Eco သင်ယူသူ

Eco သင်ယူသူ Education,Personal Blog

06/09/2020

စက်မှုတွင်းထွက်ကုန်ကြမ်း
Industrial Minerals
အပိုင်း(၁၀)
ခရိုမိုက်(Chromite)

ခရိုမီယမ်(chromium)ဟာ သတ္တုဗေဒလုပ်ငန်းနဲ့ ဓာတုကုန်ထုတ်လုပ်ငန်းတွေ အတွက်မရှိမဖြစ်လိုအပ်
တဲ့ ဒြပ်စင်ဖြစ်ပါတယ်။ ခရိုမီယမ်(chromium )ကို ခရိုမိုက်သတ္တုရိုင်း (Chromite ore) က ထုတ်ယူရရှိတာဖြစ်ပြီး တစ်ခုတည်းသော စီးပွားဖြစ်သတ္တုရိုင်း (economic ore)ဖြစ်ပါတယ်။ဒါကြောင့် ခရိုမိုက်(Chromite)ဟာအရေးပါ
တဲ့ တွင်းထွက်သတ္တုရိုင်းဖြစ်ပါတယ်။အခြားတွင်းထွက်သတ္တုတွေမှာ ခရိုမီယမ်ပါဝင်တာ ရှိပေမဲ့ခရိုမီယမ်
(chromium) ကိုထုတ်ယူဖို့ စီးပွားဖြစ်တူးဖေါ်နှိုင်တဲ့ သတ္တုသိုက်အနေနဲ့ မရှိသေးပါဘူး။
ခရိုမိုက် (Chromite)ဟာ ခရိုမီယမ်(chromium)၊သံ(iron)နဲ့ အောက်ဆီဂျင်(oxygen)ပေါင်းစပ်ထားတဲ့ တွင်းထွက်အောက်ဆိုက်(oxide mineral)ဖြစ်ပါတယ်။ ဓာတုဖွဲ့စည်းမှုမှာ(FeCr2O4).ဖြစ်ပြီး ယေဘုယျဖွဲ့စည်းမှု
မှာ(Fe,Mg)O.(Cr,Al,Fe)2O3 ဖြစ်တယ်။မီးခိုးရင့်အရောင်၊အနက်ရောင်ရှိတတ်ပြီးအ‌ရောင်စိုမှု(luster )မှာ သတ္တု
အရောင်(metallic) ဒါမှမဟုတ် သတ္တုဆင်ဆင်တူအရောင် (submetallic)ရှိပါတယ်။(၄.၅)ကနေ(၄.၈ )အထိ
မြင့်မားတဲ့ရေချိန်သိပ်သည်းဆရှိပါတယ်။အမာသတ္တိ(hardness)၅.၅ အဆင့်ရှိပါတယ်။
ခရိုမိုက်ဆောင်ကျောက်(chromite-bearing rocks)တွေကနေ အပူနဲ့ ရာသီဥတုရဲ့ တိုက်စားမှုဒဏ်ခံရ
တာကြောင့် ဗေ့စ်(basic)နဲ့ ဗေ့စ်လွန်မီးသင့်ကျောက်(ultrabasic igneous rocks )၊ အသွင်ပြောင်းကျောက်
(metamorphic )နဲ့ အနယ်ကျကျောက်( sedimentary rocks )တွေမှာ ခရိုမိုက် (Chromite)အဖြစ်ပြောင်းလဲ
ဖြစ်ပေါ်လာတာဖြစ်တယ်။
ခရိုမိုက် (Chromite)ဟာ သံ ခရိုမီယမ်အောက်ဆိုက်(iron chromium oxide)ဖြစ်ပါတယ်။ စပီနယ်(လ်) အုပ်စု(spinel group)ဝင်ဖြစ်တယ်။ မဂ္ဂနီစီယမ်ဒြပ်စင်(magnesium element)ဟာ အေးခဲဖွဲ့စည်းခြင်းဖြစ်စဥ်
(solid solution series )မှာ သံ(iron)နဲ့ အစားထိုးလဲလှယ်ဝင်‌ရောက်ပြီး မဂ္ဂနီစီယိုခရိုမိုက်(magnesiochromite)
(MgCr2O4)အဖြစ်ပြောင်းလဲသွားတယ်။.အလူမီနီယမ်ဒြပ်စင်(aluminium element) အစားထိုးဝင်ရောက်တာမျိုး ဖြစ်ရင်တော့ ဟာစင်နိုက်(hercynite )(FeAl2O4) အဖြစ်ပြောင်းလဲသွားပါတယ်။
ခရိုမိုက်(Chromite)ကို ပရီဒိုတိုက်(Peridotites)၊ ဆာပင်တင်း(Serpentine )နဲ့အခြား ဗေ့စ်မီးသင့်
ကျောက်(basic igneous rocks )နဲ့ အသွင်ပြောင်းကျောက်( metamorphic rocks)တွေမှာ ကျိုးပျက်ကြွပ်
ဆတ်သော ဒြပ်ထု( brittle masses)အဖြစ် များသောအားဖြင့်တွေ့ရှိရပါတယ်။ ပုံမှန်မဟုတ်တဲ့ ဖြစ်ပျက်မှုတစ်ခု
အနေနဲ့ စိန် (diamond)မှာ ပုံဆောင်ခဲအသွင်ဆောင်ဝင်ရောက်မှု( crystalline inclusion )ရှိတတ်ပါတယ်။
၁၇၉၈ တွင် လူးဝစ် နီကိုလပ်စ် ဗာကူလင်(Louis Nicolas Vauquelin) မှ ဖာ ခရိုမိတ် အလူမီနာ(fer chromate alumina)ဆိုပြီး အစဦးဆုံးအမည်ပေးခဲ့ပါတယ်။ လူးဝစ် နီကိုလပ်စ် ဗာကူလင်(Louis Nicolas Vauquelin)ဟာ ခရိုမီယမ်ဒြပ်စင် (chromium element) ကိုစတင်တွေ့ရှိခဲ့သူလည်းဖြစ်ပါတယ်။ ၁၈၄၅ ခုနှစ်မှာ
ဝယ်လ်ဟမ်း ဟိုင်ဒီနာ(Wilhelm Haidinger )မှ ခရိုမိုက်(Chromite )ဆိုပြီး အမည်ပေးခဲ့ပါတယ်။

