မကွေးမြို့ပညာရေးကောလိပ်တွင်ဖြေဆိုမည့်ဆရာဆရာမများဝင်ခွင့်သင်တန်းစုံစမ်းနိုင်ပါပြီ။
(A)အတွက်
PPTT11,2024/December -DEC ရာထူးဝင်ခွင့်သင်တန်းကြီး
ရာထူးဝင်ခွင့်သင်တန်းအမျိုးမျိုး။
31/12/2024
PPTT ဖြေမဲ့ဆရာဆရာမလောင်းများမင်္ဂလာပါ
အခုနှစ်မကွေးပညာရေးကောလိပ်မှာဖြေဆိုမည့်သူများအတွက် အနီးကပ်ကျူရှင်တစ်လရှိပါမယ်။
အကောင်းဆုံးဖြေဆိုအောင်မြင်လိုသူများ စာရင်းပေးထားနိုင်ပါပြီ။
လေးစားစွာဖြင့် #သင်တန်းမှူး
06/01/2021
2020 ကိုလွန်ဖို့နာရီပိုင်းအလို ကျွန်တော်ဒီစာကိုရေးခဲ့တယ်။
အောင်မြင်ပြီးလူတချို့ရဲ့ဂုဏ်ယူဝံ့ကြွားအပူအပင်ကင်းနေမှုတွေ
ကြိုးစားဆဲလူတချို့ရဲ့လမ်းပျောက်လုမတတ်ေခတ္တခက်ခဲနေမှုတွေ
ရှေ့မရောက်နောက်မကျလူတချို့ရဲ့ဟာတာတာခံစားချက်တွေ
ကျောင်းတွေနားခဲ့ရလို့ယောင်ချာချာကလေးတချို့ရဲ့ရင်ဖွင့်သံတွေ
ပညာတတ်အလုပ်လက်မဲ့တို့ရဲ့မိမိတို့ဘဝကိုစိတ်နာေနမှုတွေ
ကပ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့လူသားအားလုံးရဲ့ပူဆွေးသောကေတွ
၂၀၂၀ လွန်တာနဲ့ကင်းစင်လွင့်ပျောက်စေဖို့ဆုမွန်ကောင်းတောင်းပေးချင်မိပါတယ်။
ဒီအချိန်ဆရာကြီးဦးအောင်သင်းရဲ့စကားလေးငှားပြောရရင်ယာယီကိုယာယီလို့သဘောပေါက်ကြပါ။
လူဆိုတာလွန်မြောက်ရမှာပေါ့အခက်အခဲတွေ ပြဿနာတွေ နာကျင်မှုတွေ စသည်စသည်တို့သည်ကြိုးစားအားထုတ်မှုနဲ့ထပ်တူလွန်မြောက်ကြရမှာပါပဲ။
ကျွန်တော်တို့အတွက်အရာရာကိုအကောင်းဆုံးကုစားပေးနိုင်တာအချိန်ဖြစ်တယ်။
၂၀၂၁ ရဲ့နေ့ရက်တွေတိုင်းမှာတစ်ခုခုကိုအမြဲတမ်းကြိုးစားလေ့လာနေပါ။
အလယ်အလတ်လမ်းစဉ်ကသာခရီးအဆုံးထိအောင်မြင်မှုအစစ်ကိုရရှိနိုင်တာမို့ခဏတဖြုတ်စိတ်ဝင်စားခြင်း ၂၀၂၁ မှာကင်းဝေးနိုင်ကြပါစေ။
maung
31.12.2020
8း55pm
Thu.
ပြည်နယ်နှင့်တိုင်းဒေသကြီးအမှတ်အသားများ
ကချင်ပြည်နယ် - မနောတိုင်
ကယားပြည်နယ် - ကိန္နရီကိန္နရာ (တောင်ကွဲစေတီ)
ကရင်ပြည်နယ် - ဖားစည်
ချင်းပြည်နယ် - အောက်ချင်းငှက် (တောင်ဇလပ်ပန်း)
မွန်ပြည်နယ် -ဟင်္သာ
ရခိုင်ပြည်နယ် - သဇင်ပန်း (ဒေါင်းဒင်္ဂါး- ဝေသာလီခေတ်သုံး)
ရှမ်းပြည်နယ် - ရှမ်းအိုးစည်
မန္တလေးတိုင်းဒေသကြီး - ကျုံး
စစ်ကိုင်းတိုင်းဒေသကြီး - မင်းကွန်းခေါင်းလောင်းကြီး
မကွေးတိုင်းဒေသကြီး - ရေနံတူးမျှော်စင်
ပဲခူးတိုင်းဒေသကြီး - စပါးကျီနှင့်စပါးနှံ
ဧရာဝတီတိုင်းဒေသကြီး - ဒီရေလှိုင်း
ရန်ကုန်တိုင်းဒေသကြီး -ကြယ်
တနင်္သာရီတိုင်းဒေသကြီး -ပုလဲ
တောင်ဘက်မှမြောက်ဘက်သို့ စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္ထရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) တနင်္သာရီမြစ်
------------------------------------------------------------------
မြန်မာနိုင်ငံ၏အစွန်ဆုံးတို့တွင်ရှိသောမြစ်များ
(က) အရှေ့ ဘက်ဆုံးမြစ် - မဲခေါင်မြစ်၊
(ခ) အနောက်ဘက်ဆုံးမြစ် - နတ်မြစ်
(ဂ)တောင်ဘက်ဆုံးမြစ် -ပါချန်မြစ်၊
(ဃ) မြောက်ဘက်ဆုံးမြစ် - မေခနှင့်မလိခမြစ်
မြန်မာနိုင်ငံရှိ အိုင်ကြီးများ
(က) အင်းတော်ကြီးအိုင် (အကြီးဆုံး၊ ကချင်ပြည်နယ်)၊
(ခ) အင်းလေးအိုင် (ဒုတိယအကြီးဆုံး၊ ရှမ်းပြည်နယ်)
----------------------------------------------------------
မြန်မာနိုင်ငံရှိမီးတောင်သေဒေသများ
(က) ပုပ္ပား
(ခ) ကောလင်း
(ဂ) ဝန်းသို
(ဃ) မုံရွာ
------------------------------------------------------------------
မြန်မာနိုင်ငံရှိကျွန်းစုကြီးများ
(က) ရမ်းဗြဲကျွန်း(အကြီးဆုံး-ရခိုင်ပြည်နယ်)
