Civil Engineering notes

Civil Engineering notes Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Civil Engineering notes, Education, Magway.

🏘️🏠Roofing Sheet🏠🏘️🏡အမိုး area ရရင်တောင် အမိုးချပ်က တွက်ရခက်ပါတယ်။ ရေလိမ်များလေလေ အလေအလွင့် များလေလေပါပဲ။🏡မေးထားတာက 🏡yel...
17/08/2020

🏘️🏠Roofing Sheet🏠🏘️

🏡အမိုး area ရရင်တောင် အမိုးချပ်က တွက်ရခက်ပါတယ်။ ရေလိမ်များလေလေ အလေအလွင့် များလေလေပါပဲ။

🏡မေးထားတာက
🏡yellow book မှာ အမိုး တစ်ကျင်း ကို 7 ပေ သွတ် 9ချပ် ပေးထားပြီး 10ပေ နဲ့ 12ပေ အတွက် မပါဘူး။ အဲ့ဒါဆို ဘယ်လို ယူရမလဲ‌?

🏡🏡🏡🏡🏡🏡🏡🏡🏡🏡
Yellow Book 2014 က အသစ်ပြင်လိုက်တဲ့ စာအုပ်ရဲ့ page - 49, Item No.7 မှာ ပြထားတာက width မပါပါဘူး။ သူ့ရဲ့ standard width ကို lapping ‌pitch ထပ်ပြီး 32" ကျန်တယ်လို့ မှတ်ပြီး နမူနာ တွက်ထားတာ တင်ပေးလိုက်ပါတယ်။

🏡 နှစ်ဖက်ချ ( Gable Roof )အမိုး
🏡လေးဖက်ချအမိုး ( Hip Roof ) အမိုး

နှစ်မျိုး တွက်ပြပေးလိုက်ပါတယ်။ရေလိမ်များတဲ့ အမိုးနဲ့ ခေါင်ရှုပ်တာတွေလဲရှိပါတယ်။ အမိုးက စိတ်ကူးယဉ်ပြီး ပုံလေးဆွဲ ပြီး သေချာစဉ်းစား ရတဲ့ ကိစ္စ ပါ။ စဉ်းစားနိုင်လေ အလေအလွင့်နည်းလေပါပဲ။ မဟုတ်ရင် yellow book က estimate တောင် ပေါက်နိုင်ပါတယ်။ စဉ်းစားနည်းလေး တင်ပေးလိုက်ပါတယ်။ ဘယ်လို အရှည်ရှည်လာလာ တွက်နိုင်အောင်ပါ။

🏡ပုံမှာ ကြည့် လိုက်ပါ။

#

14/08/2020

Engr တို့ သိထားသင့်သော Column Size ခန့်မှန်းတွက်နည်းနှင့်Theoryဖြင့်Col Sizeရွေးချယ်နည်း
++++++--------+++++++--------+++++

ဒီတစ်ခါတော့ chat box မှာ အမေးများတဲ့ Column size နဲ့ပတ်သတ်တဲ့အကြောင်းလေး ပြောပြချင်တာပါ။
ခုတလော စာတွေလည်း သိပ်မရေးဖြစ်ဘူးဖြစ်နေတယ်။ online မှာရေးဖြစ်တာဆိုတော့ တခါတလေ ကိုယ်ပေးချင်တဲ့ message ကို မရောက်ပဲ တခြားလွဲမှား မှတ်ကြမှာလည်း စိုးရိမ်တယ်။ ဆိုလိုရင်းကို မတွေးဘဲ ဖြတ်လမ်းက မှားမှားယွင်းယွင်း ပုံသေမှတ်နေကြမှာလည်း စိုးတော့ ထိမ်းထိမ်းသိမ်းသိမ်း ရေးဖြစ်ဖုိ့ လိုလာလို့ပါ 🙂 ။
ကဲ .. ဒီတခါ ကျနော်တို့ Column Size ခန့်မှန်းခြင်းနဲ့ ပတ်သတ်လို့ လွယ်လွယ်ကူကူနဲ့ ခေါင်းထဲ အမြဲစွဲနေစေမယ့် General sense လေးတွေ ပြောပါမယ် ။
ကျနော် ခု ပြောပြပေးမှာက General နော် 🙂 🙂
ပုံသေကြီးတော့ မှတ်မထားနဲ့ပေါ့ဗျာ .. 🙂 တကယ့်အမှန်ကတော့ Theory တွေ၊ Code တွေ၊ Structure Designer တွေရဲ့ ယူဆချက်တွေ၊ Local condition တွေ၊ Site condition တွေ စသည်ဖြင့် များပြားလှသော အချက်တွေအပေါ်မှာ မူတည်ပြီး ခန့်မှန်း တွက်ချက်မှ မှန်ကန်မှုအပြည့်ရှိနိုင်မှာဖြစ်ပါတယ်။ (ဒါလေးကိုတော့ အရင်သိထားစေလိုလို့ပါ)
ကဲ ... ဒီလောက်ဆိုရင်တော့ ကျနော်ပြောမယ့် General ဆိုတာလေးကို သိလောက်ပီထင်ပါတယ်။

