30/09/2020
စာဖတ်ထားတာကို စဉ်းစားခြင်း
စာဖတ်ပြီးရင် စဉ်းစားချိန်ဆိုတာ လုပ်ပါ။
စာဖတ်တာ ၂ နာရီဆိုရင် စဉ်းစားချိန်ဆိုရင် ၃၀ မိနစ်ပဲထားပါ။
စဉ်းစားမှ ခေါင်းထဲမှာဝင်မှာပါ။
စဉ်းစားချိန်တွင်
၁။ စာထဲတွင်နားမလည်သည့်အရာများကိုစဉ်းစားပါ။
၂။ စာထဲတွင် အသစ်အဆန်းအရာများဆိုသည်များကို စဉ်းစားပါ။
၃။ စာထဲတွင် ဘာကြောင့်ဘယ်လိုဖြစ်တာလဲဆိုတော့ အရာများရှိပါက ထိုအရာများကိုပြန်ရှာပြီး စဉ်းစားပါ။
၄။ စာထဲတွင် ကိုယ်ကြိုက်သည့်အရာများကိုပြန်စဉ်းစားပါ။
၅။ စာထဲတွင်ထူးဆန်းသည့်အရာများကို ပြန်စဉ်းစားပါ။
၆။ စာထဲတွင် အရေးကြီးသည် ၊ နောင်တွင်စာမေးပွဲတွင်ပါနိုင်သည်
အက်ဆေးရေးရာတွင်ပါနိုင်သည်ဆိုတာကို စဉ်းစားပါ။
၇။ စာထဲမှာ ဒီထက်ပိုပြီး လေ့လာရမည်အရာများကိုစဉ်းစားပါ။
၈။ စာထဲမှာ ငါ့ဘဝမှာ အခုချက်ချင်းအသုံးချနိုင်သည်များကို စဉ်းစားပါ။
၉။ စာထဲမှာ အခုအသုံးမချနိုင်ရင်တောင် နောင်တွင်အသုံးချလို့ရသည့်အများကို စာမျက်နှာနှင့်တကွ မှတ်ထားပါ။ နောင်တွင် ဘယ်လိုအသုံးချနိုင်လဲဆိုတာကိုလည်း စဉ်းစားပါ။
၁၀။ စာထဲတွင် ဒီအသစ်သင်လိုက်သောအရာကို အရင်ကကိုယ်သိသည့်အရာများနှင့် ပေါင်းစပ်နိုင်ပြီး ကိုယ်လိုချင်တဲ့ရလဒ်များရအောင် လုပ်နိုင်မလားဆိုတာကိုစဉ်းစားပါ။
( စီးပွားရေးစာအုပ်များ နှင့် သိပ္ပံစာအုပ်များတွင်အသုံးဝင်သည် )
၁၁။ စာဖတ်ပြီးရင်လည်း ကိုယ့်ထင်မြင်ချက်ကို ချရေးပါ။
ကိုယ့်ထင်မြင်ချက်ကို စာပိုဒ်ဘေးနားမှာဖြစ်ဖြစ် ( ကျွန်တော့်ပါမောက္ခတစ်ယောက်ဒီလိုရေးထားတာ သူပေးသည့်ကော်ပီတွင် မြင်ဖူးပါသည် )။ ထင်မြင်ချက်လေးတွေကို စာပိုဒ်ဘေးနားမှာ ရေးထားသင့်ပါသည်။
ကိုယ့်ထင်မြင်ချက်ဆိုတော့ နောင်တွင် ပြန်ဖတ်ရုံနဲ့စဉ်းစားသည့် အတွေးကွင်းဆက် ကို ပြန်လည်မှတ်မိနိုင်ပါသည်။
၁၂။ စာဖတ်ပြီးရင် စာရေးတဲ့သူက ကိုယ့်စိတ်ထဲမှာ ဒီလောက်တောင်ရေးနိုင်တာ ဒီလူ ဒီစာတွေကိုဘယ်လိုရသလဲဆိုတာကို မေးသင့်ပါသည်။
သမိုင်းစာအုပ်တွေဆို အချက်အလက်သက်သေတွေမြင်ရင် ဒါတွေဘယ်ကရတယ်ဆိုတာမေးသင့်ပါသည်။
အမေရိကားနှင့်အင်္ဂလန်က ရေးသောသမိုင်းစာအုပ်တွေနောက်တွင် Bibliography ဆိုတာရှိပါသည်။ တစ်ခါတစ်ရံ Notes, လို့ခေါ်ပါသည်။
အမေရိကန် သုတေသနစာတမ်းတွေတွင် Notes and Bibliography လို့ခေါ်ပါသည်။
ရည်ရွယ်ချက်သည် သမိုင်းဘာသာရပ်တွင် သက်သေတွေကို ဘယ်လိုရသလဲဆိုတာကို အတိအကျ Citation ( ရည်ညွန်းနည်းလမ်း ) ဥပမာ - Chicago Manual Style နှင့် ရေးထားပါသည်။
စာရေးဆရာနာမည်- Last, First. Book Title. City. Publishing House. Year
Grazer, Brian, and Charles Fishman. A Curious Mind: The Secret to a Bigger Life. New York: Simon & Schuster, 2015.