(ခ) မာန်အောင်ကျွန်းစု
(ဂ) မြိတ်ကျွန်းစု
(ဃ) ကိုကိုးကျွန်းစု
------------------------------------------------------------------------------------------------------------------------
အကျယ်အဝန်းဆုံးတိုင်း ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး/ရှမ်းပြည်နယ်
အကျဉ်းဆုံးတိုင်းပြည်နယ်ရန်ကုန်တိုင်းဒေသကြီး/ကယားပြည်နယ် လူဦးရေအများဆုံးတိုင်း/ပြည်နယ်ရန်ကုန်တိုင်းဒေသကြီး/ရှမ်းပြည်နယ် လူဦးရေအနည်းဆုံးတိုင်း/ပြည်နယ်တနင်္သာရီတိုင်းဒေသကြီး/ကယားပြည်နယ်
ပထမမြန်မာနိုင်ငံတော် - အေဒီ ၁၀၄၄ မှ ၁၀၇၇ အထိ
တည်ထောင်သူ - အနော်ရထာ၊
ပုဂံခေတ် -(၅၅) ဆက်
ဒုတိယမြန်မာနိုင်ငံတော် - အေဒီ ၁၅၅၁ မှ ၁၅၈၁ အထိ
တည်ထောင်သူ - ဘုရင့်နောင်၊ တောင်ငူမင်းဆက် (၈) ဆက်
တတိယမြန်မာနိုင်ငံတော် - အေဒီ ၁၇၅၂ မှ ၁၇၆၀ အထိ
တည်ထောင်သူ -အလောင်းမင်းတရား၊
ကုန်းဘောင်မင်းဆက် -(၁၁) ဆက်
ရှေးခေတ်မြို့ပြနိုင်ငံများ
၁။ တကောင်း
၂။ ဗိဿနိုး
၃။ ဟန်လင်း
၄။ သရေခေတ္တရာ
၅။ ဝေသာလီ
၆။ သုဝဏ္ဏဘုမ္မိ
တိုင်းရင်းသားလူမျိုးစု - (၁၃၅)မျိုး
မြန်မာနိုင်ငံ၏ ပထမဆုံးမင်း - တကောင်းအဘိရာဇာ
ကုန်းဘောင်မင်းဆက်နောက်ဆုံးမင်း - သီပေါမင်း
မြန်မာနိုင်ငံတွင်ပထမဆုံးသာသနာထွန်းကားစေသူ -အနော်ရထာမင်း အင်္ဂလိပ်မြန်မာအဘိဓာန်ကိုရေးသူ - မက္ခရာမင်းသားကြီး
ပထမဆုံးရေမြှုပ်ဗုံးတီထွင်သူ - ကနောင်မင်းသား
မြန်မာနိုင်ငံတွင်ငွေဒင်္ဂါးစတင်အသုံးပြုသောမင်း - မင်းတုန်းမင်း
ပထမဆုံးမြန်မာသမ္မတ ဝန်ကြီးချုပ် - စဝ်ရွှေသိုက်/ ဦးနု
--------------------------------------------------------------------------
အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ထင်ရှားသည်ခံတပ်များ
ဓနုဖြူ၊ မင်းလှ၊ ဂွေးချောင်း၊ သပြေတန်း၊
--------------------------------------------------------------------------
အင်္ဂလိပ်-မြန်မာစစ်ပွဲများ ဖြစ်ပွားသည့်ခုနှစ်များ
မြန်မာဘုရင် အင်္ဂလိပ်ဘုရင်ခံ ပထမစစ် ၁၈၂၄ ဘကြီးတော်မင်း လော့အမ်းဟတ်
ဒုတိယစစ် ၁၈၅၂ ပုဂံမင်းလော့ဒါလဟိုဇီ
တတိယစစ် ၁၈၈၅ သီပေါမင်း လော့ဒပ်ဖရင်
---------------------------------------------------------------------------------------------------
မြန်မာနိုင်ငံ၏ ပထမဆုံး အုပ်ချုပ်သည့်ဘုရင်ခံ - လော့ဒပ်ဖရင်
မြန်မာနိုင်ငံ၏ နောက်ဆုံး အုပ်ချုပ်သည့်ဘုရင်ခံ - ဆာဟူးဘက်ရန့်
BurmaမှMyanmarပြောင်းသောရက်စွဲ -၁၈-၆-၁၉၈၉ မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့သည့်ကာလ - ၁၂၃နှစ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ခုနှစ်လရက် - ၄-၁-၁၉၄၈
ပထမဆုံးကာလပေါ်ဝတ္ထု -မောင်ရင်မောင်၊ မမယ်မ(ဂျိန်းလှကျော်)
ပထမဆုံးစာပေဗိမာန်ဆုရှင် -စာရေးဆရာမင်းအောင်(မိုးအောက်မြေပြင်)
ပထမဆုံးစာပေတစ်သက်တာဆုရှင် -စည်သူဦးလှကြိုင်(ဆရာပါရဂူ)
ပထမဆုံးကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့များ
ပျူမြို့ဟောင်းများ (၂၂-၆-၂၀၁၄) (အကြီးဆုံး)
ဟန်လင်း (စစ်ကိုင်း-ရွှေဘို)၊
ဗိဿနိုး (မကွေး)၊
သရေခေတ္တရာ (ပဲခူး-ပြည်)
ဒုတိယအကြိမ်မြောက်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ(၆-ရ-၂၀၁၉)
--------------------------------------------------------------------------
၈-၁၁-၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပ ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၇၇. ၁၄% ဖြင့်အနိုင်ရ ၊