စလိုက်ကြစို့ဗျာ 🙂
ဆိုပါတော့ ... ကျနော်တို့ Column Size ခန့်မှန်းကြမယ်ဆိုရင် အချင်းချင်း ပြောလို့ရပါတယ်
Eg.. 2 storey (၂ ထပ်တိုက်) ဆောက်မယ်ဗျာ .
Column Size ဘယ်လောက်ထားမလဲ 🙂 🙂
3 storey (၃ ထပ်တိုက်) ဗျာ
5 stories ( ၅ ထပ်တိုက်) ဗျာ
10 stories ( ၁၀ ထပ်တိုက်) ဗျာ
Column Size ဘယ်လောက်ထားမလဲ 🙂 🙂

ဒီလိုမေးလိုက်ရင် သို့လော သို့လော ဇဝေဇဝါ ဖြစ်တတ်ကြပါတယ် 🙂 🙂 (ဒါ သဘာဝပါ)

အမှန်က ကျနော်တို့ Engineer တွေ သိထားရမှာက (ဘယ်နှထပ်တိုက်ဆောက်ရင်.. Column Size ဘယ်လောက်ထားရင် ခိုင်တယ်) ဆိုတာမျိုး ပုံသေမှတ်မထားပါနဲ့.. 🙂
ဆိုလိုရင်းက Column Size ဆိုတာ ..
(1). Storey Height
(2). Span Length
(3). Loading
(4). Material Properties ( can get designated materials supply or not)
ဒီအချက်တွေအပေါ် မူတည်ပြီး တိတိကျကျ တွက်ချက်ရတာပါ။

ခုပြောပြမှာက ခန့်မှန်းကြည့်ကြရုံမျှသာ ဖြစ်ပါတယ်ဗျ (တကယ့် လုပ်တွေ့ဆောက်မယ် ဆိုရင်တော့ Design Engineer နဲ့ သေချာ အပ်နှံ တွက်ချက်ပြီးမှ ဆောက်လုပ်ကြရမှာပါ)

Eg.. 10 stories အတွက် Column Size ခန့်မှန်းကြည့်ကြစို့ဗျ 🙂
ဒါက ပုံမှန် 10'x10' or 12'x12' or 15’x15’ Room တွေအတွက်ပဲ အကြုံးဝင်မှာပါ
Typical နော် .. အရေးကြီးတယ် သတိထားစေလိုပါတယ်ဗျ)

