YBMC Business Institute Magway

YBMC Business Institute Magway Education Services

ကဆုန်လပြည့် ဗုဒ္ဓနေ့ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ​​နေ့ထူး​နေ့မြတ်များဖြစ်​ပေါ်ခဲ့ရာ ကဆုန်လပြည့် ဗုဒ္ဓနေ့၏ ထူးခြား​မှု(၅) ရပ်🙏🙏...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ​​
နေ့ထူး​နေ့မြတ်များဖြစ်​ပေါ်ခဲ့ရာ
ကဆုန်လပြည့် ဗုဒ္ဓနေ့၏
ထူးခြား​မှု(၅) ရပ်🙏🙏🙏

(၁) ဘုရားဖြစ်ရန်ဗျာဒိတ်ခံယူ​တော်မူသည့်နေ့ = (လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစသည်)
ကဆုန်လပြည့်နေ့ဖြစ်ပါသည်။

(၂) ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓဖြစ်စဥ်တော် မဟာဗုဒ္ဓ၀င်အကျဉ်းဟော​တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) မဟာပရိနိဗ္ဗာန်စံဝင်​တော်မူသည့်​နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

🙏🙏🙏 မြတ်စွာဘုရားရှင်၏ တန်ခိုး​တော် ဂုဏ်တော်အပေါင်းတို့၏ အကျိုးကျေးဇူးတို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း ဘေးကင်းရန်ကွာပြီး ကျန်းမာချမ်းသာသုခများ တိုးပွားနိုင်ကြပါစေ၊ တရားဓမ္မအသိအမြင်တိုးပွါး၍ အားထုတ်နိုင်ကြပါစေ၊ မိသားစုများပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ​YBMC မိသားစုများမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်

🪷 မြန်မာတို့ရဲ့ နှစ်သစ်ဦး အခါသမယမှာ မြန်မာပြည်သူများအားလုံး ဘေးဘယာဝေးကွာကြပြီး ကျန်းမာ ချမ်းသာသော မြန်မာနှစ်သစ်ကို ပိုင်...
17/04/2026

🪷 မြန်မာတို့ရဲ့ နှစ်သစ်ဦး အခါသမယမှာ မြန်မာပြည်သူများအားလုံး ဘေးဘယာဝေးကွာကြပြီး ကျန်းမာ ချမ်းသာသော မြန်မာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်🙏🙏🙏🕊️🕊️🕊️

၁၃၈၈ ခုနှစ် နှစ်သစ်မှာ လုပ်ကိုင်စီးပွါးများ ဆထက်တိုး အဆင်ပြေ၍ အေးချမ်းသာယာ ဘေးကင်းရန်ကွာကြပါစေရှင်🙏🙏🙏

   မန်နေဂျာများအတွက် စီမံခန့်ခွဲမှုပညာ သင်တန်း   32📢📢📢 ✅လုပ်ငန်းခွင်ထဲမှ လက်တွေ့စီမံခန့်ခွဲနေကြရတဲ့ မန်နေဂျာများ✅SME လုပ...
22/02/2026




မန်နေဂျာများအတွက် စီမံခန့်ခွဲမှုပညာ သင်တန်း

32📢📢📢

✅လုပ်ငန်းခွင်ထဲမှ လက်တွေ့စီမံခန့်ခွဲနေကြရတဲ့ မန်နေဂျာများ

✅SME လုပ်ငန်းကို ကိုယ်တိုင်ဦးဆောင်နေရသူများ

✅မန်နေဂျာရာထူးအတွက် မိမိ၏ Management Skills ကိုမြှင့်တင်ထားလိုသူများအတွက် တတ်ထားမှဖြစ်မည့် များကို သင်ယူလေ့လာခွင့်ရမှာပါရှင်...

အဓိကထားလေ့လာဆွေးနွေး သင်ယူရမည့်ခေါင်းစဉ်များမှာ ...

✅Fundamental Business Management

✅Business Analysis Tools for Manager

✅HR Management for Manager

✅Sales & Marketing Management for Manager

✅Leadership & Team Management for Manager

📌မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုများ ဆက်လက် ရရှိနေဖို့ဆိုတာ မိမိတို့ရဲ့ Skills တွေကို အမြဲမြှင့်တင်နေဖို့ လိုအပ်ပါတယ်ရှင်..