လက်ရှိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ပေါင်း (၁၀)ဖွဲ့
အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် မြန်မာရုပ်ရှင်ကား - မြဂနိုင်
--------------------------------------------------------------------------
အာဆီယံနိုင်ငံများ အရှေ့တောင် အာရှနိုင်ငံများအသင်း
The Association of South-East Asian Nations
အရှေ့တောင်အာရှနိုင်ငံများဖွဲ့စည်းသည့်ခုနှစ်-၁၉၆၇ ဩဂုတ်လ ၈ရက်
စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း (၅)နိုင်ငံ
(၁)ထိုင်း (၂) စင်ကာပူ (၃) မလေးရှား (၄) အင်ဒိုနီးရှား (၅) ဖိလစ်ပိုင်
(၆) ဘရူးနိုင်းနိုင်ငံ (အာဆီယံဝင်သည့်ခုနှစ်-၁၉၈၄၊ ဇန်နဝါရီ ၈)
(၇) ဗီယက်နမ် (အာဆီယံဝင်သည့်ခုနှစ်-၁၉၉၅၊ ဇူလိုင် ၂၈)
(၈) မြန်မာ (အာဆီယံဝင်သည့်ခုနှစ်-၁၉၉၇၊ ဇူလိုင် ၂၃) ၊
(၉) လာအို (အာဆီယံဝင်သည့်ခုနှစ်-၁၉၉၇၊ ဇူလိုင် ၂၃)
(၁၀)ကမ္ဘောဒီးယား (အာဆီယံဝင်သည့်ခုနှစ်-၁၉၉၉၊ ဧပြီ ၃၀) ၊
လေ့လာသူနိုင်ငံများ - အရှေ့တီမော၊ ပါပူဝါနယူးဂီနီ
ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်
(က) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှတဆင့် ဒေသအတွင်းစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်မှုကို မြှင့်တင်ရန်။
(ခ) အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသအတွင်းစိမ့်ဝင်ပျံ့နှံ့လာခြင်းမရှိစေရန် အတွက် ဒေသအတွင်း နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ကာကွယ်ရန်။
(ဂ) ဒေသအတွင်းရှိနိုင်ငံများအချင်းချင်း သဘောထားကွဲလွဲမှုဖြစ်လာပါကထိန်းသိမ်းဖြေရှင်း ပေးရန်။
အာဆီယံ၏ လုပ်ငန်းစဉ် (၆)ရပ်
(က) သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေး
(ခ) ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး
(ဂ) ယဉ်ကျေးမှုနှင့်ပြန်ကြားရေး
(ဃ) လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
(င) မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး
(စ) အစိုးရဝန်ထမ်းများဆိုင်ရာကိစ္စများ
အာဆီယံသို့ ဝင်ရောက်ခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့်ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ
(က) အဖွဲ့ဝင်နိုင်ငံအချင်းချင်းမှ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်လာသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာခြင်း။
(ခ) ကုန်ထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ ပြည်ပပို့ကုန် တိုးချဲ့မြှင့်တင်နိုင်ခြင်း။
(ဂ) အဆင့်မြင့် ကျွမ်းကျင်မှုနည်းပညာရပ်များ တိုးတက်ရရှိခြင်း။
(ဃ) အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ပေါ်ပေါက်ခြင်း။
မဏ္ဍိုင်သုံးရပ်ဖြင့် ရပ်တည်နေသော အာဆီယံအသိုက်အဝန်း
၁။ အာဆီယံလုံခြုံရေး၊ အသိုက်အဝန်း
၂။ အာဆီယံစီးပွားရေး၊ အသိုက်အဝန်း
၃။ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း
အာဆီယံပဋိဉာဏ်စတင်သည့်နေ့ - ၁၆-၁၂-၂၀၀၆
အာဆီယံလူဦးရေ - ၆၆၀ သန်း
အာဆီယံအတွင်းရေးမှူးချုပ် - ဒါတို့လင်ကျောက်ဟွိုင်(ဘရူနိုင်း) (၁-၁-၂၀၁၈ မှ ၃၁-၁၂-၂၀ ၂၅ထိ) အာဆီယံအသင်း၏ဌာနချုပ် - အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့
အလှည့်ကျဥက္ကဋ္ဌ - (၂၀၁၄ ခုနှစ်)- မြန်မာနိုင်ငံ-ဦးသိန်းစိန်(၁-၁-၂၀၁၄ မှ ၁-၁၂-၂၀၁၄အထိ)