Smith, Zadie. Swing Time. New York: Penguin Press, 2016.
စာရေးဆရာ နောက်ဆုံးနာမည်. ပထမနာမည်. စာအုပ်နာမည်. စာအုပ်ထုတ်သည့်မြို့နာမည်. စာအုပ်တိုက်ဖြစ်ဖြစ် ပုံနှိပ်တိုက်ဖြစ်ဖြစ်. ထုတ်သည့်နှစ် ဖြစ်ပါသည်။
နောက် ကိုယ်ကလေ့လာချင်ရင် သူရေးထားတဲ့အရာကို Library Catalog , ဖြစ်ဖြစ် ၊ Google မှာရှာကြည့်ပါမယ်။
သက်သေကိုဘယ်ကရလဲ။
ရပြီရင် ရတဲ့နေရာက ယုံကြည်နိုင်ရလား။ ဘယ်လိုရတာလား။
စတဲ့တွေးခေါ်စဉ်းစားနည်းတွေ။
ပြောတိုင်ယုံရအောင် လူကအရူးလား။
သက်သေရှိရင် တောင် ဘယ်ကနေရလဲသိရပါမည်။
သိရင်လည်း ရတဲ့နေရာက ယုံကြည်နိုင်လားဆိုတာပေါ့။
ရတဲ့အရာက ဥပမာ- ဒိုင်ယာရီိဆိုရင် ဒိုင်ယာရီတောင် စစ်နည်းတွေရှိပါသည်။
ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းဒိုင်ယာရီစာအုပ်ဆိုရင် ပြောတာနဲ့မယုံပါနဲ့။
ဗိုလ်ချုပ်အောင်ဆန်းလက်ရေး ဟုတ်မဟုတ် ရှိပြီးသားတွေနဲ့တိုက်ကြည့်ပါ။ လက်ရေးပညာရှင်တွေရှိပါသည်။ သူတို့နှင့်တိုင်ပင်ပြီးစစ်ကြည့်ပါ။
ရေးထားသောအကြောင်းအရာကိုလည်း ဗိုလ်ချုပ်ဘဝမှာဖြစ်နေသောအရာနှင့် ဗိုလ်ချုပ်ထိုအချိန်တုန်းက အသက်ရှင်နေတုန်းက ဗိုလ်ချုပ်ပတ်ဝန်းကျင် ၊ နေထိုင်သောနိုင်ငံမှာဖြစ်နေသော အရာတွေနှင့် ကိုက်မကိုက် နှိုင်းယှဉ်ကြည့်ပါ။
ပြီးရင် စာရွက်ကို Radioactive Carbon Dating ဆိုသည့် စာရွက်ရဲ့အသက်ကို
သိအောင်လုပ်လို့ရတဲ့နည်းလမ်းရှိပါသည်။
Chemistry တွင်
Radioactive Carbon Dating ဆိုတာ သင်ရပါလိမ့်မည်။
Radioactive Carbon Dating ကိုသုံးပြီး အသက်ကိုခန့်မှန်းလို့ ရပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ဒိုင်ယာရီဆိုရင် စာရွက်အသက်က နှစ်ပေါင်း ၇၀ ဝန်းကျင် - ၉၀ ဝန်းကျင်ရှိရပါ့မည်။
Radioactive Carbon Dating ဆိုတာပိုသိချင်ပါက
https://www.livescience.com/32291-how-do-scientists-date-ancient-things.html
စာဖတ်ပြီး ပြန်လည်စဉ်းစားပါ။
ပြန်လည်စဉ်းစားပါ ထိုစာဖတ်သောအရာသည် ကိုယ့်ခေါင်းထဲမှာ ကျန်ခဲ့မှာဖြစ်ပါမည်။
ပြောတိုင်းမယုံနှင့်။ ပြောတိုင်းယုံရင် ဦးနှောက်က မစဉ်းစားနိုင်ဘူးဆိုတာ ပြလိုက်တာပဲ။
