EMS Academy

EMS Academy Effective Mentoring for Success

📢 Thadingyut Holiday Announcement 📢EMS Academy will be closed for the Thadingyut holiday from🗓️ Friday, 3rd October 2025...
02/10/2025

📢 Thadingyut Holiday Announcement 📢

EMS Academy will be closed for the Thadingyut holiday from
🗓️ Friday, 3rd October 2025 to
🗓️ Tuesday, 7th October 2025.

✨ Classes will resume on Wednesday, 8th October 2025, according to the regular schedule.

May this Thadingyut season be filled with peace, safety, and cherished moments together with your loved ones. 😍😍😍😍

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

သီတင်းကျွတ်ပိတ်ရက် ကြေညာခြင်းEMS Academy သည် သီတင်းကျွတ်ပိတ်ရက်အတွက်🗓️၂၀၂၅ အောက်တိုဘာလ ၃ ရက် (သောကြာနေ့) မှ🗓️၂၀၂၅ အောက်တ...
26/09/2025

သီတင်းကျွတ်ပိတ်ရက် ကြေညာခြင်း

EMS Academy သည် သီတင်းကျွတ်ပိတ်ရက်အတွက်
🗓️၂၀၂၅ အောက်တိုဘာလ ၃ ရက် (သောကြာနေ့) မှ
🗓️၂၀၂၅ အောက်တိုဘာလ ၇ ရက် (အင်္ဂါနေ့) အထိ
သင်တန်းများအားလုံးပိတ်မည် ဖြစ်ပါသည်။

✨ သင်တန်းများကို ၂၀၂၅ အောက်တိုဘာလ ၈ ရက် (ဗုဒ္ဓဟူးနေ့) တွင်
အတန်းချိန်များအလိုက် ပြန်လည်ဖွင့်လှစ်သင်ကြားသွားပါမည်။

သီတင်းကျွတ် အခါသမယမှာ ဘေးရန်ကင်းကွာပြီး
ချစ်ရတဲ့ မိသားစုနဲ့အတူ တန်းဖိုးရှိတဲ့ အချိန်များဖန်တီးနိုင်ကြပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 😍😍😍😍

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

Teacherတို့ရေ ကလေးတွေက teacherတို့ရဲ့အကြောင်းတွေကို အိမ်မှာ ထမင်းလက်ဆုံစားကြချိန် ပြန်ပြောပြကြတာကို သိပါရဲ့လား❓❓❓ကလေးတွေ...
25/09/2025

Teacherတို့ရေ

ကလေးတွေက teacherတို့ရဲ့အကြောင်းတွေကို
အိမ်မှာ ထမင်းလက်ဆုံစားကြချိန် ပြန်ပြောပြကြတာကို သိပါရဲ့လား❓❓❓

ကလေးတွေက teacherတို့ရဲ့ ရယ်စရာဖြစ်ရပ်လေးတွေကိုပြန်ပြောပြကြတယ်
ဆရာဆရာမတို့ရဲ့ အကြောင်းအရာ သေးသေးမွှားမွှားတွေကို သိကြတယ်
ဘယ်မှာ ကြီးပြင်းခဲ့တာလဲ၊ ခွေးနာမည်၊
ညီအကိုမောင်နှမ ဘယ်နှစ်ယောက်ရှိတယ်၊
Teacher ကြိုက်တာတွေ မကြိုက်တာတွေ၊ စသဖြင့်
ကလေးတွေက teacher တို့ရဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို
အာရုံစိုက်ပြီး နားထောင်နေတတ်ကြတယ်

ဘာဖြစ်လို့လဲသိလား 🤔🤔🤔🤔

Teacher တို့က သူတို့လေးတွေအတွက် အရေးပါလို့ပါပဲ😍😍😍

Teacher တို့ရဲ့ အထင်အမြင်က သူတို့အပေါ် ဘယ်လောက်ထိအရေးကြီးလဲ ဆိုတာရော သိကြလား❓❓❓

Teacherတို့က ချီးမွန်းပေးတဲ့အခါဆို
သူတို့တွေရဲ့ မျက်လုံးတွေမှာ အရောင်တွေတောက်ပနေလိုက်တာ🤩🤩🤩
သူတို့လေးတွေ teacherတို့ရဲ့ ထောက်ခံမှုနဲ့ ပြောကြားတာတွေက
ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ သိသာလွန်းပါတယ်

သူတို့​တွေ ဘောလုံးကန်လို့နိုင်တဲ့အခါ၊ စာတစ်ပုဒ်ဖတ်ပြီးသွားတဲ့အခါ
အောင်မြင်ပြီးမြောက်သွားတဲ့ အကြောင်းတွေကို သူတို့ပြောပြချင်တဲ့သူကတော့ Teacher တို့ကိုပါပဲ🤩

🏠🏠Teacher တို့က သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဆိုတာ သိကြမလား❓❓❓❓

လေ့လာရေးခရီးတွေ၊ ပွဲအခမ်းအနားတွေမှာ teacher တို့ကို သတိထားမိပါတယ်
ကလေးတွေကို ပြောဆိုဆက်ဆံပုံ၊
စိတ်ရှည်မှုနဲ့ ကြင်နာမှုတွေ
သူတို့လေးတွေ ရဲ့ ထွေးပွေ့မှုတွေ
ထမင်းစားတဲ့အခါ teacher တို့ရဲ့ဘေးမှာထိုင်ချင်တဲ့အကြောင်းတွေ၊
ကျောင်းပိတ်ရက်မှာ သူတို့လုပ်ခဲ့တာတွေကို Teacherတို့ကိုပြန်ပြောချင်ကြတာတွေ