(1). Storey Height
Column Size ဆိုတာ Storey Height(အဆောက်အဦး၏ အမြင့်) အပေါ်မှာ မူတည်ပါတယ်။
သတိထားမိကြမှာပါ .. အောက်ဆုံးအထပ်တွေမှာ Col Size တွေ ကြီးနေကြပြီး အပေါ်ထပ်တွေရောက်လေ Size သေးသွားလေ ဆိုတာ။
> Column Size ခန့်မှန်းမယ်ဆိုရင် အပေါ်ဆုံးအထပ်က စပြီး ခန့်မှန်းပါ။
C9x9 or C10x10 (min)
C10x10 (minimum) ...for seismic design
# every two story > the same size
(အောက်ပါ ပုံမှာ လေ့လာပါ)
(ဒါက ပုံမှန် 10'x10' or 12'x12' Room တွေအတွက်ပဲ Typical နော် .. အရေးကြီးတယ် သတိထားပါ)
ဆိုတော့
C10x10 ( ၂ ထပ်)
C12x12 ( ၂ ထပ်)
C14x14 ( ၂ ထပ်)
C16x16 (၂ ထပ်)
C18x18 (၂ ထပ်) .. >> Variable နော်
>> High rise တွေဆို
every fourth storey > the same size
၄ ထပ်လောက်မှာ Col size တစ်မျိုး၊ နောက် ၄ ထပ်မှာ Col size တစ်မျိုး ထားကြတာလည်းရှိပါတယ်။
ဒီမှာ လာပီ ဒုတိယ အချက် .. 🙂 🙂

(2.) Span Length
Column Size ကတော့ Span Length အပေါ်မှာ အများကြီးမူတည်နေပြန်ပါတယ်။
Eg..
for 18'-0" span,
B12x18 (by rule of thumb)
ဒီလို 18' span မှာ> Beam width က 12" ဆိုမှတော့
Column Size က C12x12 (min) ရှိကို ရှိရမှာပါ။ (စောနက အပေါ်ဆုံးထပ်မှာ C10x10 (min). လို့ပြောခဲ့သော်လည်း ဒီလို 18' Span ဆို အပေါ်ဆုံးထပ်လည်း ဒီ Beam B12x18 ကို ထမ်းရမယ့် Column ကတော့ C12x12 (min) ပါ။ 🙂
Strong Column > Weak beam ဖြစ်ရပါမယ်
Weak Column > Strong Beam မဖြစ်ရပါ။
အိုက်တော့ ဒီ Beam နားက Column ကတော့
C12x12, C14x14, C16x16, C18x18, C20x20

(3). Loading
Column Size တွေ Loading အပေါ် မူတည်တဲ့အချက်ကတော့ စောနက ကျနော်တို့ အပေါ်မှာ ပြောခဲ့သလို
every two storey > the same size
every fourth storey > the same size
ဆိုတာမျိုးလို Typical မဟုတ်တော့ဘဲ Shopping Mall လို မျိုး Heavy public buildings ကြီးတွေမှာဆို 3 stories လောက်ဆိုသော်လည်း
တစ်ထပ်နဲ့ တစ်ထပ် Column Size တွေ ချိန်းချိန်းသွားပီး အထပ်တိုင်းမှာ Column size မျိုးစုံ ရှိနေနိုင်ပါတယ်။ ဆိုလိုတာက
Loading များများ ခံရတဲ့ နေရာဆို Column Size က ပုံမှန် Column တွေထက် ပိုကြီးမှာပေါ့ 🙂 ။

(4). Material Properties ( can get designated materials supply or not)
ဒီအချက်ကတော့ Designated quality materials တွေ မရနိုင် တဲ့ နေရာမျိုးပေါ့။
Eg.
> Sand (သဲကောင်းကောင်း quality ကောင်းကောင်းမရနိုင်တဲ့ နေရာမျိုး)
> Aggregate ( ကျောက်ကောင်းကောင်း မရနိုင်တဲ့ နေရာမျိုး)
> water ( ရေကောင်းရေသန့် ရှားပါးသော နေရာမျိုး )
စသည်ဖြင့် ဒီလို Good Materials ကောင်းကောင်း Supply မလုပ်ပေးနိုင်တဲ့ Location တွေမှာဆိုရင်တော့ Concrete Grade ကောင်းကောင်းလည်း ရနိုင်မှာမဟုတိပါဘူး။ Concrete Grade ကောင်းကောင်းမရနိုင်
Steel strength ကောင်းကောင်း supply မလုပ်နိုင်တော့ Column Size ဆိုတာလည်း ပုံမှန် ခန့်မှန်းရဖို့ ခက်ပါမယ်။ Size ကိုလည်း ပုံမှန်ထက် တိုးပေးရနိုင်ပါတယ်။

