပန်းနေတဲ့အခါမှာလည်း အခုလိုလေး ပြောပြပေးနိုင်ပါသေးတယ်။

✅စိတ်ပျက်အားငယ်နေတဲ့အခါ 😞
"𝐈'𝐦 𝐬𝐚𝐝" လို့ တိုက်ရိုက်ပြောတာထက် ပိုကောင်းတဲ့ အသုံးအနှုန်းတွေကို ပြောပြပေးသွားပါမယ်။
အကြောင်းတစ်ခုခုကြောင့် စိတ်ဓာတ်ကျပြီး စိတ်မချမ်းမသာ ဖြစ်နေတဲ့အခါ
📍𝐈'𝐦 𝐚 𝐛𝐢𝐭 𝐝𝐨𝐰𝐧
📍𝐈'𝐦 𝐧𝐨𝐭 𝐟𝐞𝐞𝐥𝐢𝐧𝐠 𝐦𝐲 𝐛𝐞𝐬𝐭. စ သဖြင့် ဖော်ပြပေးနိုင်ပါတယ်နော်။

ကဲ ဒါဆိုရင်တော့ 𝐈 𝐚𝐦 𝐅𝐢𝐧𝐞, 𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 လို့ပဲ ပြောနေစရာ မလိုတော့ဘူးနော်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ စကားလုံးတွေကို အသုံးပြုပြီး အင်္ဂလိပ်နေ့စဥ်စကားပြောတဲ့အခါမှာ ပိုပြီး အဆင်ပြေချောမွေ့လာမှာပါ။

#အင်္ဂလိပ်စာ

30/01/2026

Watch & get inspired program
video (2)

A2 class မှ FDT winner 🏆 (Hsu Myat Than Sin) ရဲ့
video လေးပါ


အပတ်တိုင်း ဒီလို challenging & interesting & fun ဖြစ်တဲ့ speaking practice ‌တွေမှာ ပါ၀င်ချင်ရင်တော့ AELC (Magway) မှာ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်.......

30/01/2026

🧠 သားသား၊ မီးမီးတို့က အင်္ဂလိပ်စာကို "စာ" အဖြစ် မသင်ယူပါဘူး!

မေမေ၊ ဖေဖေတို့ရေ... ကလေးတွေ ဘာသာစကားတစ်ခုကို တတ်မြောက်သွားတဲ့ ပုံစံက လူကြီးတွေနဲ့ လုံးဝမတူဘူးဆိုတာ သိကြပါသလား?

ကျွန်တော်တို့ လူကြီးတွေက ငယ်ငယ်တုန်းက သင်ခဲ့ရသလို ဘာသာစကားအသစ်တစ်ခုကို လေ့လာရင် စာအုပ်ကြီးတွေနဲ့ ကျက်မှတ်ပြီး "𝐋𝐞𝐚𝐫𝐧" (သင်ယူ) ရတာပါ။

ဒါပေမဲ့ ကလေးတွေကတော့ ပတ်ဝန်းကျင်ကနေ သဘာဝအတိုင်း "𝐀𝐜𝐪𝐮𝐢𝐫𝐞" (ဗီဇအလျောက် ရယူ) နေကြပြီပဲ ဖြစ်ပါတယ်။
ဒီလျှို့ဝှက်ချက်ကို သိထားရင် ကလေးကို စာအုပ်ကြီးတွေနဲ့ ဖိအားပေးစရာမလိုဘဲ အင်္ဂလိပ်စာ တတ်အောင် လုပ်ပေးနိုင်မှာပါ။

🏠 "𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐈𝐦𝐦𝐞𝐫𝐬𝐢𝐨𝐧" ဖန်တီးပေးပါ
ကလေးကို စာကျက်ခိုင်းမယ့်အစား အင်္ဂလိပ်စကားပြောသံတွေကို "ရေဒီယို" လိုမျိုး နောက်ခံမှာ အမြဲကြားနေအောင် လုပ်ပေးတဲ့ 𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐈𝐦𝐦𝐞𝐫𝐬𝐢𝐨𝐧 နည်းလမ်းကို အသုံးပြုရပါမယ်။
ဒါဟာ ကလေးကို အားစိုက်စရာမလိုဘဲ ဘာသာစကား ရယူစေတဲ့ အထိရောက်ဆုံး နည်းလမ်းပါ။
ဘယ်လိုလုပ်ပေးမလဲ? ⬇️

