UM Delivery Service - Magway

UM Delivery Service - Magway

Share

ကျွန်တော်တို့နဲ့အတူ ယုံကြည်စိတ်ချရမှုကိုတည်ဆောက်လိုက်ပါ

31/12/2020

လူတစ်ယောက်ရဲ့ တစ်နေ့တာပတ်ဝန်းကျင်မှာ မှာ စိတ်မချမ်းသာစရာ စိတ်ညစ်ညူး စရာ ၊ ဒေါသထွက် စရာ စတဲ့ မကောင်းသော ခံစားချက် တွေ နဲ့ပြည့်နှက် လို့နေပါတယ်။ ကျွန်တော်တို့ လူသားအများစု ဟာလည်း အဲ့ဒီ့ခံစားချက်တွေနောက် လိုက်ပါစီးမြောရင်း တ်ိုတောင်းလှတဲ့ ဘဝ အချိန်ကို မ​ပျော်မရွှင် ဖြတ်သန်းနေတတ်ကြပါတယ် ။

ဒါကြောင့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ကူးပြောင်းမယ့် အချိန်ကာလ မှာမိတ်ဆွေတို့အနေနဲ့ မကောင်းတဲ့ ခံစားချက်တွေကို နှစ်ဟောင်းမှာ ထားခဲ့ နိုင်ပြီး နှစ်သစ်မှာ စိတ်ချမ်း​သာခြင်း ၊ ပျော်ရွှင်တက်ကြွ ခြင်း ၊ ဝမ်းသာ ပီတိ ဖြစ်ခြင်း စတဲ့ ကောင်းသော ခံစားချက်များ နဲ့ မိမိတို့ရဲ့ လုပ်ငန်းများ ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပြီး စီပွား လာဘ်လာဘ များ တိုးတတ်ပါစေကြောင်း မျှော်လင့် လျှက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

23/03/2020

💢အလေအလွင့်မရှိရေး💢
*တချို့စီးပွားရေးလုပ်ငန်းတွေဟာ ၀င်ငွေရရှိ‌ရေးကိုချည်း အာရုံစိုက်ပြီးအလောတကြီး လုပ်ကိုင်ကြတဲ့အတွက် လုပ်ငန်းဖြစ်စဉ်တွေရဲ့ အရေးပါပုံကို မမြင်ကြဘူး။
*အလေအလွင့်တွေ ဖြစ်နေခြင်းရဲ့ ဆိုးကျိူးကိုလည်းမမြင်ကြတော့ဘူး။
*တနည်းအားဖြင့် နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ထောင့်စေ့အောင် စနစ်တကျလုပ်ကိုင်နိုင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဟာ ကျွမ်းကျင်ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေထက် သိသိသာသာ အားသာချက်တွေရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

👇 👇 👇
*အယူအဆ*

*ထိပ်တန်းဂျပန်ကုမ္ပဏီတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်လို Muda လို့ခေါ်တဲ့(အလေအလွင့်မရှိရေး) ကို ဦးတည်ပြီး ကုန်ကျစရိတ်သက်သာအောင် အားထုတ်ခဲ့ကြတယ်။
*အနောက်တိုင်း ကုမ္ပဏီတွေဟာ 1970 ပြည့်လွန်ကစပြီး အနှစ်20 လောက်အတွင်း အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့တဲ့ အဲ့ဒီ Muda ခေါ် အလေအလွင့်ပပျောက်ရေးစနစ်တွေ အတိုင်းအရေးယူဆောင်ရွက်ခဲ့ကြတယ်။
* အချိန်မီ လုပ်ကိုင်ဆောင်ရွက်ရမယ်။ အလေအလွင့်မရှိစေရဆိုတဲ့ အယူအဆတွေကြောင့် စီးပွားရေးလုပ်ငန်းလောကမှာ 'လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း'၊'လုပ်ငန်းအဆင့်ဆင့်ကို ကောက်ကြောင်းလိုက်ခြင်း' နဲ့ 'လုပ်ပုံကိုင်ပုံ ပြန်လည်ပြုပြင်ခြင်း'ဆို‌တဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ဒီဝေါဟာရတွေကို အင်္ဂလိပ်လို အစဉ်လိုက်ဖော်ပြရင်