Teacherတို့ရဲ့စားပွဲမှာလည်း
သူတို့ဆွဲထားတဲ့ ရုပ်ပုံလေးတွေ၊ 🔖
Teacherတို့ရဲ့ နာမည်လေးတပ်ပြီးရေးထားတဲ့ စာတိုလေးတွေ 📝📝

ဒါတွေအားလုံးကိုလည်း သတိထားမိပါတယ်🥺🥺

ကလေးတွေကို Teacherတို့ကို ချစ်ခင်ကြပါတယ်
ဘာကြောင့်လဲဆိုတော့ Teacher တို့ကလည်း သူတို့လေးတွေကို အမှန်တကယ်ချစ်ခင်ပေးကြလို့ပါပဲ😘😘

Teacherတို့ရဲ့ သင်ကြားရေးအလုပ်ဟာ
လွယ်လှတဲ့အလုပ်တစ်ခုမဟုတ်ပါဘူးဆိုတာကို ကောင်းကောင်းကြီးသိပါတယ်၊
ကြုံလည်းကြုံဖူးပါတယ်၊ လုပ်လည်းလုပ်ခဲ့ဖူးပါတယ်😰😰😰

ဒါပေမဲ့ သူတို့လေးတွေအတွက် ဘယ်လိုအခက်အခဲဖြစ်ဖြစ် Teacherတို့ရှိနေပေးကြတယ်

အချိန်ကြာညောင်းလှတဲ့ Trainingတွေ၊ အလွှဲအမှားတွေ၊
သူတို့ဘဝမှာကြုံရတဲ့ ဝမ်းနည်ဖွယ် အဖြစ်အပျက်တွေ၊
မိဘတွေဆီက မပြေလည်မှုကြောင့် တုံ့ပြန်မှုတွေ စတဲ့
အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ကြတယ်💪🏻💪🏻💪🏻

တံခါးပိတ်ပြီး မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်😓😓😓

“ဒါတန်ရောတန်ရဲ့လား” လို့ ပြန်တွေးမိတဲ့အခါတွေရှိလိမ့်မယ်

Teacherတို့ကိုယ်တိုင်လည်း သိပါတယ်
💖💖💖Teacherတို့ရဲ့ နှလုံးသားထဲကနေ

“တန်ပါတယ်” ဆိုတဲ့အဖြေတစ်ခုက ရှိနေပြီးသားပါ🥰🥰🥰

Teacher တို့ရေ

Teacherတို့က ကမ္ဘာကြီးကို ပြောင်းလဲပေးနေတယ်ဆိုတာ သိရဲ့လား❓❓❓❓

Teacherတို့က ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံး
ဘယ်အတိုင်းအတာထိ သက်ရောက်မှုရှိတယ်ဆိုတာ သိရဲ့လား❓❓❓❓

တစ်နေ့ကျရင်

သူတို့ရဲ့ ဘဝကို ပြောင်းလဲပေးခဲ့သူ တစ်ယောက်ဆိုတာကိုပေါ့⭐️⭐️⭐️

Teacherတို့ သူတို့အပေါ် ယုံကြည်ခဲ့ကြလို့
အခုလို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာတယ်ဆိုတာကိုပေါ့⭐️⭐️⭐️

Teacher တို့ရေ ကျေးဇူးအထူးတင်ပါတယ်နော်😊😊😊

ဒါလေးတွေ Teacherတို့ကို သိစေချင်တာပါ

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

(Dear Teachers, did you know?ဆိုတဲ့ မူရင်းစာပိုဒ်ကို သင့်လျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်

https://caseyhuffmotherhood.etsy.com/listing/4306051358/printable-art-dear-teachers-did-you-know
Credit to the author)

🥹 ရသစုံလင် ပြုံးပျော်ရွှင်
19/09/2025

🥹 ရသစုံလင် ပြုံးပျော်ရွှင်

ကလေးအတွက် စာလုပ်ဖို့ နေရာ လုပ်ပေးထားရဲ့လား❓❓❓❓အိမ်မှာ ကလေးတွေအတွက် စာလုပ်ဖို့ နေရာတစ်ခုလိုအပ်ပါတယ်သပ်သပ်မတ်မတ် စာလုပ်ဖို...
11/09/2025

ကလေးအတွက် စာလုပ်ဖို့ နေရာ လုပ်ပေးထားရဲ့လား❓❓❓❓

အိမ်မှာ ကလေးတွေအတွက် စာလုပ်ဖို့ နေရာတစ်ခုလိုအပ်ပါတယ်

သပ်သပ်မတ်မတ် စာလုပ်ဖို့ နေရာထားပေးခြင်းက
ကလေးတွေရဲ့အနာဂတ်အတွက် မိဘတွေသင်ပေးနိုင်တဲ့ အဖိုးတန်တဲ့လက်ဆောင်တစ်ခုပါ။🎁🎁