🎧 𝐀𝐮𝐝𝐢𝐨 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭
ကလေးကစားနေချိန် ဒါမှမဟုတ် မုန့်စားနေချိန်မှာ အင်္ဂလိပ်လို ပြောထားတဲ့ ပုံပြင်တွေ၊ သီချင်းတွေကို နောက်ခံမှာ တိုးတိုးလေး ဖွင့်ပေးထားပါ။ သူတို့က အာရုံမစိုက်နေသလို ထင်ရပေမဲ့ သူတို့ရဲ့ ဦးနှောက်ကတော့ အသံတွေကို 𝐏𝐚𝐭𝐭𝐞𝐫𝐧 အဖြစ် ဖမ်းယူနေတာပါ။

🗣️ 𝐄𝐯𝐞𝐫𝐲𝐝𝐚𝐲 𝐍𝐚𝐫𝐫𝐚𝐭𝐢𝐨𝐧
မေမေတို့က ကလေးနဲ့အတူ ရှိနေချိန်မှာ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို အင်္ဂလိပ်လို ခပ်လွယ်လွယ်လေးတွေ ရွတ်ပြပေးပါ။ "𝐈 𝐚𝐦 𝐰𝐚𝐬𝐡𝐢𝐧𝐠 𝐝𝐢𝐬𝐡𝐞𝐬," "𝐋𝐞𝐭'𝐬 𝐩𝐮𝐭 𝐨𝐧 𝐲𝐨𝐮𝐫 𝐬𝐡𝐨𝐞𝐬." ဒီလိုကြားနေရခြင်းက ကလေးအတွက် အကောင်းဆုံး 𝐈𝐧𝐩𝐮𝐭 တွေပါပဲ။

📺 𝐒𝐞𝐥𝐞𝐜𝐭𝐞𝐝 𝐒𝐜𝐫𝐞𝐞𝐧𝐬
ကလေးကို ဖုန်း/တီဗွီ ပေးကြည့်ရင်လည်း မြန်မာပြန်တွေထက် အင်္ဂလိပ်လို ပြောထားတဲ့ ကာတွန်း မျိုးတွေကိုပဲ ရွေးချယ်ပေးပါ။

ဒီလိုမျိုး လွယ်လွယ်လေးနဲ့ လေ့ကျင့်လို့ရတဲ့ နည်းလမ်းတွေနဲ့ ကလေးငယ်လေးတွေရဲ့ ဦးနှောက်ထဲမှာ အင်္ဂလိပ်စကားလုံးတွေဟာ စွဲထင်သွားပြီးတော့ သင်ယူရတာ ပိုမိုလွယ်ကူသွားစေပါတယ်။
ဖေဖေ၊ မေမေတို့ရေ... ဒီနေ့ကစပြီး ကလေးရဲ့ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်အသံလေးတွေ လွှမ်းမိုးနေအောင် ဖန်တီးပေးဖို့ စဥ်းစားကြည့်လိုက်ရအောင်နော်။

ကိုယ်သုံးနေကျ နည်းလမ်းလေးတွေရှိရင်လည်း 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မျှဝေပေးခဲ့ပါဦးနော်။ ❤️🌟








23/01/2026

🦁 တောရိုင်းတိရစ္ဆာန်လေးတွေဆီ အလည်သွားကြမယ် (𝐖𝐢𝐥𝐝 𝐀𝐧𝐢𝐦𝐚𝐥𝐬 𝐀𝐝𝐯𝐞𝐧𝐭𝐮𝐫𝐞) ✨

သားသား၊ မီးမီးတို့ရေ... တောထဲမှာနေတဲ့ တောရိုင်းတိရစ္ဆာန် (𝐖𝐢𝐥𝐝 𝐀𝐧𝐢𝐦𝐚𝐥𝐬) ကြီးတွေကလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီနေ့တော့ သူတို့တွေကို 𝐄𝐧𝐠𝐥𝐢𝐬𝐡 လို ဘယ်လိုခေါ်လဲဆိုတာ ပုံပြင်လေးဖတ်သလိုမျိုး အတူတူလေ့လာကြည့်ရအောင်။

🦁 𝐋𝐢𝐨𝐧 - ခြင်္သေ့
ခြင်္သေ့ကြီးကိုတော့ "𝐊𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐉𝐮𝐧𝐠𝐥𝐞" (တောဘုရင်) လို့ ခေါ်ကြတယ်နော်။ သူတို့ရဲ့ ဟိန်းသံကြီးက အရမ်းကို ကျယ်လောင်ပြီး ခန့်ညားပါတယ်။

