18/05/2026
No bra မဟုတ်တဲ့
အထည်လေးပါ ရှင် ဇာနဲ့ နှစ်ထပ်ပါ ဒါမျိုးလေးချုပ်မယ်ဆို
ချုပ်ခ 1သိန်းဝန်းကျင်ပါရှင်
ပိတ်စဖိုးမပါပါရှင့်
မိမိကိုယ်တိုင် စိတ်တိုင်းကျ design လေးတွေကို ဖန်တီးနိုင်အောင် ထိရောက်စွာ သင်ပေးနေပါသည် joy4sewJoySewingArt
18/05/2026
No bra မဟုတ်တဲ့
အထည်လေးပါ ရှင် ဇာနဲ့ နှစ်ထပ်ပါ ဒါမျိုးလေးချုပ်မယ်ဆို
ချုပ်ခ 1သိန်းဝန်းကျင်ပါရှင်
ပိတ်စဖိုးမပါပါရှင့်
17/05/2026
မနက်ဖြန် တနင်္လာနေ့. 18.5.2026
ဆိုင်ဖွင့်ပါတယ်ရှင်
မနက်ဖြန် 17.6.2026
(တနင်္ဂနွေနေ့လေး) တရက် ဆိုင် ပိတ်ပါတယ်ရှင်
ပုံလေးကတော့
ပွဲတက်
သင်တန်းသူလေ့ကျင့်နေတာလေးပါ
15/05/2026
ကိုယ့်တွေခေတ်တုန်းက အဆင်ပြေမယ့် နည်းတွေကို ကိုယ်တိုင်ပေါင်းရ သင်တန်းပေါင်းစုံတက်ရ စာတွေ လိုက်ဖက်ရ
စက်ချုပ်တတ်တတ်ချင်းတုန်းက စာအုပ်တွေ ချည်းပဲ ဝယ်တာ ပလတ်စတစ် ပုံးကြီးတွေနဲ့ နှစ်ပုံ မဆံ့ဘူး ဆိုဒ်အကြီးဆုံးနော် ပုံးက အဲ့တာတွေ အကုန်ဖတ် ပိတ်တွေအကြောင်းဖတ် YouTube တွေလေ့လာ
ဆရာတယောက်ချင်းစီရဲ့ အာသာချက်တွေယူပေါင်းစပ်
ပညာတွေ ထပ်ထပ်သင်နေရတာကိုက ပျော်မွေ့မှု တခု ဖြစ်ခဲ့တာ အခုက ကိုယ့်တပည့်တွေကို
ကိုယ်သေချာ လေ့လာ ခဲ့တဲ့ ပညာတွေ ကို ဆရာစားမချန် ကိုယ်သုံးတဲ့ နည်းအတိုင်း သင်ပေးတယ်။
သူတို့ complain တွေကြောင့် ပိုကောင်းလာတာတွေလည်းရှိတတ်။
သူတို့ အမြင်တွေက ပိုကောင်းတာတွေလည်းရှိတတ်တယ်။ အဲ့လိုဆို စိတ်လိုလက်ရ ချီးကျူးတတ်တယ်။
တန်ဖိုးထားတယ် သဘောကျတယ်လေ။
ကိုယ်တိုင်လည်း အခုထိ လေ့လာနေတုန်းပဲ။
ပညာဆိုတာ အမြဲတမ်း ဖြည့်နေရတာ
ကျမတပည့်ဆိုရင် ဘယ်ဟာကိုမှ ခက်တယ်လို့ မတွေးမိစေရဘူး
ပုံကတော့ မနေ့က စာသင်ရင်းသင်တန်းသူ
လေ့ကျင့်နေတဲ့ ပုံလေးပါ
ဒီနေ့ ဆိုင်ဖွင့်ပါတယ်
မနက် 10နာရီခွဲမှ
ညနေ 5နာရီခွဲအတွင်းလာလို့ရပါတယ်ရှင်
မနက်ဖြန် တနင်္လာနေ့ တရက်ဆိုင်ပိတ်ပါတယ်
အင်္ဂါနေ့လာမယ်ဆို ဖုန်းဆက်လိုက်လို့ရပါတယ်
ကပ်သားမပါပဲ ချုပ်ထားတဲ့ အထည်လေးတွေပါ
ကပ်သားမပါတဲ့ အထည်လေးတွေက မဝတ်ခင်တော့ အရမ်းမလှတတ်ပါဘူး ကပ်သားပါတဲ့ အထည်လို မတောင့်နေလို့ပါ။
ကပ်သားမပါတဲ့ အထည်တွေ ချုပ်မယ်ဆိုရင် လက်ခံရမှာလေးတွေ ရှိပါတယ်။
