PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ

PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ, Education Website, Magway.

13/12/2024

ပြင်ပဘွဲ့ရ အသက် ၃၇ နှစ်အောက်
ဝန်ထမ်း အသက် ၄၂ နှစ်အောက်များ အတွက်
PPTT (၁၂/၂၅) သင်တန်းသားခေါ်စာပါ။

Photos from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ's post 26/04/2024

လျှောက်ထားလိုသူများအတွက်
စစ်ကိုင်းပညာရေးတက္ကသိုလ်က
ပညာရေးဒီပလိုမာ အမှတ်စဥ်(၁) သင်တန်း
ခေါ်စာပါ။

Photos from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ's post 08/03/2024

PPTT (၁၁/၂၄) လျှောက်ထားလိုသူများ

23/02/2024

ဒွါဒသမတန်း ( Grade 12 ) အစိုးရစစ်စာမေးပွဲနဲ့ပတ်သက်ပီး ကျောင်းအုပ်များ | အထက်တန်းပြများ | ကျောင်းသားကျောင်းသူမိဘများသိရှိစေရန် တီချယ်ကြီးပြောပြလိုက်ပါတယ် ။
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှစတင်ခဲ့တဲ့မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုများသည်ယခုစာသင်နှစ် ၂၀၂၃ - ၂၀၂၄ ပညာသင်တွင်ပြီးဆုံးမည်ဖြစ်သည်။နောက်ဆုံးပြောင်းလဲရန်ကျန်ရှိနေတဲ့ Grade 9 နဲ့ Grade 12 အတန်းနှစ်တန်းကိုပြောင်းလဲပြီးသောအတန်းငယ်များနည်းတူဖတ်စာအုပ်အသစ်များအသုံးပြု၍သင်ကြားပို့ချမည်ဖြစ်သည်။
စာသင်နှစ်ကုန်ဆုံးတဲ့အခါသင်ယူတတ်မြောက်မှုစစ်ဆေးနည်းအသစ်ဖြင့် grading(စစ်ဆေးအမှတ်ပေးခြင်း)ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးစနစ်သစ်၏ပထမဆုံးအသုတ်ဖြစ်သည့်ယခုနှစ် Grade 12 ကျောင်းသားကျောင်းသူများသည် ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလတွင်အထက်တန်းပညာသင်ယူမှုပြီးစီးကြောင်းလက်မှတ်(High School Completion Certificate)ရရှိမည့်ကျောင်းစစ်စာမေးပွဲကိုဖြေဆိုရမည်။
အထက်တန်းပညာသင်ယူပြီးစီးကြောင်းလက်မှတ်(HSCC)ရရှိထားတဲ့ကျောင်းသားကျောင်းသူများသည်(GTI)ကွန်ပျူတာကောလိပ်များ | အသက်မွေးဝမ်းကျောင်းပညာများ | စိုက်ပျိုးရေးမွေးမြူရေးများ | ကောလိပ်များအားလုံးတွင်တက်ရောက်ခွင့်ရှိပီးကောလိပ်အသီးသီးတွင်နှစ်နှစ်(သို့)သုံးနှစ်တက်ရောက်သင်ယူတတ်မြောက်ပြီးတဲ့အခါ Diploma(ဘွဲ့လက်မှတ်)များရရှိမည်ဖြစ်ပီးလုပ်ငန်းခွင်များကိုဝင်ရောက်နိုင်မည်။