ဒီနေရာလေးက ကလေးတွေအတွက် ဘာတွေ ပေးနိုင်မလဲ ဆိုရင်…🤔🤔🤔🤔

✅စနစ်တစ်ခု တည်ဆောက်လိုက်တဲ့သဘောပါ

✅အာရုံစူးစိုက်မှုပိုကောင်းစေဖို့ (TV ၊စကားပြောသံ၊ ဆူညံသံ စတာတွေကနေ ဝေးတဲ့နေရာ)

✅စာလုပ်တတ်တဲ့ အလေ့အကျင့်တည်ဆောက်ဖို့

✅စာရေးကိရိယာပစ္စည်းတွေကို စနစ်တကျ ထားတတ်ဖို့

✅ခန္ဓာကိုယ်အနေအထား မှန်ကန်နေဖို့

✅ဒီစားပွဲခုံပေါ်ရောက်ရင် စာလုပ်ရမယ်ဆိုတဲ့ အသိတစ်ခု (Learning Mindset)

နေရာတစ်ခုဆိုပေမဲ့ အချို့အခြေအနေတွေမှာ
နေရာအကျယ်အဝန်းကြောင့် ထားရှိပေးဖို့ အခက်အခဲရှိနိုင်တာကြောင့် အနည်းဆုံး စားပွဲတစ်လုံးတော့
လုပ်ပေးထားဖို့လိုအပ်ပါတယ်😍😍😍😍

⭐️Online class တွေ တက်တဲ့အခါမှာလည်း အခုလိုလေးဖြစ်နေဖို့ လိုအပ်ပါတယ်

ကလေးတွေအနေနဲ့ အိမ်မှာရှိနေတဲ့အတွက်
သူတို့ရဲ့ သိစိတ်ရော မသိစိတ်က​ရော
ကျောင်းစာသင်ခန်းထဲကလောက် အာရုံစိုက်ဖို့ ခက်ခဲတတ်ကြပါတယ်
ပတ်ဝန်းကျင်အနေအထားဟာ သင်ယူမှုကို အများကြီးသက်ရောက်မှုရှိပါတယ်

နေရာလေးတစ်ခု သတ်မှတ်ပေးလိုက်တာဟာ
ကလေးရဲ့ အလေ့အကျင့်၊ အာရုံစိုက်မှု၊ သင်ယူများကို တိုးတက်ကောင်းမွန်လာစေနိုင်ပြီး
အိမ်ထဲကနေ ကလေးတွေရဲ့ အနာဂတ်ကို တည်ဆောက်ပေးနိုင်တဲ့ မိဘတွေရဲ့ ကြီးမားတဲ့ လက်ဆောင်တစ်ခုပါပဲ📊📊📊

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

ဘာဖြစ်လို့ အိမ်စာ လုပ်ရတာလဲ😭😭😭🤨ကျောင်းပိတ် - စာအုပ်ပိတ်🧐သင်တန်းပိတ် - စာအုပ်ပိတ်😕စာသင်ချိန်ပြီးသွားတိုင်း စာအုပ်ပစ်ချခဲ့...
08/09/2025

ဘာဖြစ်လို့ အိမ်စာ လုပ်ရတာလဲ😭😭😭

🤨ကျောင်းပိတ် - စာအုပ်ပိတ်
🧐သင်တန်းပိတ် - စာအုပ်ပိတ်
😕စာသင်ချိန်ပြီးသွားတိုင်း စာအုပ်ပစ်ချခဲ့ပြီး
လှည့်ကိုမကြည့်တော့တဲ့ ကလေးတွေနဲ့ကြုံနေရပြီလား

ဒါဆိုရင်တော့ ဒီပိုစ့်ကို ဖတ်ဖို့လိုအပ်နေပါပြီ

📌ကျောင်းပြီး အတန်းပြီးသွားတဲ့နောက်မှာ
ကလေးတွေစာပြန်လုပ်အောင် ဘယ်လိုနည်းလမ်းတွေလုပ်ဖို့လိုမလဲ❓❓❓

စာပြန်လုပ်ဖို့ဆိုရင် ကျောင်းချိန်/သင်တန်းချိန်ပြင်ပမှာ
ရက်တိုင်း မိနစ် ၃၀၊ ၄၅မိနစ်၊ ၁နာရီ စသဖြင့်
အချိန်တစ်ခု သတ်မှတ်ထားပြီး
အိမ်စာမပါသည့်တိုင်အောင်
ဒီချိန်မှာ ပြန်သင်ထားတဲ့ စာတွေဖတ်ကိုဖတ်ရမယ်၊
ဖတ်ပြီးရင် ပြန်ပြောပြဖို့လိုအပ်ပါတယ်
(ဖတ်ဆိုရင်တော့ ကလေးတွေအနေနဲ့က ဖတ်လိုက်ပြီး တကယ်သိသွားလား နားလည်သွားရဲ့လားဆိုတာ အသေအချာမသိနိုင်ပါဘူး)☹️☹️☹️☹️

📌မိဘတွေအနေနဲ့ရော အိမ်စာနဲ့ပတ်သတ်ပြီး ဘယ်လိုကူညီနိုင်မလဲ ❓❓❓

မိဘတွေအနေနဲ့ သင်ခန်းစာများကို
နားလည်ဖို့ရာ ပြန်ရှင်းပြဖို့ရာ အခက်အခဲရှိသည့်တိုင်အောင်
ကလေးတွေရှင်းပြချက်ကို နားထောင်ပြီး
အကြောင်းအကျိုးဆက်စပ်မှုကို ဆွေးနွေးပေးဖို့လိုအပ်ပါတယ်😍😍😍

မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပညာရေးမှာရင်းနှီးမြုပ်နှံတယ်ဆိုတဲ့အခါမှာ ငွေကြေးနဲ့ လိုအပ်တဲ့အထောက်အပံ့ပေးရုံတင်မဟုတ်ဘဲ
အရေးကြီးဆုံးဖြစ်တဲ့ အချိန်ကိုပါ ရင်းနှီးမြုပ်နှံဖို့လိုပါတယ်
🕰️🕰️🕰️🕰️

အဓိကအားဖြင့် ကလေးတွေနဲ့အတူတကွ
သူတို့ရဲ့စိတ်ဝင်စားမှု၊ စာနဲ့ပါတ်သတ်တဲ့အကြောင်းအရာ၊ သူတို့ရဲ့ခံစားချက်တို့ကို နာရီဝက်၊ ၄၅မိနစ်လောက် ပြောဆိုပြီး နွေးထွေးတဲ့ ဆက်ဆံရေးပါတည်ဆောက်နိုင်ဖို့လိုအပ်ပါတယ်🥰🥰🥰🥰

📌EMS အနေနဲ့ ဘယ်လိုစီစဉ်ပေးလေ့ရှိသလဲ❓❓❓

ကလေးတွေအတွက်
✅ဆရာ၊ဆရာမ အကူအညီမပါဘဲ ယုံကြည်ချက်ရှိရှိ ဆုံးဖြတ်လုပ်ဆောင်နိုင်အောင်၊
✅Time management လုပ်တတ်အောင်
✅တာဝန်တစ်ခု ယူတတ်အောင်
✅တာဝန်ပြီးမြောက်သွားအခါမှာ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိအောင်
✅ပြန်လည်လေ့ကျင့်တတ်တဲ့အကျင့်ရှိအောင်
✅မိဘနဲ့ကလေးတွေကြား ဆက်ဆံရေးတစ်ခုဖန်တီးနိုင်အောင်

EMS မှလည်း သင်တန်းချိန်ပြင်ပမှာ ကလေးတွေ စာပြန်ကြည့်နိုင်ဖို့ရာ လိုအပ်တဲ့လေ့ကျင့်ခန်းများ၊ အိမ်စာများ ထည့်ပေးဖြစ်ပါတယ်📚

မိဘများအနေနဲ့ရော ကလေးတွေ စာပြန်ကြည့်ဖြစ်ဖို့ရာ ဘယ်လိုနည်းလမ်းတွေသုံးလေ့ရှိသလဲဆိုတာ မျှဝေပေးခဲ့ပါအုံးနော်😍😍😍😍

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

ဘာကြောင့် Zoom class တွေမှာ ကင်မရာ ဖွင့်စေချင်တာလဲ?အရမ်းရိုးရှင်းတဲ့ အကြောင်းပြချက်ကတော့—👉 ကလေးတွေ ဘာလုပ်နေလဲ ဆိုတာ Teac...
24/08/2025

ဘာကြောင့် Zoom class တွေမှာ ကင်မရာ ဖွင့်စေချင်တာလဲ?

အရမ်းရိုးရှင်းတဲ့ အကြောင်းပြချက်ကတော့—
👉 ကလေးတွေ ဘာလုပ်နေလဲ ဆိုတာ Teacher အနေနဲ့ သိအောင်ပါ။🧐🧐🧐

ဒါပေမယ့် ဒီထက်ပိုပြီး ထဲထဲဝင်ဝင် ပြောရမယ်ဆိုရင်—
• ကလေးအနေနဲ့ Teacher ရှင်းပြတဲ့ သင်ခန်းစာ၊ ပုစ္ဆာတစ်ပုဒ်ကို နားလည်မနားလည်၊ ရှင်းလင်းမှု ရှိမရှိ ကို မျက်နှာပေါ်က အမူအရာတွေကို အကဲခတ်နိုင်ဖို့ဖြစ်ပါတယ်
• သင်ခန်းစာတစ်လျှောက် စိတ်ဝင်စားမှုနဲ့ စိတ်ခံစားမှု ကိုလည်း Teacher အနေနဲ့ သတိထားနိုင်ပါတယ်။
• Teacher ရဲ့ interaction နဲ့ Classmate တွေရဲ့ communication အပေါ်မှာ ကလေးအနေနဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုလည်း မြင်နိုင်ပါတယ်။
• ကလေးတွေ ပျင်းနေသလား၊ စာအုပ်မကြည့်ဘဲ အခြားအရာတွေနဲ့ အာရုံစိုက်နေလား ဆိုတာတွေကိုပါ မျက်နှာအမူအရာ ကိုယ်ဟန်အနေအထားကတစ်ဆင့် ခန့်မှန်းနိုင်ပါတယ်။

ဒီလို အခြေအနေတွေကို သုံးသပ်ပြီး Teacher အနေနဲ့
👉 သင်ခန်းစာရဲ့ နှုန်းထားကိုချိန်ညှိနိုင်ပါတယ်
👉 နားမလည်တဲ့နေရာမှာ ပိုရှင်းလင်းဖော်ပြနိုင်ပြီး
👉 လိုအပ်သလို အထောက်အကူ (support) ပေးနိုင်မှာဖြစ်ပါတယ်။

