တို့ကျောင်း - Doh Kyaung

တို့ကျောင်း - Doh Kyaung

Share

A channel co-organized by Interim University Council and Students’ Union of UCH.

06/04/2023

Monthly Healthcare Project (March) လေးက မကြာခင် ပြီးဆုံးတော့မှာဆိုတော့ မလှူလိုက်ရသေးတဲ့အလှူရှင်တွေ မြန်မြန်လေးလာရောက်လှူဒါန်းနိုင်အောင် ထပ်ပြီး remind လုပ်ပါရစေနော် 👀

March လအတွက် လက်ခံရရှိတဲ့ အလှူငွေတွေကို Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် အတွက် ဆေးဝါးပစ္စည်းတွေ ဝယ်ယူပံ့ပိုးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ် 💁🏻‍♀️

၇.၄.၂၀၂၃ ည ၁၀ နာရီအချိန်အထိ အလှူငွေတွေကို လက်ခံပေးသွားမှာမို့ ကျွန်မတို့နဲ့အတူတူ ရဲဘော်တွေကို အားပေးကူညီကြရအောင်လားရှင် 💛

04/04/2023

ကျွန်မတို့ရဲ့ Monthly Health Care Project (March) အတွက် အလှူငွေတွေကို လာမယ့်သောကြာနေ့ (7.4.2023) ထိပဲ လက်ခံပေးသွားတော့မှာ ဖြစ်ပါတယ်ရှင့်။ အလှူငွေပမာဏ ၁၁ သိန်းအထိ မျှော်မှန်းထားခဲ့ပေမယ့် အခုအချိန်ထိတော့ အလှူငွေ ၃ သိန်းကျော်ကျော်လေးပဲ ရပါသေးတယ်ရှင့် 🥺

ဒါကြောင့် ရဲဘော်တွေကို ဆေးဝါးပစ္စည်းကူညီလှူဒါန်းပေးချင်တဲ့ အလှူရှင်ပြည်သူတွေအနေနဲ့ ၇ ရက်နေ့မတိုင်မီအထိ လာရောက်လှူဒါန်းပေးကြဖို့ တောင်းဆိုပါတယ်နော် 🙇‍♀️ အလှူငွေပမာဏကန့်သတ်ထားခြင်းမရှိတာကြောင့် မိမိတို့တတ်နိုင်သလောက် နည်းများမဆို ပါဝင်လှူဒါန်းပေးနိုင်ပါတယ်ရှင့် ❤️

10/03/2023

ရဲဘော်တွေကို Health Care Support ပေးနိုင်ဖို့ စီစဥ်ထားတဲ့ Project လေးက အခုထိတော့ အလှူငွေ ၂၅၀,၀၀၀ ကျပ်ပဲ ရပါသေးတယ်ရှင့် 🥺

ကျွန်မတို့ မျှော်မှန်းထားတဲ့ အလှူငွေပမာဏက ၁၁ သိန်းကျပ်ဆိုတော့ တော်တော်လေးလိုနေပါသေးတယ်။

တော်လှန်ရေးမြန်မြန်အောင်နိုင်ပြီး လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း စိတ်အား၊ လူအား၊ ငွေအားနဲ့ တက်တက်ကြွကြွပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်နော်။ ဒါကြောင့် အခုလိုမျိုး ဆေးဝါးအကူအညီလိုအပ်နေတဲ့ ရဲဘော်တွေအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းကူညီပေးကြဖို့ တိုက်တွန်းပါရစေရှင် 🙇‍♀️

07/03/2023

ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများပေးနိုင်ရန် CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်ခြင်း

လျှောက်ထားလိုသူများအနေဖြင့် CDM ဖြစ်ကြောင်း အထောက်အထားနှင့်တကွ လာရောက်စုံစမ်းနိုင်ပါသည်။

ကူညီကြမည့် ကျန်းမာရေးပညာရှင်များအတွက်
(၁) နေထိုင်ရေးနှင့် စားသောက်ရေး
(၂) လုံခြုံရေး
(၃) လစဉ် ဂုဏ်ပြုချီးမြှင့်ငွေတို့ကို တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားကြဖို့ လေးစားစွာ တိုက်တွန်းလိုက်ပါသည်။

06/03/2023

တို့ကျောင်းရဲ့ ရည်ရွယ်ချက် (၃) ရပ်အတွက် အကောင်အထည်ဖော်သွားမယ့် လုပ်ငန်းစဉ်တွေကတော့ -