တကယ်လို့Universityအသီးသီးတွင်ဆက်လက်ပညာဆည်းပူးလိုပါကပေါင်းကူး(bridge)အစီအစဉ်ဖြင့်မိမိရရှိထားတဲ့ diploma နဲ့ဘာသာရပ်သင်University၏ဒုတိယနှစ်(သို့)တတိယနှစ်အတန်းများတွင်ဆက်လက်တက်ရောက်၍Universityဘွဲ့ကိုရယူနိုင်သည်။
ကျောင်းစစ် Grade 12 စာမေးပွဲအောင်မြင်ပီးUniversityတွေကိုတစ်ဆက်တည်းတက်ရောက်လိုလျှင် ၂၀၂၄ခုနှစ်မတ်လတွင်ကျင်းပပြုလုပ်မည့်နိုင်ငံတော်အဆင့်အစိုးရစစ်ဒွါဒသမတန်းစာမေးပွဲကြီးကိုထပ်မံဖြေဆိုရမည်။
ထိုစာမေးပွဲကြီးတွင်ဘာသာရပ်ခြောက်ခုဖြေဆိုရမည် ၁ - မြန်မာစာ ၂ - အင်္ဂလိပ်စာ ၃ - သင်္ချာ ၄ - ဓာတုဗေဒ(သို့မဟုတ်)ပထဝီဝင် ၅ - ရူပဗေဒ(သို့မဟုတ်)သမိုင်း ၆ - ဇီဝဗေဒ(သို့မဟုတ်)ဘောဂဗေဒတို့ဖြစ်သည်။
ထိုစာမေးပွဲကြီး၏ရလဒ်ကိုအအောင်/အရှုံးမကြေငြာဘဲ Grade A(သို့မဟုတ်) Grade B(သို့မဟုတ်) Grade C စသည်ဖြင့်အဆင့်သုံးဆင့်ခွဲ၍ကြေငြာသွားမည်။
Grade A အဆင့်ရရှိတဲ့ကျောင်းသားကျောင်းသူများအနေဖြင့်မိမိတို့တက်ရောက်လိုတဲ့ဘယ်Universityကိုမဆိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပီးGrade B/Grade C ရရှိတဲ့ကျောင်းသားကျောင်းသူများသည်သတ်မှတ်ထားတဲ့Universityတွေကိုတက်ခွင့်ရမှာဖြစ်သည်။
Universityဝင်ခွင့်လျှောက်ထားသူများကိုသက်ဆိုင်ရာUniversityအသီးသီးမှအနည်းဆုံးနှစ်ဘာသာ(အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ) အများဆုံးလေးဘာသာ(အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ+ရူပဗေဒ(သို့မဟုတ်)ဘောဂဗေဒ+ဓာတုဗေဒ)ထပ်မံဖြေဆိုခိုင်းပီးမှဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။
University များဝင်ခွင့်လျှောက်ထားတဲ့အခါ အင်္ဂလိပ်စာဘာသာရပ်၏ Grade များကိုစီစစ်မှာမို့ ဒွါဒသမတန်း ( Grade 12 )နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်သည်အရေးအကြီးဆုံးဘာသာရပ်ဖြစ်သည်။
ဒွါဒသမတန်း( Grade12 )နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်တွင်အဆင့်မြင့်သော Grade များရရှိရမည်ဖြစ်သည်။
ဒွါဒသမတန်း ( Grade 12 )ကျောင်းစစ်နဲ့အစိုးရစစ်စာမေးပွဲအတွက်အဂ်လိပ်စာမေးခွန်းတွင် ၁ - Reading Skill ၂ - Writing Skill ၃ - Listening and Speaking Skills ၄ - Vocabulary ၅ - Grammar ၆ - Poetry ဟူ၍ခြောက်မျိုးပါဝင်မည်ဖြစ်သည် ။

ဒေါက်တာခင်မြင့်ရီ ( 17-11-2023 )

Photos from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ's post 14/09/2023

🔰 (၁၀/၂၀၂၃) #ခေါ်ပါပြီ

📌 သင်တန်းကို ပညာရေး ဒီဂရီ ကောလိပ်များ၌
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၂၃) တွင် စတင်ဖွင့်လှစ်မည်။

✅ လျှောက်လွှာပိတ်ရက် - ၃၀.၉.၂၀၂၃ ရက်နေ့
✅ ဖြေဆိုရမည့်ဘာသာ - အင်္ဂလိပ်စာ + ပညာရေး ဆိုင်ရာဗဟုသုတ

💢 ဖြေဆိုရမည့်နေ့ကို သက်ဆိုင်ရာ ပညာရေးဒီဂရီ
ကောလိပ်များတွင် ကြေညာပေးမည်။

📰(14.9.2023)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

Photos from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ's post 15/08/2023

#ကျူတာအလုပ်ခေါ်စာ နီးစပ်ရာပညာရေးဒီဂရီကောလိပ်များတွင် လျှောက်ထားနိုင်ပါပြီ

Photos from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ's post 17/05/2023

PPTT 9/23 တောင်ကြီး.