၂၀၁၄ အာဆီယံဥက္ကဋ္ဌ၏ဆောင်ပုဒ် - ရှေ့သို့တူညီတက်လှမ်း ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ (Moving Forward in Unity, To a peaceful and Prosperous Community)
မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ရယူချိန်တွင် အသုံးပြုမည့် အာဆီယံအထိမ်းအမှတ် အမှတ်အသား (Logo) - အာဆီယံ အမှတ်တံဆိပ်အား ခရေပန်း(၁၀)ပွင့်ဖြင့် ဝန်းရံထားသည်
၂၀၂၀ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ - ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ငုယင်စွမ်းဖု
အရှေ့တောင်အာရှဒေသတွင် အကြီးဆုံးနိုင်ငံ - အင်ဒိုနီးရှား
ဒုတိယအကြီးဆုံးနိုင်ငံ -မြန်မာနိုင်ငံ
အငယ်ဆုံးနိုင်ငံ -စင်ကာပူ
(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲ (ဆီးဂိမ်း)ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၄၄) နှစ်ကြာမှ ကျင်းပခဲ့ပါသည်။
ကျင်းပသည့်ရက် - ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၁၁ရက်မှ ၂၂ရက်အထိ။
ဖွင့်ပွဲပိတ်ပွဲ ကျင်းပရာနေရာ -နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း
ပြိုင်ပွဲကျင်းပရာနေရာ- နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်(ငွေဆောင်)
အားကစားနည်းပေါင်း - (၃၃) နည်း
နိုင်ငံအလိုက်အဆင့် - ဒုတိယ
မြန်မာနိုင်ငံမှဆုရရှိမှု - ရွှေ (၈၆)၊ ငွေ (၆၂)၊ ကြေး (၈၅) ၊
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပခဲ့သည့်အကြိမ် အရေအတွက် -
၁၉၆၁ ခုနှစ် (၂) ကြိမ်မြောက် (ယခင်)ကျွန်းဆွယ်အားကစားပြိုင်ပွဲ
၁၉၆၉ ခုနှစ် (၅) ကြိမ်မြောက်(ယခင်)ကျွန်းဆွယ်အားကစားပြိုင်ပွဲ
၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ASEAN ၏ အဓိကအခြေခံမူ သုံးရပ် မဏ္ဍိုင် သုံးခု
-တန်းတူမိတ်ဖက်ဆက်ဆံမှု (Equal partnership) - နိုင်ငံရေးမဏ္ဍိုင်
- အပြန်အလှန်လေးစားမှု (Mutual respect) - စီးပွားရေးမဏ္ဍိုင်
- အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှု (Mutual benefit) - လူမှုရေး၊ယဉ်ကျေးမှုနှင့်ပညာရေးမဏ္ဍိုင်
(၁၃) ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၂၀-၂၁) ၊နေပြည်တော်။
- ၃၁-၁၂-၂၀၁၅ အာဆီယံအသိုင်းအဝန်းကို တရားဝင်ထူထောင်
- အာဆီယံ အဖွဲ့ကြီးသည်ဆွေးနွေးဖက်(၁၀)နိုင်ငံရှိသည်။
ယင်းနိုင်ငံများမှာ ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်။
အာဆီယံသည် ကုလသမဂ္ဂနှင့် ဘက်စုံမိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုကိုတည်ဆောက်ထား သည်။ လက်တင်အမေရိကနှင့်ဥရောပတို့အထိပင် ဝေးကွာလှသောနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ များက အာဆီယံ၏ ဆွေးနွေးဖက်များအဖြစ် ရပ်တည်ရန် ဆန္ဒရှိကြပါသည်။
- အာဆီယံတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအဆင့် - စတုတ္ထအဆင့်
-လက်ရှိအချိန်တွင် အာဆီယံသည် ကမ္ဘာတွင် သတ္တမမြောက် စီးပွားရေးအားအကောင်းဆုံးဖြစ်သည်။
- အာဆီယံနှင့် ကုန်သွယ်ဘက် သုံးနိုင်ငံ - အမေရိကန်၊ အိန္ဒိယ၊ EU - အာဆီယံနှင့် ဆွေးနွေးဘက်သုံးနိုင်ငံ -တရုတ်၊ဂျပန်၊တောင်ကိုရီးယား
ကမ္ဘာ့မှတ်စု
• ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့်နေ့- ၃-၉-၁၉၃၉ (ဂျာမနီနှင့်ပိုလန်)
• ကမ္ဘာ့ကုလသမဂ္ဂစတင်ဖွဲ့စည်းသည့်နေ့ရက်/နေရာ -၂၄-၁၀-၁၉၄၅၊အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့
