Green Land Library Alternative Education Center

Green Land Library Alternative Education Center ပညာရေးဖြင့် လူသားစွမ်းရည်တွေ မြှင့်တင်မည်

FREE ONLINE TRAINING ( 3 Days ) #သင်တန်းခေါင်းစဉ်"ECCD မွမ်းမံသင်တန်း" #သင်တန်းတွင်လေ့လာရမည့်အကြောင်းအရာများကလေးများကိုအ...
08/11/2023

FREE ONLINE TRAINING ( 3 Days )

#သင်တန်းခေါင်းစဉ်
"ECCD မွမ်းမံသင်တန်း"

#သင်တန်းတွင်လေ့လာရမည့်အကြောင်းအရာများ
ကလေးများကိုအရွယ်အလိုက် ဘယ်လိုပြုစုပျိုးထောင်မလဲ?
ဘာတွေခိုင်းသင့်လဲ?

#သင်တန်းအစီအစဥ်
📆 နေ့ရက် -11 – 12 Nov 2023
- 18-19 Nov 2023

⏰ အချိန် - နံနက် ၇းဝ၀ နာရီ မှ ၈း၃၀ နာရီထိ

#သင်တန်းကာလ
သင်တန်းချိန် - တစ်ရက်လျှင် ၁:၃၀နာရီ
စုစုပေါင်းအချိန် ၆း၀၀ နာရီ

#သင်တန်းပို့ချမည့်သူ
ဆရာမ နန်းမေ
Founder of SKC

#သတ်မှတ်ထားသောသင်တန်းသားဦးရေ
(၃၀) ဦး

🧑🧓🧑‍🦳မည်သူ​တွေတက်ရောက်သင့်လဲ. . .?
💫 ကလေးပျိုးထောင်နေကြသူများ လူတိုင်းတကိရောက်သင့်ပါသည်။

#သင်ကြားပို့ချမည့်ပုံစံ
✒ သင်ခန်းစာများကို PowerPoint Presentation များ
✒သင်ကြားရေး Video များ
✒Breakout Rooms များ
✒လက်တွေ့လေ့ကျင့်ခန်းများ
စသည်တို့ဖြင့်သင်ကြားလေ့လာရမည်ဖြစ်သည်။

#ဘယ်လိုစာရင်းပေးသွင်းရမလဲ။
သင်တန်းတက်ရောက်ရန်စာရင်းကို ၂၀၂၃၊ နို၀င်ဘာလ (၁၀)ရက်နေ့ ည (၁၀း၀၀)နောက်ဆုံးထား၍ အောက်ဖော်ပြပါ FB Pageများတွင် စာရင်းပေးသွင်းပါ။
အမည် ၊ အလုပ်အကိုင်၊ လုပ်ငန်းအမည်၊ email, ph တို့ကိုဖော်ပြပါ။
https://facebook.com/AltEduCenter
https://www.facebook.com/profile.php?id=100086463207394&mibextid=2JQ9oc

လူဦး​ရေသတ်မှတ်ထားခြင်းရှိတဲ့အတွက် အမြန်စာရင်း‌ပေးသွင်းထားဖို့ တိုက်တွန်းအပ်ပါသည်။ ပထမဆုံးလျှောက်ထားသူများကိုသာ ဦးစားပေးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

#အသေးစိတ်သိရှိလိုပါက
AEC Page Messenger နှင့် စိမ်းလန်းမြေ Page Messenger တို့မှတဆင့် ဆက်သွယ်နိုင်ပါသည်။

👩‍🎓👨‍🎓သင်တန်းချိန် 70% တက်ရောက် သင်ယူသူများကိုသာ Certificate of Completion ကို Online မှ တဆင့် ပေးအပ်မှာဖြစ်ပါတယ်။ 👩‍🎓👨‍🎓