24/02/2023

ကျောင်းသား ကျောင်းသူ မိဘများသိစေရန်__

Grade 10, 11,12 သုံးနှစ်လုံးမှာ
Grade A ရမှ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade B,C ရတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၁_၂၀၂၂ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၃_၂၀၂၄ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

crd #မူရင်းရေးသားသူ
ခရက်ဒစ်... Nilar

10/01/2023

How to write Myanmar names in English နာမည်ရေးနည်း မြန်မာဗျည်းသက်သက်(၃၂) လုံး

က = K ခ = Kh K = ခ ဂ,ဃ = G င = Ng
စ,ဆ = S ဇ,စ် = Z ည = Ny
ဋ,တ = T ထ,ဌ = Ht ထ,ဋ္ဌ = T ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M
ယ = Y ရ = R လ,ဠ = L ၀ = W သ = Th ဟ = H

ဗျည်းတွဲ(၆)မျိုး

၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= ကျ ,ကြ Py=ပျ ,ပြ By=ဗျ ,ဗြ Gy=ဂျ Phy=ဖျ ,ဖြ My=မ ျ ,မြ

၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,စျွ Lw=လွ Ngw=ငွ Dw=ဒွ

၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ

၄။ဗျည်းတစ်လုံးနောက်မှ Y,W ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ” “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw= ကျွ , ကြွ Pyw= ပျွ ,ပြွ Myw= မျွ , မြွ

၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy=မျှ , မြှ Hly=လျှ

၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုး၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw=နွှ Hlw=လွှ Hmw=မွှ

ကာရန်သရများ

a=အ , အာ, အား i = အိ, အီ , အီး u= ဥ, ဦ, ဦး
(ar=အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့

အက္ခရာအသတ်များ

et= က် in= င့် it =စ် i , ee = ည် int = င့် an = န် , မ် ai ( e ) = ယ် at = တ် , ပ် ant = န် , မ့်

သရနှင့်အသတ်များ

eik = -ိ တ် -ိပ် ( လုံးတင်တသတ် လုံးတင် ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)= - ုတ် , - ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn 😞 -ုန် , -ုမ် (ချောင်းငင်နသတ် ,ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင် (သဝေထိုးရေးချငသတ်)
aik= - ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine)= - ိုင် (လုံးတင်ချေင်းငင်ငသတ်)
o , ( oe , oh 😞 - ို (လုံးတင်ချောင်းငင်)

ဗျည်း - ဗျည်းတွဲ နှင့် သရပေါင်းပုံနမူနာ

Ka = က ကာ ကာ း Ki = ကိ ကီ ကီး Ku= ကု ကူ ကူး
Ke =ကေ ကေ့ ကေး Ke,=Kai ကဲ ကဲ့ Kaw = ကော့ ကော် ကော
Kan =ကံ ကံ့ (Kant = ကံ့ ) Kya = ကျ ကျာ ကျား Kyi = ကျိ ကျီ ကျီး
Kyu = ကျု ကျူ ကျူ း Kye = ကျေ့ ကျေ ကျေး Kye,(Kyai) = ကျဲ ကျဲ့
Kyaw= ကျော ကျော့ ကျော် Kyan= ကျံ ကျံ့ (Kyant =ကျံ့) Kwa = ကွ ကွာ ကွား
Kwai= ကွိ ကွီ ကွီး Kwe =ကွေ့ ကွေ ကွေး Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့ (Kwan ဟုမရေးရ)

ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ

Ket = ကတ် Kin = ကင့် ကင် ကင်း ( Kint = ကင့် ) Kit = ကစ်
Ki (Kee)= ကည် ကည့် ကည်း Kat =ကတ် ကပ် Kan =ကန့် ကန် ကန်း , ကမ့် ကမ် ကမ်း
K (Kant= ကန့် ကမ် ) Kai,(Ke)=ကယ် ကယ့် Kyet = ကြက်
Kyin= ကြင် ကြင့် ကြင်း (Kyint) =ကြင့် Kyit =ကြစ်
Kyi , (Kyee) = ကြည့် ကြည် ကြည်း Kyat =ကြတ် ကြပ်
Kyan = ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း K (Kyant) = ကြန့် ကြမ့်
Kyai , (Key) = ကြယ် ကြယ့်

ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ

Keik =ကိတ် ၊ ကိပ် Kein = ကိန် ကိန့် ကိန်း , ကိမ် ကိမ့် ကိမ်း Keint =ကိန့် ကိမ်
KoK , (Koke) = ကုတ် ကုပ် Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့် , ကုမ့် Kauk= ကောက် Kaung= ကောင် ကောင့် ကောင်း
Kaik= ကိုက် Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း Ko ,( Koe ) =ကို ကို့ ကိုး
Kyeik= ကြိတ် ကြိပ် Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ် ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့် ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ် Kyon , (Kyone , Kyohn) = ကြုန် ကြုန့် ကြုန်း , ကြုမ် ကြုမ့်ကြုမ်း
(Kyont= ကြုန့် ကြုမ်) ၊ Kyaik= ကြိုက် ၊ Kyaing (Kyine) = ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။