• ကမ္ဘာ့ကုလသမဂ္ဂစတင်ဖွဲ့စည်းသည့်နိုင်ငံပေါင်း - ၅၁ နိုင်ငံ
• ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း - ၁၉၃ နိုင်ငံ
• ကမ္ဘာ့ကုလသမဂ္ဂနောက်ဆုံးအဖွဲ့ဝင်နိုင်ငံ- တောင်ဆူဒန် (၂၀၁၁)
• ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် - အန်တိုနီယိုဂူတာရက်စ်(ပေါ်တူဂီ)
• ကုလသမဂ္ဂတည်ရှိသည့်မြို့ - နယူးယောက်မြို့
• ဘင်းစလက်ဌာနချုပ် - ဘင်္ဂလားဒေ့ရှ်
ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်
• (က) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တည်တံ့အောင် ထိန်းသိမ်းရန်နှင့် ကျူးကျော်မှုများအား ပူးပေါင်း အရေးယူဆောင်ရွက်ရန်။
• (ခ) ကမ္ဘာ့ငြိမ်းချမ်းရေးတိုးတက်ခိုင်မြဲရေးအတွက် နိုင်ငံအချင်းချင်းပွင့်လင်းရင်းနှီးစွာ ဆက်ဆံရန်။
• (ဂ) နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး ပြဿနာများအား ဖြေရှင်းရာတွင် ယောက်ျား၊ မိန်းမ မရွေး
အားလုံး လွတ်လပ်ခွင့်တူညီစေရန်။
• ဗီတိုအာဏာပိုင်ဆိုင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံ
• ၁။ အမေရိကန်
• ၂။ ဗြိတိန်
• ၃။ ပြင်သစ်
• ၄ ရုရှား
• ၅။ တရုတ်
• ရွှေတြိဂံနယ်မြေနိုင်ငံများ
• မြန်မာ၊ လာအို၊ ထိုင်း
• ရွှေစတုဂံနယ်မြေနိုင်ငံများ
• မြန်မာ၊ လာအို၊ ထိုင်း၊ တရုတ်
• ရွှေလခြမ်းနယ်မြေနိုင်ငံများ
• အီရန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်
• အာရှကျား(၄)ကောင်
• ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယား
• အာရှနဂါး(၆)ကောင်
• ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား
• ရေပတ်လည်ဝိုင်းနေသည့် နိုင်ငံများ -ဖိလစ်ပိုင်၊ ဗြိတိန်၊ သီရိလင်္ကာ၊ဂျပန်၊ အင်ဒိုနီးရှား
• ပင်လယ်ကွေ့ (၆)နိုင်ငံ - ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်း၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ အာဖရိကကုန်းတွင်းပိတ်နိုင်ငံပေါင်း - ၄၇ နိုင်ငံ
• အာဖရိကကုန်းတွင်းပိတ်နိုင်ငံအချို့ - ဇိုင်ယာ၊ နိုင်ဂျီးရီးယား၊ ချက်၊ဂမ်ဘီယာ၊ ဇင်ဘာဘွေ
• ဥရောပကုန်းတွင်းပိတ်နိုင်ငံအချို့ - ရုရှား၊ ဟန်ဂေရီ၊ ဩစတြီးယား၊ရိုမေးနီးယား၊ ဘယ်လာရုစ်၊
ဆွစ်ဇာလန်
• အာရှကုန်းတွင်းပိတ်နိုင်ငံအချို့-တိဘက်၊ လာအို၊ နီပေါ၊ ကမ္ဘောဒီးယား၊မွန်ဂိုလီးယား၊အာဖဂန်နစ္စတန်
• တောင်အာရှနိုင်ငံများ- အိန္ဒိယ၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်
• ဥရောပအာရှအနားဝန်းနိုင်ငံများ- အိန္ဒိယ၊ ဘင်္ဂလားဒေရှ်
• လက်တင်အမေရိကနိုင်ငံအချို့- အာဂျင်တီးနား၊ပီရူး၊ဥရုဂွေး၊ ချီလီ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဘရာဇီး
• အရှေ့အလယ်ပိုင်းနိုင်ငံအချို့- အီရန်၊ အီရတ်၊ လစ်ဗျား၊ဂျော်ဒန်
• ဂျီ(၇)နိုင်ငံခေါင်းဆောင်များ
• ၁။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၊
• ၂။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်
• ၃။ ပြင်သစ် သမ္မတ အင်မင်နျူယယ်လ်မေခရွန်း
• ၄။ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (အမျိုးသမီး)
• ၅။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
• ၆။ အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ
• ၇။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်န်ထရူးဒို
• ဂျီ(၂၀) နိုင်ငံများ
• ၁။ အာဂျင်တီးနား ၈။ အိန္ဒိယ ၁၅။ တောင်အာဖရိက