📌ယခု သင်တန်းကို YBMC ၏ CEO & Principal ကိုယ်တိုင် သင်ကြားလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဆရာတိုးသည် ILO SIYB Licensed Trainer တစ်ဦးဖြစ်ပြီး စီးပွါးရေးအကြံပေးအဖြစ် လုပ်ငန်းများကို အောင်မြင်မှုရအောင် လက်တွေ့ ဦးဆောင်ပေးနေသူ ဖြစ်ပါသည်။

📌ဆရာတိုးသည် Company ကြီးများတွင် GM ရာထူးများ၊ Top Management Level ရာထူးမျိုးစုံဖြင့် တာဝန်ယူ ဦးဆောင်​ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။

📌ဆရာရဲ့ ဆယ်စုနှစ် နှစ်စုကျော် Company Management အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး Management ကောင်းသူတစ်ဦးဖြစ်လာစေဖို့ သင်ယူလေ့ကျင့်ပေးသွားမှာမို့ လုံးဝလက်လွတ်မခံကြဖို့ တိုက်တွန်းပါရစေရှင်👏👏👏

#သင်ကြားမှုထိရောက်စေရန်

သတ်မှတ်ထားသည့် သင်တန်းသားဦးရေ ကိုသာ လက်ခံမှာမို့ ကြိုတင်အပ်နှံထားမှ စိတ်ချရပါမယ်ရှင်။

#ပုံမှန်သင်တန်းကြေး 300,000/- ကျပ် အစား
ယခုဖွင့်လှစ်သောအတန်းအတွက်...

အနေဖြင့်...

✅ပထမ အပ်နှံသူ (10) ဦးအတွက် သင်တန်းကြေး 150,000/-ကျပ်😱😱😱

✅ ထိ​ရောက်စွာ သင်ကြား​ပေးနိုင်ဖို့ လူဦးရေ အကန့်သတ်ဖြင့်သာ လက်ခံပေးသွားမှာပါရှင်။

ဒီသင်တန်းကနေ သင့်ရဲ့အလုပ်အတွက် ပိုမိုကောင်းမွန်စနစ်ကျသည့် စီမံခန့်ခွဲမှုများလုပ်ဖို့ သေချာပေါက် အထောက်အကူရစေမှာ ဖြစ်ပါတယ်။

သီးသန့်စီစဉ်လိုသော Companyများ လုပ်ငန်းများအတွက် အထူးဝန်ဆောင်မှုများရယူနိုင်ပါပြီရှင် 😘


*************
သင်တန်းတက်ရောက်မည့်နေ့....................................
10.3.2026 (Tuesday)
11.3.2026 (Wednesday)
12.3.2026 (Thursday)
13.3.2026 (Friday)
14.3.2026 (Saturday)

( Course ဖြစ်ပါသည်)

သင်တန်းတက်ရမည့် အချိန်
***********************
7:30 pm to 10:30 pm
Zoom Face to Face

သင်တန်းအပ်နှံရန်အတွက်
*****
Page Messenger (သို့)

ဖုန်းနံပါတ် 09 255 453 919 (သို့)

Telegram No 09 944 942 891

ဖြစ်စေ ဆက်သွယ်မေးမြန်းပြီး စာရင်းပေးသွင်း နိုင်ပါတယ်ရှင်...



#သင့်တိုးတက်မှုအတွက်ခြေလှမ်းတိုင်းကိုထပ်ဆင့်ပြင်ဆင်ထားဖို့လိုပါတယ်💪💪💪

သေချာဖတ်လေ အသုံးတည့်လေမို့ ရေးခဲ့တဲ့ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်။စီးပွားရေးနှင့်နိုင်ငံရေးလမ်းကြောင်း အစပ်အဟပ်..Pol...
29/09/2025

သေချာဖတ်လေ အသုံးတည့်လေမို့ ရေးခဲ့တဲ့ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်။

စီးပွားရေးနှင့်နိုင်ငံရေးလမ်းကြောင်း အစပ်အဟပ်..
Political trend and Business trend...