မှတ်ရန် ။ ။ (က)ချ ၊ ခြ ကို Khy ဖြင့် မရေးရ ၊ Ch ဖြင့်ရေးရမည်။
(ခ) ယှ ၊ ရှ ကို Hy , hr ဖြင့် မရေးရ ၊ Sh ဖြင့်ရေးရမည်။
(ဂ) ၀ဆွဲ နသတ် အတွက် un ကိုသုံးရမည်။ “ထွန်း” ကို Tun ဟုရေးရမည်။Twan ဟုမရေးရ။
(ဃ) ၀ဆွဲတသတ်ကို ut ဖြင့်ရေးရပည်။ “ထွတ်” ကို K*t ဟုရေးရမည်။ T**t ဟုမရေးရ။
(င) ထ = Ht အစား T တစ်လုံးတည်းဖြင့် လည်း ရေးကြသည်။ ဖ= Ph အစား P တစ်လုံးတည်း ဖြင့် လည်းရေးကြသည်။ ဥပမာ - မောင်ထင် = Mg Tin ။ ဦးဖေ = U Pe စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ - Ma Kin =မခင်။
အထူးမှတ်ရန်။ ။

မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံ မှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများ ဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။ ။
ညောင်လေးပင် ကို ညောင်လေးဘင်ဟုဖတ်၍
ရေကျော် ကို ရေဂျော် ဟုဖတ်၏။
မန္တလေး ကို မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်း ကို ဂျားတောရလမ်း ဟုဖတ်၏။
သို့ရာတွင် အထက်ပါနာမည်များကို အင်္ဂလိပ် ဘာသာဖြင့် ရေး သား သောအခါသတ်ပုံအမှန်ကိုမကြည့် ဘဲအသံထွက် အတိုင်း (ဝါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ ရေးရကြောင်း အထူးသတိပြု ရပေမည်။

ဥပမာ။ ။
ညောင်လေးပင် = Nyaunglebin
ရေဂျော် =Yegyaw
မန္တလေး =Mandalay
ကြားတောရလမ်း = Gyatawya Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။

မြန်မာနာမည်ရေးနည်း
#အထွေထွေဗဟုသုတ

၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက်စာလုံးတိုင်းကို Capital Letter ခေါ် စာလုံးကြီးဖြင့်စ၍ရေး ရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။

ပုံစံ။ ။ Maung Thaung Lwin =မောင်သောင်းလွင်
Ma Tin Yee = မတင်ရီ
U Aye Maung = ဦးအေးမောင်
Daw Mya Kyi = ဒေါ်မြကြည်
Khin Soe Myint = ခင်စိုးမြင့်
Ma Than Hlaing = မသန်းလှိုင်

၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင် ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်း စာလုံးပေါင်းရမည်။( လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။ ။Ashin Thumana =အရှင်သုမန
U Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။ (Ven U Nyana ကို Venerable - ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
U Khemeinda =ဦးခေမိန္ဒ
Shin Thawbana=ရှင်သောဘဏ
Koyin Zawana=ကိုရင်ဇ၀န
Daw Thilasari=ဒေါ်သီလစာရီ
Ma Nyanawadi=မဉာဏ၀တီ
Ma Kinsana=မကဉ္စန
Ma Kulawadi=မကုလ၀တီ
Daw Nyanasagi=ဒေါ်ဉာဏစာဂီ

၃။ ရာထူးအလုပ်အကိုင်တို့ကို နာမည်ရှေ့က ထည့်၍ ခေါ်ဝေါ်ရေးသားသောအခါ ၄င်းရာထူးအလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေးရ၍တဆက်တည်းစာလုံးပေါင်းရသည်။