အချုပ်အနေနဲ့ပြောရရင်
ကလေးရဲ့Psychology ကို သိနားလည်ပြီး ကိုင်တွယ်ဖို့၊ ကူညီဖို့အတွက် ကလေးရဲ့ မျက်နှာအမူအရာ၊ behaviorကို မြင်နိုင်မှသာ အမြန်ဆုံးနဲ့ အထိရောက်ဆုံးလုပ်ဆောင်နိုင်တာဖြစ်တဲ့အတွက် Zoom Class တွေမှာ Camera ဖွင့်စေလိုတာဖြစ်ပါတယ်🥰🥰🥰

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

“Kids that are loved at home come to school to learn, but kids who aren't, come to school to be loved" Nicholas A. Ferro...
18/08/2025

“Kids that are loved at home come to school to learn, but kids who aren't, come to school to be loved"
Nicholas A. Ferroni

တကယ်ကို လက်တွေ့ကျတဲ့ Quote လေးတစ်ခုပါ

အခုလက်ရှိမှာ ဆရာဆရာမတွေအနေနဲ့ အများဆုံးကြုံတွေ့နေရတဲ့ အခြေအနေလေးတစ်ခုပါ

ကလေးတွေအနေနဲ့ အိမ်မှာ အချစ်ခံရရင်၊ ဂရုစိုက်ခံရရင်၊ မေတ္တာဓာတ်အပြည့်အဝရရှိတယ်ဆိုရင်
ကျောင်းမှာ ပညာကိုကောင်းစွာသင်ယူနိုင်ကြပါတယ်။ 😍😍😍

အခြေအနေအမျိုးမျိုးကြောင့် သူတို့လေးတွေလိုအပ်တဲ့ မေတ္တာ၊ဂရုဏာတွေကို မရရှိရင်တော့ ကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမများထံမှ တောင်းတတတ်ကြပါတယ် 😟😟😟

ဒီလိုတောင်းတတဲ့အခါမှာလည်း ကလေးတွေအနေနဲ့
နည်းလမ်းမှန်မှန်ကန်ကန်နဲ့ မတောင်းတတ်တဲ့အတွက် အတန်းထဲမှာ အရမ်းဆော့တာ၊ သူတစ်ပါးရဲ့ပစ္စည်းကို ဖျက်စီးတာ၊ စာသင်ချိန်အတွင်း အနှောက်အယှက်ပေးတာတွေလုပ်မိတတ်ကြပါတယ်

သူတို့ရဲ့ insecurity တွေကို ဖုံးကွယ်ချင်တာကြောင့်လည်း ကြမ်းတမ်းတဲ့အမူအရာတွေ လုပ်လေ့ရှိပါတယ်🥺🥺

အများအားဖြင့် ဒီကလေးတွေအနေနဲ့ attention လိုချင်ကြတာဖြစ်ပါတယ်။
သူတို့ဆော့လိုက်လို့၊ မသင့်တော်တဲ့ ဆူညံသံတွေလုပ်
လိုက်လို့၊ အပြုအမူဆိုးတွေလုပ်လိုက်တဲ့အခါ
ဆရာဆရာမများက သူတို့အပေါ်အာရုံရောက်သွားတာကို
မသိစိတ်ကဖြစ်ဖြစ် သိစိတ်ကဖြစ်ဖြစ်ကျေနပ်သွားတတ်ကြပါတယ် 😨😨
ဒါကြောင့် ထပ်သလဲလဲ ဒီအပြုအမူဆိုးတွေလုပ်တတ်ကြပါတယ်။

ဒါ့ကြောင့်မို့ ဆရာဆရာမတစ်ဦးအနေနဲ့ ကလေးတွေရဲ့ လိုအပ်ချက်အစစ်အမှန်ကို ရှာဖွေတတ်ဖို့လိုပါတယ်…

သူတို့လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေး (မေတ္တာတရားတွေ ပေးပြီးတဲ့နောက်မှသာ) စာကို ကောင်းကောင်းသင်လိုရတာမျိုးပါ၊

အခုဆိုရင် ကလေးတွေကိုစာသင်ဖို့ရာ ဆရာဆရာမတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုက ဘယ်လောက်ထိအရေးကြီးသလဲဆိုတာ နားလည်သဘောပေါက်မယ်လို့မြော်လင့်မိပါတယ်… 😍😍😍

Dear Teachers,
Really Appreciate to all your efforts ✨✨✨

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

အပြုအမူကို မကြိုက်ကြောင်းပြောပါ လူကိုမဟုတ်ပါကလေးတွေကို အရမ်းဆော့လို့ပဲဖြစ်ဖြစ် မသင့်တော်တဲ့ စကားအပြုအမူပြောဆို လုပ်ဆောင်...
10/08/2025

အပြုအမူကို မကြိုက်ကြောင်းပြောပါ လူကိုမဟုတ်ပါ

ကလေးတွေကို အရမ်းဆော့လို့ပဲဖြစ်ဖြစ်
မသင့်တော်တဲ့ စကားအပြုအမူပြောဆို လုပ်ဆောင်မိတဲ့အခါမှာ လူကြီးတွေ၊ ဆရာဆရာမတွေအနေနဲ့ ဆူမိ၊ စိတ်ဆိုးမိတတ်ကြပါတယ်🤯🤯🤯

