Myat Takhon Educational Services, Leiway, Nay Pyi Taw

Myat Takhon Educational Services, Leiway, Nay Pyi Taw

Share

Languages, Computer, Day special classes for KG+12
09979710810
09797865814
အမှတ် ၂ ရပ်ကွက်၊ လယ်ဝေး။

19/05/2026

၂၀၂၆ ခုနှစ်အတွက်
G 12 တွေ
အောင်စာရင်း ထွက်တော့မှာပဲ........

27/07/2025

2024-2025 Result

D မှန်းထားပေမယ့် D မပါတဲ့ ကလေးတွေနဲ့
အောင်လောက်တဲ့ အနေအထားရှိခဲ့ပေမယ့်
မပါလာခဲ့တဲ့ ကလေးတွေအတွက်
စိတ်ထဲ သိပ်နေလို့တော့ မကောင်းဘူးပေါ့။
ဒါပေမယ့်
ပြန်ဖြေရတဲ့ စာမေးပွဲမှာ
တဝက်အောင်တာကိုပဲ ကျေနပ်ပါတယ်ကွယ်။
တော်ရုံစိတ်ဓာတ်နဲ့ ပြန်ဖြေခဲ့ကြရတာမှ မဟုတ်တာနော်။


#2025

11/07/2025

၂၀၂၅ ခုနှစ် ဝါတွင်းကာလ ကျောင်းပိတ်ရက်များ

Image Credits to Guide4U

01/05/2025

KG to G11 အောင်စာရင်းများ
ထုတ်ပြန်မည့်ရက်
(၁၅. ၅. ၂၀၂၅) ရက်နေ့

ကျောင်းအပ်လက်ခံခြင်း
(၂၃. ၅. ၂၀၂၅) ရက်နေ့

ကျောင်းစတင်ဖွင့်လှစ်မည့်ရက်
(၂. ၆. ၂၀၂၅) ရက်နေ့
Crd

07/03/2025

Day Special Fee လေး နည်းနည်းတက်မယ့်
မြတ်တံခွန် 🤗

03/03/2025

လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံသည့်အခါတွင် လိမ္မာပါးနပ်စွာ ပြောဆိုနိုင်ဖို့ စကားကြီး ၁၀မျိုးကို မျှဝေပေးလိုက်ပါတယ်။

ရေကူးညာတင်ပြောနည်း
မြစ်တဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်၊ မြစ်ညာက တင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့၊ မိမိ အလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းကို ရေကူးညာတင်ပြောနည်းဟု ခေါ်သည်။ ရှေးအခါက သမားတော်ဇီဝကသည် အူထုံးသော သူဌေးသားကို ကုသရာတွင် ခုနစ်ရက်ခန့် အိပ်စေလိုသည်ကို ခုနစ်လခန့် အိပ်နိုင်မည်လောဟု မေး၏။ သူဌေးသားက မအိပ်နိုင်ပါဟု ဆိုသည်တွင် ခြောက်လခန့် အိပ်နိုင်ပါမည်လော စသည်ဖြင့် တရွေ့ရွေ့ဆုတ်ကာ ဆုတ်ကာမေး၏။ နောက်ဆုံး လိုရင်းဖြစ်သော ခုနစ်ရက်သို့ ရောက်ခါမှ သူဌေးသားကို ခုနစ်ရက် အိပ်စေပြီးလျှင် ဝမ်းကိုခွဲ၍ အူထုံးကို ဖြေသည်။ ဤစကားမျိုးသည် ရေကူးညာတင်ဆိုသော စကားမျိုးဖြစ်၏။ အရပ်သားအသုံးအနှုန်း၌ ရင်လောက်တင် ဒူးလောက်ကျ ဟူသောစကား၏ အဓိပ္ပာယ်ကဲ့သို့ပင် ဖြစ်သည်။

ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့၊ တစ်ဖက်လူ၏ စကားကို သိမ်းကျုံး ဖမ်းယူပြီးမှ၊ အရင်းကဖြတ်၍ ပိုင် အောင် ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်း ဖြစ်၏။ ရှေးအခါက သူဌေးသားတစ်ယောက်သည် ဗျိုင်းတစ်ကောင်ကို လေးနှင့်ပစ်၍ယူလာသည်ကို အခြားသူဌေးသားတစ်ယောက်က မြင်၍၊ လိုချင်သဖြင့် 'ဤဗျိုင်းသည် တစ်နေ့လျှင် ရွှေစင်တစ်ကျပ်သား အန်ထုတ်ပေးလေ့ရှိသော ငါ၏ဗျိုင်းဖြစ်သည်' ဟု စွပ်စွဲသည်။ ထိုအခါ လေးနှင့်ပစ်သူက'ထိုသို့ အန်ထုတ် ပေးလာသည်မှာ မည်မျှကြာပြီနည်း'ဟုမေးရာ၊ဗျိုင်းရှင်ဆိုသူက 'တစ်နှစ်ရှိပြီ'ဟု ထပ်၍ဖြေ၏။ ထိုအခါမှ လေးနှင့်ပစ်သူက 'မိမိအိမ်ရှေ့တွင် ပုံထားသော ရွှေစင်ပုံကြီးမှ တစ်နေ့လျှင်တစ်ကျပ်သား ပျောက်ဆုံးခဲ့သည်မှာ တနှစ်ရှိခဲ့ပြီဖြစ်ရာ၊ ယနေ့မှ သူခိုးကိုမိသည်။ ဗျိုင်းသည်သူခိုးဖြစ်၍ ဗျိုင်းရှင် သည် သူခိုး လက်ခံဖြစ်သည်။ ထိုကြောင့် တစ်နှစ်ထွက် ရွှေသုံးပိဿာ ခြောက်ဆယ်သား လျော်ပေးရမည်'ဟူ၍တောင်းလေ၏။ ထိုကြောင့် ဗျိုင်းကိုလိုချင်သော သူဌေးသားသည် အလျော်ပေးရလေ၏။ ဤသို့ တဖက်လူ၏စကားကို ဖမ်းပြီးမှ ပိုင်လောက်အောင် ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်းမည်၏။