မှတ်ချက်။ ။ ခုရွေးထားတဲ့ Column Size တွေကတော့ မှန်မမှန်၊ တကယ် resistance ရှိမရှိဆိုတာတော့ Etabs မှာ Load တင်ပြီး Check ကြည့်ရမှာပါ။ Hand Calculation နဲ့ Check လည်းရပါတယ်။
အားလုံး Check ကြည့်လို့ Ok တယ်ဆိုမှ Reliable Size ကိုရနိုင်ပါမယ်။

ကဲဗျာ 🙂 ...
ဒီလောက်ဆို သာမန်အားဖြင့်တော့ General knowledge လေး ရနိုင်ကြမယ် ထင်ပါတယ်ဗျ ။
တိကျတဲ့ အဖြေနဲ့ တွက်ထုတ်မှု result ကတော့ Structure Designer ကသာ ထုတ်ပေးနိုင်ပါလိမ့်မယ်ဗျ 🙂

#

06/08/2020

Civil မှတ်စု ( အပိုင်း- ၁ )
လုပ်ငန်းခွင် ၀င်မည့် Engineer တွေအနေနဲ့ အဆောက်အဦးနဲ့ ပတ်သက်တာတွေကို ဘယ်လို စပြီးလေ့လာကြမလဲ ?
အခြေခံ ကစပြီး လေ့လာကြမယ်….ဒီမှာပြောချင်တာက Engineer တစ်ယောက်အနေနဲ့ ကိုယ်က ဘယ်လိုင်းကိုသွားမှာလဲ?
ဒါသိပ်အရေးကြီးပါတယ်… Design အပိုင်း ကို သွားမှာလား?
Construction ပိုင်းကိုသွားမှာလား?
ဘယ်လိုင်း ကိုပဲသွားသွား သေချာတာကတော့ သဘောတရား နဲ့ လက်တွေ့ အမြဲ ယှဉ်ပြီး လေ့လာရမှာပါ…
သဘောတရားမပါတဲ့ လက်တွေ့ နဲ့ လက်တွေ့မပါတဲ့ သဘောတရား ဟာ အရမ်း အန္တရာယ်များပါတယ်…
Construction လောကမှာ တစ်ခါတလေ Design က OKပေမဲ့ တကယ့် လက်တွေ့မှာ လုပ်ရကိုင်ရခက်တာတွေ ကတော်တော်များပါတယ် ပါ၀င်လုပ်ဆောင်ကြတဲ့ ကာယ လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ကလည်း အတော်လေး အရေးပါ အရာရောက်ပါတယ်…
Construction ဆိုတာ အဆောက်အဦးပဲ လာလာ လမ်းပဲဖြစ်ဖြစ် တံတားပဲ ဆောက်ဆောက်…
ငွေထုတ်နိုင်တဲ့Owner…Design ဆွဲတဲ့သူ …. Construction Site Engineer … ကာယလုပ်သား..နောက်ဆုံးသန့်ရှင်းရေးပါမကျန်…လူပေါင်းစုံုံ အလွှာပေါင်းစုံ ပါ၀င်ပြီးမှ ဖန်တီးရတဲ့ အနုပညာ ဖြစ်နေလို့ပါ…
အခုကတော့ Building ပိုင်းနဲ့ ပတ်သက်တာတွေကို Sharing လုပ်ပေးပါမယ်…

အဆောက်အဦး ဘယ်နှမျိုးရှိလဲ?
အဓိက ကတော့ ( ၆ ) မျိုးရှိပါတယ်….
( ၁ ) ယာယီအဆောက်အဦး ( Temporary Building )

( ၂ ) သစ်သားအဆောက်အဦး ( Timber Building )

( ၃ ) အုတ်အဆောက်အဦး ( Brick Pillar Building )

( ၄ ) အုတ်ညှပ် အဆောက်အဦး( Brick Nogging Building )

( ၅ ) သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building )

( ၆ ) သံမဏိ အဆောက်အဦး ( Steel Structure Building )
တို့ပဲဖြစ်ပါတယ်….