(၁) IUC ရဲ့ ပညာရေးအစီအစဉ်များအပေါ် ကျောင်းသား/သူများနှင့် ကျောင်းသားဟောင်းတွေရဲ့ အကြံပြုချက်၊ အမြင်များကို ရယူစုဆောင်းခြင်း

(၂) ပညာရပ်ဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် တက္ကသိုလ်တည်ဆောက်ရေးဆိုင်ရာ လေ့လာ၊ သုံးသပ်ခြင်းနှင့် မျှဝေမှုတွေ ဆောင်ရွက်ခြင်း

(၃) အမိတက္ကသိုလ်နှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် စုပေါင်းဆွေးနွေး၍ အဖြေရှာကြခြင်း

(၄) တော်လှန်ရေးလိုအပ်ချက်များအတွက် ရန်ပုံငွေရှာဖွေရေးနှင့် ကျန်းမာရေးအကူအညီထောက်ပံ့မှုများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ဆက်လက်ပြီးတော့ စောင့်မျှော်ဖတ်ရှု၊ ဆွေးနွေး၊ ပါဝင်ပေးကြပါဦးရှင့်။

06/03/2023

ကျွန်တော်တို့ရဲ့ လုံခြုံအေးချမ်းတဲ့အနာဂတ်အတွက် ရှေ့တန်းကနေ မားမားမတ်မတ် တိုက်ပွဲဝင်ပေးနေကြတဲ့ ရဲဘော်တွေကို ကျွန်တော်တို့ကလည်း အတတ်နိုင်ဆုံး အားပေးကူညီပေးကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ရဲဘော်တွေ တကယ်လိုအပ်နေတဲ့ ဆေးဝါးအကူအညီထောက်ပံ့ပေးနိုင်ဖို့ "Monthly Health Care Project" တစ်ခုကို ကျွန်တော်တို့ စီစဥ်ထားပါတယ်။

အခုလက်ရှိမှာတော့ အလှူငွေ ၁၅၀၀၀၀ နီးပါး ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် တပ်ဖွဲ့တစ်ခုလုံးစာအတွက် အမှန်တကယ်လိုအပ်နေတဲ့ ဆေးဖိုးက ၁၁ သိန်းခန့် ဖြစ်တာကြောင့် အလှူငွေတွေဆက်လက်လိုအပ်နေပါသေးတယ်။ မတ်လ ၁၅ ရက်နေ့အထိ အလှူငွေတွေကို လက်ခံသွားမှာဖြစ်တာကြောင့် အလှူရှင် ကျောင်းသားပြည်သူများအနေနဲ့ မိမိတို့တတ်စွမ်းသမျှ ပါဝင်လှူဒါန်းပေးကြဖို့ တိုက်တွန်းပါရစေခင်ဗျ။

အလှူငွေလှူဒါန်းနိုင်မယ့်နည်းလမ်းတွေကိုတော့ ယခု တို့ကျောင်း - Doh Kyaung Page Chatbox
မှာပဲဖြစ်ဖြစ်၊ UCH Students' Union - အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရဲ့ Page Chatbox မှာပဲဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

03/03/2023

အားလုံးပဲ မင်္ဂလာပါ 💁‍♀️

တွဲလက်များရဲ့ ပွဲဦးထွက်အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ✨

တွဲလက်များအစီအစဉ်ရဲ့ ပထမခြေလှမ်းအဖြစ် ဆေးဝါးအကူအညီလိုအပ်နေတဲ့ ရှေ့တန်းကရဲဘော်တွေကို လစဉ်ဆေးဝါးထောက်ပံ့လှူဒါန်းပေးမယ့် “ Monthly Health Care Support Project “ ကို ယခုလကနေ စတင်လိုက်ပါပြီ 👀

ယခု မတ်လမှာ လက်ခံရရှိတဲ့ အလှူငွေတွေကိုတော့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ၏ စစ်ရေးမူဝါဒအရ ဖွဲ့စည်းထားသော Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် အတွက် ဆေးဝါးအကူအညီများ ပံ့ပိုးပေးရာမှာ အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။

ရဲဘော်တွေကို ဆေးဝါးကူညီထောက်ပံ့ပေးလိုတဲ့ အလှူရှင်တွေအနေနဲ့ Page Chatboxမှာ တိုက်ရိုက်စာပို့ပြီးသော်လည်းကောင်း၊ UCHSU ရဲ့ Volunteer များမှ တဆင့်သော်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့်။

အလှူရှင်တွေအနေနဲ့ ဆေးဝါးအကူအညီလိုအပ်နေတဲ့ ရှေ့တန်းကရဲဘော်တွေအတွက် မိမိတို့တတ်နိုင်သမျှ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင့်။