ရေစီးဖောင်ဆန်ပြောနည်း
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ၊ လိုရာဆန္ဒရှိသမျှကိုတင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင်၊ လိုရာအရပ်သို့ ရောက်နိုင်၏။ ဤဥပမာကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောသောစကားသည် ရေစီးဖောင်ဆန်မည်၏။ ဟံသာဝတီဘုရင် ရာဇဓိရာဇ်မင်းလက်ထက်၊ ဒွါရာဝတီမင်း စစ်ချီလာရာတွင်၊ ရာဇာဓိရာဇ်က သံစေလွှတ်ရာ၌ စာသဝဏ်တွင် 'အဆွေတော်'ဟု ရေးသည်ကို၊ဒွါရဝတီမင်းက မနှစ်သက်လေ။ ထိုကြောင့် ပဝတ္တိမင်းက ဇာတိအားဖြင့် မင်းဖြစ်သူကို အဆွေတော်ဟု ခေါ်ဝေါ်သည်မှာမသင့်။ဤအရေးကို ပြေအောင်သံတော်တို့ကချေလည်စေ။ မချေလည်နိုင်လျှင် ဆီအိုးကင်း၌ ထည့်၍ ကြော်ရမည်ဟု ဒွါရာဝတီမင်းက သံတော်တို့ကို မိန့်လေ၏။ ထိုအခါ သံတော်တို့က 'အဆွေတော်'ဟု ရေးခြင်းသည် ဘုရားရှင်တို့မှစ၍ တပည့်သားသံဃာနှင့်တကွရေမြေ့ရှင် တို့တိုင်အောင် ခေါ်ဝေါ်သည့်ထုံးစံဖြစ်ကြောင်း၊ ဘုရားရှင်တို့သည် ဘုရားရှင်ချင်းကိုသာ ညီတော်နောင်တော် ခေါ်၏။ လူ့ဘဝမှ တော်စပ်သောဆွေမျိုးများကိုကား ဤသို့မခေါ်ချေ။ ထို့အတူ ဘုရင်မင်းမြတ်တို့သည်လည်း ထီးနန်း မစံသေးသော ဆွေတော်မျိုးတော်တို့ကို အဆွေတော်ဟုခေါ်ရိုးမရှိ။ နန်းစံဘုရင် ချင်းကိုသာ အဆွေတော် ခေါ်ရိုးဖြစ်၍ ရာဇဓိရာဇ်မှာလည်း ဟံသာဝတီရွှေနန်းရှင် ဖြစ်သောကြောင့် အဆွေတော်ဟု ရေးရသည်ဟု သံတို့က လျှောက်ထား၏။ ထိုအခါ၊ ဒွါရာဝတီ မင်းနှင့် ပါလာသော ပညာရှိမှူးမတ်တို့က ယခုချေပသည် စကားသည် သဗ္ဗညုရှင်တော်ဘုရားတို့ကို ဥပမာပြု၍ တပည့် သားသံဃာတော်နှင့်တကွ ရေမြေ့ရှင်တို့တိုင်အောင် ခေါ်ဝေါ် ပြီးသည့် ထုံးစံနှင့်ချေလည်ခြင်းဖြစ်သည်ဟု ချီးမွမ်းကြသဖြင့်၊ ဒွါရာဝတီမင်းလည်း စကားချေလည်သည် သင့်ပေ၏ဟု ဆုလာပ် များစွာပေးလေသည်။ ဤကဲ့သို့ ဥပမာ ဥပမေယျတို့ဖြင့် လိုရာ ရောက်အောင် ပြောခြင်းသည် ရေစီးဖောင်ဆန်ပြောခြင်းပင် ဖြစ်၏။

