Toe Maung Maung Oo

Toe Maung Maung Oo Author of "AI For Teachers", AI Education Expert, Educational Consultant, Myanmar Teacher

ကျောင်းတစ်ကျောင်းကို အစုအဖွဲ့  တစ်ဖွဲ့တည်းနဲ့ တည်ဆောက်လို့ မရပါဘူး။ “MBA Research မှ သင်ယူမိသော Education & Business Les...
31/08/2026

ကျောင်းတစ်ကျောင်းကို အစုအဖွဲ့ တစ်ဖွဲ့တည်းနဲ့ တည်ဆောက်လို့ မရပါဘူး။

“MBA Research မှ သင်ယူမိသော Education & Business Lessons” - 7

ကျွန်တော့် MBA Research ရဲ့ Theoretical Foundations ထဲမှာ Stakeholder Theory ဆိုတဲ့ အယူအဆတစ်ခုကို အသုံးပြုထားပါတယ်။

ဒီ Theory ရဲ့ အခြေခံအယူအဆက ရိုးရှင်းပါတယ်။

Organization တစ်ခု ရေရှည်အောင်မြင်ချင်ရင် ကိုယ့် Organization အတွက် အရေးပါတဲ့ လူအုပ်စုအားလုံးရဲ့ လိုအပ်ချက်နဲ့ မျှော်လင့်ချက်တွေကို ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ အချက်ပါပဲ။

International School တစ်ကျောင်းအတွက် Stakeholders တွေက—

ကျောင်းသား၊ မိဘ၊ ဆရာ/ဆရာမ၊ ဝန်ထမ်း၊ Management၊ ရင်းနှီးမြှုပ်နှံသူနဲ့ Community တို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် လူတိုင်းက ကျောင်းဆီက တူညီတဲ့အရာကို မမျှော်လင့်ကြပါဘူး။

မိဘတွေက
ပညာရေးအရည်အသွေးကောင်းဖို့နဲ့ ကလေးတိုးတက်ဖို့ မျှော်လင့်တယ်။

ဆရာ၊ ဆရာမတွေက
ကောင်းမွန်တဲ့ Working Environment၊ Support နဲ့ Professional Growth ကို လိုချင်တယ်။

ကျောင်းသားတွေက
လုံခြုံပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ Learning Experience ကို လိုအပ်တယ်။

Community က
ကျောင်းတစ်ကျောင်းအနေနဲ့ Ethical ဖြစ်ဖို့ရယိ၊ လူမှုအသိုင်းအဝိုင်းအပေါ် တာဝန်ယူမှုရှိဖို့ ရယ်မျှော်လင့်ကြပါတယ်။

ဒီနေရာမှာ School Leadership ရဲ့ စိန်ခေါ်မှု စလာပါတယ်။အဖွဲ့တစ်ဖွဲ့ သို့မဟုတ် လူတစ်ယောက်ရဲ့ လိုအပ်ချက်ကိုပဲ အဓိကထားလို့ မရပါဘူး။

မိဘကိုပဲ ကျေနပ်အောင်လုပ်ပြီး Teacher Well-being ကို မေ့ထားလို့မရဘူး။

Teacher ကိုပဲ အဆင်ပြေအောင်လုပ်ပြီး Student Outcomes ကို လျှော့တွက်လို့မရဘူး။

Academic Quality ကိုပဲ လိုက်ပြီး မိဘတွေ မတတ်နိုင်တော့တဲ့ Fee Structure ဖြစ်သွားရင်လည်း ရေရှည်မတည်တံ့နိုင်ဘူး။

Management အဆင်ပြေဖို့ပဲ စဉ်းစားပြီး Student Well-being ကို မေ့ထားလို့လည်း မရပါဘူး။

Leadership ဆိုတာ လူတိုင်းတောင်းဆိုသမျှ လိုက်လုပ်ပေးခြင်းလဲ လုံးဝမဟုတ်ပါဘူး။

မတူညီတဲ့ Stakeholders တွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး
ကျောင်းရဲ့ Vision, Values နဲ့ Long-term Sustainability မပျက်စေဘဲ Balance လုပ်နိုင်ခြင်း ဖြစ်ပါတယ်။

ကျွန်တော့် Research Findings မှာလည်း Communication, Transparency နဲ့ Responsiveness တွေက Stakeholder Confidence တည်ဆောက်ရာမှာ အရေးကြီးကြောင်း တွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် Parent Satisfaction နဲ့ Trust ဟာ Student Retention, Enrolment Growth နဲ့ School Reputation ကို သက်ရောက်စေနိုင်ပါတယ်။

by Toe Maung Maung Oo MBA Thesis

ဒါကြောင့် ကျွန်တော် သဘောပေါက်လာတာက—

ကျောင်းတစ်ကျောင်းဟာ Management ပိုင်တဲ့ Organization တစ်ခုသာ မဟုတ်ပါဘူး။
လူအုပ်စုများစွာရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုအပေါ် တည်ဆောက်ထားတဲ့ Community တစ်ခုလည်း ဖြစ်ပါတယ်။

ကျောင်းတစ်ကျောင်းရဲ့ ရေရှည်အောင်မြင်မှုကို ကြည့်ချင်ရင်—

“ကျောင်းမှာ ဘာတွေရှိသလဲ?” ဆိုတာတင်မမေးဘဲ

“ကျောင်းနဲ့ ဆက်စပ်နေတဲ့လူတွေက ဒီကျောင်းအပေါ် ဘယ်လောက်ယုံကြည်ပြီး အတူလက်တွဲချင်ကြသလဲ?”