လူသားတို့ရဲ့သဘာဝအရ တစ်ဖက်သားက
ကိုယ့်ကိုမကြိုက်/ မနှစ်သက်ဘူးဆိုတာကို
လက်မခံချင်ကြပါဘူး။
ကလေးတွေအနေနဲ့က ဒီခံစားမှုပိုပြီးဖြစ်တတ်ကြပါတယ်၊
🥺🥺🥺🥺

သူတို့ချစ်ခင်ရတဲ့ ဆရာ၊ဆရာမတွေက သူတို့ကိုမချစ်မှာ မသိစိတ်ကပဲဖြစ်ဖြစ်၊ သိစိတ်ကပဲဖြစ်ဖြစ် ကြောက်တတ်ကြပါတယ်။

ဒါ့ကြောင့်မို့
အဲ့လိုဆူမိတဲ့အခါ သွန်သင်ဆုံးမတဲ့အခါမှာ
ကလေးရဲ့ အပြုအမူကိုသာ မကြိုက်ကြောင်း၊
မသင့်တော်ကြောင်းကို ခွဲခြားပြီး နားလည်အောင်ပြောပြတတ်ဖို့လိုပါတယ်။ 😍😍😍😍

ကလေးတွေအနေနဲ့ ဒါကိုခံစားသိမြင်နိုင်တဲ့အတွက် ကိုယ့်ရဲ့ကောင်းစေချင်တဲ့ စေတနာအလျောက် ပြုပြင်သွားတတ်ကြပါတယ်

တစ်ဆက်တည်းမှာပဲ ကလေးရဲ့ အပြုအမူအပြောအဆိုက ဘာကြောင့် အခုလိုလုပ်ရတာလဲဆိုတဲ့ အရင်းအမြစ်ကိုရှာဖွေဖို့လိုပါတယ်❓❓❓❓

အချို့ကလေးတွေမှာ insecurityတွေ၊ attention လိုချင်တာတွေ၊ being love ဆိုတဲ့ အချစ်ခံချင်တာတွေ၊ စတဲ့အကြောင်းအရာတွေကို
မှန်မှန်ကန်ကန်မထုတ်ဖော်ပြတတ်ဘဲ bad behavior တွေလုပ်မိတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်… 😟😟😟

ဒါကြောင့်မို့ ကလေးတွေရဲ့ အပေါ်ယံအပြုအမူကိုပဲ မကြည့်ဘဲနဲ့ သူတို့လေးတွေရဲ့ အမှန်တကယ်ခံစားနေရတဲ့ ခံစားချက်တွေကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲဆိုတာကို အဖြေရှာတတ်ဖို့လိုကြောင်း…..🥰🥰

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

ကလေးတွေကို တံဆိပ်မကပ်မိပါစေနဲ့ “ဟို မျောက်လောင်းလေး”“အဲ့တစ်ယောက်က ကြောင်ချေး” “ဟဲ့ ငိုဗြဲလေး”“သူက ဂျစ်ကန်ကန်နဲ့”ဒီလိုတွေ...
06/08/2025

ကလေးတွေကို တံဆိပ်မကပ်မိပါစေနဲ့

“ဟို မျောက်လောင်းလေး”
“အဲ့တစ်ယောက်က ကြောင်ချေး”
“ဟဲ့ ငိုဗြဲလေး”
“သူက ဂျစ်ကန်ကန်နဲ့”

ဒီလိုတွေ ခေါ်တာတွေကို ကြားဖူး ကြုံဖူး ကြမယ်ထင်ပါတယ်။ 😐😐😐

အရမ်းဆော့တဲ့ ကလေးတစ်ယောက်ကို
“မျောက်လောင်းလေး” လို့ ခေါ်လိုက်တာက
တံဆိပ်ကပ်ပေးပြီး ခွင့်ပြုချက်ပေးလိုက်သလိုပါပဲ၊

ကလေးရဲ့စိတ်ထဲမှာ “ငါက မျောက်လောင်း” ဖြစ်တဲ့အတွက် ဆော့မှာပဲဆိုပြီး
သူ့ကို ပိုအားပေးလိုက်ရာတောင်ရောက်ပါသေးတယ်။ 🥲🥲🥲

တံဆိပ်ကပ်/ နာမည်တစ်မျိုးတပ်ပြီး ခေါ်လိုက်တာဟာ
သူ့ကို ဘယ်သူဘယ်ဝါပါဆိုပြီး
အသိအမှတ်ပြု ခွင့်ပြုချက်ပေးလိုက်သလိုဖြစ်တဲ့အတွက် လုံးဝကိုမလုပ်သင့်တဲ့အရာတစ်ခုပါ။

အကယ်၍များ သူ့ရဲ့အပြုအမူကို ပြုပြင်စေချင်ရင်
အဲ့အပြုမူက မကောင်းကြောင်း မသင့်တော်ကြောင်းရှင်းပြန်ပေးဖို့လိုပါတယ် 😍😍😍

တံဆိပ်ကပ်ခံရတာကို ကလေးတွေအနေနဲ့လည်း မကြိုက်ကြပါဘူး။
သူတို့ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်ပါတယ်။ 🥺🥺🥺

