Sora Japanese Language Online Class

Sora Japanese Language Online Class ဂျပန်သို့ကျောင်းနဲ့ဖြစ်စေ၊အလုပ်​နဲ့ဖြစ်စေသွားရောက်လိုသူများအတွက်စိတ်ချရတဲ့agencyတွေနဲ့ချိတ်ဆက်ပေးနေပါပြီရှင့်

18/08/2026

Formတင်ရတာအဲ့လောက်မြန်နေတော့လည်း ထူးထူးဆန်းဆန်းကြီးဖြစ်နေတယ်😂

17/08/2026

ဂျပန်လို အပြစ်တင်ရင် ဘယ်လိုပြောကြမလဲ??
​၁။ 責める (せめる) - အပြစ်တင်သည် / စွပ်စွဲသည်
၂။ 非難する (ひなんする) - ကန့်ကွက်ရှုတ်ချသည် / ပြစ်တင်ဝေဖန်သည်
၃။ 文句を言う (もんくをいう) - မကျေနပ်ချက်ပြောသည် / ပြဿနာရှာသည်
၄။ 小言を言う (こごとをいう) - ပွတ်သလောက်ဆူပူသည် / အပြစ်ရှာသည်
၅။ 咎める (とがめる) - အပြစ်ပြောသည် / စိစစ်မေးမြန်းသည်
၆။ 言い訳する (いいわけする) - ဆင်ခြေပေးသည်
၇။ 愚痴を言う (ぐちをいう) - ညည်းတွားသည် / စိတ်ပျက်လက်ပျက် အပြစ်တင်သည်
၈။ 責任を転嫁する (せきにんをてんかする) - တာဝန်လွှဲချသည်
၉။ なすりつける - အပြစ်လွှဲချသည် / ပုံချသည်
၁၀။ ケチをつける - အပြစ်ရှာသည် / လိုက်ကန့်လန့်တိုက်သည်
၁၁။ イチャモンをつける - မဟုတ်မမှန် အပြစ်ရှာသည်
၁၂။ 悪口を言う (わるくちをいう) - မကောင်းပြောသည် / အတင်းပြောသည်
၁၃။ 侮辱する (ぶじょくする) - စော်ကားသည်
၁၄။ 馬鹿にする (ばかにする) - အလှောင်ပလောင်လုပ်သည် / အထက်စီးမှကြည့်သည်
၁၅။ 見下す (みくだす) - အထောက်မတန်ကြည့်သည် / အောက်တန်းကျသည်ဟုထင်သည်
၁၆။ あざ笑う (あざわらう) - လှောင်ပြုံးပြုံးသည်
၁၇။ 蔑む (さげすむ) - နှာခေါင်းရှုံ့သည် / အထက်စီးကဆက်ဆံသည်
၁၈။ 糾弾する (きゅうだんする) - အပြစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်စွပ်စွဲသည်
၁၉။ 指摘する (してきする) - ထောက်ပြသည်
၂၀။ 詰じる (なじる) - အပြစ်ရှာစိစစ်သည် / ပြင်းပြင်းထန်ထန်မေးမြန်းသည်
၂၁။ 言いがかりをつける (いいがかりをつける) - ဆက်စပ်မှုမရှိတာကို အပြစ်လုပ်၍ စွပ်စွဲသည်
