Mel’s personal diary

Mel’s personal diary

Share

Welcome to the little fantasy world of Melody✨🪐

21/06/2024

👫 Personality vocabulary 👫

Part 2✨

💁‍♀️ ဒီနေ့ Melody sharing လုပ်ပေးမယ့် vocabulary ကတော့ ✨careful ဖြစ်တဲ့ တနည်းပြောရရင် စနစ်ကျတဲ့သူ ၊တာဝန်သိတဲ့ လူတစ်ယောက်ရဲ့ personality ✨ ကို ဘယ်လိုဖော်ပြလို့ရလဲ sharing လုပ်ပေးပါမယ် 🤗

✳️ Conscientious
တာဝန်သိတတ်သော ၊ ကျေပွန်သော

🌹 Alvin is a conscientious worker whom his colleagues rely on.
Alvin က သူ့လုပ်ဖော်ကိုင်ဖက်တွေအားထားရတဲ့ တာဝန်သိတတ်တဲ့ အလုပ်သမားပဲ။

✳️ Meticulous
စေ့စပ်သော၊ တိကျသော၊ အသေးစိတ်လုပ်သော

🌹 Mandy is a meticulous researcher who always does her project with no errors.
Mandy က သူမရဲ့ projects တွေကို အမြဲတမ်းအမှားတခုမှမပါဘဲ လုပ်တတ်တဲ့ စေ့စပ်တိကျတဲ့ researcher တစ်ယောက်ဖြစ်တယ်။

✳️ Methodical
အလုပ်လုပ်ရာတွင်သေသပ်သော၊ သတိထားသော စနစ်ကျသော

🌹Hanna is slow, but methodical in every work she does.
Hanna က သူလုပ်တဲ့အလုပ်တိုင်းမာ နှေးပေးမဲ့ စနစ်ကျတယ်။

That’s all for today.✨✨
✨I hope you guys can learn new words to describe personality. 🤗🙆‍♀️
🌹If you fancy learning new vocabulary, kindly request to like and follow this page 🙇‍♀️🙇‍♀️🙇‍♀️
Have a wonderful day✨✨✨💗

20/06/2024

🤩 Frequently used words in English contents 🤩

Part 1✨

✨✨✨ Hello again ✨✨✨✨

💁‍♀️ Melody ဒီနေ့ sharing လုပ်ပေးမာကတော့ ✨ IELTS reading ,Writing ဖြစ်ဖြစ် များသောအားဖြင့် English content အများစုမှာဖြစ်ဖြစ် အသံုးများတဲ့ မကြာခဏတွေ့ရလေ့ရှိတဲ့ Words တွေ sharing လုပ်ပေးမှာပါ ✨✨✨🤗

💁‍♀️You can probably know them already or see them in your English textbook!
But perhaps you forget to put them into practice. 🤔🤔

So, I make it organized! 🙆‍♀️ Hope it’s useful for u, guys!! ✨🥰

✳️ Conquer

( succeed in sth , win , overcome)
အနိုင်ယူသည်၊ ကျော်လွှားနိုင်သည်

🌹 You must conquer your fear of height.
မင်းရဲ့အမြင့်ကြောက်စိတ်ကိုအနိုင်ယူရမယ်
🌹 His master piece of painting conquers the hearts of artists.
သူရဲ့ လက်ရာမြောက်ပန်းချီက အနုပညာရှင်တွေရဲ့ စိတ်နှလုံးကိုလွှမ်းနိုးအနိုင်ယူနိုင်ခဲ့တယ်

✳️ Abundant

( many, a lot of )
ပေါကြွယ်ဝသော ၊ များပြားသော

🌹 Our country,Myanmar has an abundant supply of fossil fuels and natural resources.
ကျွန်တော်တို့မြန်မာနိုင်ငံက လောင်စာတွေ သဘာဝအရင်းအမြစ်တွေနဲ့ပေါကြွယ်ဝတယ်။
( I guess this phrase is familiar to all of us since our primary school 😄)

✳️ Vulnerable to

ခုခံနိုင်စွမ်းမရှိသော အားနွဲ့သော

🌹 The people in coastal regions are vulnerable to floods and soil erosion.
ကမ်းရိုးတန်း​ဒေသကလူတွေက ရေကြိးတာ မြေဆီလွှာတိုက်စားခံရတာတွေကိုခုခံနိုင်စွမ်းမရှိကြဘူး
🌹 Teenagers nowadays are vulnerable to criticism on social media.
ယနေ့ခေတ်လူငယ်တွေက social media ပေါ်က ဝေဖန်ချက်တွေကို ခံနိုင်ရည်မရှိကြဘူး
🌹 The government should help the most vulnerable group in society.