🐘 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 - ဆင်
ဆင်ကြီးတွေကတော့ တောထဲမှာ အကြီးဆုံး တိရစ္ဆာန်တွေပါ။ သူတို့မှာ ရှည်လျားတဲ့ 𝐓𝐫𝐮𝐧𝐤 (နှာမောင်း) ကြီးတွေ ရှိပြီး အဲဒီနှာမောင်းနဲ့ပဲ ရေသောက်တာ၊ အစာစားတာတွေ လုပ်ကြပါတယ်။

🦒 𝐆𝐢𝐫𝐚𝐟𝐟𝐞 - သစ်ကုလားအုတ်
လည်ပင်းအရှည်ဆုံး အကောင်လေးက ဘယ်သူလဲဆိုရင် သစ်ကုလားအုတ်လေးပဲပေါ့။ သူတို့ရဲ့ လည်ပင်းရှည်ကြီးတွေကြောင့် မြင့်မားတဲ့ သစ်ပင်ပေါ်က သစ်ရွက်စိမ်းလေးတွေကို အလွယ်တကူ စားနိုင်တာပါ။

🦓 𝐙𝐞𝐛𝐫𝐚 - မြင်းကျား
မြင်းကျားလေးတွေမှာတော့ 𝐁𝐥𝐚𝐜𝐤 𝐚𝐧𝐝 𝐖𝐡𝐢𝐭𝐞 𝐒𝐭𝐫𝐢𝐩𝐞𝐬 (အမည်းနဲ့ အဖြူရောင် အစင်းကြား) လေးတွေ ပါဝင်ပါတယ်။ သူတို့ရဲ့ အစင်းလေးတွေက တစ်ကောင်နဲ့တစ်ကောင် မတူကြဘူးနော်။

🐒 𝐌𝐨𝐧𝐤𝐞𝐲 - မျောက်
သစ်ပင်တစ်ပင်ကနေ တစ်ပင်ကို ခုန်ကူးတတ်တဲ့ မျောက်လေးတွေကတော့ အရမ်းဆော့ကြတယ်နော်။ သူတို့က 𝐁𝐚𝐧𝐚𝐧𝐚𝐬 (ငှက်ပျောသီး) စားရတာကို အကြိုက်ဆုံးပါပဲ။

🐊 𝐂𝐫𝐨𝐜𝐨𝐝𝐢𝐥𝐞 - မိကျောင်း
ရေထဲမှာရော ကုန်းပေါ်မှာပါ နေတတ်တဲ့ မိကျောင်းကြီးတွေမှာတော့ အရမ်းမာကျောတဲ့ အကြေးခွံတွေနဲ့ ထက်မြက်တဲ့ သွားတွေ ရှိကြပါတယ်။

သားသား၊ မီးမီးတို့အတွက် 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 လေးတစ်ခုလည်း စိန်ခေါ်ကြည့်ချင်ပါတယ်။🎯

တောထဲက ဒီတိရစ္ဆာန်လေးတွေထဲမှာ သားသား၊ မီးမီးတို့ အကြောက်ဆုံးအကောင် က ဘယ်သူလဲ? ဥပမာ - "𝐈 𝐚𝐦 𝐬𝐜𝐚𝐫𝐞𝐝 𝐨𝐟 𝐭𝐡𝐞 𝐂𝐫𝐨𝐜𝐨𝐝𝐢𝐥𝐞!" လို့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ရေးပြခဲ့ပါဦးနော်။










16/01/2026

🎯ဘာသာစကားတစ်ခုကို အလွယ်တကူ သင်ယူနိုင်မယ့် လျှို့ဝှက်ချက် (၃) ခု ✨

အင်္ဂလိပ်စာလို ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ဆိုတာ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။

ဒါပေမယ့် ပိုပြီး မြန်မြန်ဆန်ဆန်၊ ထိရောက်စွာ သင်ယူနိုင်ဖို့အတွက် လိုက်နာသင့်တဲ့ အဓိက လျှို့ဝှက်ချက် (၃) ခုရှိတယ်ဆိုရင် စိတ်ဝင်စားလား?