အိုးတန်ဆန်ခပ်ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။ ဘုရားအလောင်း သုဝဏ္ဏသာမသည် မြားဆိပ်သင့်၍ လဲနေရာ၊ မိဘ ၂ပါးအား သိကြားမင်းက သားရှင်စေလိုသလော၊ ရွှေအိုးလိုချင်သလော၊ မျက်စိမြင်ချင်သလောဟု မေးရာတွင် သားရွှေအိုးထမ်းလာသည်ကို မြင်ချင်ပါသည်ဟု ဖြေသဖြင့် လိုအပ်သမျှပြည့်စုံ၏။ ထိုသို့အလိုရှိသောစကားကို မယုတ်မလွန်ပြောခြင်း သည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။

ဆီပွတ်ကျည်ပွေ့ပြောနည်း
ဆီကိုရအောင်ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောခြင်းသည် ဆီပွတ်ကျည်ပွေ့ပြောနည်း ဖြစ်၏။ ရှေးအခါ မင်းတစ်ပါးသည် ဘုရားတည်မည်ပြုရာ၊ ဘုရားပိန္နဲတိုင်ကို မန်ကျည်းနှစ်ဖြင့် လုပ်ရသည် မကောင်းလောဟု အမတ်ကြီးအားမေး၏။ အမတ်ကြီးက 'မန်ကျည်းနှစ်လည်း ကောင်း၊ကျွန်းသားလည်း ကောင်း၏' ဟု ဖြေသည်။ ဤသို့ ဘုရင်မေးသမျှသော သစ်သားများတွင် ကျွန်းသားကောင်းကြောင်းကို ထပ်တစ်လဲလဲ ထည့်၍ ပြောသဖြင့်၊ ကျွန်းသားကိုပင် ဘုရားပိန္နဲတိုင် လုပ်ရလေသည်။ ထိုသို့ အလိုရှိသောစကားကို ထပ်တလဲလဲပြောခြင်းသည် ဆီပွတ် ကျည်ပွေ့ပြောနည်းမည်၏။

ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့မည်ဟုဆိုလိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့၊ စကားအရာတွင်လည်း မိမိအဖို့ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်းသည် ဆင်ဝှေ့ရန်ရှောင် ပြောနည်းပင်ဖြစ်၏။ ရှေးအခါက အိမ်ရှေ့မင်း တစ်ပါးသည် ကျောင်းဆောက်ရာ၊ ကျောင်းတိုင်ကို ရက်မအောက် မြေကြီးထိအောင် ရွှေချလေသည်။ ထိုသည်ကို မြို့ဝန်က ဧကရာဇ်ကို တုပ၍မြေကြီးထိ ရွှေမချသင့်ဟု အောက်ခြေမှ ရွှေများကို တိုက်ဖျက်ပစ်လေ၏။ ထိုအခါ အိမ်ရှေ့မင်းသည် အမျက်ထွက်၍ စစ်မေးလေရာ၊ မြို့ဝန်သည် တိုက်ရိုက် မလျှောက်ဘဲ၊ စကားတိမ်းရှောင်၍၊ အရှင် အိမ်ရှေ့မင်းသည် နောင် ဧကရာဇ်မင်း ဖြစ်မည့်သူဖြစ်သည်။ မင်းဧကရာဇ် မဖြစ်မီ ရွှေအပြည့်ချ၍ ကျောင်းဆောက်သော် မင်းဧကရာဇ် ဖြစ်သည့်အခါ မူလဆောက်သောကျောင်းနှင့် မင်းဖြစ်မှ ဆောက်သောကျောင်းသည် အတူတူပင်၊ ခြားနားခြင်းမရှိပါလေဟု ဆိုရန်ရှိသောကြောင့် မင်းဖြစ်သည့်ကာလ ကျောင်း ဆောက်တော်မူလျှင် နောင်ကို ချရန် ရွှေအခင်းကို ချန်လှပ်ထားရပါမည်'ဟု လျှောက်တင်လေ၏။ ဤသို့ လျှောက်တင်သည့်အတွက် အသက်ချမ်းသာရာ ရလေသည်။ ဤကဲ့သို့ ဘေးလွတ်အောင် တိမ်းရှောင်၍ပြောခြင်းသည် ဆင်ဝှေ့ရန်ရှောင်ပြောခြင်းပင် ဖြစ်၏။

တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ချုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင် ဦးစွာစကားငယ်ကို ပြော၍ နောက်မှ စကား ကြီးများကို ဖိပြောခြင်းဖြင့် အနိုင်ယူသည်ကို တောင်သူယာခုတ်ပြောနည်းဟု ခေါ်သည်။ ရှေးအခါက ဝိဒေဟရာဇ်မင်းကြီး၏ သိန်းအမတ်နှင့် မဟောသဓာ ပညာရှိသုခမိန်သည် ပညာနှင့် ဥစ္စာ မည်သည်က မြတ်ကြောင်း ငြင်းခုံကြရာတွင်၊ မဟောသဓာသည် ပထမဦးစွာ သေးငယ်သောဥပမာတို့ဖြင့်သာ တင်ပြပြောဆို၍ နောက်ဆုံးတွင် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရားထက် အဘယ်ဥစ္စာရှိသူမှ သာလွန်နိုင်မည်မဟုတ်၍၊ ဥစ္စာရှိထက် ပညာရှိ မြတ်ပေ၏ဟု စကားကြီးဖြင့် ပိတ်၍ဆိုလေသည်။ ဤသို့ဖြင့် အနိုင်ရလေ၏။ ဤကဲ့သို စကားငယ်ကို ပြောပြီးမှ စကားကြီးဖြင့် ပိတ်၍ဆိုခြင်းသည် တောင်သူယာခုတ်ပြောနည်းမည်၏။

ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ ဆုတ်ဟန်ပြု၍ အကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင် သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးလျှင်၊ စီးသောအခါမှ စီးလျက်ပြောသောစကားမျိုးသည် ကြက်ဆုတ်ခွပ်ပစ် ပြောနည်းစကားမျိုးမည်၏။ ဦးပေါ်ဦး၏လျှောက်ထုံး ဖြစ်သော ကဝိသေတ္တုမဉ္ဇူသာကျမ်းတွင် ဖော်ပြထားသော အောက်ပါအကြောင်းရပ်တို့သည် ကြက်ဆုတ်ခွပ်ပစ်စကားမျိုး ဖြစ်သည်။ တစ်ရံရောအခါ အမရပူရနေပြည်တော်ကြီးအတွင်း တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖိုမှ မီးထလောင်ကျွမ်းရာ နန်းတော်ကြီးမှစ၍ ရှိရှိသမျှ မီးသင့်လောင်ကျွမ်းကုန်ရကား၊ ခေါက်ဆွဲဖိုရှင် ငရွှေကြည်သည် လက်လွတ်ထွက်ပြေးတိမ်း ရှောင်နေ၏။ ထိုအခိုက်တွင် ဂန္ဓာလရာဇ်ပြည့်ရှင် ချင်းလုံဦးတည် မင်းက လျောင်းတူရဲနှင့် အဖော် ၂ဦးတို့ကို သံတမန်ခန့်လျက် ပဏ္ဏာလက်ဆောင်များ၊ ကုန်စည်ဝယ်ရန် ငွေတော်ရှစ်သိန်း၊ ကုန်တင်ရန် လားကောင်ရေ ခုနစ်ထောင်ကျော်တို့နှင့် အမရပူရ သို့ လွှတ်လိုက်၏။ ထိုသူတို့ ရန်ကင်းတောင်အနီးတွင် စခန်းချနေစဉ် စစ်ကိုင်းမင်း၏ အိမ်တော်သားတို့သည် လက်နက်လှံဓား အမြောက်အမြားနှင့် တရုတ်ကုန်သည်တို့ကို တိုက်ခိုက်လုယူကြရာ လားတို့လည်း တကွဲတပြား၊ တရုတ်တို့လည်း ဒဏ်ရာဒဏ်ချက် အများရကြ၏။ ထိုအခါ တရုတ်သံ တို့က မင်းတရားကြီးအား ထိုအကြောင်းကို အစီရင်ခံလျက် ဒဏ်ရာဒဏ်ချက်ရရှိသည်တို့ကို မဟာမိတ်နိုင်ငံချင်း ဖြစ်သဖြင့် မပြောမဆိုလိုကြောင်း၊ အထည်ပစ္စည်းဝယ်ရန် လွှတ်လိုက်သော ငွေတော်ရှစ်သိန်းကိုသာ ပေးလျော်ပါရန်၊ ယင်းသို့ မဟုတ်ပါက လုယက်သူတို့ကို ပေးအပ်ပါရန် လျှောက်ထားလေ၏။

