Loikaw Education Degree College Students' Union

Loikaw Education Degree College Students' Union Help Karenni

အားလုံးဘဲမင်္ဂလာပါဗျကရင်နီမှာ တိုက်ပွဲ​များ​နေ့စဥ်ပြင်းထန်​နေပါတယ်....တိုက်ပွဲများပြင်းထန်​နေခြင်း​ကြောင့် စစ်​မြေပြင်တွ...
04/03/2024

အားလုံးဘဲမင်္ဂလာပါဗျ

ကရင်နီမှာ တိုက်ပွဲ​များ​နေ့စဥ်ပြင်းထန်​နေပါတယ်....
တိုက်ပွဲများပြင်းထန်​နေခြင်း​ကြောင့် စစ်​မြေပြင်တွင်လိုအပ်ချက်များစွာရှိ​နေပါတယ်ဗျာ....
တိုက်ပွဲတွင် အထိအခိုက်နည်းပါးကျဆုံးမှုနည်းပါး​အောင် ရဲ​ဘော်​တွေဟာလည်း အမြဲတမ်းကြိုးစား​နေကြပါတယ်....
ရဲ​ဘော်​​တွေဟာအသက်ကိုပကာသနမထားဘဲတိုက်ပွဲဝင်ကြပါတယ် မိမိတို့မိဘပြည်သူအလှူရှင်များအ​နေဖြင့်လည်း လိုအပ်ချက်များကို ဖြည့်စွက်ပေးရန်အကူအညီ​တောင်းခံအပ်ပါတယ်....

တိုက်ပွဲတစ်ပွဲတွင် Droneသည် အလွန်အ​ရေးပါ​သောအရာတစ်ခုဖြစ်​နေပါတယ်....

ဒါ​ကြောင့်
DMO PDF(P3-1106)တပ်ရင်းမှ ပြုလုပ်ထား​​သော

"မအလ​ကြောက်တဲ့ လိပ်ပြာ"
သိန်း၅၀၀ ကမ်ပိန်း တွင် ပါဝင်ကူညီ​ပေးပါရန်
မေတ္တာ​တောင်းခံပါတယ်ဗျ....
ပါဝင်ကူညီ​ပေးမယ်ဆိုရင် chat box မှာစာပို့နိုင်ပါတယ်ဗျာ

အ​​သေးစိတ်ကို linkချ​ပေးထား​သော pageနားသွား​ရောက်​မေးမြန်နိုင်ပါတယ်ဗျ......

https://www.facebook.com/share/p/6QRAYW7XdjM53JsK/?mibextid=oFDknk
အားလုံးကို​ကျေးဇူးတင်ပါတယ်ဗျ

လွိုင်​ကော်ပညာ​ရေးဒီဂရီ​ကောလိပ် DTED 23/18 ဝိဇ္ဇာတန်းခွဲ (A)မှ မောင်ဝင်း​မောင်  1111 operation  လွိုင်​ကော်မြို့သိမ်းတို...
20/12/2023

လွိုင်​ကော်ပညာ​ရေးဒီဂရီ​ကောလိပ် DTED 23/18 ဝိဇ္ဇာတန်းခွဲ (A)မှ မောင်ဝင်း​မောင် 1111 operation လွိုင်​ကော်မြို့သိမ်းတိုက်ပွဲစစ်ဆင်​ရေးတွင်ကျဆုံးရသည့်အ​ပေါ် ဝမ်းနည်း​ကြောင်း သဝဏ်လွှာ

၂၀၂၁ခုနှစ်မှစ၍ ယ​နေ့ထိ မြန်မာနိုင်ငံအား အကြမ်းဖက်စစ်​ကောင်ထံမှ မတရားသဖြင့်အာဏာသိမ်းခံလိုက်ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား ဆက်လက်​တော်လှန်နေ​သော မြန်မာနိုင်ငံရှိနေရာအနှံ့အပြားမှ မိဘပြည်သူများနှင့်အတူ ကျွန်​တော်တို့ ကယား(ကရင်နီပြည်)အပါအဝင် ယ​နေ့ထိဆန့်ကျင်​တော်လှန်​နေကြဆဲဖြစ်ပါသည်။