ကဲ ဒီနေ့တော့ လျှိို့ဝှက်ချက်တွေကို ဖော်ထုတ်လိုက်ကြရအောင်ဗျာ။

✅တစ်နေ့ကို အနည်းဆုံး မိနစ် (၂၀) ပုံမှန်လေ့ကျင့်ပါ 🗓️
တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်လေ့ကျင့်တာထက် နေ့တိုင်း ပုံမှန် (ပုံမှန် ဖြစ်ဖို့ လိုအပ်ပါတယ်) မိနစ် ၂၀ ကနေ တစ်နာရီ၊ တစ်နာရီခွဲ လောက် လေ့ကျင့်တာက ပိုပြီး ထိရောက်ပါတယ်။
ဘာလို့လဲဆိုတော့ ပုံမှန်လေ့ကျင့်ခြင်းက ဦးနှောက်ကို အင်္ဂလိပ်စာနဲ့ အမြဲထိတွေ့နေစေပြီး မှတ်မိနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ ဒီလိုလုပ်ခြင်းက အချိန်အကြာကြီး တစ်ပြိုင်နက် လေ့လာရလို့ စိတ်ဖိစီးမှုတွေ၊ ငြီးငွေ့မှုတွေ ဖြစ်ပေါ်မလာစေဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

✅ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကနေ သင်ယူပါ 🎧🎬
အင်္ဂလိပ်စာ သင်ယူရတာ ပျော်စရာကောင်းနေဖို့ အရေးကြီးပါတယ်။ သင်္ချာ၊ သိပ္ပံ၊ စာပေ၊ ဂီတ၊ ဒါမှမဟုတ် သတင်း စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခုကို အင်္ဂလိပ်လို လေ့လာတာမျိုးလည်း လုပ်လို့ရပါတယ်။
ဥပမာ - ဘောလုံးပွဲဝါသနာပါရင် အင်္ဂလိပ်လို ကစားသမားတွေအကြောင်း ဖတ်တာ၊ သတင်းကြည့်တာမျိုး။
𝐄𝐧𝐠𝐥𝐢𝐬𝐡-𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐘𝐨𝐮𝐓𝐮𝐛𝐞𝐫𝐬 တွေရဲ့ ဗီဒီယိုတွေ ကြည့်တာ၊ 𝐏𝐨𝐝𝐜𝐚𝐬𝐭𝐬 တွေ နားထောင်တာ။
စသဖြင့် ပျော်စရာကောင်းတဲ့ သင်ယူမှု လှုပ်ရှားမှုတစ်ခုကို လုပ်ကြည့်နိုင်ပါတယ်။
ဒီလို သင်ယူခြင်းက လက်ရှိသင်ယူနေတဲ့ ဘာသာစကားကို ပျော်ပျော်ရွှင်ရွှင်နဲ့ ထိထိရောက်ရောက် သင်ယူနိုင်စေမှာပဲ ဖြစ်ပါတယ်။

✅အမှားလုပ်ရမှာကို မကြောက်ပါနဲ့ 🗣️
ဘာသာစကားအသစ်တစ်ခုကို လေ့ကျင့်တဲ့အခါ၊ အမှားလုပ်မိမှာကို လုံးဝ မကြောက်ပါနဲ့။ ဘာသာစကားတစ်ခုကို သင်ယူတဲ့နေရာမှာ အမှားလုပ်မိတာဟာ သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။
အမှားတွေကနေပဲ ကိုယ့်ရဲ့ အားနည်းချက်တွေကို သိရှိပြီး တိုးတက်အောင် ကြိုးစားနိုင်ပါတယ်။ ဒါကြောင့် အမှားလုပ်မိမှာကို စိုးရိမ်မနေဘဲ ပိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုကြည့်ဖို့ အရမ်း အရေးကြီးပါတယ်။

ကဲ ဒါဆိုရင်တော့ ဒီလျှို့ဝှက်ချက် (၃) ခုအကြောင်းကို သိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီအချက်တွေအပေါ်မူတည်ပြီး ကိုယ့်ရဲ့ ဘာသာစကားတစ်ခု သင်ယူမှု ခရီးစဉ်ကို ပိုမိုမြန်ဆန်၊ ထိရောက်ပြီး ပျော်ရွှင်စရာကောင်းအောင် လေ့ကျင့်ဖို့ မမေ့ပါနဲ့နော်။

#အင်္ဂလိပ်စာ

10/01/2026

လူငယ်ဘဝမှာ အင်္ဂလိပ်စာ သင်ယူခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက် 🎓📚✨

လူငယ်ဘဝဆိုတာ ပညာရှာမှီးဖို့၊ ကိုယ့်ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး အချိန် ပါပဲ။

ဒီလို အချိန်မှာ အင်္ဂလိပ်စာကိုပါ စနစ်တကျ သင်ယူထားတာက ပညာရေး၊ အနာဂတ်အလုပ်အကိုင်နဲ့ ဘဝမှာပါ အကျိုးကျေးဇူးများစွာ ရရှိမှာ အသေအချာပါပဲ။