ဘုရင် မင်းမြတ်သည် ထိုအရေးကို ဆောင်ရွက်စေရန် အမတ်ကြီး ဦးပေါ်ဦးအား တာဝန်လွှဲတော်မူ၏။ အမတ်ကြီး ဦးပေါ်ဦးလည်း တရုတ်တို့အား ဧည့်ဝတ်ကျေပြွန်စွာ ပြုစုပြီးလျှင် တရုတ်သံတို့တောင်းဆိုသော လျော်ကြေးအတွက် ဤသို့ စကား ဆိုသည်။ ဘုရင်ဦးတည်မင်း၏ အမိန့်စာချွန်ကို ဖတ်သိရသည့် အတိုင်း၊ ကျွန်ုပ်တို့က ပေးလျော်ပါမည်။ တရုတ်ကုန်သည်တို့၌ ပျောက်ဆုံးသော ပစ္စည်း အရပ်ရပ်ကိုသာ နောင်အခါ ကျန်ပါသေးဟု မဆိုရစေရန်၊ ထမင်းစားသော တူကိုမျှမချန် ယခုတစ်ခါတည်း စာရင်းတင်ပါဟု ဆိုလေ၏။ တရုတ်တို့က ငွေတော်ရှစ်သိန်းနှင့် မိမိတို့ပိုင်ငွေနှင့် ပေါင်းသော် ကိုးသိန်းခန့် ပျောက်ပါသည်ဟု ဆို၏။ ထိုအခါ ဦးပေါ်ဦးက ထိုငွေကို ပေးလျော်ပါမည် ယခု အမရပူရ နေပြည်တော်မှ ရွှေနန်းတော်ကြီးနှင့်တကွ တစမကျန် တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖို မှစ၍ မီးလောင်ခံသည်ကို သံမင်းတို့ အသိပင် ဖြစ်သည်။ သို့အတွက် မူလ မီးရှင် တရုတ် ငရွှေကြည်ကို ကျွန်ုပ်တို့ လက်သို့ အပ်စေလိုသည်။ တရုတ် ငရွှေကြည် လက်ဝယ်ရောက်လျှင် ပျောက်ဆုံးငွေ ကိုးသိန်းကို ရပါစေမည် ဟု ပြန်ကြားလေသည်။ တရုတ်သံ တို့လည်း ငရွှေကြည်အား ရှာဖွေရာမတွေ့သဖြင့် မရနိုင်ကြောင်း စကားပြန်၏။ ထိုအခါ ဦးပေါ်ဦးက နှစ်တိုင်းနှစ်ပြည်မဟာမိတ်ဖြစ်ကြသည်မှာ နှစ်ရှည်လများခဲ့ပြီ။ မိတ်မပျက်စေခြင်း အကျိုးငှာ တိမ်းရှောင်နေသူ တရုတ်ငရွှေကြည် တစ်ယောက်ကိုသာ ပေးအပ်ပါ ဆိုသည်ကို ရှာဖွေမရသဖြင့် မအပ်နိုင်ဆိုချေ၏။ ကျွန်ုပ်တို့ထံ တောင်းရမ်းသော ဓားပြတို့မှာ လူများစွာဖြစ်၍ အဘယ်မှာရှာကြံ၍ အပ်နိုင် ပါအံ့နည်း။ ပေးလျော်စေလိုသော ငွေကိုးသိန်းမှာလည်း၊ တရုတ်လူမျိုး ငရွှေကြည်၏ မီးအတွက် ပျက်စီးသော ပစ္စည်းတန်ဖိုးမှာ ကုဋေငါးဆယ်မျှ မက ရှိချေသည်။ ယင်းငွေများကို ကျွန်ုပ်တို့သည် နှစ်ပြည့်တစ်ပြည် အကြည်တော် မပျက်ရှိကြစေခြင်းငှာ သံမင်းတို့ဘုရင်ထံ တောင်းခံခြင်း မပြုပါ။ ကျွန်ုပ်တို့ထံတွင် ပျောက်ဆုံးသော ငွေကိုးသိန်းခန့်လောက်ကို တောင်းခံခြင်းပြုသည်မှာ ပြည်ထောင်တကာ မင်းများစွာတို့ ကြားခါစင်စစ် ရယ်ဖွယ်ကြီး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ဤတရားကို စဉ်းစားပြီးမှ တောင်းခံသင့်ကြောင်းကို သံမင်းတို့မင်းထံ လျှောက်ထားပါဟုဆို၏။ ထိုအခါ သံအမတ်တို့၏ တင်ဆက်လွှာအရ ဦးတည်မင်းက လျော်ကြေးငွေမတောင်းစေတော့ဘဲ၊ ပြန်လာရန် အကြောင်းကြားလေသည်။ဤကဲ့သို့ စကားကို ဦးစွာ၌ အလျှော့ပေးပြီးလျှင် စီးသာသည့်အခါမှ စီး၍ ပြောခြင်းသည် ကြက်ဆုတ်ခွပ်ပစ် ပြောခြင်းမည်၏။