ဆိုတာကိုပါ မေးကြည့်ဖို့လိုပါတယ်။

Sustainable School ဆိုတာကို လူတစ်ယောက်တည်းက မတည်ဆောက်နိုင်ပါဘူး။
ယုံကြည်မှုရှိတဲ့ ၊
အခက်အခဲကိုရင်ဆိုင်နိုင်တဲ့၊
Stakeholders တွေ အတူတကွ တည်ဆောက်ထားရတာပဲဖြစ်ပါတယ်။

Toe Maung Maung Oo

နိုင်ငံခြားက အောင်မြင်တဲ့ School Model ကို ဒီအတိုင်းယူသုံးရုံနဲ့ အောင်မြင်နိုင်မလား?“MBA Research မှ သင်ယူမိသော Educatio...
30/08/2026

နိုင်ငံခြားက အောင်မြင်တဲ့ School Model ကို ဒီအတိုင်းယူသုံးရုံနဲ့ အောင်မြင်နိုင်မလား?

“MBA Research မှ သင်ယူမိသော Education & Business Lessons” - 6

ကျွန်တော့် MBA Research မှာ International Schools in Developing Contexts ကို လေ့လာရင်း စိတ်ဝင်စားစရာအချက်တစ်ခု တွေ့ရပါတယ်။

International Education ဆိုတာ နိုင်ငံတကာ Standard ရှိဖို့လိုပါတယ်။

ဒါပေမယ့်

International Standard ရှိခြင်းနဲ့ Foreign Model ကို ဒီအတိုင်း Copy လုပ်ခြင်းဟာ မတူပါဘူး။

ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုမှာ အောင်မြင်နေတဲ့ School Management Model တစ်ခုကို မြန်မာနိုင်ငံမှာ ဒီအတိုင်း ပြန်သုံးလိုက်ရုံနဲ့ တူညီတဲ့ Result ရမယ်လို့ လဲမဆိုနိုင်ပါဘူး။

ဘာကြောင့်လဲ?

ကျွန်တော့် Thesis မှာ Developing Countries တွေက International Schools တွေဟာ

Economic instability
Limited educational infrastructure
Qualified teacher shortage
Fluctuating enrolment နဲ့ Changing regulatory environments စတဲ့

စိန်ခေါ်မှုတွေကြားမှာ လည်ပတ်ရတတ်ကြောင်း လေ့လာထားပါတယ်။

မြို့ကြီးပြကြီးမဟုတ်တဲ့ Regional Area တွေမှာဆိုရင် ပိုပြီးစိန်ခေါ်မှုရှိနိုင်ပါတယ်။

Qualified Teachers ရှာဖို့ခက်နိုင်တယ်။
Professional Development Opportunities ရဖို့ ကန့်သတ်ချက်ရှိနိုင်တယ်။
Market Size သေးနိုင်တယ်။
Educational Resources ရရှိနိုင်မှု နည်းနိုင်တယ်။

ဒါပေမယ့် ကျောင်းကိုကျတော့လဲ International Standard ကို ထိန်းထားရအုံးမယ်ဆိုတဲ့ Challenge တွေရှိပါတယ်။

Financial ပိုင်းမှာလည်း အလားတူပါပဲ။

International Education တစ်ခုတည်ဆောက်ဖို့ Infrastructure, Technology, Curriculum Resources နဲ့ Teacher Development တွေအတွက် ရင်းနှီးမြှုပ်နှံရပါတယ်။

တစ်ဖက်မှာလဲ မိဘတွေရဲ့ Affordability ကိုလည်း ထည့်စဉ်းစားရပါတယ်။

ဒါကြောင့် Quality မြင့်လေလေ Fee မြှင့်လိုက်ရုံပဲလေ ဆိုတဲ့အဖြေက ရေရှည်အဖြေ မဖြစ်နိုင်ပါဘူး။

Educational Quality + Affordability + Cost Management + Operational Efficiency အစရှိတဲ့

ဒီအရာတွေကြားမှာ Balance ရှာနိုင်ဖို့လိုပါတယ်။

Research မှာ ကျွန်တော် ပိုစိတ်ဝင်စားမိတာက Cultural Adaptation ပါ။

International Curriculum သင်တယ်ဆိုတာ ကိုယ့်နိုင်ငံရဲ့ Culture နဲ့ Local Context ကို ဖယ်ပစ်လိုက်တာ မဟုတ်ပါဘူး။

ကျွန်တော့် Thesis မှာလည်း Foreign Educational Model တစ်ခုကို Local Reality မစဉ်းစားဘဲ တိုက်ရိုက်အသုံးချရင် Stakeholder Acceptance နဲ့ Long-term Sustainability မှာ အခက်အခဲတွေ ဖြစ်လာနိုင်ကြောင်း ဆွေးနွေးထားပါတယ်။

ဒီကနေ ကျွန်တော်ရတဲ့ Management Lesson က—

Global Standard ကို ယူပါ။
ဒါပေမယ့် Local Reality ကို နားလည်ပါ။

ကောင်းမွန်တဲ့ School Leadership ဆိုတာ နိုင်ငံခြားက Model တစ်ခုကို Copy ကူးနိုင်ခြင်းမဟုတ်ပါဘူး။

ကိုယ့်ကျောင်းသား၊ ကိုယ့်မိဘ၊ ကိုယ့်ဆရာ၊ ကိုယ့်ဒေသနဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို နားလည်ပြီး Global Standard ကို Local Context နဲ့ အလုပ်ဖြစ်အောင် ပြန်တည်ဆောက်နိုင်ခြင်း ဖြစ်ပါတယ်။