ယ​နေ့ထိရဲဝံ့မှန်ကန်စွာ အသက်​​ပေး​တော်လှန်သွား​သော​တော်လှန်​ရေးရဲ​ဘော်များနှင့်အတူ ကျွန်​တော်တို့လွိုင်​ကော်ပညာ​ရေးဒီဂရီ​ကောလိပ်မှ DTED 23/18 ဝိဇ္ဇာတန်းခွဲ (A)မှ မောင်ဝင်း​မောင်သည် ၁၆-၁၂-၂၀၂၃ ရက်​နေ့​1111 operation လွိုင်​ကော်မြို့သိမ်းတိုက်ပွဲစစ်​ဆင်ရေးတွင် စစ်​ကောင်စီအား ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါသည်။

သူရဲ​ကောင်းများ၏ မှန်ကန်​သောဆုံးဖြတ်ချက် တော်လှန်​ရေးခံယူချက် လေးစားစံပြုအပ်​သောခံယူချက်များနှင့်အတူ အသက်​ပေးသွား​သော နိုင်ငံ​ရေးသူရဲ​ကောင်းများအား ကျွန်​တော်တို့မှ မှတ်တမ်းတင်ဂုဏ်ယူ​နေမည်ဖြစ်ပါသည်။

မတရား​​သောစစ်​ကောင်စီတပ်များအ​ပေါ် အသက်​ပေးခုခံတိုက်ခိုက်၍ မြင့်မြတ်စွာကျဆုံးသွား​သော မောင်​ဝင်း​မောင်အား ကျွန်​တော်/ကျွန်မတို့သည် မေ့​လျော့ခြင်းမရှိဘဲ စိတ်ထဲတွင် အမြဲဂုဏ်ယူ​လေးစား​နေမည် ဖြစ်ပါသည်။

တိုင်းပြည်အတွက်ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသောကြောင့်ကျွန်​တော်/ကျွန်မတို့သည်လည်း သူ၏မိဘများနှင့်အတူထပ်တူပင်ဝမ်းနည်းမိပါသည်။

လွိုင်​ကော်ပညာ​​ရေးဒီဂရီကောလိပ်

လွိုင်​ကော်ပညာ​ရေးဒီဂရီ​ကောလိပ် ပထမနှစ် Section (B) တန်းခွဲမှ ကျောင်းသား​  မောင်​ဇော်လင်းဦး မြေပြင်တစ်​နေရာတွင် ကျဆုံးရ...
21/08/2023

လွိုင်​ကော်ပညာ​ရေးဒီဂရီ​ကောလိပ် ပထမနှစ် Section (B) တန်းခွဲမှ ကျောင်းသား​ မောင်​ဇော်လင်းဦး မြေပြင်တစ်​နေရာတွင် ကျဆုံးရသည့်အ​ပေါ် ဝမ်းနည်း​ကြောင်း သဝဏ်လွှာ

၂၀၂၁ခုနှစ်မှစ၍ ယ​နေ့ထိ မြန်မာနိုင်ငံအား အကြမ်းဖက်စစ်​ကောင်ထံမှ မတရားသဖြင့်အာဏာသိမ်းခံလိုက်ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား ဆက်လက်​တော်လှန်နေ​သော မြန်မာနိုင်ငံရှိနေရာအနှံ့အပြားမှ မိဘပြည်သူများနှင့်အတူ ကျွန်​တော်တို့ ကယား(ကရင်နီပြည်)အပါအဝင် ယ​နေ့ထိဆန့်ကျင်​တော်လှန်​နေကြဆဲဖြစ်ပါသည်။

ယ​နေ့ထိရဲဝံ့မှန်ကန်စွာ အသက်​​ပေး​တော်လှန်သွား​သော​တော်လှန်​ရေးရဲ​ဘော်များနှင့်အတူ ကျွန်​တော်တို့လွိုင်​ကော်ပညာ​ရေးဒီဂရီ​ကောလိပ်မှ ပထမနှစ် Section (B) တန်းခွဲမှ
မောင်​ဇော်လင်းဦးသည် ၁၈-၈-၂၀၂၃ ရက်​နေ့​မြေပြင်တစ်​နေရာတွင် စစ်ကာင်စီတပ်အားခုခံတိုက်ထုတ်ရင်း ကျဆုံးခဲ့ရပါသည်။