ခရိုမိုက်(Chromite)၏အသုံးဝင်မှု

ခရိုမီယမ် သတ္တု(chromium metal)ကို ခရိုမိုက်(Chromite)မှသာထုတ်ယူရရှိနှိုင်တာဖြစ်ပါတယ်။
ခရိုမီယမ် (chromium)သတ္တုကို သံမဏိတွေရဲ့ အမာသတ္တိ(hardness)၊မာကျောမှုသတ္တိ(toughness)နဲ့ ဓာတုခံနိုင်ရည်(chemical resistance)တက်လာအောင် ပြုလုပ်ရာမှာထည့်သွင်းသုံးစွဲရပါတယ်။
ခရိုမိုက်ကို မဟာဗျူဟာမြောက်သတ္တု(strategic mineral)အဖြစ်သတ်မှတ်လေ့ရှိကြပါတယ်။ယေဘုယျ ဆိုလိုချက်မှာ အမျိုးသားအဆင့် အရေးပေါ်ကာလတွေမှာ စစ်တပ် (military)နဲ့ကုန်ထုတ်လုပ်ငန်း(industrial)သုံး
အဖြစ် အသုံးပြုရလို့ဖြစ်ပါတယ်။ မဟာဗျူဟာမြောက်သတ္တု(strategic mineral)သဘောတရား အယူအဆကို ပထမကမ္ဘာစစ် ကာလအတွင်းမှာ ဖန်တီးခဲ့ပြီး ဒုတိယကမ္ဘာစစ်ကလမတိုင်ခင်(၁၉၃၉) ခုနှစ်မှာ မဟာဗျူဟာ
မြောက်သတ္တု အက်ဥပဒေ(Strategic Minerals Act of 1939)ကိုပြဌာန်းခဲ့ပါတယ်။ နောက်မှာတော့ဥပဒေဖြစ်လာ
ခဲ့ပါတယ်။ခရိုမိုက်(Chromite)ကနေ ခရိုမီယမ်သံသတ္တုစပ်(Ferro chrome)ထုတ်လုပ်ပြီး သံမဏိလုပ်ငန်းတွေမှာ
ဖြတ်တောက်နှိုင်တဲ့ သံမဏိတန်ဆာပလာတွေ၊ စစ်လက်နက်ပစ္စည်းတွေ ၊သံချပ်ကာသံပြာနဲ့သံချပ်ကာပစ္စည်းတွေ
ထုတ်လုပ်ရာမှာ အဓိက သုံးစွဲခဲ့ပါတယ်။
ခရိုမိုက်(Chromite)ဟာ မြင့်မားအပူထိန်းတည်ငြိမ်မှု(high heat stability) ရှိတာကြောင့် မီးခံပစ္စည်း
(refractory material) အနေနဲ့ အသုံးပြုနိုင်ပါတယ်။ခရိုမိုက်က ထုတ်ယူလိုက်တဲ့ ခရိုမီယမ်နဲ့ ခရိုမီယမ်အရည်
စိမ်ခြင်း (chrome plating)ပြုလုပ်နှိုင်ပါတယ်။ဒါအပြင် ခရိုမီယမ်သံသတ္တုစပ်(Ferro chrome)အဖြစ်ပြောင်းလဲပြီး သံချေးစာမှုခံနှိုင်ရည်ရှိ အထူးသတ္တုစပ်(corrosion resistant superalloys)၊ နီခရုမ်း (nichrome)ဝါယာ၊နဲ့ အစွန်း
ခံသံမဏိ(stainless steel)တွေအဖြစ် ထုတ်လုပ်ရာမှာအသုံးပြုပါတယ်။ခရီုမီယမ်(chromium)ကိုဖန်ထည်
(glass)များ၊စဥ့်လွှာအုပ်ခြင်း(glazes)နဲ့သုတ်ဆေး(paint)များမှာ အ‌ရောင်တင်ပစ္စည်း(pigment)အဖြစ်အသုံးပြနှိုင်သလို သား‌ရေထည်များအတွက် သားရေနယ် (tanning)လုပ်ငန်းမှာ ဓာတ်တိုးပစ္စည်း (oxidizing agent)အနေနဲ့လည်း
အသုံးပြုလို့ရပါတယ်။