💁‍♀️ That’s all for now.✨
I hope this content is helpful for you somehow. 🙆‍♀️🙆‍♀️✨
💗 If you’re interested in more vocabulary, like and follow our page to keep posted. 💗🙇‍♀️

✨✨✨Have a lovely day!!!✨✨✨

20/06/2024

Personality vocabulary 👫

Part 1✨

Melody တို့ voca တွေမ share ဖြစ်တာတော်တော်လေးကြာသွားဆိုတော့ vocabulary တွေ ခုကစပြီးပြန် sharing လုပ်ပေးသွားပါမယ်✨🙇‍♀️

✨As you guys know, sharing is caring! ✨
So, voca sharing လေးတွေ တနေ့ နဲနဲပြန် sharing လုပ်ပီး page ကိုပြန်run ပါမယ်🙆‍♀️🙆‍♀️

✳️ Gregarious

( very friendly and fond of company, sociable )
ခင်မင်ရင်းနှီးသော ၊ social ကောင်းသော လို့အဓိပ္ပာယ်ရပါတယ်

🍀 Anna is gregarious and she gets along with everyone in the class.

Anna က ခင်မင်တတ်ပြိး အတန်းထဲက လူအားလုံးနဲ့ အဆင်ပြေတယ်၊ တည့်တယ်။

🍀 All the neighbors love Uncle Ben who is gregarious and willing to help others.

အိမ်နီးချင်းအားလုံးက အပေါင်းအသင်းကောင်းပြီးကူညီတတ်တဲ့ အန်ကယ်ဘန်ကိုချစ်ခင်ကြတယ်။

This is for today.✨✨
As we are about to share more vocabularies in coming days, like and follow this page and keep in touch!!✨🙆‍♀️

03/03/2023

✨️ Phrasal verbs ✨️

Hello again everyone ✨️✨️ 👋

💁‍♀️ ဒီတစ်ခါမှာတော့ Melody က sharing မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ phrasal verbs အပိုင်းကို sharing လုပ်ပေးပါမယ်

💁‍♀️ ဒါဆို ခုဖော်ပြပေးသွားမယ့် phrasal verbs 5လုံးကို Melody နဲ့အတူ လေ့လာကြည့်လိုက်ရအောင်။ ✨️✨️✨️

❇️ To ask around

( to ask many people the same question)
လူအများကိုလိုက်မေးသည်

⏩️ I don't know of any vacancies in the company but I'll ask around.
ကျွန်ေတာ်ကုမ္ပဏ္ဏီမှာ အလုပ်နေရာလွတ်ရှိလားမသိဘူး ဒါပေမဲ့ ကျွန်တော်လူေတွကိုပတ်မေးကြည့်မှာပါ။

❇️ To ask out

(Invite someone to come with you to a place such as a restaurant or cinema, especially for a romantic relationship/ to ask someone to date with you.)
Date လုပ်ရန်ချိန်းသည်/ အပြင်သွားရန်ဖိတ်သည်

⏩️ Jack asked Rose out to an exquisite restaurant last night.
Jack က Rose ကို မနေ့ညက နာမည်ကြီးစားသောက်ဆိုင်မှာ date လုပ်ဖို့ ချိန်းခဲ့တယ်။

❇️ To ask for

( you want someone to give you something)
တောင်းဆိုသည်။

⏩️ The employee asked their boss for more money.
ဝန်ထမ်းတွေက သူတို့သူဌေးကို ပိုက်ဆံပိုပေးဖို့တောင်းဆိုတယ်

❇️ Think (sth) over

( consider something carefully)
သေသေချာချာစဥ်းစားသည်

⏩️ I guess you'd better think over Jane's offer.
ကျွန်တော်အထင် မင်း Jane ရဲ့ ကမ်းလမ်းချက်ကို သေချာစဥ်းစားသင့်တယ်။