ရေစစ်ကရား ရေသွားသည့်အသွင်ပြောနည်း
ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူ၏စကားကို ပိတ်မိအောင် ပြောသောစကားသည် ရေစစ်ကရား ရေသွားသည့်သွင် ပြောနည်းမည်၏။ ရှေးအခါက သူငယ် ၄ ယောက်နှင့် သူအိုတစ်ယောက်သည် မယုံဘူးဆိုသူ ကို ကျွန်ပြုစတမ်းဟု ချိန်းချက်၍ ယုံတမ်းစကားပြောကြ၏။ ပထမ သူငယ်က 'ငါငယ်စဉ်က အမိဝမ်းတွင်း၌ ပဋိသန္ဓေနေစဉ် အမိဖြစ်သူ ချဉ်သီးစားချင်ကြောင်း သိသဖြင့် ဝမ်းမှ ထွက်၍ ချဉ်သီးရှာပေးသည်။ ယုံကြသလော'ဟုဆိုရာ ကျန်လူများက ယုံသည်ဟု ဆိုသည်။ ဒုတိယသူငယ်က 'ငါသည် မန်ကျည်းသီး စားချင်သောကြောင့် ခြေမကို ကိုင်ပစ်ခါ မန်ကျည်းပင်ပေါ်သို့ တက်သည်။ မန်ကျည်းသီး တင်းပေါင်းများစွာ ဆွတ်ပြီးလျှင် မဆင်းနိုင်၍ အိမ်မှလှေကားကို ပြန်၍ယူကာ ဆင်းရသည်။ ယုံကြသလော'ဟု မေးရာ ယုံပါ၏ဟုဆိုကြ၏။ တတိယ သူငယ်က 'ငါသည် ငါးစားချင်သောကြောင့် ရေတွင်ငုပ်၍ ငါးကိုဖမ်းပြီး ရေထဲမှာပင် မီးဖုတ်၍စား၏။ ယုံကြသလော' ဟုဆိုရာ ယုံပါ၏ဟု ပြောကြ၏။ စတုတ္ထသူငယ်က တစ်ဖန် 'ငါ့မိဖအိမ်သည် အလွန်မြင့်၏။ အိမ်မှကျွန်မ၏ ဖွားမြင်စ သားသည် ကြမ်းပေါက်မှကျရာ ဆံပင်ဆွတ်ဆွတ်ဖြူမှ အောက်သို့ ရောက်၏။ ယုံကြသလော'ဟု မေး၏။ ကျန်လူများက ယုံပါ၏ဟု ဆို၏။ နောက်ဆုံးတွင် သူအိုက 'ငါသည် ဝါပင်တစ်ပင် စိုက်၏။ ထိုဝါပင်မှ ဝါသီး ၄ သီးသီးသည်။ ထိုဝါသီးများမှ သူငယ် ၄ ယောက်ပေါ်ပေါက် သည်ကို ငါ၏ကျွန်ပြုထားသည်။ ထိုသူငယ်တို့သည် ငါ့ထံမှ ထွက်ပြေးကြသည်ကို ငါရှာဖွေနေသည်မှာ ယခုမှ တွေ့ရသည်။ သင်တို့ ၄ ယောက်သည် ငါ့ကျွန်ဖြစ်သည်။ ယုံကြသလော'ဟု မေး၏။ သူငယ် ၄ ယောက်မှာ ယုံပါ၏ဟု ဆိုလျှင်လည်း သူအို၏ကျွန်၊ မယုံပါ၏ ဆိုလျှင်လည်း သူအို၏ကျွန်သာဖြစ်ကြရ၏။ ဤသို့ သူ့စကားကို ပိတ်မိအောင် ပြောသောစကားသည် ရေစစ်ကရား ပြောနည်းဖြစ်၏။

ခက်တင်မောင်းနင်းပြောနည်း
သူ့စကားကို ဟုတ်၏လည်းမဆို၊ မဟုတ်ဟုလည်း မဆိုဘဲ၊ မတင်မကျ ပြောသောစကားသည် ခက်တင်မောင်းနင်း ပြောနည်း ဖြစ်၏။ ရှေးအခါ မင်းမှုထမ်းတစ်စုက လူဆိုးတစ်ယောက် အား ဖမ်းဆီး၍ သတ်မည်ပြုသည်တွင်၊ လူဆိုးက ငါသည် တောင်ဖီလာဆရာတော်၏တူ ဖြစ်သည်ဟုဆိုရာ၊ မှန်မမှန် မေးရန် ဆရာတော်ထံသို့ ခေါ်သွားကြ၏။ ကျောင်းရောက်၍ ဆရာတော်အား မေးလျှောက်ကြရာ ဆရာတော်က မဟုတ်ဘူး ဆိုလျှင် ဤသူ သေမည်၊ ဟုတ်၏ ဆိုလျှင်လည်း ငါမုသား ရောက်မည်ဟုကြံ၍ 'ဤသူငါ့တူမဟုတ်ဟု မည်သူပြောသနည်း' ဟု မိန့်တော်မူ၏။ မင်းမှုထမ်းတို့လည်း ထပ်၍ မလျှောက်ဝံ့ သဖြင့် ပြန်သွားရ၏။ ဤသို့ဖြင့် လူဆိုးလည်း ချမ်းသာရာ ရ၏။ ဤကဲ့သို့ မတင်မကျပြောခြင်းကို ခက်တင်မောင်းနင်း ပြောနည်းဟုခေါ်၏။

Wikipedia မှ ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ချစ်ခင်စွာဖြင့်

#အသိပညာ #ဗဟုသုတ ゚

Photos from Myat Takhon Educational Services, Leiway, Nay Pyi Taw's post 21/02/2025

မြတ်တံခွန်
ကိုယ်ပိုင်ဘာသာရပ်သင် ကျောင်းနှင့် ဘော်ဒါမှ
နှစ်စဉ် ဖွင့်လှစ်ပေးလျက်ရှိသော
ပညာဒါန သင်တန်းများနှင့် သင်ရိုးသစ် အတန်းများ



#

12/01/2025

G12 ကျောင်းသားက တစ်နေ့ စာ တစ်နေ့ ဖြတ်ရတယ်။
တစ်ပါတ် စာ တစ်ပါတ် ကျေနေရတယ်။
တစ်လ စာ တစ်လ ပိုင်နိုင်ရတယ်။
ဘယ်အချိန် စာဖြေရဖြေရ နွေးရရုံလောက်ပဲ လိုရမယ်။
သင်ခန်းစာ ပြတ်ရင် လုပ်စရာက အများကြီး။
မေးခွန်းဟောင်းတွေ ပြန်လုပ်ရမယ်။
မေးခွန်းသစ် ထွက်သမျှ လေ့ကျင့်ရမယ်။
ဒီအချိန်မှာ ဆရာပေးသမျှ လုပ်နိုင်ရမယ်။