ကြွေပြားအ‌ရောင်ခြယ်ပစ္စည်း (Porcelain tile pigmentation)

အလျင်အမြန်မီးဖုတ်နည်း(fast-fired)(fast-firing cycle 10 ºC/min and 20 °C/min).နဲ့ထုတ်လုပ်လိုက်
တဲ့ ကြွေပြားတွေရဲ့ အရောင်မှာ ပုံမှန်အနေနဲ့ အရောင်ဖြည့်ပေးသူဟာ အနက်ရောင်ခြယ်ပစ္စည်း(Fe, Cr) 2O3)ဖြစ်
ပြီး စျေးကြီးတဲ့ အရောင်ချယ်ပစ္စည်း (pigment)လည်း ဖြစ်တယ်။ ခရိုမိုက်Chromite)ဟာ သဘာဝအတိုင်းဆိုရင်
ဈေးသိပ်မကြီးပါဘူး။ဇီဝအခြေမခံသောရောင်ခြယ်ပစ္စည်း( inorganic pigmentation) (Fe,Cr)2O3 အဖြစ်ပြောင်း
လိုက်တဲ့အခါမှာတော့ ကြွေပြားတွေရဲ့ မိုက်ခရို ဖွဲ့စည်းမှု(microstructure)နဲ့ စက်မှုဂုဏ်သတ္တိ (mechanical
properties )တွေကိုမထိခိုက်စေဘဲ အနက်ရောင်အဖြစ်သာ ပြောင်းပေးတာကြောင့် ဈေးကြီးပစ္စည်ဖြစ်သွားပါတယ်။

အစွန်းခံသံမဏိထုတ်လုပ်ခြင်း(Stainless steel manufacturing)

