Flash Campaign

Flash Campaign

Share

An insight into the solution for Civil Disobedience Movement

25/08/2023

📢ကြားဖြတ်ကြော်ညာလေး ဝင်ပါရစေ။
စစ်ရှောင်စခန်းမှာ ထမင်းတစ်နပ်အလှူရှင်ဆိုတာမျိုးက နေ့စဉ်မရှိပါဘူး။ အလှူရှင်မရှိတဲ့ ရက်တွေမှာတော့ ကြုံရာထမင်း၊ ကြုံရာဟင်းနဲ့ အဆင်ပြေအောင် စီစဉ်ကြရပါတယ်။ အဓိက လိုအပ်ချက်ကတော့ "ဆန်"ပါပဲ။

🍚 အခြားကမ်ပိန်းလေးတွေကြောင့် တစ်ရွာတစ်ကျီအစီအစဉ်ရဲ့ "ဆန်"အလှူခံကို နည်းနည်းလေး နောက်ဖယ်ထားသလို ဖြစ်နေပေမယ့် နေ့ရက်တိုင်း ထမင်းစားရဖို့ "ဆန်"ရှိမှ ဖြစ်မှာပါ။

🍚 ဒါကြောင့် နေ့ရက်တိုင်းမှာလည်း "ဆန်"အလှူရှင်တွေကို မျှော်နေပါတယ်ဗျ။
အလှူရှင်များအားလုံး ပူပင်သောကတွေ ပြေပျောက်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေဗျာ။

#တစ်ရွာတစ်ကျီ
#မနတကသ

#ကင်မွန်းခြုံ

22/08/2023

🍚တို့များရဲ့ ဘဝတွေနဲ့မတူဘဲ အလှူရှင်ရှိနေမှ စားရေးသောက်ရေးအဆင်ပြေတဲ့ စစ်ရှောင်တို့ပြည်သူတွေအတွက် ထမင်းတစ်နပ် အလှူရှင်တွေကို စောင့်မျှော်နေပါတယ်။

🍚လူ ၄၀၀ခန့်စာအတွက် ထမင်းတစ်နပ်ကိုလည်း ၂သိန်းကျပ်ကစလို့ ရွေးချယ်လှူဒါန်းနိုင်ပါတယ်။

🍚ကမ်ပိန်းတွေဖက်မှာ အာရုံစိုက်နေရလို့ ပို့စ်လေးတွေ မမြင်မိရင်တောင် အမြဲ လာလှူလို့ရပါတယ်။ ကိုယ်တိုင်နဲ့ ချစ်ရသူတွေရဲ့ မွေးနေ့၊ မင်္ဂလာဆွမ်းကျွေးအစရှိတဲ့ သာရေး အခမ်းအနားတွေအတွက် အထိမ်းအမှတ်ပဲလှူလှူ၊ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ချစ်ရသူတွေအတွက် ရည်စူးကုသိုလ်ပဲ ပြုပြု ကျွန်ုပ်တို့အဖွဲ့သားတွေက ဒါနမြောက်ဖို့ အစွမ်းကုန် ကြိုးစားစီစဉ်ပေးကြမှာ ဖြစ်ပါတယ်။

#မနတကသ


#ကင်မွန်းခြုံ
#စစ်ရှောင်ထမင်းတစ်နပ်

07/08/2023

"အဖွဲ့အစည်း အမည်ပြောင်းလဲသတ်မှတ်ခြင်း"
ရက်စွဲ။ ။ဂျူလိုင်လ (၇)ရက်၊ ၂၀၂၃ ခုနှစ်

နည်းပညာတက္ကသိုလ်(မကွေး)မှ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)တွင် ပါဝင်ကြသော ဝန်ထမ်းများအား ထောက်ပံ့နိုင်ရေးအတွက် "TUMG CDM SUPPORTING COMMITTEE"အား ၂၀၂၁ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းချိန်မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ကျပ်သိန်း (၂၈၀)ကျော်အထိ ရန်ပုံငွေရှာဖွေနိုင်ခဲ့ပြီး CDM ထောက်ပံ့ခြင်းနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၂ခုနှစ်တွင် CDM ထောက်ပံ့ရေးလုပ်ငန်းများ ရပ်ဆိုင်းပြီးနောက် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ Mission 21-Magway အဖွဲ့တို့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်ထောက်ပံ့ရေးနှင့် ထောက်ပို့လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် လစဉ်ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာနှင့် တစ်စိုက်မတ်မတ်မတ် ဆောင်ရွက်နိုင်ရန်အတွက် TUMG CDM Supporting Committee အား "Flash Campaign"အဖြစ် အမည်ပြောင်းလဲ သတ်မှတ်သတ်မှတ်သွားမည် ဖြစ်ပါကြောင်း တော်လှန်ပြည်သူအပေါင်းအား အသိပေးအပ်ပါသည်။

ရန်ပုံငွေရှာဖွေရှာတွင် လျှင်မြန်ဖျတ်လတ်ခြင်း၊ အချိန်တိုအတွင်း ပြီးမြောက်အောင်မြင်ခြင်း သဘောဆောင်နိုင်စေရန် "Flash" ဟူသော စကားလုံးကို သုံးစွဲထားပြီး ကမ်ပိန်းအတွက် အသုံးပြုမည့် အမှတ်တံဆိပ်အား အောက်တွင်ဖော်ပြထားပါသည်။

30/07/2023

မှန်းထားတာက သိန်း ၂၀
ရထားတာက ၆သိန်း 🥺

⚡အားလုံး လက်တွဲဖြုတ်မသွားဘူးဆိုတာ ယုံကြည်လို့
ကမ်ပိန်းကို ရက်ထပ်တိုးလိုက်ပါ့မယ်ဗျ။

⚡ ၈လပိုင်း ၁၆ရက်နေ့မှာ မဲဖောက်ပါမယ်နော်။
Flashကလေးက လိပ်ထက်နှေးတော့မှာလားး


#မနတကသ

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Technological University (Magway)
Magway