💵 သင်တန်းတက်ရောက်ဖို့အတွက် Fees တွေလိုသေးလား?
မည်သည့်အခကြေးငွေမျှပေးသွင်းရန်မလိုပါ။
Zoom Acc တစ်ခုတော့ရှိဖို့လိုပြီး ဆွေးနွေးဟောပြောတဲ့အချိန်အတွက် လုံလောက်တဲ့ အင်တာနက်ဘေလ်လေးရှိရင်တက်ရောက်လို့ရပါပြီ။

Admin Team
Alternative Education Center
Land Library Alternative Education Center

ယဥ်ကျေးလိမ္မာ သင်တန်း Green Land Library AlternativeEducation Center  ရဲ့ အွန်လိုင်းယဥ်ကျေးလိမ္မာ သင်တန်းတွင် ပညာပါရမီ ဆ...
20/10/2023

ယဥ်ကျေးလိမ္မာ သင်တန်း

Green Land Library AlternativeEducation Center ရဲ့
အွန်လိုင်းယဥ်ကျေးလိမ္မာ သင်တန်းတွင်
ပညာပါရမီ ဆရာတော်က
အသက်(၁၃)နှစ်-မှ-အသက်(၁၈)နှစ် အထိ လူငယ်များကို
" သင်္ချာပညာက ပေးသော လက်တွေ့အသုံးချ နေထိုင်နည်း" ခေါင်းစဥ်ဖြင့် ဟောပြော ပို့ချခြင်း ၊
ဆရာမကြီး ဒေါ်စိုးစိုးသန်း က
အသက်(၈)နှစ်-မှ-အသက်(၁၂)နှစ် အထိ
ကလေးများကို
" မဟာဗုဒ္ဓဝင် " ခေါင်းစဉ်ဖြင့်
ဟောပြောပို့ချခြင်းတို့ကို
၂၀၂၃ အောက်တိုဘာလ (၂၂)ရက်နေ့မှာ Zoomကို အသုံးပြု၍ ဟောပြောဆွေးနွေးပေးမှာဖြစ်ပါတယ်။

📆 နေ့ရက် - ၂၀၂၃ အောက်တိုဘာလ (၂၂)ရက်၊ တနင်္ဂနွေနေ့

⏰ အချိန် - နံနက်(၉)နာရီ -မှ-(၁၁)နာရီအထိ
(အသက်-၈မှ၁၂အထိ ကလေးများ)

⏰ အချိန် - နေ့လယ်(၁၂) -မှ- (၂)နာရီ အထိ
(အသက်-၁၃မှ၁၈ အထိ လူငယ်များ)

🎙 ဘယ်သူတွေတက်ရောက်သင့်လဲ. . .?
အသက်(၈)နှစ် -မှ-အသက်(၁၂)နှစ် အထိ
အသက်(၁၃)နှစ် -မှ- အသက်(၁၈)နှစ်အထိ
ကလေး လူငယ်များ တက်ရောက်သင့်ပါတယ်။

🎙တက်ရောက်နိုင်ရန် ဘယ်လိုစာရင်းပေးသွင်းရမလဲ. . . ?
Zoom ကနေတဆင့်ဆွေးနွေးပေးမှာဖြစ်လို့ စာရင်းပေးသွင်းမယ်ဆိုရင် ဒီPage Messanger ကနေ
စာရင်းပေးသွင်းနိုင်ပါတယ်။
🎙 ဟောပြောပွဲတက်ရောက်ဖို့အတွက် Fees တွေလိုသေးလား?
မည်သည့်အခကြေးငွေမျှပေးရန်မလိုပါ။
Zoom Acc တစ်ခုတော့ရှိဖို့လိုပြီး ဆွေးနွေးဟောပြောတဲ့အချိန်အတွက် လုံလောက်တဲ့ အင်တာနက်ဘေလ်လေးရှိရင်တက်ရောက်လို့ရပါပြီ။

Admin Team
Green Land Library Alternative Education Center

24/09/2023

နေ့သစ်တိုင်းမှာ

26/05/2022

နေ့သစ်တိုင်းမှာ...