ခရိုမိုက်(Chromite)ကနေ ထုတ်ယူရရှိလာတဲ့ ခရိုမီယမ်(Chromium)ကို အစွန်းခံသံမဏိ (Stainless steel)ထုတ်လုပ်ရာမှာ ထည့်သွင်းသုံးစွဲရပါတယ်။ အစွန်းခံသံမဏိ(Stainless steel )မှာ ခရိုမီယမ်(Chromium)
၁၈ % ခန်ပါဝင်ပါတယ်။ ခရိုမီယမ်(Chromium) ပေါင်းစပ် ပါဝင်သွားတာကြောင့် အစွန်းခံသံမဏိ(Stainless steel )မှာ မာ‌ကျောလာစေတယ်(hardened )၊ အကြမ်းခံနှိုင်လာစေတယ်(toughened)။ ဒါအပြင် မြင့်မားအပူချိန်
(high temperatures)မှာ သံချေးစားခံနှိုင်ရည်(corrosion resistance) ရှိလာစေပါတယ်။ သတ္တုတွင်းတွေက
တူးဖေါ်ထုတ်လုပ်ပေးလိုက်တဲ့ ခရိုမိုက်(Chromite)သတ္တုကျောက် ၉၀ % ကို အစွန်းခံသံမဏိ(Stainless steel )
ထုတ်လုပ်ရာမှာ အဓိက အသုံးပြုကြပါတယ်။အစွန်းခံသံမဏိ(Stainless steel) သုံးစွဲမှုတွေ မြင့်တက်လာတာကြောင့် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး ခရိုမိုက်(Chromite)သတ္တုကျောက်တူးဖေါ်မှုတွေဟာလည်းမြင့်တက်
လာပါတယ်။

နီကယ်လ်ခရိုမီယမ်သတ္တုစပ်(Nichrome alloys)

ခရိုမိုက်(Chromite)ကိုနီကယ်လ်(nickel)တို့နဲ့ပေါင်းစပ်ထားတာဖြစ်ပြီး
တစ်ခါတလေမှာသံ(iron)ပေါင်းစပ်ပါဝင်တတ်ပါတယ်။ဒီလိုပေါင်းစပ်လိုက်တဲ့အခါမှာ နီခရုမ်း(nichrome)ဖြစ်လာ ပါတယ်။နီခရုမ်း
(nichrome)မှာ ယေဘုယျအနေနဲ့ ၈၀% နီကယ်လ်(nickel)နဲ့ ၂၀% ခရိုမီယမ်(chromium)ပေါင်းစပ် ပါဝင်ပါ
တယ်။ နီခရုမ်း(nichrome)ဟာ အပူချိန်၁၂၅၀°C (၂၂၈၂°F)အထိခံနှိုင်ရည်ပြီးအပူခံစွမ်းရည် (heat resistant)မြင့်
မားပါတယ်။ အရည်ပျော်အမှတ်(melting point)ဟာ ၁၄၀၀°C (၂၅၅၀ °F).ခန့်ဖြစ်ပါတယ်။ဒီလို အပူခံစွမ်းရည်
မြင့်မားတာကြောင့် အပူပေးပစ္စည်းတွေမှာ အဓိကသုံးစွဲပါတယ်။ နီကယ်လ်ခရိုမီယမ်သတ္တုစပ်(Nichrome alloys)
တွေမှာ စက်မှုဂုဏ်သတ္တိ(mechanical properties)ကောင်းတွေပိုင်ဆိုင်တာကြောင့် ဓာတ်တိုးခြင်း(oxidation)နဲ့
သံချေးစားခြင်( corrosion)ဂုဏ်သတ္တိ ကောင်းတွေ ရှိပါတယ်။