ခုအချိန်မှ စာကျက်ဖို့ အတန်းပျက်ရတယ်ဆိုရင်တော့
သေချာတယ် စာ မရသေးဘူး။

နောက်နှစ်တက်မည့် သူတွေ ဆင်ခြင်ပါ။
နေ့တိုင်းကို နောက်တစ်နေ့ စာမေးပွဲ ဖြေရမလို ကြိုးစားနေမှ ရပါမယ်။
တစ်နှစ်လုံး သာသာယာယာ သွားနေရင်တော့
နှစ်ဆုံးမှာ မသာယာနိုင်ဘူး။
အောင်စာရင်းမှာလည်း မပျော်ရွှင်နိုင်ဘူး။

08/01/2025

မြန်မာစာ ဂုဏ်ထူးမှန်းတဲ့ ကလေးများ
ဒီစာကို ကျော်သွားနိုင်ပါတယ်။
စာများလို့ မြန်မာစာကို သိပ်မကျက်နိုင်တော့ဘူး ဆိုတဲ့ ကလေးတွေအတွက် ရည်ရွယ်ပါတယ်။

အလင်္ကာက စာမေးပွဲမှာ ၇ ခု မေး၊ ၅ ခု ဖြေရမှာ ဖြစ်ပါတယ်။
၅ မှတ် သေချာပေါက် ရနိုင်တဲ့ မေးခွန်း ဖြစ်ပါတယ်။
ရွေးလို့ ရနေတာ ဖြစ်တဲ့အတွက် စကားပြေ၊ ကဗျာ၊ ရေသည် ၃ ပိုင်းထဲက ၁ ပိုင်းပိုင်းကို လွှတ်လို့ ရမလားလို့ မေးသံလေးတွေ ကြားရပါတယ်။

ကျွန်တော့် မြန်မာစာ စာအုပ်မှာတော့
ဥပမာအလင်္ကာ - ၅၂ ခု
ရူပကအလင်္ကာ - ၃၂ ခု
အတိသယဝုတ္တိအလင်္ကာ - ၁၇ ခု
မြည်သံစွဲအလင်္ကာ - ၅ ခု
ဝင်္ကဝုတ္တိအလင်္ကာ - ၂၁၉ ခု
စုစုပေါင်း ၃၂၁ ခု ရှိပါတယ်။
ဒီအလင်္ကာ ၃၂၁ ခုကို ပိုင်နိုင်ရင်
၅ မှတ်အတွက် ပြေးမလွတ်ပါဘူး။

အလင်္ကာအတွက် စကားပြေ၊ ကဗျာ၊ ပြဇာတ်
၃ ပိုင်းထဲက ၁ ပိုင်းပိုင်းကို လက်လွှတ်လို့ မရနိုင်ပါဘူး။
စာမေးပွဲမှာ အလင်္ကာ ၅ မျိုးကိုပဲ မျှမေးမှာ ဖြစ်လို့
လွှတ်မယ့်လွှတ် အလင်္ကာ ၅ မျိုးထဲက
၁ မျိုးမျိုးကို လွှတ်ရမှာပါ။
ဒါကြောင့် စာတွေ မမှတ်နိုင်တော့ဘူးဆိုရင် အလင်္ကာ အပုဒ်ရေ အများဆုံး
ဖြစ်နေတဲ့ ဝင်္ကဝုတ္တိအလင်္ကာကို
ပယ်နိုင်တယ်၊ သို့မဟုတ် ရွေးကျက်နိုင်ပါတယ်။
ဝင်္ကဝုတ္တိကို လွှတ်လိုက်ရင်
ကြည့်စရာ အလင်္ကာ ၁၀၆ ခုသာ ကျန်ပါမယ်။

စာမေးပွဲမှာ ခန့်မှန်းအားဖြင့်
ဥပမာအလင်္ကာ - ၅၂ ခုထဲက ၂ ခု
ရူပကအလင်္ကာ - ၃၂ ခုထဲက ၁ ခု
အတိသယဝုတ္တိအလင်္ကာ - ၁၇ ခုထဲက ၁ ခု
မြည်သံစွဲအလင်္ကာ - ၅ ခုထဲက ၁ ခု
ဝင်္ကဝုတ္တိအလင်္ကာ - ၂၁၉ ခုထဲက ၂ ခု
မေးနိုင်ပါတယ်။

