Sayar Myo Computer Training Center

Sayar Myo Computer Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayar Myo Computer Training Center, Computer training school, D. 16, Thitsar Street, Kanthar Quarter, Magway.

Photos from Sayar Myo Computer Training Center's post 02/06/2025

နွေရာသီ ကလေးများအတွက်
Summer Kid Course ပရိုဂရမ်လေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပီ....

Photos from Sayar Myo Computer Training Center's post 27/02/2025

🌞နွေရာသီကလေးများအတွက် ကွန်ပျူတာသင်တန်း (Offline) March လအတွက်စတင်လက်ခံပါပြီရှင်။
🧒🏻👩🏻 အသက် ၉ နှစ်မှ ၁၄ နှစ်ထိ ကလေးငယ်များသင်ယူနိုင်ပါတယ်။
💁🏻‍♀️နွေရာသီကလေးသင်တန်းမှာတော့
🔸 Basic Hardware Concepts
🔸Typing Tutor
🔸Microsoft Paint
🔸Claris Work 5.0
🔸Microsoft Word 2019
🔸Microsoft Excel 2019
🔸Microsoft PowerPoint 2019 အစရှိသဖြင့်တို့ ပါဝင်ပါတယ်။
🔸သင်တန်းကာလ - 3 months
🔸သင်တန်းကြေး - ( ၁ ) လလျှင် ၄၀၀၀၀ ကျပ်
🔸သင်တန်းချိန် - Mon to Thurs - 🕗 8 to 9:30 A.M & 🕓 4 to 5:30 PM
🔸သင်တန်းနေရာ - အမှတ် ၁၅၅ ၊ ရန်မျိုးလုံ ၅ လမ်း၊ အောင်မင်္ဂလာရပ်ကွက် ၊မကွေးမြို့။
(မှတ်ချက်။ အိန်ဂျယ်ဓာတ်ပုံတိုက် မြောက်ဘက်လမ်းမှလာလျှင် ပထမ slowdown ကျော်လျှင် ရောက်ပါပီနာ်)
🔸စာသင်ဝိုင်းသဘောမျိုးလို သင်တာဖြစ်သည့်အတွက် မိဘများအနေနဲ့ မိမိရဲ့သားသား မီးမီးများ မတတ်ကျွမ်းမှာကို စိုးရိမ်စရာမရှိပါဘူးရှင့်။
🔸Section တစ်ခုတွင် သင်တန်းသား ၅ ဦးသာ လက်ခံမည်ဖြစ်ပါသဖြင့် အမြန်စာရင်းသွင်းဖို့လိုနေပါပြီနော်..
📫အခြားသင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက Page chat box မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

27/11/2024

#သင်တန်းကျောင်းလိပ်စာ ပြောင်းခြင်း
ဒီဇင်ဘာ ၁ နေ့မှစပီး သင်တန်းကျောင်းကို
အမှတ် ၁၅၅၊ ရန်မျိုးလုံ ၅-လမ်း၊ အောင်မင်္ဂလာရပ်ကွက်သို့
ခေတ္တယာယီ ပြောင်းလဲ ဖွင့်လှစ်သွားပါမည်
Golden Computer Center, Magway
09448049712

17/10/2024
Photos from Sayar Myo Computer Training Center's post 09/08/2024

Advanced Basic Course သင်တန်းပြီးဆုံးခြင်း

20/07/2024

" ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ “.. အကြောင်း သိကောင်းစရာ…

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အသင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ စပ်ဆိုထားကြပြီး ဗုဒ္ဓဘာသာတိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။

ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း GCC Computer Center မှ ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည် ...။

Credit- မူရင်းရေးသားသူများ (လေးစားစွာဖြင့်)

Photos from Sayar Myo Computer Training Center's post 15/07/2024

I got 28 reactions and 2 replies on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Photos from Sayar Myo Computer Training Center's post 21/05/2024

#🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

🙏 ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
🙏 မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
🙏 မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
🙏 မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

11/04/2024

13.4.2024 မှ 17.4.2024 ထိ သင်္ကြန်တွင်း (၅) ရက် သင်တန်းကျောင်း ပိတ်ပါမည်..........

Photos from Sayar Myo Computer Training Center's post 17/03/2024

Summer Kid Course တက်ရောက်နေသော သားသား မီးမီးလေးများ

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


D. 16, Thitsar Street, Kanthar Quarter
Magway
04011