• ၂။ ဩစတြေးလျ ၉။ အင်ဒိုနီးရှား ၁၆။ တောင်ကိုရီးယား
• ၃။ ဘရာဇီး ၁၀။ အီတလီ ၁၇။ တူရကီ
• ၄။ ကနေဒါ ၁၁။ ဂျပန် ၁၈။ ဗြိတိန်
• ၅။ တရုတ် ၁၂။ မက္ကဆီကို ၁၉။ အမေရိကန်
• ၆။ ပြင်သစ် ၁၃။ ရုရှား ၂ဝ။ ဥရောပသမဂ္ဂ
• ၇။ ဂျာမနီ ၁၄။ ဆော်ဒီအာရေဗျ ၊
• ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်များနှင့် ၎င်းတို့ကို ပစ်လွှတ်သော နည်းစနစ်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံများ
• ၁။ အမေရိကန် ၂။ ရုရှား ၃။ ဗြိတိန် ၄။ ပြင်သစ် ၅။ တရုတ် ၆။ အိန္ဒိယ ၇။ ပါကစ္စတန် ၈။ အစ္စရေး
၉။ မြောက်ကိုရီးယား
• အရောင်ရှိသောပင်လယ်များ
• ပင်လယ်ဖြူ (အာတိတ်သမုဒ္ဒရာ၊ ကိုလံဘီယာကျွန်းဆွယ်နား)
• ပင်လယ်နီ (အိန္ဒိယသမုဒ္ဒရာ၊ စူးအက်တူးမြောင်းနှင့်ဆက်)
• ပင်လယ်နက် (မြေထဲပင်လယ်၊ မက်ဒီတာဒေးနီးယန်းပင်လယ်)
• ပင်လယ်ဝါ (ပစိဖိတ်သမုဒ္ဒရာ၊ ကိုရီးယားကျွန်းဆွယ်အနီး) ၊
• ရေလက်ကြားများ
• မလက္ကာရေလက်ကြား (ပစိဖိတ်သမုဒ္ဒရာနှင့်အိန္ဒိယသမုဒ္ဒရာကြား)
• ပေါ့စ်ရေလက်ကြား (အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံကြား)
• ဂျီဘရော်တာရေလက်ကြား (အာဖရိကနှင့်စပိန်နိုင်ငံကြား)
• ဘူရီးစီးရေလက်ကြား (ဩစတြေးလျနှင့်နယူးဇီလန်နိုင်ငံ)
• ကမ္ဘာ့တိုက်ကြီးများ
• ၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂၀၀၀ စ/မိုင်
• ၂။ အာဖရိကတိုက် စ/မိုင် ၁၁ သန်းကျော် ၊
• ၃။ မြောက်အမေရိကတိုက် ၈/မိုင် ၉ သန်းကျော်
• ၄။ တောင်အမေရိကတိုက် စ/မိုင် ၈ သန်းကျော်
• ၅။ ဥရောပတိုက် စ/မိုင် ၃ သန်း ၈ သိန်းကျော်
• ၆။ ဩစတြေးလျတိုက် (အငယ်ဆုံး) စ/မိုင် ၃ သန်း ၁ သိန်းကျော်
• ၇။ အန္တာတိကတိုက်
• ကမ္ဘာ့သမုဒ္ဒရာကြီးများ
• ၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)
• ၂။ အတ္တလန္တိတ်သမုဒ္ဒရာ
• ၃။ အိန္ဒိယသမုဒ္ဒရာ
• ၄။ အာတိတ်သမုဒ္ဒရာ
• နေစကြာဝဠာအတွင်းရှိဂြိုဟ်ကြီးများ
• ၁။ ဗုဒ္ဓဟူးဂြိုဟ် (Mercury)
• ၂။ သောကြာဂြိုဟ် (Venus)
• ၃။ကမ္ဘာဂြိုလ် (Earth)
• ၄။ကြာသပတေးဂြိုလ်(Jupiter)
• ၅။ အင်္ဂါဂြိုဟ် (Mars)
• ၆။ စနေဂြိုဟ် (Satun)
• ၇။ ယူရေးနတ်ဂြိုဟ်(Uranus)
• ၈။ နပ်ပကျွန်းဂြိုဟ် (Neptune)
------------------------------------------------------------------------------------------------------------------------
• ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းကိုပိုင်းခြားထားသောမျဉ်း - ဂရင်းနစ်မျဉ်း ကမ္ဘာ့တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း- အီကွေတာမျဉ်း
• ကမ္ဘာ့စံတော်ချိန် (၂)မျိုးမှာ - ဒေသစံတော်ချိန်၊ ဂရင်းနစ်စံတော်ချိန်
• ကမ္ဘာ့သက်တမ်း - နှစ်သန်းပေါင်း ၄၅၅ဝ
• ကမ္ဘာ၏ အလေးချိန် - တန် သန်းပေါင်း(၆၀၀)
• ကမ္ဘာ့ အကြီးဆုံး ရေတံခွန် - နိုင်ရာဂါရာ ရေတံခွန်(ကနေဒါ)
• ကမ္ဘာ့ အကျယ်ဆုံး ရေတံခွန် - ခွန် ရေတံခွန်(အင်ဒိုချိုင်းနားကျွန်းဆွယ်)
• ကမ္ဘာ့ အမြင့်ဆုံး ရေတံခွန် - အိန်ဂျယ် ရေတံခွန်(ဗင်နီဇွဲလား)
• ကမ္ဘအကြီးဆုံး ရေခဲမြစ် - ဘီယက်မိုး ရေခဲမြစ်(ကနေဒါ)
• ကမ္ဘာ့ အကြီးဆုံး ကျွန်းစု - အင်ဒိုနီးရှားကျွန်းစု(အင်ဒိုနီးရှား)
• ကမ္ဘာ့လူဦးရေ - သန်း (၇၇၀၀) ကျော်
• ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း - (၁၉၇) နိုင်ငံ
• ကုန်းမြေအကျယ်အဝန်း - စတုရန်းမိုင်ပေါင်း ၅၇၅ဝ၆ဝဝဝ
• ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာ - ပစိဖိတ်သမုဒ္ဒရာ (၆၄၁၈၆၃၀၀ စတုရန်းမိုင်)