အခြားအသုံးပြုမှုများ

သံမဏိ (steel)များကိုခိုင်မာစေရန်၊ အစွန်းခံသံမဏိ (Stainless steel )ထုတ်လုပ်ရန်နှင့်သတ္တုစပ်ပြုလုပ်ရန်အသုံးပြုပါတယ်။
သတ္တုအရည်စိမ်ခြင်း (plating)မှာ မာကြောပြီးလှပတဲ့
မျက်နှာပြင်ကို ဖြစ်ပေါ်စေရန်နဲ့ သံချေးစားခြင်း
(corrosion)မှ ကာကွယ်ရန် အတွက်အသုံးပြုပါတယ်။
ဖန် (glass)ကို မြစိမ်းရောင်(emerald green) အရောင်လုပ်ပေးနှိုင်တယ်။ မြ(emerald)မှာ စိမ်းရောင်ဖြစ်စေတာနဲ့ ပတ္တမြား(rubies)မှာအနီရောင်ဖြစ်စေတာဟာ ခရိုမီယမ်
ကြောင့်ဖြစ်ပါတယ်။
ဓာတ်ကူပစ္စည်း (catalyst)အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနှိုင်
ပါတယ်။
K2Cr2O7 ကဲ့သို့သော ဒိုင်ခရိုမိုက်(Dichromites) ဟာ ဓာတ်တိုးပစ္စည်း(oxidizing agents)ဖြစ်တယ်။
အရေအတွက်ခွဲခြမ်းစိတ်ဖြာခြင်း(quantitative analysis)နဲ့ သားရေနယ်(tanning leather) အတွက်အသုံးပြု
တယ်။
ခရုမ်းအဝါရောင်(chrome yellow)ရရှိအောင် ခဲခရိုမိုက်(Lead chromate)(PbCrO4)ကို အရောင်ခြယ်
ပစ္စည်း(pigment)အဖြစ်အသုံးပြုနှိုင်ပါတယ်။
အထည်အလိပ်လုပ်ငန်းတွေမှ ဆိုးဆေးအရောင်ချုပ်ခြင်း(mordants) အဖြစ်အသုံးပြုပါတယ်။
လေယာဉ်နှင့်အခြားစက်မှုလုပ်ငန်းမျာမှာ အလူမီနီယမ်အလွှာပါးအုပ်ခြင်း (anodising aluminum)
အတွက်အသုံးပြုပါတယ်။
မီးခံပစ္စည်းကုန်ထုတ်လုပ်ငန်း (refractory industry )တွေမှာ အုတ်များနှင့်ပုံစံခွက်များထုတ်လုပ်ရန်ခရိုမိုက်ကိုအသုံးပြုရပါတယ်။
အဲဒီပစ္စည်းတွေမှာ အရည်ပျော်အမှတ်(melting point)မြင့်မားခြင်း၊
အပူရှိန်ကြောင့်အသင့်အတင့်သာ ကျယ်ပြန်ခြင်း
(moderate thermal expansion)နဲ့ တည်ငြိမ်တဲ့ပုံဆောင်ခဲ
တည်ဆောက်မှု(stable crystalline structure)ရှိခြင်းအစရှိတဲ့
ဂုဏ်သတ္တိတွေရှိပါတယ်
သားရေနယ်(Tanning)လုပ်ငန်းများမှာအသုံးပြုပါတယ်။