❇️ Think up

( use one's mind to form or invent (sth))
အကြံထုတ်သည်။ ဉာဏ်သုံး၍ အဖြေရှာသည်

⏩️ Are you thinking up a good excuse for your absence?
မင်းရဲ့ ပျက်ကွက်မှုအတွက် ဆင်ခြေကောင်းတစ်ခု ရှာ/ အကြံထုတ်နေတာလား။

💁‍♀️ ခု sharing လုပ်သွားတဲ့ phrasal verbs တွေက နေ့စဥ်ဘဝမှာအသုံးဝင်မယ်ထင်ပါတယ်။ ✨️✨️
နောက်ထပ်phrasal verbs တွေလေ့လာချင်ရင် Your English Treasure House ကို LIKE and Follow လုပ်ဖို့ မမေ့ပါနဲ့နော်။ 🙆‍♀️ 🙆‍♀️ ✨️
See you in the nest contents. ✨️✨️

26/02/2023

✨️ Idioms for relationships ✨️
( part 1)

✨️ Hello everyone✨️✨️👋

💁‍♀️ ဒီတစ်ခေါက်မှာတော့ Melody က relationship တွေမှာ ပြောရရင် friends တွေကြားမှာကော parents တွေနဲ့ကော ကိုယ့်ရဲ့ love boyfriend ဒါမှမဟုတ် girlfriend တွေမှာကော ဆက်ဆံရေးအခြေအနေကို ဖော်ပြချင်တဲ့အခါသုံးနိုင်တဲ့ idioms လေးတွေ sharing လုပ်သွားပါမယ်။ ✨️✨️
💁‍♀️ Common idioms 5 လုံးနဲ့ voca wide ကျယ်ကျယ် relationship ကို describe လုပ်လို့ရအောင်လေ့လာကြည့်ရအောင်✨️✨️

❇️ The apple of one's eyes 👀
( the person whom one is proud or fond most)✨️
အနှစ်သက်ဆုံး / ဂုဏ်ယူရသော
▶️ Helen is the apple of her father's eyes.
Helenက သူမအဖေရဲ့ အချစ်တော်​လေ။✨️✨️

❇️ Know someone like the back of one's hand 🖐
(Know someone very well)✨️
တစ်ယောက်အကြောင်းကို ခရေစေ့တွင်းကျသိသည်။
▶️ My mother knows me like the back of her hand.
ကျွန်တော်အမေက ကျွန်တော်အကြောင်း ကောင်းကောင်းသိတယ်။✨️✨️

❇️ Through thick and thin
(Under all circumstances / no matter what)✨️
ဘာပဲဖြစ်လာဖြစ်လာ
▶️ I will go on loving Felix through thick and thin.
ကျွန်မဘာဖြစ်လာဖြစ်လာ Felix ကို ဆက်ချစ်သွားမှာပါ✨️✨️❤️

❇️ Be thick as thieves 🥷
( very close and secretive)✨️
အရမ်းရင်းနှီးသော/ သျှိုသော
▶️ Mark and Julia are thick as thieves for weeks and, which made us wonder what they were doing.
Mark နဲ့ Julia က ဒီအပတ်တွေအတွင်း အရမ်း ရင်းနှီးပြီးသျှိုလွန်းလို့ သူတို့ဘာလုပ်နေကြတာလဲဆိုတာသိချင်မိတယ်။

❇️ A shoulder to cry on
( a person who gives sympathy and support)✨️
နားလည်ပေးသူ/ အားပေးသူ/
▶️ Maria's always been a shoulder to cry on for me.
Maria က ငါ့အတွက် အမြဲအားပေးနှစ်သိမ့်ပေးသူပဲ။✨️✨️

❇️ Offer + a shoulder to cry on
Support >>အားပေးနှစ်သိမ့်ပေးသည်✨️
▶️ Catharine offered me a shoulder to cry on when my boyfriend left me.
ငါကောင်လေးနဲ့ ပြတ်သွားတုန်းက Catherine က အားပေးနှစ်သိမ့်ပေးခဲ့တာ။✨️✨️