မိတ်ဆွေဟာ စီးပွားရေးလုပ်နေသူ ဆိုရင်တော့ စီးပွားရေးနယ်ပယ်ထဲ ရောက်နေပြီဆိုမှတော့ နိုင်ငံရေးအကြောင်း မသိလို့မဖြစ်တော့ပါဘူး။
မသိချင်လို့လဲ မရတော့ပါဘူး။ သိအောင် နားလည်အောင်လုပ်ရပါမယ်။

ကိုယ့်စီးပွားရေးလုပ်ရာ နိုင်ငံရဲ့ နိုင်ငံရေးစနစ် တည်ငြိမ်မှုနဲ့ ​ပြည်သူ့
စီးပွားရေးစိတ်ဝင်စားတဲ့ အစိုးရဟုတ်မဟုတ် ဆိုတဲ့အရာ​တွေက ကိုယ့်လုပ်ငန်းနဲ့ Industrial ကို ကျိန်းသေပေါက် လွှမ်းမိုးသက်ရောက်မှုများ ဖြစ်စေပါတယ်။

တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် မရှိတဲ့နိုင်ငံများဟာ စီးပွားရေးဆုတ်ကပ် ကြုံနိုင်ခြေ အလွန်များပါတယ်။ ဒါ့ကြောင်မို့ ရင်းနှီးမြုပ်နှံသူများ အလွန်ရှောင်သင့်တဲ့ နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ပြီး လက်ရှောင်ကြပါတယ်။

နိုင်ငံရေးစနစ်နဲ့စီးပွားရေးစနစ်တို့ရဲ့ အားမျှခြေကို မတည်ဆောက်နိုင်တဲ့ အကြောင်းအရင်းပေါင်း များစွာရှိနိုင်ပါတယ်။

အဲဒီအရာတွေထဲကမှ အာဏာရယူလိုမှုက ပြည်သူ့အတွက်မဟုတ် နိုင်ငံတည်ဆောက်ဖို့မဟုတ်ပဲ အသုံးချဖို့အတွက် ရည်ရွယ်တဲ့ သူတွေလက်ထဲ အာဏာရောက်နေပြီဆိုရင် စီးပွားရေးပါဝါဆိုတာ လူတစ်စုကောင်းစားရေးပဲ ဖြစ်လာမှာပါ။

တက်လာတဲ့အစိုးရရဲ့ စီးပွားရေးပေါ်လစီနဲ့စီမံမှု၊ အကောင်အထည်ဖော်မှုတို့ အားနည်းခြင်းကလဲ ပြည်သူ့စီးပွားရေးတည်ငြိမ်မှုကို ပျက်ယွင်းစေပြီး နိုင်ငံရေးစနစ်ကိုပါ ထိုးနှက်လာစေပါတယ်။

မည်သည့်အစိုးရမဆို နိုင်ငံရေးစနစ်နှင့် လိုက်ဖက်တဲ့ စီးပွားရေးစနစ် လမ်းကြောင်းကို အကောင်အထည် မဖော်နိုင်သေးသ၍ ရင်းနှီးမြုပ်နှံမှု လုပ်ကြသူများအတွက် ကြီးမားတဲ့ဆုံးရှုံးနိုင်ချေ Risk များ တစ်ချိန်မဟုတ် တစ်ချိန်ကြုံရဖို့ အလွန်များပါတယ်။

စီးပွားရေးစနစ်ကောင်းဆိုတာ တရားမျှတတဲ့ယှဥ်ပြိုင် လုပ်ကိုင်ခွင့်ရ​ကြ​ပြီး လိုအပ်ချက်များကို အစိုးရပံ့ပိုမှုပေးနိုင်တဲ့ ပါဝါနှင့်ပေါ်လစီ ရှိရပါမယ်။
နိုင်ငံရေးစနစ်အောင်မြင်အောင်လုပ်ချင်ရင် ကောင်းမွန်စွာလည်ပတ်နေတဲ့ စီးပွားရေးယန္တရားကို ထူထောင်နိုင်ရပါမယ်။

စီးပွားရေးလုပ်ငန်းရှင်များ Management နယ်ပယ်မှသူများအနေဖြင့် နိုင်ငံရေးစနစ်အခြေမခိုင်သော နိုင်ငံများ သို့မဟုတ် စီးပွားရေယန္တရား စနစ်ကောင်းမရှိသော နိုင်ငံများတွင် မလွှဲသာ၍ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရပါက အောက်ပါအချက်များကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။