ကျွန်တော့် Research မှာ AMM International School ကိုလည်း ဒီလို Regional International School တစ်ခုအနေနဲ့ Case Study လုပ်ထားပါတယ်။

Resource limitations, market constraints, staffing difficulties နဲ့ operational uncertainty တွေရှိနေချိန်မှာ adaptability, innovation နဲ့ educational quality ကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းနိုင်မလဲဆိုတာ လေ့လာထားပါတယ်။
by Toe Maung Maung Oo MBA Thesis

International ဖြစ်ဖို့ Local ကို စွန့်ပစ်စရာမလိုပါဘူး။

Global Quality ရှိပြီး Local Reality နဲ့ ကိုက်ညီတဲ့ Education Model တစ်ခု တည်ဆောက်နိုင်ခြင်းကပဲ ရေရှည်တည်တံ့မှုအတွက် အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။

Toe Maung Maung Oo

“MBA Research မှ သင်ယူမိသော Education & Business Lessons”    - 5ကျွန်တော့် MBA Research မှာ Social Sustainability ကို လေ...
28/08/2026

“MBA Research မှ သင်ယူမိသော Education & Business Lessons” - 5

ကျွန်တော့် MBA Research မှာ Social Sustainability ကို လေ့လာရင်း အရေးကြီးတဲ့အချက်တစ်ခု ပိုရှင်းလာပါတယ်။

ကျောင်းတစ်ကျောင်းမှာ အဆောက်အဦရှိတယ်။
ပစ္စည်းတွေရှိတယ်။
Technology ရှိတယ်။
ငွေကြေးအရင်းအနှီးရှိတယ်။

ဒါတွေကို Asset အဖြစ် စာရင်းထဲမှာ မြင်နိုင်ပါတယ်။

ဒါပေမယ့် ကျောင်းတစ်ကျောင်းရဲ့ ရေရှည်တည်တံ့မှုကို သက်ရောက်စေတဲ့ မမြင်ရတဲ့ Asset တစ်ခု ရှိပါတယ်။

အဲဒါက Trust — ယုံကြည်မှု ပါ။

ကျွန်တော့် Research Findings မှာ Social Sustainability အတွက်
Parent Engagement,
Student Well-being,
Community Involvement,
Ethical Leadership နဲ့
Transparent Communication တို့ဟာ အရေးကြီးပြီး ဒီအရာတွေက ရေရှည် Stakeholder Trust တည်ဆောက်ရာမှာ အထောက်အကူပြုကြောင်း တွေ့ရှိခဲ့ပါတယ်။

မိဘတွေက ကျောင်းကို ယုံကြည်သလား?

ကျောင်းသားတွေက ကျောင်းမှာ လုံခြုံတယ်၊ သူတို့ရဲ့စကားသံတွေကို နားထောင်ပေးတယ်၊ သူတို့ကိုတန်ဖိုးထားခံရတယ် လို့ ခံစားရသလား?

ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေက Organization ရဲ့ Direction နဲ့ Leadership ကို ယုံကြည်သလား?

Community က ကျောင်းကို တာဝန်ယူမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် မြင်သလား?

ဒီမေးခွန်းတွေရဲ့ အဖြေတွေက ကျောင်းတစ်ကျောင်းရဲ့ Social Sustainability ကို ပြောပြနေပါတယ်။

အထူးသဖြင့် Research မှာ Effective Communication, Transparency နဲ့ Responsiveness တွေဟာ Stakeholder Confidence တည်ဆောက်ရာမှာ အဓိကအချက်တွေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

မိဘတွေရဲ့ Satisfaction နဲ့ Trust ကလည်း Student Retention, Enrolment Growth နဲ့ School Reputation ကို သက်ရောက်စေနိုင်ပါတယ်။

ဒါကြောင့် School Management မှာ ကျွန်တော်တို့ မေးသင့်တာက—

“ဒီနှစ် ကျောင်းသားဘယ်လောက်တိုးလာသလဲ?” တစ်ခုတည်း မဟုတ်ပါဘူး။

“ဒီနှစ် ကျွန်တော်တို့အပေါ် ယုံကြည်မှု ဘယ်လောက်တိုးလာသလဲ?”ဆိုတာကိုပါ မေးဖို့လိုပါတယ်။

Marketing က လူတွေကို ကျောင်းအကြောင်း သိစေနိုင်တယ်။

Promotion က လူတွေကို ကျောင်းထဲ ရောက်လာစေနိုင်တယ်။

ဒါပေမယ့်—

သူတို့ကို ရေရှည်အတူရှိနေစေတာက Trust ပါ။

Trust ဆိုတာ Campaign တစ်ခုနဲ့ တည်ဆောက်လို့မရပါဘူး။

နေ့စဉ်လုပ်ဆောင်မှုတွေ၊
ပြောတဲ့စကားနဲ့ လုပ်တဲ့အလုပ် ကိုက်ညီမှု၊
ပြဿနာဖြစ်လာတဲ့အခါ တာဝန်ယူဖြေရှင်းမှု၊
မိဘတွေနဲ့ ပွင့်လင်းစွာဆက်သွယ်မှု၊
ကလေးတွေရဲ့ Well-being ကို အလေးထားမှု—

ဒီလို အသေးအဖွဲလို့ထင်ရတဲ့ အရာတွေကို နေ့တိုင်းမှန်မှန်လုပ်ခြင်းကနေ Trust တည်ဆောက်လာတာပါ။

