01/03/2026
New Chapter Unlocked ✨
မတ်လ ၁ ရက်နေ့ဟာ
မင်မင်တို့ HLS ရဲ့ Founder တီချယ်အချောလေး Tr. Hsuu Myat Myat Phyo (Tr. Xyla Hsuu) ရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ် 🎉
Happy Birthday ပါ တီချယ်ရေ 🎂
၂၁ နှစ်ကစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ချစ်ရတဲ့ မိသားစုနဲ့အတူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ🫶✨
HLS Organization ကိုလည်း ဒီထက်မက တိုးတက်အောင် လုပ်ဆောင်နိုင်ပြီးတော့ အတန်းအသစ်တွေ၊ အခွင့်အလမ်းအသစ်တွေကို ပိုပြီး ဖန်တီးပေးနိုင်ပါစေ ချယ်ရေ 🌱🥳
တီချယ့်အတွက် သာယာပျော်ရွှင်ပြီး အမှတ်တရကောင်းတွေ ပြည့်နှက်နေတဲ့
မွေးနေ့ရက်မြတ်လေး ဖြစ်ပါစေလို့
HLS Team တစ်ဖွဲ့လုံးမှ နှလုံးသားအပြည့်နဲ့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💙
Happy Birthday, Founder! 🎂🎈
Hsuu's Language Studio
by Nicolas
10/02/2026
Hello!…👋
ဒီနေ့ကတော့ မင်မင်တို့ HLS ရဲ့
Chinese Instructor
Tr. Su Su Thet Hnin (Rio) 🎉🎂
ရဲ့မွေးနေ့အထိမ်းအမှတ်နေ့လေး ဖြစ်ပါတယ်။
Laoshi ရေ 💐
ယနေ့ကျရောက်တဲ့ မွေးနေ့လေးမှ စပြီး
ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ💞
ရည်မှန်းချက်တွေဆီကို ခလုတ်မထိ၊ ဆူးမငြိပဲ အဆင်ပြေချောမွေ့စွာ အရောက်လှမ်းနိုင်ပါစေ 💪
ကျန်းမာပျော်ရွှင်ပြီး အားအင်အပြည့်နဲ့ အလုပ်တွေကို ဒီထက်မက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေလို့ မင်မင်တို့ HLS Team တစ်ခုလုံးကနေ နှလုံးသားအပြည့်နဲ့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ☘🫶
Happy Birthday, Laoshi! 🎂🎈
Hsuu's Language Studio
& Graphics by Nicolas
05/12/2025
English စာကို Level Test တွေဖြေတိုင်း ကိုယ့်အနေနဲ့ B1 B2 တော့အမြဲရပါရဲ့ ဒါပေမယ့် English စကားကို ကောင်းကောင်းကျွမ်းကျင်စွာမပြောတတ်သေးဘူးဆိုရင်တော့ ဒီအတန်းလေးကို လာတက်လိုက်တော့နော်🤗