24/12/2021

သင်တန်းတွေ အားလုံး
နားထားပါတယ်
ဆရာ ဆရာမ တို့ရေ

မြန်မာပြည်မှဖခင်တဦး၏အော်တာနေးတစ်ပညာရေး==================မြန်မာနိုင်ငံမှာရော အော်တာနေးတစ်ပညာရေးလုပ်နေတဲ့သူတွေ မရှိဘူးလား ...
19/08/2021

မြန်မာပြည်မှဖခင်တဦး၏
အော်တာနေးတစ်ပညာရေး
==================

မြန်မာနိုင်ငံမှာရော အော်တာ
နေးတစ်ပညာရေးလုပ်နေတဲ့
သူတွေ မရှိဘူးလား ?

အခုလိုမေးခွန်းအတွက် ရှိပါ
တယ်လို့ဖြေဆိုချင်ပါတယ်။
ပုံစံအမျိုးမျိုးနဲ့ရှိနေပါတယ်။
တချို့မိသားစုက နိုင်ငံတကာ က
အော်တာနေးတစ်သင်ရိုးအတိုင်း
ပုံစံတူ သင်ယူနေတာရှိတယ်။
တချို့ကတော့ မြန်မာနိုင်ငံမှာ
ပြဌာန်းထားတဲ့ သင်ရိုးအတိုင်း
ကျောင်းမ‌နေပဲ အိမ်မှာသင်ကြတာ
ရှိတယ်။ တချို့က စာသင်ကျောင်း
(အစိုးရကျောင်း၊ ပုဂ္ဂလိက)တက်
ကြတယ်။ တခြားအချိန်တွေမှာ
အော်တာနေးတစ်သဘောတရား
အတိုင်း လေ့လာသင်ယူတာရှိတယ်။
တစ်အိမ်ထောင်ချင်း အလိုက်
လုပ်ကြသလို ဘာသာရေး
အဖွဲ့များရဲ့စီစဉ်မှုနဲ့ သင်ယူလုပ်
ဆောင်နေတာမျိုးလည်း ရှိပါတယ်။

ဘယ်သူ့ရဲ့ သင်ရိုးကိုမှ မယူဘဲ
မိမိရဲ့ မိသားစုနဲ့ကိုက်ညီမယ့်
နည်းလမ်းတွေကိုသာ ရွေးချယ်
ပြီး homeschooling လုပ်နေတဲ့
မိသားစုတွေလည်းရှိပါတယ်။
ဘယ်သူကမှ အသိအမှတ်ပြုစ
ရာမလို။ မိမိသားသမီးကိုယ်တိုင်
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့
ထာဝရသင်ယူလိုသူ ဖြစ်ရင်
ကျေနပ်တယ် ဆိုသော မိသားစု
မျိုးပဲဖြစ်ပါတယ်။ ထိုထိုသော
မိသားစုထဲက ရင်းနှီးခင်မင်နေတဲ့
ဖခင်တစ်ယောက် ဝေဌထားတာ
တွေကို ဖော်ပြပါမယ်။ ဖခင်နာမည်
က "ဦးသက်နိုင်" ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်နေသူပါ။
စာသုံးသူပညာရေးဝေဌခြင်း
အလုပ်ကိုလုပ်ဆောင်နေသူပါ။
သူကိုယ်တိုင်ပြောပြထားတာ၊
မြန်မာတိုင်းမ်သတင်းစာ(၁၉ ရက်
ဇူလိုင် ၂၀၁၉) မှာ အင်တာဗျူးထား
တာ၊ "ကျနော့်ရင်သွေးအတွက်
နားလည်မိသောပညာရေး"
ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေးသား
ထားတဲ့ ဆောင်းပါးထဲကပါ
ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ကျနော်ငယ်ငယ်က သင်ယူ
ဖြတ်သန်းခဲ့ရတဲ့ ပင်မပညာရေး
လမ်းဟောင်းကြီးကို ကျနော့်
သမီး ထပ်မကြုံစေချင်တော့ဘူး။
ကျနော်ငယ်ငယ်က မနက် (၆) နာရီ
အိပ်ယာထရတယ်။ စာအော်ကျက်
ရတယ်။ သိပ်နားမလည်လဲ ကျက်
ရတယ်။ စာမကျက်ရင် တုတ်စာ
မိမယ်လေ။ ကျနော်အခု ငယ်ငယ်
ကအကြောင်းပြန်တွေးရင် ပင်ပန်း
ခဲ့တာပဲ မှတ်မိတယ်။ စာသင်ရလို့
ပျော်ရတယ်ဆိုတာ ခပ်ရှားရှားပဲ။

