28/09/2025
Article ကအရေးကြီးလား???.....................................................................
Articles တွေ(a, an, the) က သေးငယ်ပေမဲ့ အရေးပါတဲ့ စကားလုံးတွေ ဖြစ်ကြပါတယ်။ အဲ့ဒါတွေကို မှန်ကန်စွာ အသုံးပြုခြင်းကလည်း အင်္ဂလိပ်စကားပြောရာမှာ အဆင့်မြင့်လာပြီ ဖြစ်ကြောင်းကို ပြပါတယ်။ “a,” “an,” နှင့် “the” တွေက လွယ်မယောင်နဲ့ ကျောင်းသားတွေအတွက် ခက်နေပြီး အမှားများတတ်ကြတဲ့ အသုံးလည်းပဲဖြစ်ပါတယ်။
“A/An” နဲ့ “The” ကို ဘယ်အချိန် သုံးမလဲ??
"a" သို့မဟုတ် "an" ကို တစ်ခုတည်းသော၊ ရေတွက်နိုင်သော နာမ်များ(Singular, countable nouns)နှင့် ပထမဆုံးအကြိမ် ယေဘုယျ အရာတစ်ခုအကြောင်း ပြောဆိုတဲ့အခါမှာ အသုံးပြုပါတယ်
I saw a dog in the park. (ခွေးတစ်ကောင်ကို တွေ့တယ်၊ ဘယ်ခွေးလဲဆိုတာ အတိအကျမသိ)
She is an excellent student. (ထူးချွန်တဲ့ ကျောင်းသားတစ်ဦးဖြစ်တယ်)
"the" ကို ပြောဆိုသူနှင့် နားထောင်သူ နှစ်ဦးစလုံး သိရှိပြီးသားဖြစ်တဲ့ တိကျတဲ့ အရာတစ်ခုအကြောင်း ပြောဆိုသည့်အခါ /
တစ်ခုတည်းသော သို့မဟုတ် အများကိန်း နာမ်များနှင့် အသုံးပြုပါတယ်။
The dog I saw was a poodle. (ကျွန်တော်မြင်ခဲ့တဲ့ ခွေးက Poodle ခွေး ဖြစ်တယ်၊ အစောပိုင်းက ပြောခဲ့တဲ့ ခွေးကို ရည်ညွှန်း)
Please pass me the book on the table. (စားပွဲပေါ်မှာရှိတဲ့ စာအုပ်ကို ပေးပါ၊ တခြားစယအုပ်မဟုတ် တိကျတာရည်ညွှန်း)
ဒီအထိက ရှင်းပေမဲ့
ရှုပ်ထွေးတဲ့အပိုင်းတစ်ခုရှိပါတယ်
Article ဘာမှမလိုတဲ့(Zero Article)ပါ
Intermediate level Language learners တွေက
နာမ်တိုင်းမှာ “Article” လိုအပ်တယ်လို့ ယူဆပြီး “Article” တွေကို မလိုအပ်ဘဲ အလွန်အကျွံ အသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့ ဘာ “Article” မှ မသုံးသင့်တဲ့ အခြေအနေများစွာရှိပါတယ်။ "zero article” လို့ခေါ်ပါတယ်။
၁။ General Nouns ယေဘုယျနာမ်များ (အများကိန်းနှင့် ရေတွက်မရသော)
အရာဝတ္ထုအမျိုးအစားတစ်ခုလုံး သို့မဟုတ် ယေဘုယျ သဘောတရားတစ်ခုအကြောင်း ပြောဆိုသည့်အခါ “Article” မသုံးပါနဲ့။
Cats are independent animals.
(ယေဘုယျအားဖြင့် ကြောင်အားလုံးအကြောင်း ပြောဆိုခြင်း)
The cats are independent animals.
ကြောင်အကုန်လုံးမဟုတ်ပဲ သူသိတဲ့ကြောင်အုပ်ုတစ်စုကိုပဲရည်ညွှန်းသလိုဖြစ်နေလို့မှားပါတယ်။
Knowledge is power. (အသိပညာ၏ ယေဘုယျသဘောတရားကို ပြောဆိုခြင်း)
The knowledge is power.
ဒါဆိုရင်မှားပါတယ်
၂။ အစားအစာများ/ နေရာများ/
အကြောင်း ပြောဆိုတဲ့အခါ “Article” မသုံးပါနဲ့
မှန်: What time is dinner?
မှား: What time is the dinner?
မှန်: He went to school to get an education. (ယေဘုယျအားဖြင့် ကျောင်းတက်ခြင်း)
မှား: He went to the school to get an education. ( စာသင်ရန်မဟုတ်ပဲ အခြားအကြာင်းအရာတစ်ခုကျောင်းတစ်ခု၊ ဥပမာ- သားသမီးကို ကျောင်းကြိုရန် သွားခြင်းကို ရည်ညွှန်း)
၃။ ပိုင်ဆိုင်မှုနှင့် နာမည်များ
ပိုင်ဆိုင်မှုကို ပြသသော စကားလုံး (my, your, his, her, စသည်ဖြင့်) သို့မဟုတ် နာမ်ပုဒ်များ (proper nouns) ရှေ့တွင် “Article” မလိုအပ်ပါ။
မှန်: That's my car.
မှား: That's the my car.
မှန်: Mount Everest is the world's highest peak.
မှား: The Mount Everest is the world's highest peak.
၄။ အချိန်နှင့် ရာသီများ
ရက်များ၊ လများ၊ နှစ်များ သို့မဟုတ် ရာသီများနှင့်အတူ “Article” ကို အသုံးမပြုရပါ။
မှန်: I'll see you on Monday.
မှား: I'll see you on the Monday.
မှန်: Summer is my favorite season.
မှား: The summer is my favorite season. (တိကျတဲ့ နွေရာသီကို ရည်ညွှန်းနေမှသာ သုံးပါ။ဥပမာ- "The summer of 2018 was very hot.")
လေ့ကျင့်ခန်းလုပ်ကြည့်လို့ရအောင် ထည့်ပေးလိုက်ပါတယ်
အဖြေမှန်ကို မနက်ဖြန်ညကျcommentမှာတင်ပေးပါမယ်နော်
အောက်ပါဝါကျများကို ဖြည့်စွက်ရန် မှန်ကန်သောရွေးချယ်မှု (a, an, the, သို့မဟုတ် no article) ကို ရွေးချယ်ပါ။
1.I have ___ new phone. It’s a great phone.
2.Do you have ___ idea where I left my keys?
3.___ sun is setting beautifully.
4.She speaks ___ English and ___ Spanish.
5.My mom is in ___ hospital for a check-up.
6.___ dogs make great pets.
7.Let's have ___ lunch.
8.I love ___ classical music.
9.He went to ___ work at 8 a.m.
10.___ Amazon River is the longest river in the world.
Teacher.Hnin Thiri Kywe
The English Center (TEC)
Language School