သူရဲ​ကောင်းများ၏ မှန်ကန်​သောဆုံးဖြတ်ချက် တော်လှန်​ရေးခံယူချက် လေးစားစံပြုအပ်​သောခံယူချက်များနှင့်အတူ အသက်​ပေးသွား​သော နိုင်ငံ​ရေးသူရဲ​ကောင်းများအား ကျွန်​တော်တို့မှ မှတ်တမ်းတင်ဂုဏ်ယူ​နေမည်ဖြစ်ပါသည်။

မတရား​​သောစစ်​ကောင်စီတပ်များအ​ပေါ် အသက်​ပေးခုခံတိုက်ခိုက်၍ မြင့်မြတ်စွာကျဆုံးသွား​သော မောင်​ဇော်လင်းဦးအား ကျွန်​တော်/ကျွန်မတို့သည် မေ့​လျော့ခြင်းမရှိဘဲ စိတ်ထဲတွင် အမြဲဂုဏ်ယူ​လေးစား​နေမည် ဖြစ်ပါသည်။

တိုင်းပြည်အတွက်ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသောကြောင့်ကျွန်​တော်/ကျွန်မတို့သည်လည်း သူ၏မိဘများနှင့်အတူထပ်တူပင်ဝမ်းနည်းမိပါသည်။

လွိုင်​ကော်ပညာ​​ရေးဒီဂရီကောလိပ်

ရဲ​ဘော်​တွေကို မဲ​ရောင်းကူတာအား​တောင်နာရတယ်ဗျာ....အခုထိ၂​စောင်​လေးဘဲ ရောင်းရတယ်.....😷လာဝယ်​အောင်motiလေး​တွေ​ပေးဖို့ ကျွန...
13/01/2023

ရဲ​ဘော်​တွေကို မဲ​ရောင်းကူတာအား​တောင်နာရတယ်ဗျာ....
အခုထိ၂​စောင်​လေးဘဲ ရောင်းရတယ်.....😷
လာဝယ်​အောင်motiလေး​တွေ​ပေးဖို့ ကျွန်​တော်လည်းစာမစီတတ်​တော့ဘူး......😩
တကယ်ပင်ပန်းတယ် ဒါ​ပေမယ့်ကိုယ်ပင်ပန်းတာ​လောက်က​တော့ အသက်​ပေးရဲတဲ့ ရဲ​ဘော်​တွေနဲ့စာရင်ပင်ပန်းမှုကမ​ပြောစ​လောက်ပြာမှုန့်​လေးပါဘဲ....👍
ဒီ​တော့ ကိုယ်နိုင်တဲ့ဖက်က​နေကူရမာဘဲ🙆‍♂️🙆‍♀️
မဲ​လေးလာအား​ပေးကြပါအုံးဗျာ.....📢📢
cbမှာ​​​စောင့်​နေပါတယ်ဗျာ 🏃‍♂️🏃‍♀️

Hello guys.....🙋‍♀️မဲများလာ​ရောက်ဝယ်ယူနိုင်ပါပြီဗျာ....🙆‍♀️🙆‍♀️တစ်​စောင်မှတစ်​သောင်းကျပ်ထဲပါဗျ......💁‍♀️ကံလည်းစမ်းရင်းလှ...
11/01/2023

Hello guys.....🙋‍♀️
မဲများလာ​ရောက်ဝယ်ယူနိုင်ပါပြီဗျာ....🙆‍♀️🙆‍♀️
တစ်​စောင်မှတစ်​သောင်းကျပ်ထဲပါဗျ......💁‍♀️
ကံလည်းစမ်းရင်းလှူလည်းလှူရင်း အရှုံးမရှိပါဘူး​နော...
အခုထိနည်းနည်းဘဲ​ရောင်းရ​သေးတာမို့ ကူညီကြပါအုံးဗျာ❤
ဝယ်ယူအား​ပေးသူအားလုံးကိုလည်း​ကျေးဇူးအထူးတင်ပါတယ်ဗျ