ပုံစံ။ ။ ဆရာမ Sayama Ma Tin Yee =မတင်ရီ
Sayagyi U Aye Maung = ဆရာကြီးဦးအေးမောင်
Saya U Kyaw Tint= ဆရာဦးကျော်တင့်
Bogyoke Aung San=ဗိုလ်ချုပ်အောင်ဆန်း
Yebaw Kyaw Win= ရဲဘော်ကျော်၀င်း
Sayadaw U Zawtika= ဆရာတော်ဦးဇောတိက
Phongyi U Khemeinda= ဘုန်းကြီးဦးခေမိန္ဒ
Ubazin U Nyana=ဦးပဉ္စင်းဦးဉာဏ
Koyin Shin Kethara= ကိုရင်ရှင်ကေသရ
Sayagyi Daw Thilasri = ဆရာကြီးဒေါ်သီလစာရီ
Syalay Daw Nyanawadi=ဆရာလေး ဒေါ် ဉာဏ၀တီ

၄။မြို့ ရွာ လမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်းစာလုံးပေါင်းရသည်။အသံထွက်အတိုင်းစာလုံးပေါင်းရသည်။

ပုံစံ။ ။ Pyuntaza = ပြွန်တန်ဆာ
Nyaunglebin= ညောင်လေးပင်
Bago= ပဲခူး
Yedashe= ရေတာရှည်
Kanyutkwin= ကညွတ်ကွင်း
Mandalay= မန္တလေး
Seikpyangyi Village= ဆိတ်ပြန်ကြီးရွာ
Lay- ein Zu Village= လေးအိမ်စုရွာ
Ngabyema Village=ငါးပြေမရွာ
Payangazu Street=ဘုရားငါးဆူလမ်း
Theinpyu Street=သိမ်ဖြူလမ်း
Gyatawya Street =ကြားတောရလမ်း
Shwedagon Pagoda=ရွှေတိဂုံဘုရား
Sulay Pagoda= ဆူးလေဘုရား
Seindaungpyan= စိန်ဒေါင်းပျံ(သင်္ဘော)
Aungteza= အောင်တေဇ(သင်္ဘော)

၅။ အဓိပ္ပါယ်ရှိသည့် နာမ်ပုဒ်များကို စုပေါင်း၍မှည့်ခေါ်ထားသော အဆောက်အအုံ ၊ အသင်း ၊ရုံး ၊ ရာထူး အမည် များတွင် နာမ်ပုဒ် တိုင်း ကို စာလုံးကြီး ဖြင့် စရေးရမည်။

ပုံစံ ။ ။ Bahan State High School =ဗဟန်းအစိုးရအထက်တန်းကျောင်း။
World Peace Pagoda= ကမ္ဘာအေးဘုရား
Union Bank of Myanmar=ပြည်ထောင်စုဘဏ်တိုက်
National Housing Board= ပြည်သူ့အိုးအိမ်အဖွဲ့
Buddhist Scholar Society=ဗုဒ္ဓဝါဒသုတေသနအဖွဲ့
Head Master=ကျောင်းအုပ်ဆရာကြီး
Member of Parliament = ပါလီမန်အမတ်
Deputy Commissioner = အရေးပိုင်
General Secretary = အကျိုးဆောင်ချုပ်
Prime Minister =၀န်ကြီးချုပ်

ရုံးကိစ္စလျှောက်လွှာများတွင် လူနာမည် ၊ မြို့ ရွာအမည်များ ကို ပုံနှိပ် စာလုံးကြီး သက်သက်ဖြင့် သာရေးသားကြလေသည်။လျှောက်လွှာများ၌( In Block Letters ) စာလုံးကြီးဖြင့်ရေးပါဟု အထူးမှာ ထားတတ်ကြသည်။

ပုံစံ ။ ။ MAUNG WIN MAUNG =မောင်၀င်းမောင်
MA MYA THAUNG = မမြသောင်း
MAUNG SEIN WIN = မောင်စိန်၀င်း
MA TIN YEE= မတင်ရီ
MANDALAY= မန္တလေး
YANGON= ရန်ကုန်
KYUAKSE = ကျောက်ဆည်
THAZI =သာစည်

Reference : New Method English Grammar By Ashin Thumana( B . A)

Credit- Aung Naing
#အထွေထွေဗဟုသုတ

Photos from PPTT &PGDMA ဝင့်ခွင့်အတွက် လေ့လာစရာ's post 31/12/2022

ပြည်ထောင်စု ဖောင့်
အသုံးပြုနည်း ... 📝📝

အားလုံးအဆင်ပြေကြပါစေ...💯🧑‍💻

29/12/2022

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း
သိရှိလိုသူများအစဉ်ပြေကြပါစေခင်ဗျာ။

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Magway