သင်ကြားပေးမယ့်တီချယ်ကလည်း review ကောင်းတွေ အများကြီးရထားတဲ့ Tr.Tain Hlwar ပဲဖြစ်ပြီး တစ်ပတ်ကို 3 ရက် 1 လခွဲနီးပါးသင်ရမှာကိုမှ သင်တန်းကြေးကလည်း 35000 ကျပ်ထဲသာ ဖြစ်ပါတယ်ရှင်🥰
အတန်းစရက်လေးက 8.12.2025 ဖြစ်ပြီး Student limit -30 ဖြစ်ပါတယ်
အတန်းလေးပြီးဆုံးရင် Certificate လည်းရရှိဦးမှာမို့ Speaking ကျွမ်းကျင်စွာပြောတတ်ချင်သူတွေအနေနဲ့ မဖြစ်မနေတက်ကိုတက်ရောက်သင့်သော အတန်းလေးတစ်ခုဖြစ်ပါတယ်ရှင်🤍
အတန်းအပ်ရန်
*Note - English စာအနိမ်ဆုံး B1 level ရှိမှသာ တက်ရောက်သင့်ပါသည်။
02/12/2025
📣Volunteer Calling For December 📣
ကိုယ်တတ်ထားတဲ့ ပညာတွေ၊ ကိုယ်လေ့လာထားတဲ့ ပညာတွေကို အကျိုးရှိရှိ အသုံးပြုဖို့ အခုပဲ Volunteer လာလျှောက်ရင်း မျှဝေလိုက်ကြစို့နော်
လိုအပ်ချက်များအနေနဲ့ကတော့
♦️မိမိသင်ကြားမည့်ဘာသာရပ်အား ကျွမ်းကျင်စွာ တတ်မြောက်ထားရမည်။
♦️စိတ်ရှည်ပြီး တတ်နိုင်သမျှ ကူညီပေးလိုသူများ
♦️ ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
♦️ ကျောင်သားများ၏လိုအပ်ချက်များကို အဆင်ပြေအောင် သင်ကြားပေးနိုင်ရမည်။
* အတွေ့အကြုံမရှိလည်း လျှောက်ထားနိုင်ပါသည်။
ရရှိမည့်အကျိုးကျေးဇူးများကတော့
*စာနဲ့ အမြဲထိတွေ့နေရမှာဖြစ်လို့ လေ့လာထားတာတွေမေ့ပျောက်သွားမှာ မစိုးရိမ်ရတော့ပါဘူး
*လူအများနဲ့ ဆက်ဆံရမှာဖြစ်လို့ သင့်ရဲ့ Communication Skills ကလည်း သိသိသာသာ တိုးတက်လာမှာ အမှန်ပါပဲ
*Management ပိုင်းမှာလည်း ကိုယ်တိုင် ပါဝင်ရမှာဖြစ်လို့ စီမ့ခန့်ခွဲမှုတွေလည်း တိုးတက်လာမှာပဲဖြစ်ပါတယ်
*အတန်းတစ်တန်းပြီးတိုင်းပြီးတိုင်းမှာလည်း သင့်ရဲ့ သင်ကြားမှုစွမ်းရည်တွေကလည်း သိသိသာသာတိုးတက်လာမှာဖြစ်လို့
Teaching ပိုင်းကို စိတ်ဝင်စားသူများအနေနဲ့ လာရောက်လျှောက်ထားနိုင်ပါပြီရှင်
📌Registration link
https://docs.google.com/forms/d/e/1FAIpQLSdcoOC3FhOIdYE5NpI28cSY-GsIWVQh91Bgeu39kuKB0SJOeQ/viewform?usp=header
Trying is the path to success.
29/11/2025
Japanese ကို Level Up ချင်သူများအတွက်
သင်တန်းစရက် - 4.12.2025
သင်တန်းကာလ -2 လခွဲ 3 လဝန်းကျင်
သင်တန်းကြေး -30000 ကျပ်..
