23/04/2025
Hi,Everyone!အားလုံးပဲမင်္ဂလာပါ🤗🤗🤗
ဒီ post လေးမှာတော့..
Count me in နဲ့ Count me out အသုံးပုံစံ လေးကို ရှင်းပြသွားမှာဖြစ်ပါတယ်
Count me in နဲ့ Count me out ကို အဖွဲ့လိုက် သို့မဟုတ် အစီအစဉ် တစ်ခုမှာ ပါဝင်မယ်/မပါဝင်ဘူး ဆိုတာကိုပြောရာမှာ သုံးလို့ရတဲ့အသုံးအနူန်းဖြစ်ပါတယ်
(1)Count me in (ငါလဲပါမယ်/ငါ့ကိုလဲ ထည့်တွက်ပါ)
(A)"We are planning to go hiking this weekend.
Do you want to join?"
"ဒီတစ်ပတ် ငါတို့ ခြေလျင်ခရီးထွက် မလို့ မင်း
လိုက်မလား?"
"Count me in."
ငါလဲပါမယ်/ငါလဲလိုက်မယ်.
(B)" Let's organize a beach cleanup this
Sunday."
" ဒီလာမည့် တနင်္ဂနွေကျရင် ကမ်းခြေသန့်ရှင်း
ရေးလုပ်ကြမယ်"
"Great idea! Count me in."
"
" ဒီအကြံမဆိုးဘူး !ငါလဲပါမယ်"
(2)Count me out (ငါမပါဘူး /ငါ့ကိုထည့်မတွက်နဲ့)
(A ) "Who is staying late to finish the project?"
" Project အပြီးသတ်ဖို့ ဘယ်သူ ညနက်ထိ
နေမလဲ"
" Count me out .I have an appointment."
"ချိန်းထားတာလေးရှိလို့ ငါတော့မနေတော့ဘူး."
(B ) "Let's play football."
"ဘောလုံးကန်ကြရအောင်လေ "
"Count me out."
ငါမပါတော့ဘူး
*Count me in နဲ့ Count me out ကို တရင်းတနီးရှိ သော သူများနှင့်ပြောဆိုရာတွင်သာ အသုံးများသည်
* Count me in /count me out အစား I am in/I am out ဟူပြီး အသုံးပြုလို့လဲရပါတယ်
နားလည်မယ်လို့မျှော်လင့်ပါတယ်.
See you soon.✌️✌️