ကျနော်အိမ်ထောင်ကျတော့
ပညာရေးဆိုင်ရာ အတွေးအခေါ်
စာအုပ်တွေဖတ်တယ်။ ဒီလိုနဲ့
သင်ယူခြင်းရဲ့ အဓိကသော့ချက်
သည် "သင်ယူလိုစိတ်" ပဲဆိုတာ
သိခဲ့ရပါတယ်။ ကျနော့် သမီးကို
အတင်း စာသင်ကျောင်းကိုပို့မယ့်
အစား သူကိုယ်တိုင် လိုလိုလားလား
သင်ယူလိုစိတ်ရှိလာအောင်
ပျိုးထောင်ပေးမယ်လို့ ဆုံးဖြတ်
ချက်ချခဲ့ပါတယ်။ ဒါနဲ့ပဲ ကျနော်
တို့မိသားစုနဲ့ ကိုက်ညီမယ့်
အော်တာနေးတစ်ပညာရေး
တခုဖြစ်သော homeschooling
ကို စလုပ်ဖြစ်ခဲ့တာပါ။

တခြားတိုင်းပြည်က အိမ်တွင်း
စာသင်ကျောင်း homeschooling
လုပ်နေတဲ့ မိဘတွေ ဘယ်လို
လုပ်သလဲ လေ့လာတယ်။
YOUTUBE ထဲမှာ အော်တာ
နေးတစ်ကျောင်းတွေ ဘယ်လို
သင်ကြားကြသလဲ လိုက်ကြည့်
ပါတယ်။ တဖြေးဖြေးသိလာ
တာက "မိမိရဲ့ကိုယ်ပိုင်စတိုင်"
က အကောင်းဆုံးပဲ။ ကိုယ့်ရဲ့
ကလေးနဲ့ သင့်လျော်တာကို
ပြင်ဆင်ပေးတာက အမှန်ဆုံးပဲ
ဆိုတာသဘောပေါက်လာတယ်။

သူများ ကလေးနဲ့ ကိုယ့်ရဲ့ကလေး
ဘယ်လိုမှ ထပ်တူ မတူညီနိုင်ဘူး။
တယောက်နဲ့တယောက် လိုအပ်
ချက်တွေကလည်း ကွဲပြားနေတယ်။
ဒါကြောင့် သင်ရိုးမရှိသောစနစ်
ကိုပဲ ကျနော်တို့သုံးပါတယ်။
ကလေးကိုဗဟိုပြုပြီးလေ့လာသင်
ယူစေတဲ့နည်းလမ်းကို အဓိက
ထားပါတယ်။

ဩစတီးယားနိုင်ငံ က
ကလေးစိတ်ပညာရှင်
'စတိုင်နာ'(Steiner) ရဲ့ အဆိုအရ
ကလေးအသက် (၇)နှစ်အထိ
သူ့ရဲ့စိတ်ဆန္ဒအတိုင်း ဦးတည်ပြီး
သူကိုယ်တိုင် လုပ်ချင်ကိုင်ချင်
စိတ်ဖြစ်လာအောင်ပံ့ပိုးခဲ့တယ်။