ဦးနှောက်ဆိုတာ စဉ်းစားတတ်ရမယ်။
ဒါကြောင့် စာဖတ်ပြီးတိုင်း စဉ်းစားချိန်ဆိုတာ ထားရမယ်။
အခုဒီစာကိုဖတ်ပြီးသည့်အခါ ဒီဆောင်းပါးကိုစဉ်းစားချိန် ၁၀ မိနစ်လောက်လုပ်ကြည့်ပါ။ တကယ်စဉ်းစားရင်
ပိုကြာလိမ့်မယ်။
ကိုယ့်ညဏ်နဲ့ကိုယ်စ စဉ်းစားမှ ကိုယ့်ဦးနှောက်ထဲတွင် တကယ်သင်ယူတာလို့ခေါ်ပါသည်။
Kyaw Tun
02/11/2019
ခင်ဗျားရဲ့အရေးမပါခြင်းတွေနဲ့နေသားကျရတယ်ဆိုပေမဲ့
ခင်ဗျားကိုကျွန်တော်ချစ်ပါတယ်....
11/04/2018
ပြောခွင့်မကြုံခဲ့ဘူး
ချစ်တဲ့အကြောင်းတွေ...
ပေးခွင့်မသာခဲ့ဘူး
သူသိပ်နှစ်သက်တဲ့ ပိတောက်ပန်းတွေ....
မျှော်လင့်ချက်ကင်းမဲ့သော ချစ်ခြင်းမေတ္တာကို
ပိုင်ဆိုင်ထားရသူဟာ ကျွန်တော်ဖြစ်ပါတယ်...
11/04/2018
ချစ်ခြင်းမေတ္တာဟာ အဓိပ္ပါယ်အလွဲတွေနဲ့
ကျွန်တော့်ဆီ အလည်ရောက်ခဲ့တဲ့
ဧည့်သည်ပဲဖြစ်တယ်....
တစ်စုံတစ်ယောက်ကို အသေအချာချစ်လိုက်ရင်
အဲဒိတစ်စုံတစ်ယောက်က ကျွန်တော့်ကိုပြန်ချစ်လိမ့်မယ်ထင်ခဲ့တာ...
မှားသွားပါတယ်....
22/01/2018
iPhone အကြောင်း မှတ်သားဖွယ်ရာ တချို့
=========================
iPhone ချစ်သူတို့ရေ. . .iPhone နှင့်ပတ်သက်ပြီး
ios မှာ အမြဲတမ်းကြုံတွေ့နေရတတ်တဲ့ မေးခွန်းတွေနဲ့ အဖြေတွေ
ကို တခါတည်း စုစည်းတင်ပြလိုက်ပါတယ်။
1. iPhone မှာVideo ဘယ်လိုဒေါင်းမလဲ!
ဒီ App တွေကနေဒေါင်းပါ (FB Video လည်းရပါတယ်)
Files - File Browser & Manager by Efrem Nebay
https://appsto.re/us/qv-leb.i
QWE by Baulin Roman
https://appsto.re/us/NDUW3.i
2. MP3 ဘယ်လိုဒေါင်းမလဲ?
ဒီ App တွေကနေဒေါင်းပါ
Free Music Play - Playlist Manager & Mp3 Player. by Jean McCree
https://appsto.re/us/eNfWcb.i
iMusic - Free ! by Imu Sic
https://appsto.re/us/bgiIab.i
3. Internet Setting ဘယ်လိုချိန်ရမလဲ?
Setting > Cellular > Cellular Data Options > Cellular Data Network ထဲက အပေါ်ဆုံး Cellular Data ခေါင်းစဉ်အောက်က APN , Username နေရာမှာ MPT SimCard ဆိုရင် mptnet လို့ရိုက်ထည့်ပါ ။ Telenor/Ooredoo ဆိုရင် internet လို့ရိုက်ထည့်ပါ ။