ဒါကြောင့် 𝐀𝐄𝐋𝐂 ကနေ လူငယ်ဘဝမှာ အင်္ဂလိပ်စာ သင်ယူခြင်းကနေ ဘယ်လို အကျိုးကျေးဇူး (၅) ချက်ကို ရရှိနိုင်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။ 👇

1️⃣ပညာရေးမှာ ပိုမို ထူးချွန်လာမယ် 🚀
ကျောင်းသုံးစာအုပ်တွေအပြင် အင်္ဂလိပ်လို ရေးသားထားတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ 𝐎𝐧𝐥𝐢𝐧𝐞 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬 တွေကို ဖတ်ရှုနားလည်နိုင်မယ်ဆိုရင် ဗဟုသုတနယ်ပယ်က ပိုပြီး ကျယ်ပြန့်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ စာမေးပွဲများအတွက် ကြီးမားတဲ့ အထောက်အကူတစ်ရပ်လည်း ဖြစ်နိုင်ပါသေးတယ်။ 𝐈𝐄𝐋𝐓𝐒, 𝐓𝐎𝐄𝐅𝐋 စတဲ့ နိုင်ငံတကာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေအတွက်
လူငယ်ဘဝကတည်းက အခြေခံကောင်းရရှိပြီးသား ဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် အင်္ဂလိပ်လို သင်ယူနိုင်တဲ့အခါ ဘာသာရပ်ပေါင်းစုံကို လေ့လာနိုင်စွမ်း တိုးလာပြီး ကိုယ့်ရဲ့ သင်ယူမှုစွမ်းရည် (𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬) ပါ မြင့်မားလာပါလိမ့်မယ်။

2️⃣နိုင်ငံတကာ ပညာရေး အခွင့်အလမ်းများ ပွင့်လာမယ် 🌍🎓
သိကြတဲ့အတိုင်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်အများစုဟာ အင်္ဂလိပ်စာ အရည်အချင်းကို မဖြစ်မနေ လိုအပ်ပါတယ်။ လူငယ်ဘဝကတည်းက အင်္ဂလိပ်စာ ကျွမ်းကျင်ထားရင် နိုင်ငံခြားမှာ ပညာသင်ဖို့ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တွေ အပါအဝင် အခွင့်အလမ်းတွေ အများကြီး ပွင့်လာပါလိမ့်မယ်။
ထို့အတူ ပညာသင်ဆု (𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩) တွေ လျှောက်ထားတဲ့အခါ အင်္ဂလိပ်စာ အဆင့်မြင့်မားခြင်းဟာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

3️⃣အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်စေမယ် 💼🌟
အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့သူတွေဟာ ပြည်တွင်းက နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
အခုလို တိုးတက်နေတဲ့ နိုင်ငံတကာ စီးပွားရေးလောကမှာ နိုင်ငံတကာက လူတွေနဲ့ ဆက်သွယ်ပြောဆိုရတာများတဲ့အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်ခြင်းက ဆက်သွယ်ရေးစွမ်းရည်ကို မြင့်မားစေမှာ အသေအချာပါပဲ။

4️⃣5လူမှုဆက်ဆံရေးနဲ့ ယုံကြည်မှု တိုးတက်စေမယ် 🧑‍🤝‍🧑
အင်္ဂလိပ်စာ ပြောဆိုနိုင်တဲ့အခါ နိုင်ငံတကာက သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်မိတ်ဆွေဖွဲ့နိုင်မှာပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်တဲ့အခါ ဘယ်နေရာမှာမဆို ပိုပြီး ရဲရဲဝံ့ဝံ့ ရှိလာမှာမို့ လူငယ်တွေအတွက် အလိုအပ်ဆုံး 𝐒𝐤𝐢𝐥𝐥𝐬 တစ်ခုပါပဲ။

5️⃣အသက်မွေးဝမ်းကျောင်းပညာရပ်များစွာကို သင်ယူနိုင်မယ် 🎨💻
အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့အခါ လူငယ်တွေအနေနဲ့ 𝐂𝐨𝐮𝐫𝐬𝐞𝐫𝐚, 𝐞𝐝𝐗 လိုမျိုး နိုင်ငံတကာ 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေကနေ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်မျိုးစုံကို အခမဲ့ သင်ယူနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်အတွက် လူငယ်ဘဝမှာကတည်းက ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်တော့ အင်္ဂလိပ်စာကို စနစ်တကျ သင်ယူခြင်းက ဘဝကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာပါ။