ခရိုမိုက်(Chromite)နှင့်မြန်မာနိုင်ငံ

ခရိုမိုက်(Chromite)ကို သတ္တုတွင်းဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အမှတ်(၃)သတ္တုတွင်းလုပ်ငန်းက
မန္တလေးတိုင်းသပိတ်ကျင်မြို့နယ် တကောင်းတောင်ဒေသက တူးဖေါ်ထုတ်လုပ်ခဲ့ပါတယ်။ရရှိလာတဲ့ခရိုမိုက်သတ္တု
တွေကို ပြင်ဦးလွင်မြို့နယ် အနီးစခန်းဒေသမှာရှိတဲ့ အမှတ်(၁)သံနဲ့သံမဏိစက်ရုံမှာသုံးစွဲခဲ့ပါတယ်။ပထမပိုင်းမှာ
သတ္တုရိုင်အတိုင်းသုံးစွဲခဲ့ရာမှ နောက်ပိုင်းမှာ ခရိုမီယမ်သံသတ္တုစပ်(Ferro chrome)အဖြစ် စက်ရုံမှာပဲကျိုချက်
ထုတ်လုပ်ပြီးသုံးစွဲခဲပါတယ်။အရွယ်ကြီး ခရိုမိုက်သတ္တုတွေကိုတော့ အရိုင်းအတိုင်း ဂျပန်နိုင်ငံကို တင်ပို့ရောင်းချခဲ့
ဘူးပါတယ်။
ခရိုမိုက်(Chromite)သတ္တုကျောက်တွေကို အနောက်ရိုးမအရှေ့ဘက်ပိုင်းတစ်လျှောက်၊ အနောက်ရိုးမနဲ့ အလယ်ပိုင်းမြေနိမ့်တို့ထိတွေ့ဇုန်တစ်လျှောက် ကီလိုမီတာ(၁၀၀၀)ကျော်ရှည်လျှားပြီး တောင်မြောက်တန်းနေတဲ့
အိုဖီယိုလိုက်(ophiolite) ရပ်ဝှမ်းကြီးတလျှောက် မှာခရိုက်မိုက်ကိုနေရာအနှံ့တွေရပါတယ်။မြစ်ကြီးနားခရိုင်
ကျောက်စီမ်းတွင်းဒေသဖြစ်တဲ့ တောမှော်ဒေသ၊ မိုးဟောက်နဲ့ပန်းမှော် ကျောက်စိမ်းတွင်းဟောင်း၊ နမ့်ရှာမှော်၊
ပန်းမှော်အနီး စမ်းခဒေသ၊ မန္တလေးတိုင်း သပိတ်ကျင်းမြိုနယ် တကောင်းတောင်ဒေသ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှ ၂၅ ကီလိုမီတာလောက်ကွာဝေးတဲ့ ချင်းပြည်နယ် အတွင်းက မြွေတောင်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် ကဒိုင်းရဲ့
အနောက်မြောက်ဘက် မုန်းချောင်းဒေသ၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်နဲ့ ဟင်္သာတဒေသ တွေမှာတွေ့ရပါတယ်။
(ဦးလှမြင့်ပြစုသော ဓာတ်သတ္တုများ၏အကြောင်းနှင့်မြန်မာနိုင်ငံတွင်းထွက်သတ္တုသိုက်များ မှ)
ခရိုမိုက်(Chromite)သတ္တုကျောက်ကို မြန်မာနိုင်ငံအနှံ့ရှိတယ်ဆိုပေမယ် အသေးစိတ်ထပ်မံတိုင်းတာဖို့လို
ပါမယ်။သတ္တုတွင်းတစ်ခုဖြစ်လာသည် အထိထူထောင်လောက်တဲ့ သတ္တုသိုက်တွေကို ရှာဖွေပေးဖို့လည်းလိုပါမယ်
။နောက်တစ်ချက်ကတော့ ခရိုမိုက်ကို အလွယ်တူးအလွယ်ထုချေပြီး ကုန်းကြမ်းအနေနဲ့ ရောင်းနေ ခွင့်ပြုနေတာကို တော့ပြန်လည်စဥ်းစားဖို့လိုပါမယ်။ ခရိုမိုက်(Chromite)ကို ကုန်ကြမ်းအဖြစ်အခြေခံတဲ့စက်ရုံတွေပေါ်ပေါက်လာ
အောင် အားပေးဖို့လိုအပ်ပါမယ်။

အပိုင်း(၁၁) ဆက်ရေးပါမည်။
Crd
ထွန်းထွန်း(သတ္တုတွင်း)
၃-၅-၂၀၂၀

Poto---သူများဟာ
13/08/2020

Poto---သူများဟာ

08/08/2020
မီးထိုးဆီ (furnace oil)အကြောင်း ထပ်မံတွေ့ရှိရသမျှ။
10/07/2020

မီးထိုးဆီ (furnace oil)အကြောင်း ထပ်မံတွေ့ရှိရသမျှ။

Компания

မီးထိုးဆီ ဆိုတာ ရေနံထွက်ကုန် တစ်မျိုးဖြစ်ပြီးရေနွေးငွေ့ဘွိုင်လာများတွင် အသုံးပြုသည်ဟု သိရ။
09/07/2020

မီးထိုးဆီ ဆိုတာ ရေနံထွက်ကုန် တစ်မျိုးဖြစ်ပြီး
ရေနွေးငွေ့ဘွိုင်လာများတွင် အသုံးပြုသည်ဟု သိရ။

Fuel oil, fuel consisting mainly of residues from crude-oil distillation. It is used primarily for steam boilers in power plants, aboard ships, and in industrial plants. Commercial fuel oils usually are blended with other petroleum fractions to produce the desired viscosity and flash point. Flash

09/07/2020

စက်မှုလက်မှုထွန်းကားသောခေတ်တွင် လေယာဉ်ဆီ၊ ဓာတ်ဆီ၊ ရေနံဆီ၊ ဓာတ်မြေဩဇာ၊ အဝတ်အထည် စသော ရေနံမှ ထုတ်လုပ်နိုင်သ....

Address

Myittar Street
Magway

Website

Alerts

Be the first to know and let us send you an email when Eco သင်ယူသူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Eco သင်ယူသူ:

Shortcuts

Share

Category