၁။ အစိုးရရဲ့ ပါဝါသြဇာတိက္ကမကို ဘယ်သူတွေက ပြောင်းပစ်နိုင်သလဲဆိုတာ မျက်ခြေမပြတ်လေ့လာ စောင့်ကြည့်ပါ။
၂။ စီးပွားရေမှုဝါဒ နှင့်အခင်းအကျင်းများက တကယ်အလုပ်ဖြစ်သလားဆိုတာ အဆင့်တိုင်းကို အကဲဖြတ်စောင့်ကြည့်ပါ။
၃။ လက်ဝါးကြီးအုပ်လည်ပတ်နေသာ စီးပွားရေးလုပ်ငန်းများရဲ့ အခြေအနေကို စမ်းစစ်အတည်ပြု စောင့်ကြည်ပါ။ထိုအုပ်စုနဲ့ယှဥ်ပြိုင်ဖို့ ဆန္ဒမစောမိပါစေနှင့်။
၄။ နိုင်ငံရေးအပြောင်းအလဲဖြစ်လာရင် အထိအနာဆုံးဖြစ်မယ် Industry မျိုးဖြစ်က လက်ရှောင်ပါ။
၅။ ကျွမ်းကျင်တဲ့ Expert Team မရှိပဲနှင့် Investment အကြီးကြီးမြုပ်နှံဖို့ လက်မရဲမိပါစေနှင့်။
၆။ အရင်အပြောင်းအလဲများရဲ့ ဇစ်မြစ်နဲ့ အကျိုးဆက်များကို ပြန်သုံးသပ်ပြီး ကိုယ့်စီးပွားရေးဖြစ်စဥ်မှာ ကြုံတွေရတဲ့အခါ တုံ့ပြန်မယ့် အစီအစဥ်များရေးဆွဲထားပါ။
၇။ ထိပ်တိုက်ကြုံခဲ့သော် အဖွဲ့ရဲ့အားကိုယူပြီး ပြင်ပ ပညာရှင်များနှင့်အမြန်လက်တွဲပြီး ရအောင်ကျော်လွှားပါ။

အောင်မြင်ကြီးပွားနိုင်ကြပါစေ..
ဆရာတိုး
YBMC
27.9.2021

မြန်မာနိုင်ငံရဲ အာဇာနည်နေ့ ဆိုတာ မြန်မာ့လွတ်လပ်ရေးရဖို့ ကြိုးစားနေကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများ တိုင်းပြုပြည်ပြုအရေး...
19/07/2025

မြန်မာနိုင်ငံရဲ အာဇာနည်နေ့ ဆိုတာ မြန်မာ့လွတ်လပ်ရေးရဖို့ ကြိုးစားနေကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများ တိုင်းပြုပြည်ပြုအရေးကြီးတဲ့ ဆွေးနွေးပွဲ လုပ်နေချိန်မှာ အာဏာရူးဦးစောနှင့် လက်ပါးစေတို့ရဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရရှာပါတယ်။

ပြည်သူအားလုံး ကြိမ်မီးအုံးသို့ ပူဆွေးတမ်းတ ဝမ်းနည်းခဲ့ကြရပြီး ထိုနေ့ကိုဘယ်တော့မှ မမေ့နိုင်မည်မဟုတ်ပါ။
ပြည်သူ့သားစဥ်မြေးဆက် ခေတ်အဆက်ဆက်တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့တသ သတိရလျှက် ကျေးဇူးဦးတင် အလေးပြုကြရတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

YANGON Business Management College ၏ မိသားစုများအားလုံးမှ အများပြည်သူများနှင့်ထပ်တူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အောင်မေ့တသ ဦးညွှတ်ပါ၏။

#အာဇာနည်နေ့

မင်္ဂလာရှိသော မြန်မာနှစ်သစ်ပါရှင်🙏 မြန်မာတို့ရဲ့ အလေးထားရတဲ့ နှစ်သစ်ဦး အခါသမယမှာ မြန်မာပြည်သူပြည်သား များအားလုံး ရန်ဘေးဘ...
17/04/2025

မင်္ဂလာရှိသော မြန်မာနှစ်သစ်ပါရှင်🙏

မြန်မာတို့ရဲ့ အလေးထားရတဲ့ နှစ်သစ်ဦး အခါသမယမှာ မြန်မာပြည်သူပြည်သား များအားလုံး ရန်ဘေးဘယာဝေးကွာကြပြီး တစ်နှစ်တာပတ်လုံး အေးချမ်းသာယာကြပါစေရှင်။