ကလေးသဘာဝ အရ
နားထောင်ခြင်းကိုများများပြု
လုပ်ပေးတယ်။ ပုံပြင်ပြောပြ
တာ၊ စာဖတ်ပြတာမျိုးပေါ့။
သူနားလည်သဘောပေါက်ပြီ
ဆိုမှ ပြန်ပြောပြတာမျိုးလုပ်
စေပါတယ်။ ပြန်ပြောတာကောင်း
ကောင်းလုပ်တတ်ပြီဆိုမှ စာရေး
တာကိုလုပ်စေပါတယ်။
ကလေးရဲ့လက်ချောင်းတွေ
မသန်မာသေးချိန်မှာ အတင်း
စာရေးခိုင်းတာက ကလေးကို
နှိပ်စက်တာနဲ့ အတူတူပါပဲ။

ဒီတော့ မိဘ၊ အုပ်ထိန်းသူ နဲ့
ဆရာတွေ ကလေးများရဲ့ ဖွံ့ဖြိုး
တိုးတက်မှုသဘောတရား
(ရုပ်ပိုင်း၊ စိတ်ပိုင်း) အကြောင်း
ကောင်းကောင်းမသိရင် ကလေး
ကို ဘယ်လိုပံ့ပိုးရမလဲဆိုတာ
အခက်တွေ့နိုင်ပါတယ်။

အခြေခံအကျဆုံး အရေး၊
အဖတ်၊ အတွက်အချက် သိဖို့
အိမ်မှာမြန်မာစာ၊ အဂ်လိပ်စာ နဲ့
သချာ်ဘာသာရပ်တွေကိုပဲ
အဓိက သင်ပေးတယ်။
သချာ်သင်ရင် သူ့ရဲ့မုန့်ဖိုးကို
စုခိုင်းပြီး အတိုးနှုန်းကိုတွက်ပြ
ရင်းသင်ပေးတာမျိုးပါ။

အဂ်လိပ်စာကို လက်တွေ့ပြော
တတ်ဖို့၊ ရေးနိုင်ဖို့အတွက် မိသားစု
နဲ့ ရင်းနှီးတဲ့ ဆရာမတယောက်ဆီ
မှာ ကျူရှင်သဘောထားပေးတယ်။
သမီးအတွက် ကစားဖော်တွေလည်း
ရတာပေါ့။ အိမ်စာပါလာရင်လည်း
သူ့တာဝန်သူသိတယ်။ အိမ်စာပြီး
အောင်လုပ်ပါတယ်။

သမီးရဲ့ ဉာဏ်ရည်ကိုစစ်ဆေးတဲ့
သဘောနဲ့ မိသားစုထမင်းဝိုင်းကို
ပြင်ဆင်ခိုင်းတယ်။ ချက်ပြုတ်ထား
တာနဲ့ ရအောင် သမီးကပြင်နိုင်တာ
တွေ့ရတယ်။ နောက် ထမင်းဝိုင်းသိမ်း
ပေးတာ၊ ပန်းကန်ဆေးတာအထိ
တာဝန်ယူတတ်ဖို့ လုပ်ဆောင်
ပေးဖြစ်ပါတယ်။

နေ့စဉ်သွားလာနေထိုင်မှုတိုင်း
က ကလေးအတွက် ပညာရေးပဲ။
မီးဖိုချောင်မှာ ထမင်းဟင်းချက်
ပြုတ်တာ ကူညီဖို့ သမီးကိုဖိတ်ခေါ်
လေ့ရှိတယ်။ ဒီကနေ့ချက်တဲ့ ဟင်း
တွေမှာ ဘယ်လိုအာဟာရတွေ
ပါသလဲပြောပြတယ်။ ဟင်းသီး
ဟင်းရွက်အကြောင်းပြောရင်း
ရုက္ခဗေဒအကြောင်း၊ စိုက်ပျိုးရေး
အကြောင်း အလိုလိုပါလာပါတယ်။