01/03/2023

တွဲလက်များအစီအစဉ် မိတ်ဆက်

တွဲလက်များအစီအစဉ်ကို UCH Students' Union - အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ကံ့ကော်ရိပ် - Kant Kaw Yeik လူသားချင်းစာနာထောက်ထားမှုကူညီရေး စီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

တွဲလက်များအစီအစဉ်သည် COVID 19 မတိုင်မီက အခြေခံကျန်းမာရေးတက္ကသိုလ် အနုပညာကော်မတီ၏ ပြည်သူ့အကျိုးပြု ကဏ္ဍတရပ်ဖြစ်ပြီး ဆေးရုံတက်ရောက်နေသည့် ဆင်းရဲနွမ်းပါးသော လူနာများနှင့် ရေဘေးသင့် ပြည်သူများအတွက် ကူညီပံ့ပိုးကြရန် လူစည်ကားရာဈေးများတွင် အလှူခံခြင်းနှင့် တိုက်ရိုက်လှူတန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါတွင် တွဲလက်များအစီအစဉ်ကို တော်လှန်ရေးကာလ အထောက်အကူပြု အစီအစဉ်တခုအဖြစ် အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ကံ့ကော်ရိပ်စီမံကိန်းတို့ ပူးပေါင်း၍ ပြန်လည်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။

တွဲလက်များအစီအစဉ်တွင်
(၁) ဆန်းသစ်သော အိုင်ဒီယာများဖြင့် ရန်ပုံငွေရှာဖွေမြှင့်တင်ခြင်း
(၂) တော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ အကူအညီပေးခြင်းနှင့်
(၃) တော်လှန်ရေးအင်အားစုများ၏ လိုအပ်ချက်များအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တွဲလက်များအစီအစဉ်၏ အကောင်အထည်ဖော်မှုများကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Photos from UCH Students' Union - အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ's post 26/02/2023

တာဝန်လွှဲပြောင်းခြင်း၊ အမှုဆောင်အဖွဲ့အသစ် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်ခြင်း သတင်းထုတ်ပြန်ချက်

စာအမှတ် - ခမကသ ၀၀၁/၂၃
ရက်စွဲ -၂၆.၂.၂၀၂၃

25/02/2023

ကျန်းမာရေးတက္ကသိုလ်ရဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားဟောင်းများ၊ အခြားသက်ဆိုင်သူများအားလုံးကို " တို့ကျောင်း " စာမျက်နှာကနေ ကြိုဆိုလိုက်ပါတယ် ✨

📌 " တို့ကျောင်း " ဆိုတာကတော့ ကျန်းမာရေးတက္ကသိုလ်ကြားကာလကောင်စီနဲ့ ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ သတင်းစာမျက်နှာ တစ်ခုဖြစ်ပါတယ် 👩‍💻👨‍💻

📌 " တို့ကျောင်း " ရဲ့ ရည်ရွယ်ချက်ကဘာလဲ ?

" တို့ကျောင်း " ရဲ့ ရည်ရွယ်ချက်ကတော့ အကျဉ်းချုံးအားဖြင့် " ထုတ်ဖော်၊ မြှင့်တင်၊ ထောက်ပံ့ရန် " ဖြစ်ပါတယ်။

🔎 ထုတ်ဖော် - ကျန်းမာရေးတက္ကသိုလ်ရဲ့ အဓိက သက်ဆိုင်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အတွေးအမြင်၊ စိတ်ဆန္ဒ၊ သဘောထားမှတ်ချက်တွေကို လေ့လာစမ်းစစ်ပြီး ကြားကာလတက္ကသိုလ်ကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပညာရေးလုပ်ငန်းတွေမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့

🖌️ မြှင့်တင် - ကျန်းမာရေးတက္ကသိုလ်နဲ့ ဆက်စပ်ပတ်သက်နေသူတွေရဲ့ ပညာရေးနဲ့ ပညာရပ်ဆိုင်ရာ အယူအဆမြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားနိုင်ဖို့

💌 ထောက်ပံ့ - တော်လှန်ရေးကာလရဲ့ လိုအပ်ချက်အရ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအကူအညီပေးမှုတွေနဲ့ တော်လှန်ရေးကိုအထောက်အကူပြုနိုင်မယ့် ကဏ္ဍတွေမှာ ဝိုင်းဝန်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

" တို့ကျောင်း " စာမျက်နှာကနေ ဘယ်လိုလှုပ်ရှားမှုတွေကို စတင်ဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် 👀

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Website

Address


UCH Campus, Near Magway City
Magway
04018

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00