• ကမ္ဘာ့အကြီးဆုံးပင်လယ် - မြေထဲပင်လယ်
• ကမ္ဘာ့အကြီးဆုံးကျွန်း - ဂရင်းလန်းကျွန်း (၈၄၀၀၀၀ စတုရန်းမိုင်)
• ကမ္ဘာ့အကြီးဆုံးဂြိုဟ် - ဂျူပီတာဂြိုဟ်
• ကမ္ဘာ့ငြိမ်းချမ်းဆုံးနိုင်ငံ - အိုက်စလန်
• ဥရောပသမဂ္ဂမှထွက်ခွာသွားသောနိုင်ငံ - ဗြိတိန်
• ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့် သုံးသောနိုင်ငံပေါင်း - ၁၂၃နိုင်ငံ အပြည်ပြည်ဆိုင်ရာတရားရုံးတည်ရှိသည့်မြို့ - သည်ဟိတ်ဂ်
• EU အဖွဲ့ဝင်နိုင်ငံပေါင်း - ၂၈ နိုင်ငံ
• အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) -၂၁ နိုင်ငံ
• ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) -၁၉၃နိုင်ငံ
• ကမ္ဘာ့အမြင့်ဆုံးတောင် - ဧဝရတ်တောင် (နီပေါ ၂၉၀၂၈ ပေ) ၈၈၄၈ မီတာ။
• ကမ္ဘာ့အရှည်ဆုံးမြစ် - နိုင်းမြစ် (၄၁၆၀-မိုင်)
• ကမ္ဘာ့အကြီးဆုံးအိုင် - ကက်စပီယံအိုင်
• ကမ္ဘာ့အနက်ဆုံးချောက် - မာရီယာနာချောက် (၃၅၈၄၀ ပေ) ဖိလစ်ပိုင်
• ကမ္ဘာ့အမြင့်ဆုံးကုန်းမြေမြင့် - တိဘက်ကုန်းမြေမြင့်
• ကမ္ဘာ့အနိမ့်ဆုံးမြေပြင် - ပင်လယ်သေ (၁၃၄၉ ပေ)
• ကမ္ဘာ့အကြီးဆုံးတံတိုင်း - မဟာတံတိုင်း (၂၁၅၀-မိုင်)တရုတ်
• ကမ္ဘာ့အကြီးဆုံးသဲကန္တာရ - ဆာဟာရသဲကန္တာရ (အာဖရိကတိုက်)၊ရိုဘီသဲကန္တာရ (အာရှတိုက်)
• ကမ္ဘာ့အကြီးဆုံးမီးတောင် - မာအူနာလိုအာ (ဟာဝိုင်ရီကျွန်း)၊အလက်စကား (ချီလီ)
• ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း -ဇာကိုလိုကော် (ရုရှား)
• ကမ္ဘာ့အကြီးဆုံးနိုင်ငံ - ရုရှားနိုင်ငံ
• ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ - တရုတ်
• အရှည်ဆုံးဘာသာရေးစစ်ပွဲ -ရူးဆိတ်စစ်ပွဲ (နှစ်ပေါင်း ၂၀၀ကျော်)ခရစ်ယာန်နှင့်မွတ်ဆလင်
• ကမ္ဘာ့အမြင့်ဆုံးမြို့ -ဝမ်ချူအန်(တိဗက်)
• ကမ္ဘာ့အကြီးဆုံးမြို့ -နယူးယောက်မြို့ (အမေရိကန်)
• အမေရိကန်နိုင်ငံ၏မြို့တော် - ဝါရှင်တန်ဒီစီ
• အမေရိကန်နိုင်ငံမှ ထင်ရှားသောပါတီကြီးနှစ်ခု - ဒီမိုကရက်တစ်ပါတီ၊ ရီပတ်ဘလီကန်ပါတီ
• အမေရိကန်ပြည်နယ်ပေါင်း - ၅ဝ
• ကမ္ဘာပေါ်တွင်တိုက်ခတ်သည့်မုန်တိုင်းများ
• ဟာရီကိန်း (ပစိဖိတ်သမုဒ္ဒရာ)၊
• တိုင်ဖွန်း (တောင်တရုတ်ပင်လယ်)၊
• ဆိုင်ကလုန်း (ဘင်္ဂလားပင်လယ်အော်)၊
• ဆူနာမီ (အိန္ဒိယသမုဒ္ဒရာ)
• ကိုလိုနီနယ်ချဲ့ လက်အောက် မရောက်ခဲ့သော အရှေ့တောင်အာရှ နိုင်ငံ- ထိုင်းနိုင်ငံ ၊
• ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရအမျိုးသမီး-မဒမ်ကျူလီ(ရေဒီယမ်ဒြပ်ကို တွေ့ရှိမှု)
• ကမ္ဘာ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်-မစ္စသီရိမာဘိုဘန္ဒရာနိုက်ဂေး (သီရိလင်္ကာ)
• ကမ္ဘာ့ပထမဆုံးအမျိုးသမီးသမ္မတ မစ္စစ်ပင်ဘိုဂါဒိုမီတာ (အိုက်စလန်)
• အမေရိကန်ပုလဲဆိပ်ကမ်းကိုဂျပန်တို့ ဗုံးကြဲသောနေ့ ၇-၁၂-၁၉၄၁
• ပထမကမ္ဘာစစ်ဖြစ်ပွားသည့်နေ့ - ၂၈-၇-၁၉၁၄ (ဂျာမနီနှင့်ဆားဗီးယား)
• စစ်ပြီးဆုံးစာချုပ် - ဗာဆိုင်းစာချုပ် (၂၈-၆-၁၉၁၉)
• ဘင်းစတက်အဖွဲ့ဝင် - ၇ နိုင်ငံ
• နေတိုးအဖွဲ့ ဝင် (NATO) -၂၉ နိုင်ငံ
• အေဆမ် (ASEM)အဖွဲ့ဝင် - ၅၁ နိုင်ငံ
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ်(WHO) - ၁၉၄ နိုင်င
စစ်တောင်းမြစ်၏ မြစ်လက်တက်များ
----------------------------------
(က) ခပေါင်းမြစ်
(ခ) ရွှေကျင်မြစ်
(ဂ) ရဲနွယ်မြစ်
(ဃ) ငလိုက်မြစ်
သံလွင်မြစ်၏မြစ်လက်တက်များ
(က) သောင်းရင်းမြစ်
(ခ) ဟောင်သရောမြစ်