ခြံထဲမှာ ဗူးစင်ဆောက်တဲ့အခါ
သမီးကို ဝိုင်းကူစေရင်း ၁၂ လက်မ
မှာ ၁ ပေရှိကြောင်း၊ စတုဂံပုံစံ
အကြောင်း၊ အလျား အနံ အနိမ့်
အမြင့်တွေပါလာတာပေါ့။
ဒါတွေက ဆောက်လုပ်ရေး
အင်ဂျင်နီယာပညာ အခြေခံ
တွေပါပဲ။

ကလေးရဲ့ ပညာရေးကို ကောင်းစေ
ချင်တယ်ဆိုရင် ကျန်းမာရေးနဲ့
ညီညွတ်တဲ့ အစားအစာ စားစေ
ဖို့လိုအပ်တယ်။ ကျန်းမာရေးထိ
ခိုက်ရင် ဉာဏ်ရည်ကိုလည်းထိ
ခိုက်စေနိုင်ပါတယ်။ ဒါကြောင့်
ကျနော်ကိုယ်တိုင် အော်ဂဲနစ်သဘာဝ
အသီးအရွက်နဲ့ သဘာဝအတိုင်း
မွေးမြူထားတဲ့ အသားငါးတွေပဲ
တတ်နိုင်သမျှ ရွေးချယ်စားသုံး
ပါတယ်။ သမီးကိုလည်းရှင်းပြတယ်။
ဓာတု(လူလုပ်)အချိုရည်
အမျိုးမျိုးကို အမြဲသောက်နေရင်
ကလေးမှာ ဆီးချိုသွေးချိုဖြစ်လာ
စေနိုင်တယ်။ TV နဲ့ ဖုန်း အလွန်
အကျွံကြည့်ရင် ကလေးမှာ အဝ
လွန်ရောဂါနဲ့ ဖန်တီးမှုစွမ်းရည်
ကျဆင်းလာတတ်တယ်။

ကျနော့်ဇနီးသည်က တက္ကသိုလ်
တစ်ခုမှာ ဂီတဘာသာရပ်ကို ပို့ချ
ပေးနေသူပါ။ သူက သမီးကို ဂီတ
အခြေခံသဘောတရားတွေ
သင်ပေးပါတယ်။
သားအမိနှစ်ယောက် အင်တာနက်ထဲမှာ
ရှာဖွေပြီး ပန်းချီဆွဲနည်း၊ ဟင်း
ချက်နည်း၊ တူရိယာမျိုးစုံ တီးခတ်
နည်းတွေ အတူသင်ယူ လုပ်ဆောင်
ကြပါတယ်။ အဂ်လိပ်သီချင်း နဲ့
ကဗျာတွေလည်းနားထောင်ကြတယ်။
အဂ်လိပ်ဘာသာလေ့လာ
ရာမှာ 'နားထောင်တတ်ခြင်း' က
အရေးကြီးပါတယ်။

ကျနော်က စက်ဘီးစီးတာကြိုက်
တော့ ရပ်နီးရပ်ဝေး စက်ဘီးနဲ့
ခရီးသွားတာမျိုးလုပ်တယ်။
အနီးအနားသွားရင် သမီးကိုခေါ်
သွားတယ်။ သူလည်းစက်ဘီး
နင်းရတာပေါ့။ သမီးကို မေးဖြစ်
တာရှိတယ်။ စက်ဘီးနင်းရင်
အရေးအကြီးဆုံးက ဘာလဲလို့။
သမီးက ပြန်ဖြေပါတယ် "သတိ"
ရှိရမယ်တဲ့။ ဟုတ်တာပေါ့။
လူကြီးတွေတောင် သတိလွတ်တဲ့
အချိန်တွေရှိကြတယ်။