နာမည်ပြောင်ခေါ်တာ၊
“ဟို ဝတုတ်လေး”
“ဟို ဂျပု”
“ဟို အခြောက်လေး” စသဖြင့် ခေါ်ဆိုလိုက်တာဟာလည်း တစ်နည်းအားဖြင့် ခွဲခြားဆက်ဆံလိုက်တာမျိုးဖြစ်တဲ့အတွက် လုံးဝ (လုံးဝ) ကို ဆင်ခြင်ရပါမယ်။

ဒါဆို ဘယ်လိုခေါ်ရမလဲ 🧐🧐🧐❓❓❓

ကလေးတွေရဲ့ မိဘတွေပေးထားတဲ့နာမည်အရင်း၊
အိမ်နာမည်၊
nick name၊
English name တွေသာခေါ်သင့်ပြီး
အကောင်းဆုံးကတော့
ကလေးတွေကို သူတို့အနေနဲ့ ဘယ်လိုနာမည်လေးနဲ့ အခေါ်ခံရရင် အဆင်ပြေဆုံးဖြစ်မလဲဆိုတာ မေးပြီး ခေါ်တာဟာ အကောင်းဆုံးပါပဲနော်
😍😍😍😍

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

✨✨တကယ့်ကို အံ့ဩမှင်သက်ခဲ့ရတဲ့အခိုက်အတန့် ✨✨ညနေပိုင်း ကျောင်းချိန်ပြင်ပနဲ့ ကျူရှင်တွေဆက်တိုက်တက်ပြီးတဲ့နောက်တောင်မှ ပင်ပန...
30/07/2025

✨✨တကယ့်ကို အံ့ဩမှင်သက်ခဲ့ရတဲ့အခိုက်အတန့် ✨✨

ညနေပိုင်း ကျောင်းချိန်ပြင်ပနဲ့ ကျူရှင်တွေဆက်တိုက်တက်ပြီးတဲ့နောက်တောင်မှ

ပင်ပန်းနေပေမဲ့ လိုချင်စိတ် တိုးတက်ချင်စိတ်နဲ့
EMS Academy ရဲ့ English နဲ့ Maths သင်တန်းတွေကို အပြိုင်အဆိုင်လာJoin နေကြတဲ့
သင်တန်းသူ သင်တန်းသားများကို
Accept လုပ်ပေးနေရင်း ထူးခြားမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်

ထူးခြားမှုတစ်ခုကတော့ –

“𝐒𝐮𝐩𝐞𝐫𝐦𝐚𝐧 တောင် 𝐄𝐌𝐒 ကို 𝐉𝐨𝐢𝐧 လာခဲ့တာပဲဖြစ်ပါတယ်” 😱😱😱😱😱

အဲဒီတစ်ခါမှာတော့
တန်းခွဲအများကြီးကြောင့် ဘယ်အတန်းကို Join တာလဲ မသေချာသေးတာနဲ့
သူ့နာမည်ကို စာရင်းထဲကနေ တော်တော်များများ လှန်လျှောမွှေနှောက်ရှာခဲ့ရပါတယ်။ 😧😧😧

အကြောင်းမေးတဲ့အခါမှာ Superman ကပြောပါတယ် –

“ဒီမှာတက်နေတဲ့ သင်တန်းသားတွေ တကယ်ကို 𝗦𝘂𝗽𝗲𝗿𝗵𝗲𝗿𝗼𝗲𝘀 ပါပဲ။
ကျွန်တော်လည်း တစ်ယောက်တည်း
𝗘𝗻𝗴𝗹𝗶𝘀𝗵 & 𝗠𝗮𝘁𝗵𝘀 𝗦𝗸𝗶𝗹𝗹𝘀 နောက်ကျသွားတာ မလိုလားဘူး။
အချိန်မီ သင်ယူဖို့လိုလို့ 𝗘𝗠𝗦 ကိုလာခဲ့တာပါ။”
🦸🏼‍♂️🦸🏼‍♂️🦸🏼‍♂️🦸🏼‍♂️

တစ်ဆက်တည်းမှာပဲ

တက်ဖူးသူ မိဘများ၊ ကျောင်းသားများက

✅ဆရာ၊ဆရာမများ စိတ်ရှည်စွာသင်ကြားမှု၊
✅ကလေးရဲ့စွမ်းရည်တွေတိုးတက်မှု၊
✅သင်ကြားသင်ယူမှု ရှင်းလင်းမှု
✅နွေးထွေးလုံခြုံတဲ့ ဆက်ဆံရေးတည်ရှိမှု စတဲ့ညွှန်းဆိုမှုတွေများစွာရှိတာကြောင့် မဖြစ်မနေလာJoin တယ်လို့ဆိုပါတယ်။

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

“ဒါလေးတောင်မရသေးဘူးလား ဘယ်နှစ်ခေါက်ရှိနေပြီလဲ” ဒီစကားတစ်ခွန်းကို အကြိမ်ပေါင်းများစွာကြားဖူး ပြောဖူးမယ်လို့ထင်ပါတယ်။ 😟😟😟က...
29/07/2025

“ဒါလေးတောင်မရသေးဘူးလား

ဘယ်နှစ်ခေါက်ရှိနေပြီလဲ”