အထည်က အကြမ်းမခံပါဘူး။
ပြဲလွယ် ရိလွယ်နိုင်ပါတယ်။
စက်နဲ့ လျော်လို့ မရနိုင်တာ ပိုများပါတယ်။
တချိူ့ အထည်တွေက ဘယ်လောက်ဂရုစိုက်စိုက် လက်ချုပ် ရာပေါ်နေတတ်ပါတယ်။
ကပ်သားမပါလို့လည်း။ချုပ်ခက သိပ်မသက်သာတတ်တာပါ 😁
ဒါပေမယ့်လည်း။တချို့အထည်တွေက ကပ်သားမပါရင် အရမ်းဝတ်ကောင်းတတ်ပါတယ်။
ပါတိတ်
စပန့်
မြန်မာချည်
ကိုယ်ဘယ်လိုဝတ်မလဲ ဘယ်လို အရသာကြိုက်လဲဆိုတာလေး
အေးအေးလေးဝတ်မလား
smart ကျကျ ဝတ်မလားဝတ်မလားရွေးရပါမယ်ရှင့်
#ကော်ပိတ်မပါ
05/05/2026
Hawaiian Collar
ဘာညာပေါ့
#ဟာဝေယံကော်လာ
သင်တန်းရက်လေးတရက်
စက်ချုပ်ပညာနဲ့ ကိုယ်ပိုင် Brand တစ်ခု ထူထောင်ချင်တဲ့ ပျိုမေတို့အတွက်... 🧵✨
အခြေခံစက်နင်းကစပြီး မြန်မာဝတ်စုံ ပုံဆန်းတွေအထိ ကျွမ်းကျင်ချင်ပါသလား? Joy Sewing Art Fashion Design School ရဲ့ မြန်မာဝတ်စုံ Basic တန်းခွဲက စောင့်ကြိုနေပါတယ်။
📍 ဘာတွေ သင်ပေးမှာလဲ?
✅ အခြေခံစက်နင်း၊ ကိုယ်တိုင်းနည်းနှင့် ပိတ်ကြောယူနည်း
✅ Basic Pattern ဆွဲနည်းနှင့် ဒေါက်ကစားနည်းမျိုးစုံ
✅ ရင်စေ့၊ ရင်ဖုံး၊ လည်ထောင်၊ Stand Collar၊ ဂျပန်လည်ထောင်
✅ ရင်ဖြတ်ဆက်၊ ခါးဖြတ်ဆက်နှင့် လက်ဖောင်းဒီဇိုင်းမျိုးစုံ
✅ သုံးလွှာ၊ လေးလွှာ၊ ချိတ်ထမီ၊ ပတ်ထမီ
✅ ဂါဝန်၊ ဘောင်းဘီ နှင့် မြန်မာဝတ်စုံပုံဆန်းများ
💡 Special: သင်ခန်းစာပြီးရင် မိမိစိတ်ကြိုက် Design (၅) ထည်ကို လက်တွေ့ထပ်မံသင်ကြားပေးဦးမှာပါ။
⏳ သင်တန်းကာလ: ၄ လ (အပိုင်သင်ပေးမှာပါ)
🎁 အထူးပရိုမိုးရှင်း:
May လ ၁၅ ရက်နေ့အတွင်း အပ်နှံသူများအတွက် သင်တန်းကြေး - ၇၅၀,၀၀၀ ကျပ် သာ!
📞 ဆက်သွယ်ရန်: 09-5343056
📍 လိပ်စာ: မကွေးမြို့၊ ဗိုလ်ချုပ်လမ်းနှင့် အထက (၂) လမ်းထောင့် (ဆွေမွန်စတိုးနှင့် ကပ်လျက်)
မခူရက်ခဲ့ပါ ပန်းကလေးရယ် 😍
#ပိုလာရိပ်
01/05/2026
အထည်လာမယူခင်လေး ကဗျာကယာ ရိုက်လိုက်ရ
လက်လေးက အဆွေသားလေးယူထားတာပါ
| Tuesday | 09:30 - 20:30 |
| Wednesday | 09:30 - 20:30 |
| Thursday | 09:30 - 20:30 |
| Friday | 09:30 - 20:30 |
| Saturday | 09:30 - 15:00 |
| Sunday | 09:30 - 15:00 |