( ၁ ) ယာယီအဆောက်အဦး ( Temporary Building )
ယာယီအဆောက်အဦး ( Temporary Building ) ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လမ်းလုပ်ငန်းတွင် အများဆုံးတွေ့ရတက်ပါတယ်…လူတို့ က တစ်ရာသီစာ နားခိုနေနိုင်ရန်… ယာယီအဆောက်အဦးများကို တည်ဆောက်ပြီး နေထိုင်ကြပါတယ်…

၄င်း ကို တိုင်အဖြစ် ဝါး၊မဒမတိုင်၊သစ်ပေါင်းတိုင်၊သစ်သားတိုင်၊ မျောတိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကို ဝါး၊သစ်များဖြင့် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ ဝါးကပ်၊ သက်ကယ်မိုး၊ ဓနိမိုး များ အ သုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ဝါးထရံ ကို အသုံးပြုကြပါတယ်…
ဒါ့အပြင် မြန်မာလူမျိုးက ဘုရားပွဲ မှာ ဇာတ်ပွဲ တွေခင်းကျင်း ဖို့အတွက် ဝါးနှင့် သစ် ကို အသုံးပြုပြီး ယာယီ ဇာတ်ပွဲရုံတွေ တည်ဆောက်ကြပါတယ်…ယနေ့ခေတ်မှာတော့ ခန်းနားလှပတဲ့ ယာယီ ဇာတ်ပွဲ ရုံတွေ မြင်ရဖို့ အတော် လေးခက်သွားပါပြီး…အဲဒီဇာတ်ပွဲရုံတွေမှာ ဝါးရဲ့ လိုရာပုံသွင်းနိုင်တဲ့ Flesible ဖြစ်တဲ့ ဂုဏ်သတ္တိ ကိုတွေ့ မြင်နိုင်ပြီး ပရိတ်သတ် ကြည့်ရူမည့် နေရာမှာ အမိုးတွက် ထောက်တိုင် လုံး၀ မပါပ ဲ “ဂ” ငယ်ပုံ အခုံး ကို မြေပြင်ကစလို့အကျယ်ပေ၁၀၀၊ ပေ၂၀၀ ကနေအမြင့်ပေ ၅၀လောက် သာသာလေး တည်ဆောက် နိုင်ပါတယ်…Space အကျယ်ကြီး နဲ့ ပေါ့ အမိုးကိုတော့ ဝါးထရံ ချပ်တွေ မိုးလို့ပေါ့
ယခုနောက်ပိုင်းမှာတော့ ဝါးနဲ့ အဆောက်အဦး လှလှလေးတွေ အများကြီး ဖန်တီးပြီး တည်ဆောက်လာကြပါတယ်…