𝐀𝐄𝐋𝐂 မှာဆိုရင်လည်း နိုင်ငံတကာ အဆင့်မှီ သင်ရိုး၊ အဆင့်မြင့် သင်ကြားရေးနည်းစနစ်တွေနဲ့ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေက အင်္ဂလိပ်စာ အရည်အချင်းကို အခြေခံကစပြီး အဆင့်မြင့်အထိ ပိုင်နိုင်စေဖို့ တစ်ဦးချင်းစီကို ဂရုတစိုက် လမ်းညွှန်ပေးနေပါတယ်။

ဒါကြောင့် အင်္ဂလိပ်စာ အခြေခံကစလို့ အဆင့်မြင့်အထိ စနစ်တကျ သင်ယူဖို့ 𝐀𝐄𝐋𝐂 ကို ဒီနေ့ပဲ ဆက်သွယ်လိုက်ပါနော်။ 🎓📚✨

#အင်္ဂလိပ်စာ

06/01/2026

𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 ဆိုတာဘာလဲ? 🗣️✨

အင်္ဂလိပ်စာ သင်ယူတဲ့အခါ 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 ဆိုတာ မဖြစ်မနေ လေ့လာရမယ့် အခန်းကဏ္ဍတစ်ခုပါ။ 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေဟာ နေ့စဉ်စကားပြောမှာ 𝐍𝐚𝐭𝐢𝐯𝐞 𝐒𝐩𝐞𝐚𝐤𝐞𝐫 တွေ အများဆုံး သုံးလေ့ရှိတာကြောင့် သေချာလေး လေ့လာပြီး​ ပြန်လည် အသုံးချကာ ပြောဆိုနိုင်မယ်ဆိုရင်တော့ အင်္ဂလိပ်စာက ပိုပြီး 𝐍𝐚𝐭𝐢𝐯𝐞 ဆန်လာမှာ အသေအချာပါပဲ။

ဒါပေမယ့် 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေက နည်းနည်းရှုပ်ထွေးနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့တော့ 𝐀𝐄𝐋𝐂 ကနေ 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေဆိုတာ ဘာလဲ၊ ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို နားလည်လွယ်အောင် ရှင်းပြပေးလိုက်ပါတယ်။ 👇

𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛 ဆိုတာဘာလဲ? 🤔

𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛 ဆိုတာ 𝐕𝐞𝐫𝐛 (ကြိယာ) တစ်ခုနဲ့ 𝐏𝐫𝐞𝐩𝐨𝐬𝐢𝐭𝐢𝐨𝐧 (ဝိဘတ်)
ဒါမှမဟုတ် 𝐀𝐝𝐯𝐞𝐫𝐛 (ကြိယာဝိသေသန) တစ်ခု (သို့မဟုတ်) နှစ်ခု ပေါင်းစပ်ထားတဲ့ အစုအဝေးတစ်ခုပါ။
သူတို့ပေါင်းလိုက်တဲ့အခါ မူရင်း 𝐕𝐞𝐫𝐛 ရဲ့ အဓိပ္ပာယ်နဲ့ လုံးဝ ကွဲပြားတဲ့ အဓိပ္ပာယ်အသစ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။

ဥပမာ:
"𝐋𝐨𝐨𝐤" ဆိုတာ "ကြည့်သည်"။ 👀
"𝐔𝐩" ဆိုတာ "အပေါ်"။ ⬆️
ဒါပေမယ့် "𝐋𝐨𝐨𝐤 𝐮𝐩" လို့ ပေါင်းလိုက်တဲ့အခါ "အပေါ်ကို ကြည့်သည်" ဆိုတဲ့ အဓိပ္ပာယ်အပြင် "အဘိဓာန်မှာ ရှာဖွေသည်" ဆိုတဲ့ အဓိပ္ပာယ်အသစ် ဖြစ်လာပါတယ်။ 🔎

ဒါဟာ 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛 ရဲ့ အနှစ်သာရပါပဲ။
𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေကို ဘာလို့လေ့လာသင့်တာလဲ? 💡

✅ နေ့စဉ်စကားပြောအတွက် မရှိမဖြစ်
𝐍𝐚𝐭𝐢𝐯𝐞 𝐒𝐩𝐞𝐚𝐤𝐞𝐫 တွေဟာ 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေကို နေ့စဉ်စကားပြောမှာ ပုံမှန်သုံးလေ့ရှိပါတယ်။