ဝင်္ကဝုတ္တိ ပယ်နိုင်တယ် ဆိုလို့
လုံးလုံးလှည့်မကြည့်တာမျိုး
လုပ်လိုက်ဖို့ အားပေးခြင်းမျိုး မဟုတ်ပါ။
ဝင်္ကဝုတ္တိအလင်္ကာကိုပဲ
၃ ခုလောက် မေးလာခဲ့ရင်
၄ မှတ်ပဲ ရနိုင်ပါတော့မယ်။
ဘာအကြောင်းကြောင့် ဘာအလင်္ကာ
မြောက်ကြောင်း ကိုယ်နားလည်သလို
ရေးပေးနိုင်ရင်ကို အမှတ်ရမယ့်
မေးခွန်းမျိုး ဖြစ်တဲ့အတွက်
ဝင်္ကဝုတ္တိအလင်္ကာ ၂၁၉ ခုလုံးကိုလည်း
စာကြည့်တိုင်း စာမစိမ်းအောင်
ကြည့်ပေးသင့်ပါတယ်။

22/12/2024

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် (စနေနေ့)တစ်ရက် ပြန်အစားထိုးရန်သတ်မှတ်...
___________________________________

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူ စေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

04/11/2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ
ဝင်ခွင့်ဆိုင်ရာ အနိမ့်ဆုံးသတ်မှတ်ရမှတ်များ..
................................................................
၁။ပညာရေးတက္ကသိုလ် BEd ဝင်ခွင့်
ရန်ကုန် + စစ်ကိုင်း ၊ အနိမ့်ဆုံးအမှတ်
သိပ္ပံဘာသာတွဲ - 450 မှတ်
ဝိပ္ပံဘာသာတွဲ - 420 မှတ်
ဝိဇ္ဇာဘာသာတွဲ - 400မှတ်
စုစုပေါင်းကျောင်းသားဦးရေ = 400
သိပ္ပံဘာသာတွဲ = 200 ဦး ဝိပ္ပံဘာသာတွဲ = 100 ဦး
ဝိဇ္ဇာဘာသာတွဲ = 100 ဦး
၂။ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
360မှတ်နှင့်အထက်
၃။မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
420 မှတ်နှင့်အထက်
၄။သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
360 မှတ်နှင့်အထက်
၅။ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)
380 မှတ်နှင့်အထက် စုစုပေါင်းကျောင်းသားဦးရေ = 1600 ဦး
၆။ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)
420 မှတ်နှင့်အထက် စုစုပေါင်းကျောင်းသားဦးရေ = 640 ဦး
၇။ရန်ကုန်နည်းပညာတက္ကသိုလ် အနိမ့်ဆုံးရမှတ်
ရူပ+ဓာတု+သင်္ချာ+အင်္ဂလိပ်စာ (4ဘာသာရမှတ်ပေါင်း) - 320 မှတ်နှင့်အထက် ကျား220+မ180= 400 ဦး
၈။မန္တလေးနည်းပညာတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ်
ရူပ+ဓာတု+သင်္ချာ+အင်္ဂလိပ်စာ (4ဘာသာရမှတ်ပေါင်း) - 320 မှတ်နှင့်အထက် ကျား210+မ170= 380 ဦး
၉။သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်
(သင်္ချာ၊ဓာတု၊ ရူပ ပါသောဘာသာတွဲများ) စုစုပေါင်းရမှတ် - 450 မှတ်နှင့်အထက် ကျောင်းသား/သူဦးရေ= 200 ဦး
၁၀။ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
450 မှတ်နှင့်အထက်
(or) Eng+Maths - 140 မှတ်နှင့်အထက် စုစုပေါင်းကျောင်းသား/သူ = 500 ဦး
၁၁။မန္တလေးကွန်ပျူတာတက္ကသိုလ်
430 မှတ်နှင့်အထက် (သင်္ချာ၊ဓာတု၊ရူပပါသောဘာသာတွဲဖြင့်အောင်မြင်
သူများ)
(အင်္ဂလိပ်+သင်္ချာ ၂ ဘာသာပေါင်း 140 မှတ်နှင့်အထက် ရရှိသူ) စုစုပေါင်းကျောင်းသား/သူ = 250 ဦး
၁၂။နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) 0
420 မှတ်နှင့်အထက်
(သင်္ချာ၊ ဓာတု၊ ရူပ ပါသော ဘာသာတွဲများ) ၃၅၀ ဦး = ကျား 50% + မ 50%
၁၃။နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့်
400 မှတ်နှင့်အထက်
English ဘာသာရပ်ဆိုလျင် - ရန်ကုန် - Eng 65 မှတ်အထက် မန္တလေး - Eng 60 မှတ်အထက်
၁၃။နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့်
400 မှတ်နှင့်အထက်
English ဘာသာရပ်ဆိုလျင် - ရန်ကုန် - Eng 65 မှတ်အထက် မန္တလေး - Eng 60 မှတ်အထက်
၁၄။မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
400 မှတ်နှင့် အထက် (အင်္ဂလိပ်၊သင်္ချာ၊ရူပ၊ဓာတု ၄ဘာသာပေါင်း =300 မှတ်နှင့်အထက်) 200

...

Want your school to be the top-listed School/college in Lewe?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 1, Nawarat 5 Street, Yangon-Mandalay Old Road, Leiway, Nay Pyi Taw
Lewe
15032