(ဂ) အတ္ထရံမြစ်
တူးမြောင်းများ
(က)ပဲခူး-စစ်တောင်းတူးမြောင်း(၃၈)မိုင်(ပဲခူးမြစ်နှင့်စစ်တောင်းမြစ်ကိုဆက်သွယ်ထားသည်) (ခ)တွံတေးတူးမြောင်း (ရန်ကုန်မြစ်နှင့်တိုးမြစ်ကို ဆက်သွယ်ထားသည်)
------------------------------------------------------------------------------------------------------------------------
အစွန်ဆုံးမြို့များ
(က)မြောက်ဘက်-ပန်နန်းဒင်
(ခ) တောင်ဘက်-ကော့သောင်း၊
(ဂ) အရှေ့ဘက်-မိုင်းယောင်း
(ဃ) အနောက်ဘက်-မောင်တော
မြန်မာနိုင်ငံတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုပေါင်းနှင့် မြစ်ကူးတံတားပေါင်း
ပြည်နယ်နှင့်တိုင်းဒေသကြီး -၁၄ ခု
ခရိုင်ပေါင်း - ၈၂ ခု
မြို့နယ်ပေါင်း -၃၃၀ ခု
မြို့နယ်ခွဲပေါင်း -၈၄ ခု
ရပ်ကွက်၊ကျေးရွာပေါင်း - ၆၃၈၉၉ ခု
စက်မှုဇုန်ပေါင်း - ၁၈ ခု
အထူးဒေသကြီးပေါင်း (SRDP) - ၂၄ ခု
ရိုးမတောင်တန်းကြီးများ
------------------------
ရခိုင်ရိုးမတောင်တန်း
တနင်္သာရီရိုးမတောင်တန်း
ပဲခူးရိုးမတောင်တန်း
တောင်ကုန်းဒေသများ
မြောက်ဘက်တောင်ကုန်းဒေသ
အနောက်ဘက်တောင်ကုန်းဒေသ
ရှမ်းကုန်းမြင့်ဒေသ
ဧရာဝတီမြစ်၏မြစ်ကျဉ်း(၄)ခု
(က) ပထမမြစ်ကျဉ်း(ဆင်ဘိုရွာ)
(ခ) ဒုတိယမြစ်ကျဉ်း(ဗန်းမော်၊ ရွှေဂူ)
(ဂ) တတိယမြစ်ကျဉ်း (သပိတ်ကျင်း)
(ဃ) စတုတ္ထမြစ်ကျဉ်း (ပြည်မြို့အထက်)
ဧရာဝတီမြစ်၏ မြစ်လက်တက်များ
(က) ငဝန်မြစ်
(ခ) ဂွေးမြစ်
(ဂ) ဘိုကလေးမြစ်
(ဃ) ပြာမလောမြစ်
(င) သက်ကယ်သောင်မြစ်
(စ) ဖျာပုံမြစ်
(ဆ) တိုးမြစ်
ချင်းတွင်းမြစ်၏ မြစ်လက်တက်များ-
(က) မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်
မြန်မာနိုင်ငံအကြောင်း
-----------------------
တည်နေရာ-အာရှတိုက်၏ တောင်ပိုင်းတွင်ရှိ
မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိ ၊
အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ်မှ ၁၀၁ ဒီဂရီ ၁၁ မိနစ်အထိ
လောင်ဂျီတွဒ်ဆိုသည်မှာ ကမ္ဘာ၏တောင်နှင့်မြောက်ဆက်သွယ်သောမျဉ်းဖြစ်သည်။
လတ္တီတွဒ်ဆိုသည်မှာ-ကမ္ဘာ၏ အရှေ့နှင့်အနောက်ဆက်သွယ်သောမျဉ်းဖြစ်သည်။
-----------------------------------------------------------------------------------------------------------------------
အိမ်နီးချင်းနိုင်ငံ
-------------------
မြောက်ဘက်နှင့် အရှေ့မြောက်ဘက် တရုတ်နိုင်ငံ၊
အရှေ့ဘက်နှင့် အရှေ့တောင်ဘက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ
အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ
တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်
အကျယ်အဝန်း- စတုရန်းမိုင်ပေါင်း (၂၆၁၂၂၈)မိုင်၊ (၆၇၇၀၀၀) စတုရန်းကီလိုမီတာ
အရှေ့နှင့်အနောက် (၅၈၂) မိုင်၊ ၉၃၆ ကီလိုမီတာကျယ်ဝန်း
တောင်နှင့်မြောက်- (၁၂၇၅)မိုင်၊ ၂၀၅၁ ကီလိုမီတာရှည်လျား
မြောက်ယဉ်စွန်းတန်းကို ဖြတ်သန်းသွားသောမြို့များ
တီးတိန်မြို့၊ တကောင်းမြို့၊ ကွတ်ခိုင်မြို့။
လူဦးရေ ၅၄ သန်း ကျော်
မြို့ပြလူဦးရေ- ၂၉. ၆%၊
ကျေးလက်လူဦးရေ ၇၀, ၄%
အမြင့်ဆုံးတောင်ထွတ် - ခါကာဘိုရာဇီ (၁၉၂၉၆)ပေ၊ ကချင်ပြည်နယ်
အမြင့်ဆုံးမြို့ - ဖလမ်းမြို့၊ ပင်လယ်ရေမျက်နှာပြင်အထက် (၅၂၈၃)ပေ၊ နောင်မွန်မြို့။
ထင်ရှားသောမြစ်ကြီးများ
ဧရာဝတီမြစ် ၁၃၄၈ မိုင်၊
ချင်းတွင်းမြစ် ၇၅၀ မိုင်၊
စစ်တောင်းမြစ် ၂၆၀ မိုင်၊
သံလွင်မြစ် ၇၉၆ မိုင်၊
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Magway