💁‍♀️ ဒါဆို ခု sharing လုပ်သွားတဲ့ idioms တွေကို နေ့စဥ်ဘဝမှာအသုံးပြုနိုင်ပါတယ်နော်။✨️
That is all for now.✨️✨️
💁‍♀️ Idioms တွေ vocabulary တွေလေ့လာချင်ရင် Your English Treasure House pageကို LIKE And FOLLOW လုပ်ထားပါနော်။✨️🙆‍♀️🙆‍♀️

12/02/2023

✨️♥️ Idioms with relationship ♥️✨️

💟 Valentines day နီးပြီဆိုတော့ Melody က ဒီတစ်ခါ relationship နဲ့ဆိုင်တဲ့ idioms and phrases လေးတွေ sharing လုပ်သွားပါမယ်။✨️
💟 ဒါဆို love နဲ့ ပက်သက်တဲ့ idioms လေးတွေ လေ့လာကြည့်ကြရအောင်။✨️

💦 Have a crush on sb ✨️

( တဖက်သတ်ချစ်သည် / တိတ်တခိုးချစ်သည်/ crush သည်)
❤️‍🔥 Melody has had a crush on Felix since the first day of the school.
ကျောင်းရဲ့ပထမရက်ထဲက Melody က Felix ကို တဖက်သတ်ချစ်နေခဲ့တာ။

💦 Fall for ✨️

( ချစ်သွားသည်/ love )
❤️‍🔥 Mike and Julia fell for each other instantly.
Mike နဲ့ Julia က တစ်ယောက်ကိုတစ်ယောက် ချက်ချင်းချစ်မိသွားကြတယ်

💦 Fall in love ✨️

( love deeply / နက်နက်ရှိုင်းရှိုင်းချစ်မိသည်)
❤️‍🔥 I've fallen in love with you.
ငါမင်းကို နက်နက်ရှိုင်းရှိုင်းချစ်မိသွားပြီ။

💦 Love at first sight ✨️

( မြင်မြင်ချင်းချစ်သွားသည်။/ မြင်မြင်ချင်းအချစ်)
❤️‍🔥 He couldn't take his eyes off that girl. This is love at first sight.
သူ အဲ့ကောင်မလေးဆီကနေ အကြည့်မလွှဲနိုင်ဘူး။ ဒါက မြင်မြင်ချင်းအချစ်ပဲ။

💦 Be/ fall head over heels for sb ✨️

( madly in love / ရူးရူးမူးမူး ချစ်မြတ်နိုးသည်)
❤️‍🔥 I immediately fell head over heels for Felix.
ငါ Felix ကို မသိလိုက်ခင်ဘဲ ရူးရူးမူးမူးချစ်မိသွားတာ။

💦 Blinded by love ✨️

( madly in love so that they cannot see the other's faults)
( အပြစ်မမြင်လောက်သည်အထိချစ်သည်)
❤️‍🔥 He is blinded by love that he refused to believe that she was cheating on him.
သူ သူမကိုချစ်လွန်းလို့ သူမ ဖောက်ပြန်နေတယ်ဆိုတာကိုတောင် မယုံကြည်ခဲ့ဘူး။

💦 The apple of one's eyes ✨️

(The person who one is extremely fond or proud)
တစ်စုံတစ်ယောက်၏ အနှစ်သက်/ချစ်ဆုံး
❤️‍🔥 Justin is the apple of my eyes.
Justin ကငါ့ရဲ့ အချစ်ဆုံးပဲ။

💁‍♀️ Relationship နဲ့ပက်သက်တဲ့ idioms တေ့ကို sharing လုပ်သွားတာ နားလည်မယ်ထင်ပါတယ်။
👉 Love နဲ့ပက်သက်တဲ့ idioms တွေမို့ ကိုယ့် bf /gf ကိုသွားပြောလို့ရပါတယ်နော် ☻️
💁‍♀️ ဒီလိုမျိုး voca တွေလေ့လာချင်ရင် page ကို like and follow ဖို့မမေ့ပါနဲ့နော်🙇‍♀️

12/02/2023

Way to say "I love you"

Valentines day ရောက်တော့မှာဆိုတော့ ကိုယ်ရဲ့ boyfriend or girlfriend ကို I love you အစား ဒီလိုမျိုးစာကြောင်းလေးတွေနဲ့ လေးလေးနက်နက်ပြောကြမယ်။

