19/04/2025
ရောဂါဘယဘေးအန္တရာယ်လည်း မသင့်သေးဘူး
သဘာဝဘေးအန္တရာယ်လည်း မသင့်သေးဘူး
လက်နက်ဘေးအန္တရာယ်လည်း မသင့်သေးဘူး
လူ့ပယောဂဘေးအန္တရာယ်လည်း မသင့်သေးဘူး
ဆိုရင်
သင်ဟာ အင်မတန်ကံကောင်းတဲ့လူသားပါ
တတ်နိုင်သမျှ တရားဓမ္မတွေကိုလည်း နာယူကြပါ
သူ့အသက်သ၊တ်ခြင်းကိုလည်း ရှောင်ကြဉ်ကြပါ
ခေတ်ကြီးက
တိရိစ္ဆာန်လောက်တောင်မဖွံ့ဖြိုးတဲ့အသိဉာဏ်တွေနဲ့
အယုတ်တမာတရားတွေ အင်မတန်ကြီးထွားနေပြီ
မှားမှန်းလည်းမသိ တရားမှန်းလည်းမသိ
မတရားမှန်းလည်းမသိ
သံသရာလည်းမသိ တဘဝစာပဲသိတဲ့သူတွေထဲ
ကိုယ်မပါဖို့လို၏
မိသားစုအသိုက်တွေလည်း မပျက်ကြပါစေ
ဘေးရန်တွေလည်း ကင်းဝေးကြပါစေဗျာ 🙏