၂၂။ 恨む (うらむ) - ရှိုးတုတ်သည် / ရိုးတွင်းခြင်ဆီက မုန်းသည်
၂၃။ 根に持つ (ねにもつ) - အာဃာတထားသည်
၂၄။ 逆ギレする (ぎゃくぎれする) - ကိုယ်ကမှားနေပြီး အသာစီးရအောင် ပြန်ဒေါသထွက်သည်
၂၅။ 人のせいにする (ひと・の・せい・に・する) - သူများအပြစ်ကြောင့်ဟု ပုံချသည်
၂၆။ 責任をとらせる (せきにんを・とらせる) - တာဝန်ယူခိုင်းသည် / အပြစ်ပေးသည်
၂၇။ 謝罪を要求する (しゃざいを・ようきゅう・する) - တောင်းပန်ခိုင်းသည်
၂၈။ 許さない (ゆるさない) - ခွင့်မလွှတ်ပါ
၂၉။ お前のせいだ (おまえ・の・せい・だ) - မင်းကြောင့်ဖြစ်တာ
၃၀။ あんたのミスだ - မင်းရဲ့ အမှားပဲ
၃၁။ どうしてくれるんだ - ဘယ်လိုတာဝန်ယူမှာလဲ
၃၂။ しっかりしろ - သေချာဂရုစိုက်စမ်း
၃၃။ いい加減にしろ (いい・かげん・に・しろ) - တော်လောက်ပြီ (အပိုမလုပ်နဲ့တော့)
၃၄။ 反省しろ (はんせい・しろ) - နောင်တရစမ်း / ကိုယ့်အမှားကိုပြန်သုံးသပ်စမ်း
၃၅။ 呆れる (あきれる) - စိတ်ပျက်မိသည် / အံ့ဩလွန်းလို့ စကားမထွက်နိုင်ပါ
၃၆။ 失望する (しつぼうする) - မျှော်လင့်ချက်မဲ့သည် / စိတ်ပျက်သည်
၃၇။ 幻滅する (げんめつする) - အမှန်တကယ် စိတ်ပျက်သွားသည်
၃၈။ 心配をかける (しんぱいを・かける) - စိုးရိမ်ရအောင်လုပ်သည်
၃၉။ 迷惑をかける (めいわくを・かける) - ဒုက္ခပေးသည်
၄၀။ 足を引っ張る (あしを・ひっぱる) - ခြေထိုးနှောင့်ယှက်သည်
၄၁။ 邪魔をする (じゃまを・する) - အနှောင့်အယှက်ပေးသည်
၄၂။ 台無しにする (だいなしに・する) - ပျက်စီးအောင်လုပ်သည်
၄၃။ 信用を失う (しんようを・うしなう) - ယုံကြည်မှုဆုံးရှုံးသည်
၄၄။ 裏切る (うらぎる) - သစ္စာဖောက်သည်
၄၅။ 約束を破る (やくそくを・やぶる) - ကတိဖျက်သည်
၄၆။ 嘘をつく (うそを・つく) - မုသားပြောသည်
၄၇။ 言い逃れする (いいのがれ・する) - စကားလွှဲရှောင်သည်
၄၈။ ごまかす - လှည့်ပတ်သည် / သို့လောသို့လောလုပ်သည်
၄၉။ 開き直る (ひらきなおる) - မဟုတ်မမှန်ဘဲ အပြစ်မရှိသလို ပြန်လုပ်သည်
၅၀။ 無責任だ (むせきにんだ) - တာဝန်မဲ့လွန်းသည်