09/02/2023

❤ Valentines day ❤️ရောက်တော့မယ်ဆိုတော့ ကိုယ့်ကောင်မလေး/ ကောင်လေးကို ပြောလို့ရမယ့် Pickup line လေးတွေ လေ့လာကြည့်ရအောင်✨️✨️

📌Pickup line ( love letter)💌
to make your crush fell in love with you.🥰🤭

Hello everyone 🙆‍♀️✨️

💁‍♀️ဒီနေ့တော့ အားလုံးသိချင်လောက်မယ် ဖြစ်တဲ့ sentence လေးတွေ ဖော်ပြပေးပါမယ်
တခြားမဟုတ်ပါဘူး
👉ကိုယ့်ရဲ့ crush လေးကို ကိုယ့်ကိုကြွေလာအောင် ခြွေလို့ရမဲ့ love line လေးတွေပါ🤭🤭
👇ဒီအောက်မှာ ဖော်ပြထားတဲ့ love line တွေ Melody ကိုယ်တိုင် feeling အပြည့်နဲ့ ရေးထားတာတွေပါ😇🙈
ဒီတော့ ခု Melody နဲ့ အောက်က love line လေးတွေကို တူတူ လေ့လာပြီး crush တွေကို သွားခြွေရအောင်။☻️☻️

🍀You are the flame that burns not only my heart but also my soul.❤️‍🔥

မင်းက ကိုယ့်နှလုံးသားကော ကိုယ့်ရဲ့စိတ်ပါ လောင်းကျွမ်းစေတဲ့ မီးတောက်လေးပါ။ 🔥❤️‍🔥

🍀Are you the angel who fell from the heaven?🤭

မင်းက နတ်ပြည် ကြွေကျလာတဲ့ နတ်သားလေး / နတ်သမီးလေးလားကွယ်။🤍

🍀If you were a flower, I would be a buuterfly flying around you.⚘️🦋

မင်းသာ ပန်းတစ်ပွင့်ဖြစ်မယ်ဆို ကိုယ်ကမင်းနားမှာ ဝဲနေမဲ့ လိပ်ပြာလေးတစ်ကောင် ပါကွာ။⚘️❤

🍀There may be many fish in the world, yet you are the only one who can give me butterflies.🐟 🦋

ကမ္ဘာပေါ်မှာ လူ(ငါး) တွေအများကြီးရှိပေမဲ့မင်းကို ငါကို စိတ်လှုပ်ရှားအောင်လုပ်စေနိုင်တဲ့ တစ်ဦးတည်းသောသူပါ။ 💖

🍀One drop of your tear can make my life miserable. One sight of your smile can bring me to heaven as well.😍😇

မင်းနဲ့ မျက်ရည်တစ်စက်က ကိုယ်ဘဝကိုပျက်စေနိုင်သလို မင်းအပြုံးတစ်ချက်ကလည်း ကိုယ်ကို နတ်ပြည်အထိ ခေါ်သွားနိုင်တယ်💓

🍀Your smile is as sweet as a candy that one who doesn't have a sweet tooth can't resist.🍬🍭

အချိုမကြိုက်တဲ့သူတောင်မှ မငြင်းနိုင်တဲ့ ချိုချဥ်တစ်လုံးလို မင်းအပြုံးက ချိုမြတာပါ။🥰

🍀My heart is as strong as a stone, yet it can melt like an ice with your smile.💗

ငါ့နှလုံးသားက ကျောက်တုံးလို မာပကျာပေမဲ့ မင်းအပြုံးနဲ့ဆိုရင်တော့ ရေခဲလို အရည်ပျော်သွားတာပါ။💗💗

🍀You are such a criminal who stole my heart.👻

မင်းက ငါနှလုံးကို ခိုးယူသွားတဲ့ရာဇဝတ်သားလေးပဲ။💝💝

👉Learners တို့ရဲ့ crush တွေမသိဘူး
Melody တော့ ခုလို love lineတွေလာပြောရင် heart melts ဖြစ်မှာ။🤭🤭
💁‍♀️That is all for now✨️✨️
💁‍♀️Melody ဒီနေ့ sharing လုပ်သွားတဲ့ love line တွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။🙆🙆
💁‍♀️💁‍♀️🤗Like and follow for more