✨Process Analysis ၊ Process Mapping နဲ့ Reengineering✨

တို့ဖြစ်ပါတယ် ။ 'လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း' ဆိုတာ လုပ်ငန်းစဉ်တစ်လျှောက် ဘာတွေဖြစ်လာလို့ အဆုံးမှာ ဘာတွေဖြစ်သွားတယ်ဆိုတာ သိဖို့လိုတတ်ပါတယ်။
* Harley-Davidson ဟာ 1970 ပြည့်လွန် ဆယ်နှစ်တာကာလအတွင်းက အခက်အခဲတွေ ကြုံတွေ့ရပြီးကြုံတွေ့ရပြီးနောက်ပိုင်း Chis ပြည်နယ်ရှိ Honda မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံကို သွားလေ့လာတယ်။
* Honda ရဲ့ စက်ရုံနဲ့ Harely-Davidson ရဲ့ မန်နေဂျာတွေဟာ JIT စနစ်ကို ကျင့်သုံးဖို့လိုပြီဆိုတာသိလာကြတယ်။
*JIT (Just In Time ) ကုန်ထုတ်လုပ်ရေးဆိုတော့ ၀ယ်သူရှိမှ ထုတ်လုပ်တဲ့ စနစ်ဖြစ်တယ်။ တစ်နည်းအားဖြင့် MAN ( M-Materials As Need ) လို့လည်းခေါ်တယ်။ ဒါလည်း လိုသလောက်ပဲ ပစ္စည်းထုတ်လုပ်တာပါပဲ။
* ထုတ်လုပ်ရေးနဲ့ အကျုံး၀င်တဲ့ လုပ်ငန်းတွေကို တစ်စုတစ်ဝေးတည်း ထားလိုက်တယ်။ဒါကြောင့် တစ်နေရာမှတစ်နေရာ ထုပ်ပိုးရွှေ့ပြောင်းသယ်ယူသွားရတဲ့အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အစောကြီးကြိုပြီး များများစားစား ထုတ်လုပ်မထားဘူး။
*ဒီတော့ ကုန်ထုတ်လုပ်ရေးအတွက် နေရာတွေပိုရလာပါတယ်။လယ်ယာနဲ့စိုက်ပျိုးရေးဆိုင်ရာ စက်ယန္တားကြီးတွေကို ထုတ်လုပ်တဲ့ Caterpillar ကုမ္ပဏီဟာလည်း အလားတူလုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်။
*ဒီကုမ္ပဏီဟာ သူ့ရဲ့ပြိုင်ဘက် ဂျပန်ကုမ္ပဏီ Komatsu နဲ့ ကုန်ထုတ်လုပ်မှုစရိတ်ချင်း နှိုင်းယှဉ်လိုက်ရင် သိသိသာသာကြီးပိုများနေတာ သိသွားတယ်။ ဂျပန်ကုမ္ပဏီလုပ်တဲ့အတိုင်း ကုန်ထုတ်လုပ်ငန်းစဉ်ထဲမှာ အကျုံး၀င်တဲ့ လုပ်ငန်းပိုင်းတွေကို တစ်ခုနဲ့တစ်ခု၊ တစ်နေရာနဲ့တစ်နေရာ နီးနီးကပ်ကပ်ထားပြီး စက်ရုံရဲ့အခင်းအကျင်းကို ပြန်လည်ဖွဲ့စည်းလုပ်ကိုင်လိုက်တဲ့အခါHandling Expenses လို့ခေါ်တဲ့ကိုင်တွယ်စရိတ်(ပစ္စည်းတွေကို ထုတ်ပိုးသယ်ယူရွှေ့ပြောင်းပေးရတဲ့အတွက် ကုန်ကျစရိတ်)တွေ သက်သာသွားနိုင်တယ်။

*ထုတ်ထုပ်ရမယ့်ပစ္စည်းအရေအတွက် ကိုလည်း ထိန်းညှိပေးသွားနိုင်ရုံသာမက ပစ္စည်းတစ်ခုချင်းရဲ့ အစက အဆုံး ထုတ်လုပ်ကြတဲ့ အချိန်ဟာလည်း ၈၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်။

👇 👇 👇
*လက်တွေဆောင်ရွက်ရန်*

ကိုယ်ရဲ့ကုန်ထုတ်လုပ်မှုဖြစ်စဉ်ဟာ ထိရောက်မှုရှိရဲ့လား၊အလေအလွင့်တွေ!အလဟဿဖြစ်နေတာတွေရှိမလားဆိုတာစိစစ်ကြည့်ပါ။

*ဒီအလုပ်တွေလုပ်နေတဲ့သူတွေကိုဘယ်လိုပိုကောင်းအောင်ထိရောက်အောင်လုပ်မလဲဆိုတာ အကြံဥာဏ်တောင်းပါဝန်ဆောင်မှုပဲလုပ်လုပ်! ကုန်ပစ္စည်းထုတ်လုပ်ရေးပဲလုပ်လုပ် ဒီလိုပဲ အကြံဉာဏ်တောင်းသင့်တယ်။
*လုပ်ငန်းတွေထိရောက်မှုမရှိဘူးဆိုရင် အဲဒီအဖြစ်မျိုးနည်းသွားအောင် ဘယ်လိုလုပ်မလဲ စရိတ်ကျဉ်းကျဉ်းနဲ့ ထိရောက်တဲ့နည်းကိုဘယ်လိုရှာမလဲ ဆိုတာနဲပတ်သက်ပြီး ရှင်းလည်းရှင်း၊လက်တွေ့လည်းလုပ်နိုင်တဲ့ အစီအစဉ်တစ်ရပ် ကြံဆဆောင်ရွက်ပါ။

*ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုအောင်မြင်မလဲ။အဲဒီအောင်မြင်မှုကိုဘယ်လိုတိုင်းတာမလဲ!(တစ်နည်း ဘာကြောင့် အောင်မြင်တယ်လို့ပြောနိုင်တာလဲ)ဆိုတာနဲ့ဘယ်တော့ အဲဒီလို အကဲဖြတ် ဆုံးဖြတ်ဖြစ်မလဲဆိုတာ သိသင့်တယ်။

*လုပ်နည်းလုပ်ငန်အသစ်ကို စလုပ်ပြီဆိုရင် သတိထားပါ။အ‌ပြောင်းအလဲဆိုတာတွေဟာ မျှော်မှန်းမထားခဲ့တဲ့ ဆိုးကျိုးတွေရှိတက်တယ်။ ဒါမျိုးတွေကို သတိမူပြီး ဘယ်လိုအတိုးအလျှော့တွေ လုပ်ရမလဲဆိုတာ သတိပြုပါ။

~~~~~~~~~~~~~~~~~~
Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Aung Zay Ya (4) Str , Myo Patt Road
Magway
224

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00