✅ သဘာဝကျကျ ပြောဆိုနိုင်ဖို့
𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေ သုံးခြင်းက အင်္ဂလိပ်စကားပြောကို ပိုပြီး သဘာဝကျစေပြီးတော့ ပြောဆိုရတာမှာ ပိုပြီး လွယ်ကူစေပါတယ် အထူးတလည် ပြင်ဆင်ထားတယ်လို့ မခံစားရစေပါဘူး။

✅ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 တိုးတက်စေဖို့
တခြားသော သူတွေနဲ့ အင်္ဂလိပ်စကားပြောကာ ပြောဆို ဆက်ဆံတဲ့နေရာမှာ တစ်ဖက်ကပြောလာတာကို နားလည်ဖို့အတွက် 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေကို သိထားဖို့ လိုအပ်ပါတယ်။

ဒါဆို 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛 တွေကို ဘယ်လိုလေ့ကျင့် မှတ်သားရမလဲ? 📚✍️

𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေကို တစ်လုံးချင်းစီ မမှတ်ဘဲ ဝါကျအပြည့်အစုံနဲ့ အဓိပ္ပာယ်ကို နားလည်အောင် လေ့လာတာက အကောင်းဆုံး နည်းလမ်းပါပဲ။

သင်ယူထားတဲ့ 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေကို နေ့စဉ်စကားပြောနဲ့ စာရေးတဲ့အခါ သုံးကြည့်မယ်ဆိုရင်လည်း ကျင့်သားရလာပြီး ပိုမိုကျွမ်းကျင်လာမှာ ဖြစ်ပါတယ်။

𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 တွေဟာ အင်္ဂလိပ်စာကို ပိုမိုကျွမ်းကျင်ပြီး သဘာဝကျကျ ပြောဆိုနိုင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။

ဒါကြောင့် 𝐏𝐡𝐫𝐬𝐚𝐥 𝐕𝐞𝐫𝐛 တွေကိုလည်း သေချာလေး ကြိုးစားလေ့လာဖို့ မမေ့ပါနဲ့နော်။ 🚀🗣️

05/01/2026

အင်္ဂလိပ်စာ သင်ယူမှု ရပ်တန့်မသွားစေဖို့ 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 ပျောက်မသွားအောင် ဘယ်လို သင်ယူရမလဲ? 🚀

အင်္ဂလိပ်စာကို စိတ်အားထက်သန်စွာ သင်ယူဖို့ စတင်ပေမယ့် တချို့ရက်တွေမှာတော့ စိတ်ဓာတ်ကျတာ၊ ပျင်းရိတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါဟာ သဘာဝပါပဲ။

ဒါပေမယ့် အရေးကြီးတာက ဘယ်လို 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 နဲ့ ဆက်ပြီး သင်ယူဖို့အတွက် ကြိုးစားမလဲဆိုတာပါပဲ။
ဒါကြောင့် 𝐀𝐄𝐋𝐂 ကနေ အင်္ဂလိပ်စာ သင်ယူမှု ခရီးစဉ်ကို ရပ်တန့်မသွားစေဖို့ 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 တွေကို ဘယ်ကနေ ဘယ်လိုမျိုး ပြန်လည် ရယူနိုင်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။ 👇

🎯ရည်မှန်းချက်ပန်းတိုင်ကို ပြန်သတိရပါ။
အင်္ဂလိပ်စာကို ဘာလို့သင်ချင်တာလဲဆိုတဲ့ မူလရည်ရွယ်ချက်ကို ပြန်စဉ်းစားကြည့်ပါ။
အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းချင်လို့လား? 💼
နိုင်ငံခြားမှာ ပညာသင်ချင်လို့လား? 🎓
ရုပ်ရှင်တွေ၊ သီချင်းတွေကို စာတန်းထိုးမလိုဘဲ နားလည်ချင်လို့လား? 🎬🎶
အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ စိတ်အားထက်သန်စွာ စတင်ခဲ့ကြမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်အကြောင်းကို အမြဲတမ်း ပြန်လည် စဥ်းစားပြီးတော့ အမှတ်ရနေဖို့ လိုအပ်ပါတယ်။