သင်တန်းပြီးရင် Exam ရှိမှာဖြစ်ပြီး Exam အောင်မြင်ပါက certificate ရရှိမှာနော် ကလေးတို့
တစ်ရက်မှ 300လောက်ပဲကျမှာနော်🤗
တက်ရောက်ချင်သူများ ကို Japanese N5 လို့ ပို့ပြီးလာအပ်ပေးပါ
28/11/2025
~ဟယ်လို ဟယ်လို~
ကင်ချီမြေက အိုပါးတွေဆီ သွားချင်သူများအတွက် သတင်းကောင်း 👇🏼
ကိုရီးယားစာမှာ level 1 ခုချင်းစီအတွက် သင်ရိုးမျိုးစုံရှိတယ်ဆိုတာ သိကြမှာပါ အဲ့ဒီ့ထဲမှာမှ ဒီနေ့မှာတော့ Yonsei စာအုပ်သင်ရိုးကို ဈေးသက်သာစွာနဲ့ လေ့လာလို့ ရနိုင်မယ့် အခွင့်အရေးတစ်ခုအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်
Yonsei course မှာဆိုရင် level 1-1 , 1-2 နှစ်ခုလုံးပြီးမှသာလျှင် Level 1 ပြီးမြောက်တယ်လို့ ယူဆလို့ရမှာဖြစ်ပါတယ်ရှင်
ဒီနေ့လိုခေတ်မှာ Yonsei level 1-1 တစ်ခုထဲတင်ကို အနည်းဆုံး (၃,၄,၅) သောင်း ပေးနေရတဲ့အချိန်မှာ level 1-1 ရော 1-2 ရော အပြီးအစီးကိုမှ တစ်လ 10000 ကျပ်လောက်သာ ကျသင့်မယ်ဆို စိတ်ဝင်စားကြရဲ့လား🤔🤔
အရာရာဈေးကြီးနေတဲ့ ခေတ်ကြီးမှာ ဈေးပေါပေါနဲ့ရတယဆိုလို့ သူ့အပေါ်ထားတဲ့ မင်းအချစ်တွေပဲရှိတယ်နော် (အဲ မှားလို့မှားလို့ 🤭)
သင်တန်းဈေးတွေ ဈေးကြီးနေတဲ့ခေတ်ကြီးမှာ သင်ခန်းစာတွေကို နေ့အလိုက် စနစ်တကျ ပုံမှန်လေ့လာရန် နေ့စဉ်တစ်ရက်ချင်း ဗီဒီယ်ုတွေတင်ပေးနေတဲ့ တီချယ်တွေ၊ စာလိုက်လုပ်ဖို့ အမြဲနှိုးဆော်နေမယ့် တီချယ်တွေ အပြင် အိမ်စာတိုင်းကိုလည်း အချိန်မြန်ဆန်စွာနေ့စဉ်စစ်ပေးမယ့် တီချယ်တွေရော ရှိတာကိုမှ တစ်လ ၁ သောင်းလောက်ပဲ ကျမှာဆိုတော့ ကဲ ဘာလိုသေးလဲနော် အရမ်းအရမ်းကောင်းသော အခွင့်အရေးတစ်ခုပဲပေါ့
အချိန်တွေပြောင်းလဲလာတာနဲ့အမျှ တိုးတက်လာကြသူတွေကြားထဲ ကိုယ်တစ်ယောက်ထဲ မတိုးတက်ဘဲ ကျန်အနေစေဖို့ ခုပဲ မြန်မြန် အတန်းအပ်ပြီး လေ့လာလိုက်ကြစို့နော်
Class details
Start date - 4.12.2025
Class fee - 40000 Kyats (စာအုပ်ဖိုးမပါဝင်ပါ)
Duration - about 4 months
* စာအုပ်ဝယ်မည်ဆိုပါက ပို့ပေးပါသည်။
* Exam အောင်လျှင် Certificate ပေးအပ်မှာဖြစ်ပါတယ်
22/11/2025
အင်္ဂလိပ်စာကို ကျန်တဲ့အပိုင်းတွေဆိုရပေမယ့် Listening ပိုင်းဆိုမရတော့ဘူး Listening ပိုင်းအားနည်းတယ်ဆ်ုတဲ့ သူတွေအတွက် Listening ပိုင်းကို Practice လုပ်ပေးမယ့် အပြင် Grammar တွေကိုလည်း အခြေခံကနေ ပြန်သင်ကြားပေးဦးမယ့် English Grammar & Listening 🎧