ကျွန်တော့် Research ကနေ ရလာတဲ့ သင်ခန်းစာတစ်ခုကတော့—

ကျောင်းတစ်ကျောင်းရဲ့ Brand ဆိုတာ Logo မဟုတ်ပါဘူး။လူတွေရဲ့စိတ်ထဲမှာ အဲဒီကျောင်းအပေါ် တည်ဆောက်ထားတဲ့ ယုံကြည်မှုက တကယ့် Brand ပါ။

Trust တည်ဆောက်ဖို့ နှစ်တွေကြာနိုင်ပါတယ်။
ဒါပေမယ့် အဲဒီ Trust ကပဲ ကျောင်းတစ်ကျောင်းကို ရေရှည်ရပ်တည်နိုင်စေတဲ့ အဖိုးတန်ဆုံး Assets တွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့ AMM ရပ်တည်လာခဲ့တာ 16 နှစ်ကျော်လာခဲ့ပါပြီ။ 🙂🙂🙂

ပုံထဲကကလေးတွေလဲ လူကြီးတွေ စဖြစ်လာခဲ့ကြပါပြီ။

“Developing a Sustainable Business Model for International Schools in Myanmar: A Case Study of AMM International School”

Toe Maung Maung Oo

“MBA Research မှ သင်ယူမိသော Education & Business Lessons”   - 4ကျောင်းရဲ့ Quality ကို Building က ဆုံးဖြတ်တာမဟုတ်ပါဘူး ။ ...
27/08/2026

“MBA Research မှ သင်ယူမိသော Education & Business Lessons” - 4

ကျောင်းရဲ့ Quality ကို Building က ဆုံးဖြတ်တာမဟုတ်ပါဘူး ။ 🙂🙂🙂

ကျွန်တော့် MBA Research မှာ Academic Sustainability ကို လေ့လာရင်း ပိုရှင်းလာတဲ့ အချက်တစ်ခုရှိပါတယ်။

ကျောင်းတစ်ကျောင်းမှာ Building ကောင်းကောင်းရှိနိုင်တယ်။Classroom တွေ လှနိုင်တယ်။
Technology အသစ်တွေ ရှိနိုင်တယ်။
International Curriculum လည်း သုံးထားနိုင်တယ်။

ဒါပေမယ့်

အဲဒီအရာတွေရှိရုံနဲ့ Educational Quality က ရေရှည်ကောင်းနေမယ်လို့ အာမခံလို့ မရပါဘူး။

ကျွန်တော့် Research Findings မှာ
Teacher Competence, Curriculum Quality နဲ့ Continuous Professional Development တွေဟာ Educational Standards နဲ့ Stakeholder Satisfaction ကို ရေရှည်ထိန်းထားနိုင်ဖို့ အရေးကြီးတဲ့အချက်တွေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။


အထူးသဖြင့် ကျွန်တော်စိတ်ဝင်စားမိတာက Teacher Development ပါ။

ဒီနေ့ သင်ကြားနည်းကောင်းတစ်ခုဟာ နောက် ၅ နှစ်အတွက် အမြဲတမ်းအကောင်းဆုံး ဖြစ်နေမှာမဟုတ်ပါဘူး။

Curriculum တွေ ပြောင်းမယ်။
Technology တွေ ပြောင်းမယ်။
AI Tools တွေ ဝင်လာမယ်။
ကလေးတွေရဲ့ Learning Needs တွေလည်း ပြောင်းမယ်။

ဒါကြောင့် ကျောင်းတစ်ကျောင်းရဲ့ Academic Quality ကို ရေရှည်ထိန်းချင်ရင်—

ဆရာတွေကို ခန့်ထားရုံနဲ့ မပြီးပါဘူး။
ဆရာတွေ ဆက်လက်တိုးတက်နေမယ့် System တစ်ခု တည်ဆောက်ထားဖို့ လိုပါတယ်။

ကျွန်တော့် Thesis မှာ Academic Sustainability ကို အရည်အသွေးမြင့်သင်ကြားမှု၊
Curriculum ကို ထိရောက်စွာအကောင်အထည်ဖော်မှု၊ Continuous Improvement နဲ့
Positive Student Outcomes တွေကို အချိန်ကြာလာတာနဲ့အမျှ ဆက်လက်ထိန်းသိမ်းနိုင်ခြင်း လို့ အဓိကထားတင်ပြခဲ့ပါတယ်။

ဒီအချက်က School Management လုပ်လာတဲ့အခါ ကျွန်တော်တို့ သတိထားရမယ့် အရာတစ်ခုကို ပြောနေပါတယ်။

ကျောင်းသားကို သင်ပေးနေတဲ့ ဆရာတွေကိုလည်း ကျောင်းက ဆက်ပြီးသင်ပေးနေရပါမယ်။

Teacher Training၊
Classroom Observation၊
Feedback၊
Curriculum Monitoring၊
Technology Integration နဲ့ Continuous Improvement တွေဟာ ကုန်ကျစရိတ်သက်သက် မဟုတ်ပါဘူး။

ကျောင်းရဲ့ ရေရှည် Academic Quality အတွက် Investment တွေပါ။

Research Findings မှာလည်း
continuous teacher professional development, curriculum monitoring,
technology integration နဲ့ quality assurance practices တွေက Academic Sustainability ကို အထောက်အကူပြုကြောင်း တွေ့ရှိရေးသားထားပါတယ်။