ကျန်းမာ ချမ်းသာသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

နှစ်သစ်ရက်မြတ်မင်္ဂလာမှစ ခွန်အားအသစ်တွေတိုးလို့ ဆောင်ရွက်လိုသော ကောင်းသောကိစ္စရပ်များပြီးမြောက် အောင်မြင်ကြပါစေရှင်။

YBMC မိသားစုများမှ ဝမ်းမြောက်စွာဖြင့် မင်္ဂလာနှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏


Happy New Year for All.ချစ်ခင်လေးစားရပါသော မိဘပြည်သူများ၊ YBMC ၏ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းမိတ်ဖက်များအားလုံး မင်္...
01/01/2025

Happy New Year for All.

ချစ်ခင်လေးစားရပါသော မိဘပြည်သူများ၊ YBMC ၏ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းမိတ်ဖက်များအားလုံး မင်္ဂလာနှစ်သစ်ပါရှင် 🙏🙏🙏

2025 နှစ်သစ်နှင့်အတူ မိမိတို့၏ ရည်မှန်းချက်များကို လွယ်ကူစွာဖြင့် ဆောင်ရွက်အောင်မြင်နိုင်ကြပါစေရှင်။

စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဖြာဖြာ တိုးတက်ကြီးပွားကြ၍ စိတ်နှလုံးရွှင်ပြုံးကြည်သာခွင့်ရသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြာင်း YBMC မိသားစုများမှ ဆုမွန်ကောင်းများ တောင်းပေးပါရစေရှင်🙏🙏🙏

မြန်မာပြည်သူပြည်သားများအားလုံး 2025 နှစ်သစ်မှာ အေးချမ်းငြိမ်းချမ်းစွာဖြင့် မိသားစုများ ပျော်ရွှင်စွာဆုံစည်းခွင့်များ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ထပ်လောင်းဆုမွန်ကောင်း တောင်းပေးပါရစေရှင်🙏🙏🙏



 #အမျိုးသားနေ့အောင်ပွဲယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်၊မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ...
25/11/2024

#အမျိုးသားနေ့အောင်ပွဲ

ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်၊
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ ကျရောက်တဲ့( ၁၀၄) ကြိမ်မြောက်အမျိုးသားနေ့ကို YBMC မှလေးမြတ်စွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်။

အမျိုးသားနေ့အောင်ပွဲ ဖြစ်ပေါ်လာရသောအကြောင်းအရင်းအား စုဆောင်းတင်ပြပေးလိုက်ပါတယ်ရှင်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ ကျော်က ဗြိတိသျှတို့လက်အောက်ခံ နယ်ချဲ့ခံခဲ့ရတဲ့မြန်မာနိုင်ငံဟာ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး၊ ပညာရေးတို့အပေါ်နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် စိုးမိုးဗိုလ်ကျခံခဲ့ရပါတယ်။

လွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်နဲ့ကြိုးစားခဲ့ကြတဲ့ လှုပ်ရှားမှုတွေအနက် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ (၁၂၈၂ ခုနှစ် ၊တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်) နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေနှင့် မြန်မာပြည်အနှံ့အပြားမှ အမျိုးသားကျောင်းသားကျောင်းသူတွေဟာ ဗြိတိသျှအစိုးရကို သပိတ်မှောက်ခဲ့တဲ့ လှုပ်ရှားမှုကြီးဟာ သမိုင်းဝင် နေ့စွဲရက်စွဲဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်ဗြိတိသျှအစိုးရရဲ့ကျွန်ပညာရေးအလိုမရှိကြွေးကြော်သံနဲ့အတူစတည်ခဲ့တဲ့ထိုနေ့ထူးဖြစ်တဲ့ အမျိုးသားရေးလှုပ်ရှားမှုဟာ မြန်မာတစ်မျိုးသားလုံးရဲ့အောင်ပွဲဖြစ်ခဲ့သလို၊ နိုင်ငံ့လွတ်လပ်ရေးဆီကို ဦးတည်နိုင်စေခဲ့ပါတယ်။