#

28/01/2023

✨️Phrasal verbs for work 👷 ✨️

✨️Hello again!! 👋

💁‍♀️ဒီတစ်ခါမှာတော့ Melody က လုပ်ငန်းခွင်မှာ အသုံးပြုလို့ရမဲ့ phrasal verbs 5 လုံးကို sharing လုပ်ပေးပါမယ်။✨️
💁‍♀️ဒီ phrasal verb တွေက common ဖြစ်တာဖို့ လုပ်ငန်းခွင်တင် မဟုတ်ဘဲ daily life မှာလည်းသုံးနိုင်ပါတယ်နော်။✨️
💁‍♀️ဒါဆို ဒီ phrasal verbs တွေကို လေ့လာကြည့်ရအောင်။✨️✨️✨️

❇️Fill in/ fill out

( to input)
( ဖောင် ) ဖြည့်သည်
🔰Can you please fill in this form??
ကျေးဇူးပြု၍ ဒီဖောင်ကိုဖြည့်ပေးပါလား။
🔰I will fill it out and give it to you later.
ငါ ဖြည့်ပြီးတာနဲ့ မင်းကို ပြန်ပေးပါမယ်။

❇️Hand in

( Submit )
အိမ်စာ / report / project တင်ပြသည်
🔰I am about to hand in the report.
ကျွန်တော် report တင်မလို့ပါ။
🔰You must hand in your projects by the end of the week.
ဒီအပတ်အကုန်မှာ မင်းတို့ရဲ့ project တွေ တင်ပြရမယ်။

❇️Look over

Inspect or examine quickly or review carefully
သေသေချာချာ စစ်ဆေးသည်။
🔰Can you look over my presentation for me??
ငါ့ရဲ့ presentation / တင်ပြချက်ကို သေချာလေး review လုပ်ပေးပါလား။

❇️Call back

( call someone again)
ဖုန်းပြန်ခေါ်သည်။
🔰My boss is giving me a call, can I call you back later??
ကျွန်တော့အလုပ်ရှင်ကခေါ်နေလို့ နောက်မှပြန်ခေါ်လို့ရမလား။

❇️Go through

( check in detail)
အသေးစိတ်စစ်ဆေးသည်။
🔰Please give me 15 minutes to go through the information you sent.
မင်းပို့လိုက်တဲ့ အချက်အလက်တွေ အသေးစိတ်စစ်ဆေးဖို့ 15 မိနစ်လောက်ပေးပါ။

💁‍♀️ခု sharing လုပ်သွားတဲ့ phrasal verbs လေးတွေက daily life မှာကော work မှာပါ အသုံးဝင်ပါတယ်နော်💯💯
✨️နောက်ထပ် vocas တွေလေ့လာချင်ရင် Your English Treasure House ကို LIKE AND FOLLOW လုပ်ထားပါနော်✨️

💁‍♀️HAVE A NICE DAY!!!✨️✨️

11/01/2023

✨️ Common idioms ✨️

Hello again!! 👋

💁‍♀️ ဒီနေ့တော့ Melody က daily life speaking မှာအသုံးများတဲ့ common idioms ၅ လုံးကို sharing လုပ်ပေးသွားပါမယ်✨️
👉 ဒီ Idioms တွေက speaking စကားပြောမှာ တော်တော်လေးအသုံးများတာမို့ သိထားသင့်ပါတယ်နော်။
💁‍♀️ ဒါဆို Melody တို့လေ့လာကြည့်ရအောင်။ ✨️✨️

❇️ Hit the hay 🌾

Meaning >> say this when sb is tired and wants to sleep.
အိပ်သည်

➡️Sorry, guys I had to hit the hay now!
တောင်းပန်ပါတယ်။ ငါ အိပ်ဖို့လိုနေပြီ။
➡️I am going to hit the hay now! Good night!🌙
ငါအိပ်တော့မယ်။ GOOD NIGHT ပါ🌌

❇️ Up in the air 🌬

Meaning >> unsure, uncertain, undecided
မသေချာသေးသော/မဆုံးဖြတ်ရသေးသော

➡️The plan is still up in the air. We need to figure it out till tomorrow.
အစီအစဥ်ကို ခုထိ မဆုံးဖြတ်ရသေးဘူး။ မနက်ဖြန်မတိုင်ခင် ကျွန်တော်တို့ အဖြေရှာဖို့လိုတယ်။