ကျွန်တော်ယုံကြည်တာကတော့

ကျောင်းကောင်းတစ်ကျောင်းဆိုတာ
ဆရာကောင်းတွေရှိတဲ့ကျောင်းတစ်ကျောင်းဆိုတဲ့ အဓိပ္ပါယ်တင်မကပါဘူး။

ဆရာတွေကို တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာအောင်တည်ဆောက်ပေးနိုင်တဲ့ကျောင်း ဖြစ်ရပါမယ်။

Building တစ်ခုတည်ဆောက်ဖို့ ငွေလိုပါတယ်။

Academic Culture တစ်ခုတည်ဆောက်ဖို့တော့
အချိန်၊ Leadership နဲ့ Continuous Learning လိုပါတယ်။

Toe Maung Maung Oo

“MBA Research မှ သင်ယူမိသော Education & Business Lessons”   - 3ကျောင်းအုပ်ချုပ်မှုမှာ “Trust” ကို စာရင်းထဲ ထည့်တွက်ဖူးပါ...
27/08/2026

“MBA Research မှ သင်ယူမိသော Education & Business Lessons” - 3

ကျောင်းအုပ်ချုပ်မှုမှာ “Trust” ကို စာရင်းထဲ ထည့်တွက်ဖူးပါသလား?

School Management မှာ
Revenue ရှိတယ်။
Expenses ရှိတယ်။
Assets ရှိတယ်။

ဒါပေမယ့် Balance Sheet မှာ အလွယ်တကူ မမြင်နိုင်တဲ့ အဖိုးတန် Asset တစ်ခုလည်း ရှိပါတယ်။

အဲဒါက—

Stakeholder Trust ပါ။

မိဘက ကျောင်းကို ယုံကြည်သလား။

ဆရာ၊ ဆရာမတွေက Leadership ကို ယုံကြည်သလား။

ကျောင်းသားတွေက သူတို့ရဲ့ School Environment ကို လုံခြုံပြီး ယုံကြည်ရတယ်လို့ ခံစားရသလား။

Community က ကျောင်းရဲ့လုပ်ဆောင်မှုတွေကို ယုံကြည်လက်ခံသလား။

ကျွန်တော့် MBA Research မှာလည်း Stakeholder Trust ဟာ ကျောင်းရဲ့ Sustainability အတွက် အရေးကြီးတဲ့အချက်တစ်ခုအဖြစ် ထွက်ပေါ်လာပါတယ်။

Trust ကို Advertising နဲ့ ဝယ်လို့မရပါဘူး။

Communication, Transparency, Consistency နဲ့ Responsibility တွေကနေ တဖြည်းဖြည်း တည်ဆောက်ရတာပါ။

ကျောင်းတစ်ကျောင်းရဲ့ Brand ဆိုတာ Logo တစ်ခု မဟုတ်ပါဘူး။

လူတွေရဲ့စိတ်ထဲမှာ ကျောင်းအပေါ်ရှိနေတဲ့ “ယုံကြည်မှု” က တကယ့် Brand ဖြစ်ပါတယ်။



— Toe Maung Maung Oo

“MBA Research မှ သင်ယူမိသော Education & Business Lessons”   - 2ကျောင်းတစ်ကျောင်းရဲ့ အကြီးမားဆုံး Asset က ဘာလဲ?Building လ...
26/08/2026

“MBA Research မှ သင်ယူမိသော Education & Business Lessons” - 2

ကျောင်းတစ်ကျောင်းရဲ့ အကြီးမားဆုံး Asset က ဘာလဲ?

Building လား?
Technology လား?
Capital လား?

ကျွန်တော့် MBA Research မှာ ဖော်ပြထားတဲ့ အချက်တစ်ခုကတော့—

Teacher Quality ဟာ ကျောင်းတစ်ကျောင်းရဲ့ အရေးကြီးဆုံး Strategic Resources တွေထဲက တစ်ခု ဖြစ်ပါတယ်။

အဆောက်အဦကောင်းတာကို ပြိုင်ဘက်က လိုက်တည်ဆောက်နိုင်ပါတယ်။

Technology အသစ်ကိုလည်း ဝယ်ယူနိုင်ပါတယ်။

ဒါပေမယ့်—

ကောင်းမွန်တဲ့ ဆရာတစ်ယောက်ရဲ့
Experience၊ Teaching Skill၊ Mindset နဲ့ ကျောင်းအတွင်းမှာ တည်ဆောက်ထားတဲ့ Culture ကိုတော့ တစ်ရက်တည်းနဲ့ ဝယ်ယူလို့မရပါဘူး။

ဒါကြောင့် ကျောင်းတစ်ကျောင်း ရေရှည်တိုးတက်ချင်ရင်

Teacher Recruitment တစ်ခုတည်းကို အာရုံမစိုက်ဘဲ Teacher Development ကိုပါ ရေရှည်ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။

ဆရာတွေ တိုးတက်လာရင်
Teaching Quality တိုးတက်လာမယ်။

Teaching Quality တိုးတက်လာရင်
Student Outcomes တိုးတက်လာမယ်။

အဲဒီကနေ မိဘတွေရဲ့ Trust နဲ့ School Reputation တည်ဆောက်နိုင်လာပါမယ်။

ကျောင်းတစ်ကျောင်းရဲ့ ရေရှည်တိုးတက်မှုဟာ ဆရာတွေရဲ့ တိုးတက်မှုနဲ့ ခွဲခြားလို့မရပါဘူး။

Toe Maung Maung Oo

MBA Research မှ သင်ယူမိသော Education & Business Lessons”   - 1 ကျောင်းတစ်ကျောင်း ရေရှည်တည်တံ့ဖို့ ကျောင်းသားများရုံနဲ့ မ...
26/08/2026