4. Hotspot လွှင့်တဲ့ဟာလေးပျောက်နေတယ် ဘယ်လိုလုပ်ရမလဲ?
Setting > Cellular > Cellular Data Option > Cellular Data Network မှာ အောက်ဆုံးက Personal Hotspot ခေါင်းစဉ်အောက်က APN နဲ့ Name နေရာမှာ MPT ဆင်းကဒ်ဆိုရင် mptnet လို့ထည့်ပါ ။
Telenor/Ooredoo ဆိုရင် internet လို့ရိုက်ပြီး Back ထွက်လိုက်ပါ ။
5. Application ဒေါင်းတာ 100MB ကျော်လို့ ဒေါင်းလို့မရဘူးတဲ့ ။
App Store မှာ 100MB ကျော်တဲ့ App တွေကို ဖုန်းအင်တာနက်နဲ့ဒေါင်းလုပ်မရပါဘူး ။ Wifi ချိတ်ပြီး (သို့) တခြားဖုန်းနဲ့ Wifi လွှင့်ပြီး ဆွဲရင် ရပါတယ် ။
6. Reset ချတာ အကုန်ပျက်သွားမှာဆိုးလို့ အဲ့ဒါဘယ်လိုလုပ်ရမလဲ?
Setting > General > Reset ထဲက အပေါ်ဆုံးက Setting Reset ချရင် ဖုန်းရဲ့ Setting တွေက Default အတိုင်းဖြစ်သွားမှာပါ ။ ဘာ Data မှ မပျက်ပါ ။
ဒုတိယနေရာက Reset All Content and Setting လုပ်ရင် ဖုန်းတစ်လုံးလုံး ရှိသမျှ Data အကုန်ပျက်ပါမယ် ။
7. Version တင်ချင်တာ ဘယ်လိုတင်ရမလဲမသိလို့ ?
Setting > General > Software Update > Check For Updates နှိပ်ပါ ။ Version အသစ်ရှိရင် ပေါ်လာပါမယ် ။ Download နှိပ်လိုက်ပါ ။ Download လုပ်ပြီးရင် Install လုပ်မလားမေးပါတယ် ။ Install Now နှိပ်လိုက်ပါ ။
8. အတုနဲ့အစစ်ဘယ်လို ခွဲမလဲ ?
အမှန်တကယ်တော့ ကြည့်ရတာလွယ်ပါတယ် ။ မကြည့်တတ်ရင်
https://checkcoverage.apple.com/in/en/
ဒီ Website မှာ ဖုန်းရဲ့ Serial Number ရိုက်ကြည့်လိုက်ရင် ဖုန်းအမျိုးအစားပေါ်လာပါမယ် ။ ပေါ်လာရင် အစစ်ပါ ။ မပေါ်လာရင် အတုပါ ။
9. iCloud အကောင့် ဝင်ထားတာ ရှိမရှိသိချင်ရင် ဘယ်လိုလုပ်မလဲ?
https://www.icloud.com/activationlock/
ဒီ Website မှာဖုန်းရဲ့ IMEI Number (or) Serial Number ထည့်ရင် ပေါ်လာပါတယ် ။
Activation Lock Off ဆိုရင် iCloud account ဝင်ထားတာ မရှိပါဘူး။
Activation Lock On ဆိုရင် iCloud account ဝင်ထားပါတယ် ။
10. မြန်မာ ဖောင့် သွင်းချင်တယ် ဘယ်လိုလုပ်ရမလဲ ?
MyFont - Myanmar Font by Hein thet Khin zaw
https://appsto.re/us/cXI-Y.i
ဒီ App လေးဒေါင်ပြီးရင် App ထဲမှာ Zawgyi One ကိုရွေးပါ ။ အလိုလို Setting ပေါ်လာပါမယ် ။
Install နှိပ်လိုက်ပါ ။
Keyboard ကို ဒီက ဒေါင်းပါ ။
TTKeyboard by Hein thet Khin zaw
https://appsto.re/us/inf12.i
ဒေါင်းပြီးရင် Setting > General > Keyboard > Add New Keyboard > Zawgyi One ကို On လုပ်လိုက်ပါ ။