❇️ Rule of thumb 👍

Meaning >> rule that is not totally precise /based on common experience
မတိကျသော စည်းမျဥ်း/ အတွေ့အကြုံပေါ်အခြေခံထားေသာစည်းမျဥ်း

➡️As a rule of thumb, you should pay for your date's dinner.
လူ့စည်းမျဥ်းအရ/ အတွေ့အကြုံအရ မင်း မင်း date တဲ့သူရဲ့ dinner အတွက် အကုန်အကျခံသင့်တယ်

❇️ Pull one's leg🦵

Meaning >> kidding/ joking
စနောက်သည်

➡️Are you pulling my leg?? That's impossible!
မင်းငါကို နောက်နေတာမလား။ ဒါမဖြစ်နိုင်ပါဘူး😯😳

❇️ Through thick and thin

Meaning >> under any circumstances/ no matter how difficult
ဘယ်အခြေအနေဖြစ်ဖြစ်/ အေးအတူပူအမျှ

➡️I would stick to that through thick and thin.😇
ဘာပဲဖြစ်ဖြစ် ကျွန်တော် စိတ်မပြောင်းဘူး။
➡️My best friend has supported me through thick and thin.
ကျွန်တော်သူငယ်ချင်းက ကျွန်တော်ကျွန်တော်ကို အမြဲ ဘာဖြစ်နေနေ ထောက်ခံပေးခဲ့တယ်။👭

👉ခု sharing လုပ်သွားတဲ့ idioms လေးတွေကို နားလည်ပြီး ပြန်အသုံးပြုနိုင်မယ်လို့ထင်ပါတယ်။✨️✨️
If you want to learn more, Like and follow Your English Treasure House .✨️🙇‍♀️

09/01/2023

✨️ 𝐒𝐥𝐚𝐧𝐠 𝐰𝐨𝐫𝐝𝐬 ✨️

Hi there again!!👋

💁‍♀️ဒီတစ်ခါတော့ Melody တို့က English စာမှာ အသုံးများတဲ့ slang words အသုံးလေးတွေ sharing လုပ်ပေးပါမယ်✨️
➡️ခု sharing လုပ်ထားတဲ့ Slang တွေက speaking ပြောတဲ့နေရာမှာ ပိုပြီးစကားသွက်လာအောင်ကူညီပေးနိုင်ပါတယ်ေနာ်
➡️ဒါဆို တစ်ချက်လောက် တူတူ လေ့လာကြည့်ရအောင်။✨️✨️

❇️ 𝐖𝐚𝐧𝐧𝐚

Meaning __> want to ( __ချင်သည်)
➡️I wanna have a cup of tea.
I want to have a cup of tea.
ငါလက်ဖက်ရည်တစ်ခွက်လောက် သောက်ချင်တယ်။

❇️ 𝐊𝐢𝐧𝐝𝐚

Meaning --> kind of (အတော်လေး / အလွန်)
➡️I am kinda busy right now.
I am kind of busy right now.
ကျွန်တော် အခု အတော်လေး အလုပ်များနေတယ်။

❇️ 𝐎𝐮𝐭𝐭𝐚

Meaning--> out of
➡️I am outta here.
I am out of here.
ကျွန်တော် ဒီကနေ ထွက်သွားတော့မယ်။

❇️ 𝐆𝐨𝐧𝐧𝐚

Meaning --> going to ( ___တော့မယ်)
➡️I am gonna stop smoking.
I am going to stop smoking.
ကျွန်တော် ဆေးလိပ်သောက်တာ ရပ်လိုက်တော့မယ်။

❇️ 𝐆𝐨𝐭𝐭𝐚

Meaning--> have got to ( လုပ်ရဦးမယ်)
➡️I gotta leave in 15 minutes.
I have got to leave in 15 minutes.
ကျွန်တော် ၁၅မိနစ်အတွင်း ထွက်ခွာရမယ်။

❇️ 𝐆𝐢𝐦𝐦𝐞

Meaning--> give me ( ကျွန်တော်ကို ပေးပါ)
➡️Please gimme the books over there.
Please give me the books over there.
ကျေးဇူးပြု၍ ဟိုနားက စာအုပ်တွေ ငါ့ကို ပေးပါ