MBA Research မှ သင်ယူမိသော Education & Business Lessons” - 1

ကျောင်းတစ်ကျောင်း ရေရှည်တည်တံ့ဖို့ ကျောင်းသားများရုံနဲ့ မလုံလောက်ပါဘူး

ကျောင်းတစ်ကျောင်း အောင်မြင်တယ်ဆိုတာ
ကျောင်းသားအရေအတွက် များနေတာတစ်ခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။

ကျွန်တော့်ရဲ့ MBA Thesis အတွက်
International School တွေရဲ့ ရေရှည်တည်တံ့နိုင်မှု (Sustainability) ကို လေ့လာခဲ့ပါတယ်။

လေ့လာမှုကနေ ပိုပြီးသဘောပေါက်လာတာတစ်ခုက—

ရေရှည်တည်တံ့တဲ့ ကျောင်းတစ်ကျောင်းမှာ အနည်းဆုံး မဏ္ဍိုင် ၃ ခု ဟန်ချက်ညီဖို့လိုပါတယ်။

1. Financial Sustainability
ကျောင်းရဲ့ ဝင်ငွေ၊ အသုံးစရိတ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရေရှည်အမြင်နဲ့ စီမံနိုင်ဖို့။

2. Academic Sustainability
ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး၊ Curriculum နဲ့ Teaching Quality ကို တစ်နှစ်ပြီးတစ်နှစ် ပိုကောင်းလာအောင် တည်ဆောက်နိုင်ဖို့။

3. Social Sustainability
မိဘ၊ ကျောင်းသား၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းနဲ့ Community တို့ရဲ့ ယုံကြည်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့။

ဒီသုံးခုထဲက တစ်ခုခု အားနည်းလာရင် ကျောင်းရဲ့ ရေရှည်တည်တံ့နိုင်မှုလည်း အားနည်းလာနိုင်ပါတယ်။

ဒါကြောင့်—

“ကျောင်းတစ်ကျောင်းကို ကြီးအောင်လုပ်ဖို့ထက်
ရေရှည်တည်တံ့အောင် တည်ဆောက်ဖို့က ပိုအရေးကြီးပါတယ်။”

ဒီအချက်က ကျွန်တော့် MBA Research ကနေ ရရှိခဲ့တဲ့ အရေးကြီးဆုံး သင်ခန်းစာတွေထဲက တစ်ခုပါ။
………………………………………………………………………..

ဒီအကြောင်းအရာတွေဟာ ကျွန်တော့်ရဲ့ MBA Thesis

“Developing a Sustainable Business Model for International Schools in Myanmar: A Case Study of AMM International School” ခေါင်းစဉ်ထဲကနေ Note ထုတ်ပြီး မြန်မာလို ရေးသားထားတာပဲဖြစ်ပါတယ်။

Toe Maung Maung Oo

💻 ကလေးက Computer သုံးတတ်ပြီဆိုတာနဲ့ ICT တတ်ပြီလို့ ပြောလို့ရပြီလား?ဒီနေ့ကလေးတွေကို ကြည့်ရင် Technology နဲ့ မစိမ်းကြတော့ပ...
25/08/2026

💻 ကလေးက Computer သုံးတတ်ပြီဆိုတာနဲ့ ICT တတ်ပြီလို့ ပြောလို့ရပြီလား?

ဒီနေ့ကလေးတွေကို ကြည့်ရင် Technology နဲ့ မစိမ်းကြတော့ပါဘူး။

YouTube ရှာတတ်တယ်။
Game ဆော့တတ်တယ်။
Social Media သုံးတတ်တယ်။
App တွေ Install လုပ်တတ်တယ်။

ဒါပေမယ့် ကျွန်တော်တို့ ပြန်မေးသင့်တာက—

“Technology ကို အသုံးပြုနေတာလား၊
Technology ကို အသုံးချတတ်နေတာလား?”

ဒီနှစ်ခုက အတော်ကွာပါတယ်။

Computer တစ်လုံးရှေ့မှာ ထိုင်လိုက်တဲ့အခါ File နဲ့ Folder ကို စနစ်တကျ စီမံတတ်သလား?

Word နဲ့ Assignment တစ်ခု Professional Format ဖြစ်အောင် ရေးတတ်သလား?

Excel မှာ Data တွေကို စနစ်တကျ ထည့်သွင်းပြီး တွက်ချက်တတ်သလား?

Presentation တစ်ခုကို ကိုယ်တိုင် စဉ်းစားတည်ဆောက်ပြီး တင်ပြတတ်သလား?

Internet ပေါ်က Information တစ်ခု မှန်/မမှန် ခွဲခြားစစ်ဆေးတတ်သလား?

AI ကို အဖြေကူးဖို့မဟုတ်ဘဲ ကိုယ့်ရဲ့ Learning နဲ့ Productivity ပိုကောင်းလာအောင် အသုံးချတတ်သလား?

Computer မှာ အခြေခံပြဿနာတစ်ခုဖြစ်လာရင် ဘာဖြစ်နေလဲဆိုတာ စဉ်းစားပြီး ဖြေရှင်းတတ်သလား?