11. Firmware ရေးနေရင်း Error Code 14တက်ရင် ဘာလုပ်ရမလဲ?
Error 14က .ipsw file မှားတာကြောင့်လည်းဖြစ်တတ်သလို iTunes Version နိမ့်ရင်လည်းဖြစ်တတ်ပါတယ် ။ Firmware File မှန်မမှန်ပြန်စစ်ပါ ။ iTunes Version အမြင့်ဆုံးဟုတ်မဟုတ် ပြန်စစ်ပါ။
12. Jail Break မလုပ်ထားတဲ့ Device ကို Computer မပါဘဲ RingTone ဘယ်လို သွင်းမလဲ?
ဒီ Post ထဲက Bro ရှင်းပြထားတဲ့အတိုင်းလုပ်ပါ ။
https://m.facebook.com/groups/181221678732531?view=permalink&id=601098206744874&ref=bookmarks
13. ကိုယ့် ဖုန်းက ဘယ်နိုင်ငံအလုံးလဲသိချင်တာဘယ်လိုလုပ်ရမလဲ?
Setting > General > About > Model ထဲက နောက်ဆုံး စာလုံးတွေနဲ့ Link မှာပြထားတဲ့ ဇယားထဲမှာ တိုက်ကြည့်ပါ ။
https://www.theiphonewiki.com/wiki/Model_Regions
14. "This charger or Accessories is not compatible..." ဘာညာပေါ်လာရင် ဘာလုပ်ရမလဲ?
Original Charger နဲ့မသွင်းဘဲ Quality ညံ့တဲ့ Copy Charger နဲ့သွင်းလို့ဖြစ်တာပါ ။
ကားမီးခြစ်ပေါက်မှာ ထိုးတဲ့ Adapter နဲ့ထိုးရင်လည်းဖြစ်တတ်တယ် ။
Charger ပြောင်းသွင်းကြည့်ရင် ရနိုင်ပါတယ် ။
မရရင် Setting Reset လုပ်ကြည့်ပါ ။
15. လိုချင်တဲ့ App က Free မဟုတ်ရင် ဘယ်လိုဝယ်မလဲ?
iTunes Gift Card တစ်ကဒ်ဝယ်ပါ ။ App Store ထဲက Home Page အောက်ဆုံးနားမှာ Redeem နှိပ်ပါ ။ Gift Card ကို Scan ဖတ်ပြီးရင် ရပါပြီ ။ လိုချင်တဲ့ App ဝယ်ပါ ။
16. Reset ချပြီးပြန်တက်လာတာ Easy Touch ပျောက်သွားတယ် ဘယ်လိုလုပ်ရမလဲ?
Setting > General > Accessibility > Assistive Touch ကို On လုပ်ပါ ။
17. Reset ချပြီး ပြန်တက်လာတာ Battery Level မပြတော့ဘူး ဘယ်လိုလုပ်ရမလဲ?
Setting > Battery > Battery Percentage On လုပ်ပါ ။
18. Finger Print Disabled ဖြစ်သွားတယ် ဘယ်လိုလုပ်ရမလဲ?
Finger Print မရတော့ရင် နီးစပ်ရာ Apple Service ကျွမ်းကျင်သူကိုပြပါ ။ ကြိုးလွှတ်သွားတာဆိုရင် ပြန်တပ်လိုက်လို့ရပါတယ် ။ ပျက်သွားတာဆိုရင် ပြန်ပြင်လို့မရတော့ပါ ။ အစားထိုးပစ္စည်းထည့်လို့မရပါဘူး CPU တစ်ခုနဲ့ Touch ID တစ်ခုကိုပေါင်းပြီးမှ Apple က တစ်စုံထုတ်ထားတာပါ ။ ပြင်လို့မရပါ ။
19. Zapya နဲ့ကူးထာတဲ့ Video File ကို Camera Roll ထဲ ဘယ်လိုပို့ရမလဲ?
Zapya နောက်ဆုံး Version ရှိမှ ရမှာပါ ။
ကူးထားတဲ့ Video File ကို တစ်ချက်ထောက်ပါ ။ Import ဆိုတာလေးနှိပ်ပါ ။ Importing ဆိုတဲ့ စာတန်းအနီလေးပျောက်သွားရင် ရပါပြီ။
iphoneချစ်သူတွေ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် လွတ်လပ်စွာ အတူတူဆွေးနွေး ဖလှယ်ကြရအောင်. . .
Apple Member များဆင်ပြေကြပါစေ။
Credit; Int Google