မျိုးဆက်ဟောင်း ကျောင်းသားကျောင်းသူများရဲ့ အသက်သွေးချွေးတွေ စွန့်လွတ်ပေးဆပ်မှုကနေ အခြေတည်လာခဲ့တဲ့ အမျိုးသားရေးစိတ်ဓာတ်နိုးကြားမှုကနေပြီး မြန်မာပြည်လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့အထိ တွန်းအားဖြစ်ခဲ့ပါတယ်။

အမျိုးသားရေးမျက်စိဖွင့်ပေးခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုရင်း နိုင်ငံတိုးတက်ရေး ဆောင်ရွက်နိုင်ကြပါစေဟု ထပ်လောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။


#အမျိုးသားနေ့အောင်ပွဲ

မြန်မာတို့ရဲ့ လတန်ဆောင်တိုင် 🙏🙏🙏ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်😘😘တန်ဆောင်မုန်းလပြည့် အခါသမယတွင် YBMC ကျောင်းသားကျောင်းသ...
15/11/2024

မြန်မာတို့ရဲ့ လတန်ဆောင်တိုင်
🙏🙏🙏

ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်😘😘

တန်ဆောင်မုန်းလပြည့် အခါသမယတွင် YBMC ကျောင်းသားကျောင်းသူများ၊

မိဘပြည်သူများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြည်လင်ကြပါစေ၊

လုပ်ကိုင်စီးပွားများ တိုးတက်ကြီးပွားအောင်မြင်ကြပါစေကြောင်း YBMC မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ လကောင်းလမြတ်အချိန်ခါထူး၊ နေ့ကောင်းနေ့မြတ်အခါထူးမှာ ဘုရား၊ တရား၊ သံဃာ ဂုဏ်ကျေးဇူး...
17/10/2024

အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့
လကောင်းလမြတ်အချိန်ခါထူး၊
နေ့ကောင်းနေ့မြတ်အခါထူးမှာ
ဘုရား၊ တရား၊ သံဃာ ဂုဏ်ကျေးဇူးအပေါင်းတို့ကြောင့်
မြန်မာပြည်သူပြည်သား မိသားစုများအားလုံးသည်
ရန်သူမျိုးငါးပါး ရန်ဘေးမှ ကင်းကွာပြီး
ကျန်းမာချမ်းသာ သုခအဖြာဖြာ ရရှိနိုင်ကြပါစေရှင် 🙏🙏🙏
လုပ်ကိုင်စီးပွားများ တိုးတက်အောင်မြင်ကြပါစေရှင်🙏🙏🙏

  အတွက်ကြိုတင်အပ်နှံနိုင်ပါပြီရှင်။30.7.2024 နေ့ည ၇ နာရီစမှာပါရှင်။၄ ရက်ဆက်တိုက် ညပိုင်း Zoom Class ပါရှင်။မန်နေဂျာများအ...
21/07/2024

အတွက်ကြိုတင်အပ်နှံနိုင်ပါပြီရှင်။
30.7.2024 နေ့ည ၇ နာရီစမှာပါရှင်။
၄ ရက်ဆက်တိုက် ညပိုင်း Zoom Class ပါရှင်။

မန်နေဂျာများအတွက် စီမံခန့်ခွဲမှုပညာသင်တန်း ကို စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ကြတဲ့ အနယ်အနယ်အရပ်ရပ်မှ မန်နေဂျာများ၊ လုပ်ငန်းရှင်များ၊ဌာနဆိုင်ရာ ဝန်ထမ်းများ တစ်ဦးခြင်းစီတိုင်းကို မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်😘

အောင်မြင်သောမန်နေဂျာ အောင်မြင်သောလုပ်ငန်းရှင်များအနေဖြင့် ရပ်တည်နိုင်ကြပါစေရှင့်😘

ပညာရပ်များကို ဆက်လက်လေ့လာပြီး တစ်ဦးတစ်ယောက်ခြင်းစီ အလုပ်၊ ဘဝ အောင်မြင်ခြင်းများကို တည်ဆောက် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်😘
Manager သင်တန်းအသေးစိတ်ကို Link တွင်ဝင်ဖတ်ရှု့ပေးပါရှင်😘
https://www.facebook.com/share/p/6xUhS6UfcxhAeieG/?mibextid=oFDknk

Team

Address

Magway

Telephone

+959951204365

Website

Alerts

Be the first to know and let us send you an email when YBMC Business Institute Magway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YBMC Business Institute Magway:

Shortcuts

Share

Category