ဒီစကားတစ်ခွန်းကို အကြိမ်ပေါင်းများစွာကြားဖူး ပြောဖူးမယ်လို့ထင်ပါတယ်။ 😟😟😟

ကိုယ်သာ ဆရာဆရာမတစ်ယောက်၊
မိဘတစ်ယောက်အနေနဲ့ ကလေးကို ပြောမိနေတယ် ပြောဖူးတယ်ဆိုရင် ပြန်စဉ်းစားကြည့်ပေးပါ

😐😐😐😐 “ဒါလေးတောင်” ဆိုတာကိုယ့်အတွက်တော့ ဟုတ်ပေမဲ့

ကလေးအတွက်က “ဒါကြီး” ဖြစ်နေမလား။ 😧😧😧

သူတို့အတွက် မှတ်ရခက်နေတဲ့ စကားလုံး၊ အဖြေ၊
တွက်ရခက်ခဲ နားလည်ရခက်ခဲတဲ့ ပုစ္ဆာဖြစ်နေမလား

🤔🤔🤔🤔 “ဘယ်နှစ်ခေါက်/ ဘယ်နှစ်ခါ ရှိနေပြီလဲ” ဆိုတဲ့အခါ တကယ်ရော ဘယ်နှစ်ခါရှိလဲဆိုတာ အတိအကျသိရဲ့လား

၆ခါရှိပြီဆိုရင် နောက်တစ်ခါ ထပ်ရှင်းပြ၊ ထပ်ကျက်မှတ်၊ ထပ်တွက်ခိုင်းမယ်ဆိုရင်ရော???

ဘယ်နှစ်ခါရှိပြီလဲဆိုတဲ့အနေအထားမှာ

ကိုယ့်နဲ့နှိုင်းယှဉ်ပြီး ကိုယ်ကရော အဲ့စကားလုံး၊
အဲ့ပုစ္ဆာတစ်ပုဒ်ကို ကိုယ့်ဘဝတစ်လျှောက်လုံးရော၊
ဆရာဆရာမဆိုရင်လည်း သင်ကြားရေးသက်တမ်းအရ
အကြိမ်အရေအတွက် ဘယ်လောက်တောင်ရှင်းပြ ထိတွေ့ခဲ့ပြီးသားလဲ

အဲ့စကားလုံးတစ်ခုကို
ကိုယ်က ငယ်စဉ်ကတည်းက စပြီး
ခုထိအကြိမ် ၅၀/၁၀၀ ထပ်မနည်းတွေ့ဖူးပြီးသားမို့
ကိုယ့်အတွက်က မခက်ခဲတော့ပေမဲ့
ကလေးအတွက်က

၅/၁၀ ကြိမ်ဆိုတာ အင်မတန်နည်းပါးနေပါသေးတယ်။
(ဆိုလိုရင်းကို သဘောပေါက်မယ်ထင်ပါတယ်)

သူများတွေတော့ရပေမဲ့
ဒီကလေးက မရနေဘူးဆိုရင်လည်း
ဘာကြောင့်လဲ???? 🧐🧐🧐🧐🧐

ကိုယ့်နည်းလမ်းက ထိရောက်မှုအားနည်းနေတာလား၊
ကလေးမှာ မှတ်နိုင်စွမ်းက သူများနဲ့ မတူတာလား၊

✅✅✅WHY??? ဆိုတဲ့အတွေးနဲ့ စပြီး

ဒါဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ အလုပ်ဖြစ်နိုင်မလဲဆိုတဲ့

✅✅✅HOW??? ဆိုတာကိုဆက်စဉ်းစားဖို့လိုပါတယ်

✨✨✨✨✨✨
ဒီစကားလုံးလေး ၂လုံးဟာ အင်မတန်ရိုးရှင်းပေမဲ့
ချဲ့တွေးရင်တွေးနိုင်သလောက် တကယ်ကိုထူးခြားတဲ့ ရလာဒ်တွေ ယူဆောင်လာပေးနိုင်ပါတယ်၊

(*”ဘယ်နှစ်ခေါက်ရှိနေပြီလဲ” ဆိုတာထက်
“လာ သားရေသမီးရေ
နောက်တစ်ခေါက်လောက်ကြိုးစားပြီး
ကျက်ကြည့်ရအောင်၊ တွက်ကြည့်ရအောင်၊
Teacher ရှင်းပြတာကိုနားထောင်ကြည့်ကြရအောင်” လို့များပြောင်းလဲသုံးနှုန်းကြည့်မယ်ဆိုရင်……..😍😍😍

စကားလုံးတွေမှာလည်း မမြင်နိုင်တဲ့
အပြုသဘောဆောင်တဲ့စွမ်းအားတွေ၊
အပျက်သဘောဆောင်တဲ့စွမ်းအားအများကြီး ရှိနေပါတယ်)

𝑬𝑴𝑺 𝑨𝒄𝒂𝒅𝒆𝒎𝒚
𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑴𝒆𝒏𝒕𝒐𝒓𝒊𝒏𝒈 𝒇𝒐𝒓 𝑺𝒖𝒄𝒄𝒆𝒔𝒔

Address

No. 8, Thiridaw Road Naung Yar (B) Quarter
Loikaw

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959795240060

Website

Alerts

Be the first to know and let us send you an email when EMS Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EMS Academy:

Shortcuts

Share