16/07/2026
''Sharing is Caring Section''
Welcome Culture — အိမ်ရှင်စိတ်ဓာတ်မှ စတင်သော Leadership
AMM International School ရဲ့ အတန်းများတွင် ဆရာ၊ ဆရာမများ အတန်းထဲသို့ ဝင်လာသည့်အခါ ကလေးများဘက်မှ မိမိတို့က ဦးစွာ ကြိုဆိုနှုတ်ဆက်ရမည့် Welcome Culture ကို သင်ကြားပေးထားပါသည်။
ဒီလို ဦးစွာကြိုဆိုနှုတ်ဆက်ခြင်းဟာ စကားလုံးတစ်ခွန်းပြောရုံမျှသာ မဟုတ်ပါဘူး။
မိမိစာသင်ခန်းကို မိမိနေရာ၊ မိမိတာဝန်ယူရမည့်နေရာအဖြစ် သဘောထားပြီး လာရောက်သူကို ရိုရိုသေသေ ကြိုဆိုတတ်သော အိမ်ရှင်စိတ်ဓာတ် ဖြစ်ပါတယ်။
ဆရာ၊ ဆရာမများ အတန်းမှ ထွက်ခွာသည့်အခါတွင်လည်း ဆရာ၊ ဆရာမတို့ဘက်မှ ကလေးများကို ဦးစွာ Goodbye ဟု နှုတ်ဆက်ပေးခြင်းဖြင့် အပြန်အလှန်လေးစားမှု၊ နွေးထွေးမှုနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ပေးရပါမည်။
ဒီယဉ်ကျေးမှုဟာ The 7 Habits နှင့်လည်း တိုက်ရိုက်ချိတ်ဆက်နေပါတယ်။
Habit 1 – Be Proactive
ဆရာ၊ ဆရာမက အရင်ပြောမှ နှုတ်ဆက်ခြင်းမဟုတ်ဘဲ မိမိကစပြီး ကြိုဆိုနှုတ်ဆက်တတ်ခြင်းသည် မိမိအပြုအမူအတွက် မိမိတာဝန်ယူတတ်သော Proactive Leader တစ်ယောက်၏ အလေ့အကျင့်ဖြစ်ပါသည်။
Habit 2 – Begin with the End in Mind
ယဉ်ကျေးသိမ်မွေ့ပြီး လူမှုဆက်ဆံရေးကောင်းမွန်သော ကလေးများ ဖြစ်လာစေရန် ရည်ရွယ်ချက်ထားပြီး နေ့စဉ်အလေ့အကျင့်အသေးလေးများကို စနစ်တကျ တည်ဆောက်ပေးခြင်း ဖြစ်ပါသည်။
Habit 4 – Think Win-Win
ကလေးများက ဆရာ၊ ဆရာမများကို လေးစားစွာ ကြိုဆိုခြင်း၊ ဆရာ၊ ဆရာမများကလည်း ကလေးများကို နွေးထွေးစွာ ပြန်လည်နှုတ်ဆက်ခြင်းသည် နှစ်ဦးနှစ်ဖက်လုံး တန်ဖိုးထားခံရသည့် Win-Win ဆက်ဆံရေးကို ဖန်တီးပေးပါသည်။
Habit 5 – Seek First to Understand, Then to Be Understood
နှုတ်ဆက်ခြင်း၊ မျက်နှာချင်းဆိုင်ကြည့်ခြင်းနှင့် အာရုံစိုက်ခြင်းတို့က တစ်ဦးနှင့်တစ်ဦး အလေးထားနားထောင်တတ်သည့် ဆက်ဆံရေး၏ အခြေခံဖြစ်ပါသည်။
Habit 6 – Synergize
ဘာသာရပ်ပြဆရာ၊ ဆရာမများ၊ အတန်းပိုင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး တူညီသောယဉ်ကျေးမှုကို အတူတကွ လေ့ကျင့်ကျင့်သုံးမှသာ ကျောင်းတစ်ကျောင်းလုံး၏ ကောင်းမွန်သော Culture တစ်ခု ဖြစ်ပေါ်လာနိုင်ပါသည်။
အလေ့အကျင့်ကောင်းတစ်ခုကို တစ်ကြိမ်သင်ပြရုံဖြင့် မတည်မြဲနိုင်ပါဘူး။
နေ့စဉ်စောင့်ကြည့်ခြင်း၊ သတိပေးခြင်း၊ ချီးကျူးအားပေးခြင်းနှင့် မိမိကိုယ်တိုင် စံနမူနာပြခြင်းတို့ဖြင့်သာ ကလေးများ၏ အသိစိတ်ထဲသို့ ရောက်ရှိလာနိုင်ပါသည်။
အထူးသဖြင့် ကလေးများနှင့် အမြဲတမ်းအတူရှိနေသော အတန်းပိုင်ဆရာ၊ ဆရာမများသည် အခြားဆရာ၊ ဆရာမများ သင်ကြားပေးခဲ့သော အလေ့အကျင့်ကောင်းများကို ကလေးများ ဆက်လက်ထိန်းသိမ်းနိုင်ရန် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ပြုလုပ်ပေးရန် အရေးကြီးပါသည်။
Welcome Culture ဆိုတာ နှုတ်ဆက်ခြင်းတစ်ခုသာ မဟုတ်ပါဘူး။
လေးစားမှု၊ တာဝန်ယူမှု၊ ပိုင်ဆိုင်မှုနှင့် Leadership စိတ်ဓာတ်ကို ပျိုးထောင်ပေးနေခြင်း ဖြစ်ပါတယ်။
ကလေးများကို စည်းကမ်းရှိအောင် ပြောပြပေးရုံမက
မိမိကစ၍ ယဉ်ကျေးမှုကောင်းကို ဖန်တီးတတ်သော Leader များဖြစ်လာအောင်
ကျွန်မတို့အားလုံး အတူတကွ ပျိုးထောင်ကြပါစို့ရှင်။
“Culture is not what we teach once.
Culture is what we practise every day.” ချစ်တဲ့ တီချယ်စု