( ၂ ) သစ်သားအဆောက်အဦး ( Timber Building )
သစ်သားအဆောက်အဦး ( Timber Building )ကို တည်ဆောက်ရာတွင် အဓိကအားဖြင့် သစ်ကိုသာ အသုံးပြုကြပါတယ်…. တိုင်အဖြစ် သစ်သားတိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုပ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ဝါးထရံ၊ ပျဉ်လှဲကာနံရံ ( ပျဉ်တုံးလုံးကာ နံရံ )၊ တေ့ဆက်ကြံဖတ်အုပ်နံရံ၊ ပျဉ်ထောင်ကာနံရံ၊ လျှာထိုးနံရံများ ကို အသုံးပြုကြပါတယ်…အခင်းအတွက် ယက်မ ( Beam )၊ ဆင့် ( Joint ) တွေကိုလည်း သစ် ကို သာသုံးပြီး ၊ ကြမ်းခင်းကိုတော့ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး အခင်းများဖြင့် တည်ဆောက်ကြပါတယ်…
မြန်မာနိုင်ငံတွင် လူနေအိမ်မှ အစ သာသနာ ပိုင်းဆိုင်ရာ ဘုန်းကြီးကျောင်း များပါ မကျန် သစ်သား အဆောက်အဦး များ ကိုတွေ့မြင်နိုင် ပါတယ်… တချို့ အဆောက်အဦးတွေ ဆိုရင် လက်သမားပညာ ဆက်ရွေးဆက်၊ ဆက်ရွေးတိုင် ဖောက်ထားတာ တွေ က ပညာသားပါလှပါတယ်…
ဦးကြင်ဥ ရဲ့ မြန်မာ့ သစ်အိမ်လေးမှာ ဆိုရင် လေ့လာစရာတွေ များလှ ပါတယ်…
ဒီနေရာမှာ တစ်ခုပြောချင်တာက ယနေ့ ကမ္ဘာ မှာ ခောတ်စားနေ တဲ့ Green Building ဆိုတာ သစ် နဲ့ ဝါးကို အခြေခံ ပြီး တည်ဆောက်ထားတဲ့ အဆောက် အဦးတွေလည်းပါ ပါတယ်…မြန်မာ ပြည် ရာသီဥတုနဲ့တော့ အရမ်းကို ကိုက်ညီတဲ့ အဆာက်အဦးပါ… သစ်တောထွက်ပစ္စည်းများကို သဘာ၀အတိုင်း အသုံးပြီး တည်ဆောက်ထားတာဖြစ်တဲ့အတွက် အပူဒဏ် ကာကွယ်ပေး ပြီး နေရတာလည်း အေးပါတယ်…

( ၃ ) အုတ်အဆောက်အဦး ( Brick Piller Building )
အုတ်အဆောက်အဦး ( Brick Piller Building )ကို တည်ဆောက်ရာတွင် အဓိကအားဖြင့် အုပ်မြစ်ချရာမှ စပြီး အုတ်ကိုအသုံးပြုကြပါတယ်…. တိုင်အဖြစ် အုတ်တိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုတ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး…အခင်းအတွက် Cement Concrete Floor ကို ခင်းကြပါတယ်၊ တစ်ချို့ ကတော့့ Cement Concrete Floor ပေါ် ကနေ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး ၊ ပါကေး အခင်းများဖြင့် ခင်းကြပါတယ်…များသော အားဖြင့် တစ်ထပ်အဆောက်အဦးကိုသာ တည်ဆောက်ကြပါတယ်…

( ၄ ) အုတ်ညှပ် အဆောက်အဦး( Brick Nogging Building )
အုတ်ညှပ် အဆောက်အဦး( Brick Nogging Building ) ကို တည်ဆောက်ရာတွင် အုတ်မြစ်ချရာ တွင်သာ အုတ်ကိုအသုံးပြုကြပြီ တိုင်အဖြစ် သစ်တိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုပ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး …အခင်းအတွက် Cement Concrete Floor ကို ခင်းကြပါတယ်၊ တစ်ချို့ ကတော့့ Cement Concrete Floor ပေါ် ကနေ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး ၊ ပါကေး အခင်းများဖြင့် ခင်းကြပါတယ်…တစ်ထပ်မှ နှစ်ထပ် အိမ်အထိ တည်ဆောက်ကြပါတယ်…အပ်ါထပ်အတွက် ကြမ်းခင်းကိုတော့ ယက်မ ( Beam )၊ ဆင့် ( Joint ) တွေကိုလည်း သစ် ကို သာသုံးပြီး ၊ ကြမ်းခင်းကိုတော့ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး အခင်းများ ခင်း ကြပါတယ်…

( ၅ ) သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building )
သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building ) တည်ဆောက်ရာတွင် အုတ်မြစ်ချရာ မှ စပြီး တိုင် ( Column )၊ ယက်မ ( Beam ) ၊ ကြမ်းခင်း ( Floor )၊ လှေကား ( Stair ) အစ သံကူကွန်ကရစ် ဖြင့်တည်ဆောက်ပြီး …အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး …
ယနေ့ ခောတ် နေရာ အနှံအပြားမှာ တွေ့မြင်နိုင်ပြီး အထပ်မြင့် အဆောက်အဦးပေါင်းများစွာ Design ဆန်းပေါင်းများစွာ … မြင်တွေ့ရပြီး .. Construction Method ပေါင်းများစွာ ဖြင့် တည်ဆောက်နေကြပါတယ်…