💁‍♀️ခု sharing လုပ်သွားတဲ့ slang တွေက speaking မှာသာသုံးလို့ရတာဖြစ်ပါတယ်နော်✅️
Writing မှာတော့ အသုံးပြုလို့မရပါဘူး။❎️
💁‍♀️Speaking မှာ ခုလို slangs / ချိတ်ဆက်ထားတာ စကားလုံးတွေအတွဲလိုက် လေ့လာပြောကြည့်ရင် စကားသွက်လာမှာအသေအချာပါနော်။✨️✨️

👉If you want to learn more like this, don't forget to like and follow Your English Treasure House .🤗🤍




08/01/2023

✨ ️5 𝐂𝐨𝐦𝐦𝐨𝐧 𝐏𝐡𝐫𝐚𝐬𝐚𝐥 𝐕𝐞𝐫𝐛𝐬 ✨️

🤗 Hello again everyone 🤗

💁‍♀️ဒီနေ့တော့ Melody က အသုံးများတဲ့ common phrasal verbs 5 ခုကို sharing လုပ်ပေးပါမယ်။
💁‍♀️Daily life မှာလည်း အသုံးများတဲ့ phrasal verbs တွေမို့အသုံးဝင်မှာပါ
💁‍♀️ဒါဆို Melody နဲ့တူတူ လေ့လာကြည့်လိုက်ရအောင်။✨️✨️

💦 𝐊𝐞𝐞𝐩 𝐨𝐧 ( 𝐝𝐨𝐢𝐧𝐠 𝐬𝐭𝐡 )

Meaning >> continue ( doing something )
ဆက်လက်လုပ်ဆောင်သည်။
➡️I asked her to stop talking, but she kept on talking.
ကျွန်တော် သူ့ကို စကားပြောတာရပ်ဖို့ပြောခဲ့ပေမဲ့ သူမ ဆက်ပြောနေခဲ့တယ်။

💦 𝐇𝐚𝐧𝐠 𝐨𝐮𝐭

Meaning >> Spend time with someone
တစ်စုံတစ်ယောက်နှင့်အချိန်ဖြုန်းသည် /ကုန်ဆုံးသည်။
➡️I usually hang out with my friends on Sundays.
တနဂနွေနေ့တွေမှာ ကျွန်တော် သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။

💦 𝐆𝐨 𝐨𝐯𝐞𝐫

Meaning >> Review
ပြန်လည် ကြည့်ရှုစစ်ဆေးသည်
➡️Students went over the material before the exam.
ကျောင်းသားများ စာမေးပွဲမဖြေမီ သင်ခန်းစာတွေကို ပြန်လည် လေ့လာခဲ့သည်။

💦 𝐏𝐮𝐭 𝐮𝐩 𝐰𝐢𝐭𝐡

Meaning >> tolerate or endure something
သည်းခံသည်
➡️I'm too tired to put up with any nonsense.
အရေးမပါတဲ့ အရာတွေကို သည်းခံဖို့အတွက်/ သည်းမခံနိုင်လောက်အောင် ငါအရမ်းပင်ပန်းနေပြီ။

💦 𝐇𝐨𝐥𝐝 𝐨𝐧

Meaning >> wait, stop, endure in difficult circumstances
စောင့်သည်/ ရပ်သည် / တောင့်ခံသည်
➡️Hold on a minute!!
တစ်မိနစ်လောက်စောင့်ပါဦး
➡️If only they could hold on a little longer.
သူတို့သာ အနည်းငယ်ထပ်ပြီး တောင့်ခံနိုင်ခဲ့သင့်တာ။

💁‍♀️ခု Melody sharing လုပ်သွားတဲ့ phrasal verbs တွေက common ဖြစ်တာမို့ daily life မှာ တော်တော်လေးအသုံးဝင်ပါတယ်နော်။✨️✨️
💁‍♀️ခုလို vocas တွေ ထပ်လေ့လာချင်ရင်✨️ Your English Treasure House ✨️ကိုlike and follow ထားဖို့လိုပါတယ်နော်✨️✨️

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Website

Address


Magway