ဒီ Skills တွေကမှ ကလေးတစ်ယောက်ရဲ့ Digital Readiness ပါ။

အနာဂတ်မှာ ICT ဟာ Computer Subject တစ်ခုတည်း မဟုတ်တော့ပါဘူး။

University သွားလည်းလိုမယ်။
အလုပ်ခွင်ဝင်လည်းလိုမယ်။
Business လုပ်လည်းလိုမယ်။
AI ခေတ်မှာ ပိုပြီးလိုလာမယ်။

ဒါကြောင့် ကလေးတွေကို Technology သုံးခွင့်ပေးရုံ မဟုတ်ဘဲ Technology ကို မှန်ကန်စွာ၊ လုံခြုံစွာ၊ ထိရောက်စွာ အသုံးချတတ်အောင် သင်ပေးဖို့ လိုပါတယ်။

ဒီရည်ရွယ်ချက်နဲ့ပဲ AMM ICT Foundation Classes – New Batches ကို မကြာမီ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Computer Fundamentals ကနေ

Office Productivity • Internet & Digital Literacy • AI Tools • Computer Systems • Networking • Cybersecurity အထိ—

အသက်အရွယ်နဲ့ Level အလိုက် တစ်ဆင့်ချင်း တကယ်အသုံးချတတ်အောင် လေ့ကျင့်သင်ကြားပေးသွားပါမယ်။

**Don’t raise children who only consume technology.

Raise children who can use technology to learn, create and solve problems.**

ကလေးတွေကို ဖုန်းနဲ့ Computer သုံးတတ်ရုံမှာ မရပ်ထားပါနဲ့။

Digital World ကို ကိုင်တွယ်နိုင်တဲ့သူတွေ ဖြစ်လာအောင် ပြင်ဆင်ပေးကြရအောင်။

💻 AMM ICT FOUNDATION — NEW BATCHES COMING SOON

📱📱📱09408800010, 09408800020

ကျွန်တော်လဲ ပါဝင်သင်မယ့် အတန်းပါ။
25/08/2026

ကျွန်တော်လဲ ပါဝင်သင်မယ့် အတန်းပါ။

🎓💻 **AMM ICT FOUNDATION 6 — UNIVERSITY READINESS PROGRAM**

# # # တက္ကသိုလ်တက်ဖို့ ဘာသာရပ်တွေတင် ပြင်ဆင်ထားရုံနဲ့ လုံလောက်ပြီလား?

University ရောက်တဲ့အခါ
Assignment ရေးရမယ်၊
Report တင်ရမယ်၊
Presentation ပြင်ရမယ်၊
Data တွေ စီမံရမယ်၊
Online Learning Platform တွေ သုံးရမယ်၊
AI Tools တွေကို သင်ယူရေးအတွက် အသုံးချရမယ်။

ဒီအလုပ်တွေအားလုံးအတွက် **Computer ကို လက်တွေ့အသုံးချတတ်ဖို့** လိုပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် Laptop မှာ Windows ပျက်သွားရင်၊ Software လိုအပ်လာရင်၊ Computer နှေးလာရင်
**သူများကို အမြဲအားကိုးနေရမယ့် ကျောင်းသားမဟုတ်ဘဲ ကိုယ်တိုင်ဖြေရှင်းတတ်တဲ့ University Student** တစ်ယောက်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။

ဒါကြောင့် AMM International School မှာ

🎓 **ICT FOUNDATION 6 — UNIVERSITY READINESS PROGRAM**

ကို တက္ကသိုလ်မတက်မီ မဖြစ်မနေလိုအပ်မယ့် **Practical Digital Skills** တွေအတွက် အထူးပြင်ဆင်ထားပါတယ်။

# # # 💻 University Study Skills

📄 **Microsoft Word**
Assignment, Report, Academic Document တွေကို စနစ်တကျရေးသား၊ Format ချ၊ Table, Image, Reference နဲ့ Page Setup တွေကို ကိုယ်တိုင်ပြုလုပ်မယ်။

📊 **Microsoft Excel**
Data တွေ စုစည်းမယ်၊ Formula & Function တွေသုံးမယ်၊ Table, Chart နဲ့ Basic Data Analysis လုပ်မယ်။

📽️ **Microsoft PowerPoint**
University Presentation တွေကို စနစ်ကျပြီး Professional ဖြစ်အောင် ကိုယ်တိုင်ဖန်တီးတတ်မယ်။

🎨 **Canva for Education**
Presentation, Infographic, Poster နဲ့ Academic Visual Materials တွေ ဖန်တီးမယ်။

🤖 **AI Tools for Education**
Research, Brainstorming, Summarizing, Study Support နဲ့ Presentation Preparation တွေအတွက် AI ကို **မှန်ကန်ပြီး တာဝန်ယူမှုရှိရှိ** အသုံးချတတ်မယ်။

---

# # # 🖥️ ဒါပေမယ့် Foundation 6 ရဲ့ ထူးခြားချက်က ဒီမှာပါ…

University Student တစ်ယောက်အနေနဲ့ **Laptop ကို သုံးတတ်ရုံမဟုတ်ဘဲ ကိုယ်တိုင် Manage လုပ်တတ်ဖို့** သင်ကြားပေးမှာဖြစ်ပါတယ်။

🪟 **Windows Installation**
• Windows ကို ကိုယ်တိုင် Install လုပ်မယ်
• Partition & Basic System Setup ပြုလုပ်မယ်
• Driver တွေ Install လုပ်မယ်
• User Account နဲ့ Basic Security Setup လုပ်မယ်

⚙️ **Software Installation**
• လိုအပ်တဲ့ Software ကို ကိုယ်တိုင် Install / Uninstall လုပ်မယ်
• Software Compatibility နားလည်မယ်
• Update & Maintenance လုပ်တတ်မယ်
• University အတွက် အသုံးများတဲ့ Essential Software တွေကို စနစ်တကျအသုံးပြုတတ်မယ်