အတန်းချိန်လေးကလည်း ညပိုင်းပဲမလို့ ရုံးတက်နေရသူ ကျောင်းတက်နေရသူတွေအတွက် အဆင်ပြေသော အချိန်လေးပါပဲ😍
အတန်းစရက်လေးကတော့ 12 လပိုင်း 2 ရက်နေ့ဖြစ်ပြီး ကျောင်းသားဦးရေ အနည်းငယ်သာ လက်ခံမှာဖြစ်ပါတယ်ရှင်
Grammar မှာအရေးကြီးတဲ့ Tenses တွေကို ဦးစားပေးသင်ပေးမှာဖြစ်ပါတယ်ရှင်
သင်တန်းကြေးအနည်းငယ်လေးနဲ့သင်ရမှာဖြစ်လို့ လူပြည့်မြန်တာမို့ မြန်"ကြိုအပ်ထားမှ စိတ်ချရမယ်နော်🫶🫶
အတန်းအပ်ရန် -
21/11/2025
အတန်းပြောင်းလဲကြောင်းကြေငြာခြင်း❕
သင်ရိုးအသစ်ပြောင်းလဲလိုက်ခြင်းဖြစ်သောကြောင့် ယခင် Basic Vocabulary တန်းတက်ပြီးသူများလည်းပြန်လည်တက်ရောက်ခွင့်ရှိပါသည်။
အတန်းများအား Page Messenger တွင်စုံစမ်းအပ်နှံနိုင်ပါပြီရှင်။
21/11/2025
ခေတ်နဲ့အညီရေပန်းစားလာတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်ဘာသာစကား🌟
နိုင်ငံရဲ့ ကျောင်းတွေ ၊ ဘာသာစကားတက်မြောက်ထားရင် ပြင်သစ်ကျောင်းတွေမှာပါ အခမဲ့တက်နိုင်မဲ့ အခွင့်အရေးတွေကြောင့် ကလေးတွေ လူငယ်တွေကြား အရမ်းကိုရေပန်းစားလာတဲ့ အတန်းလေးတစ်ခုကို Hsuu's Language Studio ကနေဖွင့်လှစ်ပေးလိုက်ပါပြီရှင်🤗
အတန်းစရက်လေးက 25.11.2025 ဖြစ်ပြီး သင်တန်းသားအရေအတွက် 25 ယောက်သာ လက်ခံမှာဖြစ်လို့ အတန်းစရက်နီးမှ အပ်မယ်ဆိုမေသချာတော့တာမလို့ ကြိုအပ်ထားမှတော့ တက်ရောက်နိုင်ဖို့ သေချာပါမယ်နော်🤩
Student Limit 25 ယောက်သာဖြစ်လို့ အတန်းထဲရောက်မှ တစ်ရက်နှစ်ရက် သင်ပြီး ထွက်သွားတာမျိုးတွေကြ Tr တွေကို အားနာဖို့ကောင်းသလို အမှန်တကယ် တက်ရောက်ချင်ပေမယ့် တက်ရောက်ခွင့်မရှိသော လူများအတွက်လည်းငဲ့ညာသောအားဖြင့် Deposit လေး သွင်းထားရပါမယ်ရှင်😍
ပုံမှန်အတန်းတက်ပြီး စာပုံမှန်လိုက်လုပ်သူများ သည် အတန်းပြီးတာနဲ့ Deposit ပြန်လည်ရရှိမှာဖြစ်ပါတယ်ရှင်🫶
https://t.me/freelanguagelearningwithme/168?single
Deposit သွင်းရမယ်ဆို စိတ်ပူတတ်ကြတဲ့ ကလေးတွေအနေနဲ့ ဒီပိုစ့်လေးအောက်က Review လေးတွေကို ဖတ်ကြည့်နိုင်ပါတယ်ရှင်🥰
အတန်းအပ်ရန်
17/11/2025
ချယ်တို့ TikTok အကောင့်လေး Name & Username လေးချိန်းထားပါတယ်ရှင့်
ယခင် TikTok Name - Elena
Username Name
အစား
Hsuu's Language Studio ဆိုသော အမည်ဖြင့်ပြောင်းလဲထားကြောင်း အသိပေးအပ်ပါသည်ရှင်🤍
အရင်နာမည်နဲ့အကောင့်ရှာရင်မတွေ့ဖြစ်နေကြမှာဆိုးလို့ ကြေငြာပေးတာပါရှင်🫶🫶