( ၆ ) သံမဏိ အဆောက်အဦး ( Steel Structure Building )
သံမဏိ အဆောက်အဦး ( Steel Structure Building )ကို တည်ဆောက်ရာတွင် အုတ်မြစ်ချရာ တွင်သာ သံကူကွန်ကရစ်ကိုအသုံးပြုကြပြီ တိုင် ( Column )၊ ယက်မ ( Beam ) ၊ အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ ကို Steel Member ( H Beam, I Beam, Angle Iron, C Channel, MS Plate ) တွေနဲ့ တည်ဆောက်ကြပါတယ်… အခင်းကတော့ Decking Sheet နဲ့ သံကူကွန်ကရစ် ကို ခင်းကြပါတယ်… အများ အား ဖြင့် စက်ရုံတွေ တည် ဆောက်ကြပြီး ယခုနောက်ပိုင်းတော့ လူနေအိမ်များပါ တည်ဆောက် လာ ကြပါတယ်… သံမဏိ အဆောက်အဦး ( Steel Structure Building )ကတော့ တည်ဆောက်ရာမှာ အမှားလုံး၀ မခံပဲ အတော်လေး ကို ဂရုပြု တည်ဆောက်ရပါတယ်….

"Crd #

Photo   #
06/08/2020

Photo #

04/08/2020
For Development length  #
03/08/2020

For Development length
#

Hardcoreကျွန်တော့အယူအဆ၁။ အောက်ခံမြေမကောင်းရင်၂။ မြေကြီးကိုပိုတူးမိရင်၃။ slab on grade အစိုဓာတ်ထိန်းချင်ရင်hardcore ရိုက်...
02/08/2020

Hardcore

ကျွန်တော့အယူအဆ
၁။ အောက်ခံမြေမကောင်းရင်
၂။ မြေကြီးကိုပိုတူးမိရင်
၃။ slab on grade အစိုဓာတ်ထိန်းချင်ရင်
hardcore ရိုက်ရမည်။
Foundation တွင် မြေပြော့တဲ့အခါ
hardcore မနိုင်ရင် wood pile ပါရိုက်ရမည်။
ဒါဟာ
basic concept လို့ မှတ်ယူပါတယ်။ ကျွန်တော်ထိမ်းနိုင်သိမ်းနိုင်တဲ့ subcon နဲ့တွေ့ပါက မြေကြီးကို ကွက်တိ တူးနိုင်သော်လည်း များသောအားဖြင့် subcon များ site engineer များသည် အနက်အားဖြင့်လည်းကောင်း အကျယ်အားဖြင့်လည်းကောင် ကွက်တိတူးနိုင်ခြင်း မရှိကြပါ။ ပိုတူးမိပါက မြေပြန်ဖို့ပြီး compaction ပေးခြင်းကို ခွင့်ပြုသောအခါတွင်လည်း layer by layer compaction မပေးခြင်း။ compaction အရောင်ပြသာ ပေးခြင်းတို့ ပြုလုပ်ကြသဖြင့် မြေပြန်ဖို့ခွင့် မပေးတော့ပါ။ ၃လက်မအောက်ဆိုပါက သဲကြမ်း။ ထို့ထက်ထူပါက gravel သို့ brick bat သို့ metal ဖြင့် hardcore ပြန်ရိုက်စေပါသည်။
theory hardcore ထက်
workability hardcore သာ အဖြစ်များပါသည်။
မိမိအိမ်မိမိဆောက်လျှင် စဉ် စားပုံနှင့်
အစိုးရ တင်ဒါလုပ်ငန်းစဉ်းစားပုံ ခြားနားခြင်းဖြစ်ပါသည်။
#

အမိုးဒိုင်း
02/08/2020

အမိုးဒိုင်း

Staircase Design & Construction Information
31/07/2020

Staircase Design & Construction Information

Address

Magway

Website

Alerts

Be the first to know and let us send you an email when Civil Engineering notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category