🔧 **Personal PC Tuning & Maintenance**
• Computer နှေးရင် ဘာလုပ်ရမလဲ သိမယ်
• Storage ကို စနစ်တကျ စီမံတတ်မယ်
• Startup Programs တွေ Manage လုပ်မယ်
• Basic Virus & Security Awareness ရှိမယ်
• Backup & System Maintenance ကိုယ်တိုင်လုပ်တတ်မယ်

🖥️ **Computer System Fundamentals**
CPU, RAM, SSD/HDD နဲ့ Computer Components တွေ ဘယ်လိုအလုပ်လုပ်သလဲကို နားလည်လာပြီး Basic Troubleshooting ကိုယ်တိုင်လုပ်နိုင်လာမယ်။

---

# # # 🎯 Foundation 6 ပြီးတဲ့အခါ…

✅ Assignment ကို ကိုယ်တိုင် Professional ဖြစ်အောင် ပြင်နိုင်မယ်
✅ Excel နဲ့ Data စီမံနိုင်မယ်
✅ Presentation ကို ကိုယ်တိုင်ဖန်တီးနိုင်မယ်
✅ Canva နဲ့ Academic Visual Content ပြုလုပ်နိုင်မယ်
✅ AI Tools ကို လေ့လာရေးအတွက် ထိရောက်စွာ အသုံးချနိုင်မယ်
✅ **Windows ကိုယ်တိုင်တင်နိုင်မယ်**
✅ **လိုအပ်တဲ့ Software ကိုယ်တိုင်ထည့်နိုင်မယ်**
✅ **Laptop / PC ရဲ့ Basic Problems တွေ ကိုယ်တိုင်ဖြေရှင်းနိုင်မယ်**
✅ ကိုယ်ပိုင် Computer ကို ကိုယ်တိုင်ထိန်းသိမ်းနိုင်မယ်

# # # 💡 University မတက်ခင် Laptop တစ်လုံးရှိတာထက်

# # # **အဲ့ဒီ Laptop ကို ကိုယ်တိုင်အသုံးချ၊ ပြင်ဆင်၊ ထိန်းသိမ်းနိုင်တာက ပိုအရေးကြီးပါတယ်။**

🎓 **AMM ICT FOUNDATION 6**

# # # **UNIVERSITY READINESS PROGRAM**

**Use it. Install it. Fix it. Create with it.**

University Life ကို
**Computer မသိလို့ မလုပ်တတ်တဲ့ Student** အဖြစ်မစတင်ဘဲ
**Digital Independent Student** တစ်ယောက်အဖြစ် စတင်လိုက်ပါ။

🏫 **AMM International School, Magway**
📞 **09408800010 / 09408800020**

💻 **Preparing Students for University, Career & the Digital Future.**

25/08/2026

🐍 ICT FOUNDATION 5 — PROGRAMMING WITH PYTHON

Computer ကို သုံးတတ်ရုံကနေ တစ်ဆင့်တက်ပြီး
Computer ကို အမိန့်ပေးတတ်တဲ့ Programmer တစ်ယောက်အဖြစ် စတင်လိုက်ပါ။

AMM International School ရဲ့ ICT Foundation 5 မှာ ကလေးတွေကို Python Code ရေးခိုင်းရုံမဟုတ်ဘဲ

Computer ဘယ်လိုအလုပ်လုပ်သလဲ →
Data ဘယ်လိုသိမ်းသလဲ →
Coding Logic ဘယ်လိုတည်ဆောက်သလဲ →
Program တစ်ခု ဘယ်လိုဖန်တီးသလဲ ဆိုတာအထိ အခြေခံကနေ နားလည်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

💻 သင်ယူရမယ့် အကြောင်းအရာများ

• How Computers Work
• Digital Data
• Binary System
• Numbering Systems
• Coding Concepts
• Algorithm & Logical Thinking
• Source Code & Machine Code
• Python Programming
• Input / Output
• Variables & Basic Programs
• Python Mini Projects

ဒီ Level မှာ ကလေးတွေဟာ Algorithm စဉ်းစားခြင်း၊ Problem Solving လုပ်ခြင်း၊ Python Code ရေးခြင်းနဲ့ ကိုယ်ပိုင် Mini Projects ဖန်တီးခြင်း တွေကို လက်တွေ့လုပ်ဆောင်ရမှာပါ။

🎯 Foundation 5 ပြီးသွားတဲ့အခါ

✅ Computer System အလုပ်လုပ်ပုံကို နားလည်လာမယ်
✅ Binary & Digital Data အခြေခံ သိလာမယ်
✅ Algorithm နဲ့ Logical Thinking တိုးတက်လာမယ်
✅ Python Programming အခြေခံ Code တွေ ရေးနိုင်မယ်
✅ Input, Output & Variables ကို အသုံးချနိုင်မယ်
✅ ကိုယ်ပိုင် Python Mini Projects တွေ စတင်ဖန်တီးနိုင်လာမယ်

Don’t Just Use Technology — Learn How to Program It.

🧠 Think → Code → Solve → Create

📅 New Batch Starts — 5 September 2026
👦👧 Ages 6 Years to 16 Years
📍 AMM International School, Magway
📞 09408800010 / 09408800020

🚀 ICT FOUNDATION 5 — Programming with Python
Building Logical Thinkers, Problem Solvers & Future Programmers.

Address

Myo Pat Road
Magway

Alerts

Be the first to know and let us send you an email when Toe Maung Maung Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share