ကျနော်တို့ မိဘတွေက ဘာသာစုံ
သင်တတ်ဖို့ မလိုပါဘူး။ ကလေး
ဘာကို စိတ်ဝင်စားနေသလဲ ဆိုတာ
သိဖို့ပဲလိုပါတယ်။ ရပ်ရွာပတ်ဝန်း
ကျင်က လူကြီးတိုင်းဟာ ကလေး
တွေအတွက် သင်ပြပေးနိုင်သူ
တွေပါပဲ။ ကျနော်တို့ မိသားစု
homeschooling လုပ်သလို
မိတ်ဆွေမိသားစုတွေနဲ့ ပူးပေါင်း
ပြီး " green school" တစ်ခု
ထူထောင်ထားပါသေးတယ်။
မိသားစု(၄) စုထဲက ကလေး(၇)
ယောက်စလုံး တစ်လ တစ်ကြိမ်
စုဝေးဆုံတွေ့ကြတယ်။ ကလေး
တွေကိုယ်တိုင် မုန့်လုပ်စားကြ၊
ကစားကြပေါ့။ အပြင်က ဆရာ
တချို့ကိုဖိတ်ခေါ်ပြီး အကသင်
တာ၊ ဓာတ်ပုံရိုက်နည်းသင်တာ၊
ဗီဒီယိုဇာတ်လမ်းရိုက်တာ၊ ပန်းချီ
အတူဆွဲတာလုပ်ပါတယ်။
တစ်ခါတလေ မိဘနဲ့ကလေးတွေ
အတူတူ ပြည်၊ ညောင်လေးပင်၊
ပုပ္ပါး၊ စက်စဲကမ်းခြေ ဒေသတွေ
အထိ စက်ဘီးသွားစီးကြတယ်။
ဒေသ အသီးသီးရဲ့ လူမှုဘဝ၊
ဒေသအစားအစာ၊ သဘာဝပတ်
ဝန်းကျင် အားလုံးအားလုံးက
ကလေးအတွက် သင်ယူစရာ
တွေပါပဲ။ ကျနော့် သမီးကတော့
ပျော်မှပျော်ပေါ့။

ဦးသက်နိုင်ရဲ့ သမီးက အခု
ဆယ်ကျော်သက်အရွယ်ကို
ရောက်ရှိနေပါပြီ။ မိမိကိုယ်ကိုယ်
ယုံကြည်မှုရှိလာနေသလို မိဘ
များမပါလည်း တခြားအဖော်
များနဲ့ ခရီးသွားနေပြီ။ နိုင်ငံ
ခြားသားများနဲ့ သူမ ပြောတတ်
သလို အဂ်လိပ်လို ဆက်သွယ်
ပြောဆိုနိုင်နေပြီ။ အိမ်အလုပ်
အားလုံးကူလုပ်တတ်သလို
သူတစ်ပါးကိုလည်း ကူညီ
ပေးတတ်နေပါပြီ။ စူးစမ်း
လိုစိတ်နဲ့ မေးခွန်းများစွာကိုလည်း
မေးမြန်းတတ်နေပါပြီ။

သမီးလေးဆက်လက်နေထိုင်ရမယ့်
၂၁ ရာစုကာလဟာ ခိုင်းတာလုပ်၊
ပေးတာယူ၊ မေးခွန်းမမေးနဲ့ ဆိုသော
ခေတ်မဟုတ်တော့ပါဘူး။
လူသားတစ်ယောက်ချင်းစီရဲ့
ကိုယ်ပိုင်စွမ်းရည်ကိုသာ အလေးထား
အသိအမှတ်ပြုမယ့် ခေတ်
ဖြစ်လာနေတာ အမှန်ပါ။

ကိုပီတိ
၁၈ ရက် ဩဂုတ်လ ၂၀၂၁

13/06/2021

မကြာမီ လူထုအခြေပြု
စာသင်ဝိုင်း ပြုလုပ်နိုင်ရန်
သင်ကြားရေး ဆရာဆရာမများအား
သင်နည်းစနစ်များကို
ပညာရေးပညာရှင်များက
Zoom ဖြင့် ပညာဒါန
သင်တန်းပေးပါမည်။

Address

Magway

Telephone

+959401557922

Website

Alerts

Be the first to know and let us send you an email when Green Land Library Alternative Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category