🎯သေးငယ်တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုပါ 🎉
အင်္ဂလိပ်စာ တိုးတက်ဖို့ဆိုတာ အချိန်ယူရတဲ့ ကိစ္စပါ။
ဒါကြောင့် ကြီးကြီးမားမား အောင်မြင်တာကိုပဲ စောင့်မနေဘဲ နေ့စဉ်နဲ့အမျှ ရရှိတဲ့ သေးငယ်တဲ့ တိုးတက်မှုလေးတွေကို ဂုဏ်ပြုပေးပါ။
ဥပမာ - ဒီနေ့ စကားလုံးအသစ် ၅ လုံး သင်ယူနိုင်ခဲ့တယ်။
နားမလည်ခဲ့တဲ့ သီချင်းစာသားတစ်ခုကို နားလည်သွားပြီ။
အတန်းထဲမှာ မေးခွန်းတစ်ခု မေးရဲခဲ့တယ်။ စသဖြင့် ကိုယ့်ရဲ့ တိုးတက်မှု သေးသေးလေးတွေကိုလည်း ဂုဏ်ပြုဖို့ မမေ့ပါနဲ့နော်။

🎯 ပျော်စရာကောင်းတဲ့ သင်ယူမှု နည်းလမ်းတွေကို ရှာဖွေပါ 🥳
အင်္ဂလိပ်စာသင်ယူတာဟာ စာအုပ်ကြီးတွေနဲ့ပဲ မဟုတ်ပါဘူး။ ကိုယ်ပျော်တဲ့နည်းလမ်းတွေနဲ့ သင်ယူနိုင်ပါတယ်။
ဥပမာ - ဘောလုံးပွဲဝါသနာပါရင် အင်္ဂလိပ်လို ကစားသမားတွေအကြောင်း ဖတ်တာ၊ သတင်းကြည့်တာမျိုး။
𝐄𝐧𝐠𝐥𝐢𝐬𝐡-𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐘𝐨𝐮𝐓𝐮𝐛𝐞𝐫𝐬 တွေရဲ့ ဗီဒီယိုတွေ ကြည့်တာ၊ 𝐏𝐨𝐝𝐜𝐚𝐬𝐭𝐬 တွေ နားထောင်တာ။
စသဖြင့် တစ်ပတ်ကို အနည်းဆုံး ပျော်စရာကောင်းတဲ့ သင်ယူမှု လှုပ်ရှားမှုတစ်ခုကို လုပ်ကြည့်နိုင်ပါတယ်။

🎯ဆရာ၊ ဆရာမတွေဆီက အကူအညီယူပါ။ 👩‍🏫👨‍🏫
တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါ၊ သင်ယူမှုမှာ အခက်အခဲကြုံတဲ့အခါ ကိုယ့်ဘာသာ ဖြေရှင်းဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ 𝐀𝐄𝐋𝐂 ရဲ့ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေက အကောင်းဆုံး အဖြေပါပဲ။
ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့ အကြံဉာဏ်တွေ တောင်းခံတာမျိုး၊
ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြောပြပြီး အကူအညီတောင်းတာမျိုး၊
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဆရာ၊ ဆရာမတွေနဲ့အတူ ပြန်လည် သတ်မှတ်တာမျိုးနဲ့ သင်ယူချင်စိတ်တွေကို ပြန်လည်လှုံ့ဆော်ပေးနိုင်ပါတယ်။

အင်္ဂလိပ်စာ သင်ယူမှု ခရီးစဉ်ဟာ ပင်ပန်းရသလို စိတ်လှုပ်ရှားရတဲ့ ခရီးစဥ်တစ်ခုပဲ ဖြစ်ပါတယ်။
𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 တွေ မပျောက်သွားပဲ အမြဲ သင်ယူတိုးတက်နိုင်အောင်၊ မှန်ကန်တဲ့ လှုံ့ဆော်မှုနဲ့ ပံ့ပိုးမှုတွေရှိမယ်ဆိုရင် ထင်ထားတာထက် ပိုမိုမြန်ဆန်စွာ အောင်မြင်နိုင်ပါတယ်။

ဒါကြောင့် 𝐀𝐄𝐋𝐂 က အားလုံးရဲ့ သင်ယူမှု ခရီးစဥ်အတွက် အမြဲ အသင့်ရှိနေတာပဲ ဖြစ်ပါတယ်။
အားလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ သင်ယူမှု ဖြစ်စေဖို့၊ စိတ်အားထက်သန်စွာ သင်ယူနိုင်ဖို့အတွက် အကောင်းဆုံး ဖန်တီးပေးလျက်ရှိပါတယ်။

ဒါကြောင့် အင်္ဂလိပ်စာ သင်ယူမှု ခရီးစဉ်ကို 𝐀𝐄𝐋𝐂 နဲ့အတူ စိတ်အားထက်သန်စွာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဒီနေ့ပဲ ဆက်သွယ်လိုက်ပါ။ 🚀📚

#အင်္ဂလိပ်စာ

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 282/A, Coner Of Thitsar Street And Kanthar Street
Magway