ဒီ​နေ့နဲ့ဆို၃ရက်ရှိပါပြီအလှူ​ငွေ​ကောက်တာ အခုထိ၅၂၀၀၀သာရရှိပါ​သေးတယ်ကျွန်​တော်တို့ လှူမယ့်​နေရာ​တွေရာထားပြီးပြီမို့ မိမိတိ...
10/10/2022

ဒီ​နေ့နဲ့ဆို၃ရက်ရှိပါပြီအလှူ​ငွေ​ကောက်တာ အခုထိ၅၂၀၀၀သာရရှိပါ​သေးတယ်
ကျွန်​တော်တို့ လှူမယ့်​နေရာ​တွေရာထားပြီးပြီမို့ မိမိတို့တတ်နိုင်သ​လောက်၅၀၀/၁၀၀၀ကအစပါဝင်လှူဒါန်း​ပေးနိုင်ပါတယ်ခင်ဗျ
ပိုစ့်ကိုlike and shareလေးလုပ်ပြီးကူညီ​ပေး​စေချင်ပါတယ်ခင်ဗျ

Hello......🙋‍♂️🙋‍♀️အခုလက်ရှိမှာ​တော့ မင်မင်က​မြေပြင်လှုပ်ရှားနေတာမို့လိုအပ်ချက်​တွေများစွာရှိပါတယ်.....ဒါ့​ကြောင့်မင်မင်...
07/10/2022

Hello......🙋‍♂️🙋‍♀️
အခုလက်ရှိမှာ​တော့ မင်မင်က​မြေပြင်လှုပ်ရှားနေတာမို့လိုအပ်ချက်​တွေများစွာရှိပါတယ်.....ဒါ့​ကြောင့်
မင်မင်နဲ့အတူ

💁‍♀️စစ်​ရှောင်ကိုလှူ ရဲ​ဘော်ကူ🤍 ✌အစီအစဥ်​​လေးမှပါဝင်​ပေးဖို့​တောင်းဆိုပါတယ်ဗျ.......
အလှူ​ငွေ​တွေကို👉7.10.2022👈က​နေ👉7.11.2022👈ထိတလတိတိ​ကောက်ခံသွားမှာပါ

စစ်​ရှောင်က​လေး​တွေအတွက်လိုအပ်တာ​လေးကူပြီး ရဲ​ဘော်​တွေအတွက်ကျည်ဖိုး​လေးအလှူခံပါရ​စေ.....
ယုံကြည်စိတ်ချစွာလှူဒါန်းနိုင်ပါတယ်ဗျ....
ကောက်ခံရရှိတဲ့​ငွေအားလုံးကိုလည်း မြေပြင်မှာထိ​ရောက်စွာအသုံးပြုသွားပါမည်......
အခုစစ်​ရှောင်​နောက်တစ်ကန့်အတွက် စီစဥ်​နေတာမို့ ပါဝင်​ပေးကြပါအုံးဗျာ....
တစ်​ယောက်အားထက် စု​ပေါင်းအားက ပိုပြီးထိ​ရောက်ပါတယ်🤒🤒
ရဲ​ဘော်အတွက်​ကော စစ်​ရှောင်အတွက်​ကောလက်ခံ​ပေး​နေပါတယ်ဗျာ.....🤗🤗

တတ်နိုင်သ​လောက်အကူညီ​တောင်းပြီးအာဟာရသွား​ရောက်​ကျွေးထားတာ​​လေးပါ စာ​ရေးကိရိယာ​တွေလည်းများစွာလိုအပ်​နေပါ​သေးတယ်ဗျာ

ပြည်တွင်းပြည်ပညီအကို​မောင်နှမအလှူရှင်များအားလုံးပါဝင်လှူဒါန်း​ပေးဖို့​မေတ္တာရပ်ခံအပ်ပါတယ်ဗျာ

ကရင်နီပြည်နယ်​​မြေပြင်တစ်​နေရာ၌ဘုရား​ကျောင်းပေါ်တွင်လက်နက်ကြီးကျ​၍ က​လေးငယ်တစ်ဦး၏ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရအော....က...
29/09/2022

ကရင်နီပြည်နယ်​​မြေပြင်တစ်​နေရာ၌ဘုရား​ကျောင်းပေါ်တွင်လက်နက်ကြီးကျ​၍ က​လေးငယ်တစ်ဦး၏ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရ

အော....
ကိုယ်သာအဲ့က​လေး​နေရာဖြစ်ခဲ့ရင်
ကိုယ်သာ သူ့မိဘဖြစ်ခဲ့ရင်
ကိုယ်သာ သူ့​​ဆွေမျိုး​မောင်နှမဖြစ်ခဲ့ရင်
တစ်ချို့တစ်ချို့​ဒီမိုက​ရေစီအတုအ​ယောင်ရ​နေတဲ့လူ​တွေ
ကိုယ်ရှာမှကိုယ်စားရတယ်ဆိုတဲ့လူ​တွေ
အ​ရေး​တော်ပုံဘယ်​တော့​အောင်မလဲ​ ဘယ်ချိန်အောင်မလဲ​​မေးပြီးကိုယ်တိုင်ကboycottလေး​တောင်မလုပ်နိုင်တဲ့လူ​တွေ

အပြစ်မဲ့တဲ့က​လေး​တွေခံနေရတဲ့အ​ပေါ် ကိုယ်ချင်းစာတတ်ပါ​စေ......

education students Union

28/09/2022

ယခုအခါကရင်နီပြည်နယ်၌ တိုက်ပွဲများနေ့စဥ်ပိုမိုပြင်းထန်လာသည်နှင့်အမျှ မြေပြင်တွင်လှုပ်ရှားသောရဲဘော်များတွင် လိုအပ်ချက်များပိုမိုများလာပါသည်။စစ်ဘေးရှောင်များသည်လည်းတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာပါသည်။ရိက္ခာပြတ်လပ်မှုများ တိုက်ပွဲအတွင်းကျည်မလုံလောက်မှုများ စသည့်ပြသနာများ ကြုံတွေ့လာရပါသည်။ဒါ့ကြောင့်ကျွန်တော်သည် မြေပြင်လှုပ်ရှားသူတစ်ဦးဖြစ်သည့်အပြင် အာဏာရှင်ကိုဆန့်ကျင်သည့်ပညာရေးကောလိပ်မိသားစုဝင်တစ်ဦးဖြစ်သည့်အလျောက် ကျွန်တော့်အထက်လူကြီးများ၏ခွင့်ပြုချက်နှင့် မြေပြင်ရှိ ညီနောင်များ၏ သဘောတူညီမှုအရ ဤ Page ကို အလှူငွေ ရှာရန်အဖို့ အသုံးပြုရခြင်းဖြစ်ပါသည်။Page မှ ရသောအလှူငွေများကို အမှန်တကယ်လိုအပ်ပြီးအရေးကြီးသည့်နေရာတွင်အသုံးပြုသွားမည်ဖြစ်၍ လှူတန်းသူအလှူရှင်များကိုလည်းမိမိတို့လှူတန်းသည့်ငွေပမာဏအလျောက် အားလုံးကို Certificateများပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။
မြေပြင်၌ ကျွန်တော်သည်လည်း တတ်နိုင်သည်ထက်ပို၍အစွမ်းကုန်လှုပ်ဆောင်ပေးသွားပါမည်။သို့ဖြစ်ပါ၍ပြည်တွင်းရှိအလှူရှင်များ ပြည်ပရှိအလှူရှင်များ အားလုံးကို တတ်စွမ်းသမျှ အဆင်ပြေသည့်အလျောက် ထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။

education students Union

"(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့...
25/07/2022

"(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ရဲဘော်(၄)ဦးအား ဖက်ဆစ်စစ်ကောင်စီမှ မတရားကြိုးပေးစီရင်သည့်အပေါ် ကျောင်းသားသမဂ္ဂများမှ သဘောထားထုတ်ပြန်ချက်"

| ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်


19/07/2022

နွေဦးမှာ သူရဲကောင်းတွေကို
အတူတူ အလေးပြုကြမယ်။

ခေတ်ပျက်ကြီးကိုလည်း
အတူတူ ကျော်လွှားကြမယ်။

သူရဲကောင်းများအား ဦးညွတ်လျှက်

KSSU

19/07/2022

Address

Loikaw

Telephone

+959455984769

Website

Alerts

Be the first to know and let us send you an email when Loikaw Education Degree College Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category