17/08/2026

ကျောင်းသား-せんせい JLPT result 22ရက်နေ့ထွက်မှာဆို??
せんせい-ငါက MAJAကဝန်းထမ်းလား??🙄

မသိဘူးလို့ 22လို့ titokမှာတော့ပလူပျံနေတာပဲလို့

16/08/2026

N2 mimikara grammar chapter 2 part 2
164. 亡くなる (なくなる) : ကွယ်လွန်သည် / သေဆုံးသည်
165. 亡くす (なくす) : (မိသားစု/ဆွေမျိုး) ကွယ်လွန်သွားသဖြင့် ဆုံးရှုံးရသည်
166. 生まれる (うまれる) : မွေးဖွားသည် / စတင်ပေါ်ပေါက်သည်
167. 産む/生む (うむ) : မွေးဖွားသည် / (ဥ) ဥသည် / ဖန်တီးဖြစ်ပေါ်စေသည်
168. 出出会う (であう) : (ဆုံလေ့မရှိသူနှင့်) မထင်မှတ်ဘေး တွေ့ဆုံသည်
169. 訪ねる (たずねる) : သွားရောက်လည်ပတ်သည် / အလည်သွားသည်
170. 付き合う (つきあう) : ပေါင်းသင်းဆက်ဆံသည် / လိုက်ပါပေးသည် / ရည်းစားအဖြစ် တွဲသည်
171. 効く (きく) : ဆေးစွမ်းထက်သည် / ထိရောက်မှုရှိသည်
172. はやる (はやる) : ခေတ်စားသည် / ရေပန်းစားသည် / (ရောဂါ) ကူးစက်ပြန့်ပွားသည်
173. 経つ (たつ) : (အချိန်) ကုန်လွန်သည်
174. 間に合う (まニアう) : အချိန်မီသည်
175. 間に合わせる (まにあわせる) : အချိန်မီအောင် လုပ်ဆောင်သည်
176. 通う (かよう) : ပုံမှန်သွားလာသည် (ကျောင်း/ကုမ္ပဏီ) / စိတ်ချင်းဆက်နွှယ်မိသည်
177. 込む (こむ) : ကြပ်သည် / လူစည်ကားသည်
178. すれ違う (すれちがう) : မျက်နှာချင်းဆိုင် လွဲသွားသည် / တကွဲတပြားဖြစ်သည်
179. 掛かる (かかる) : (ဆော့စ်/အဖုံး) တင်နေသည် / (အချိန်/ငွေ) ကုန်သည် / (ရောဂါ) ဂျာသည် / (စက်) နှိုးသည်
180. 掛ける (かける) : (ဆော့စ်) လောင်းဆမ်းသည် / (စောင်) ခြုံသည် / (ဖုန်း) ဆက်သည် / မြှောက်သည်
181. 動く (うごく) : လှုပ်ရှားသည် / (စက်) လည်ပတ်သည်
182. 動かす (うごかす) : ရွှေ့လျားစေသည် / (စက်) မောင်းနှင်သည်
183. 離れる (はなれる) : ခွာသည် / ဝေးကွာသွားသည် / ကွာခြားသည်
184. 離す (はなす) : ခွာထားသည် / ခွဲထားသည်
185. ぶつかる (ぶつかる) : တိုက်မိသည် / (သဘောထား) မတိုက်ဆိုင်ပါ
186. ぶつける (ぶつける) : ဝင်တိုက်မိအောင် လုပ်သည်
187. こぼれる (こぼれる) : ဖိတ်စဉ်သည် / (မျက်ရည်) ကျသည်
188. こぼす (こぼす) : ဖိတ်စဉ်စေသည် / (မျက်ရည်) ကျစေသည်
189. ふく (ふく) : သုတ်သည် / ပွတ်သုတ်သည်
190. 片付く (かたづく) : သပ်သပ်ရပ်ရပ် ဖြစ်သွားသည် / ပြီးစီးသွားသည်
191. 片付ける (かたづける) : သိမ်းဆည်းသည် / ရှင်းလင်းသည်
192. 包む (つつむ) : ထုပ်ပိုးသည်
193. 張る (はる) : ကပ်သည် (ပိုစတာ/တံဆိပ်ခေါင်း)
194. 無くなる (なくなる) : ပျောက်ဆုံးသွားသည် / ကုန်သွားသည်
195. 無くす (なくす) : ပျောက်ရှစေသည် / ဆုံးရှုံးသည်
196. 足りる (たりる) : လုံလောက်သည်
197. 残る (のこる) : ကျန်ရစ်သည်
198. 残す (のこす) : ချန်ထားသည်
199. 腐る (くさる) : ပုပ်သိုးသည် / သိုးသွားသည်
200. むける (むける) : (အရည်ခွံ) ကွာကျသည် / အခွံနွာေျပာင်သည်
201. むく (むく) : (သစ်သီး) အခွံနွှာသည်
202. 滑る (すべる) : ချော်သည် / ချောထွက်သွားသည်
203. 積もる (つもる) : စုပုံလာသည် (နှင်း/ဖုန်)
204. 積む (つむ) : စုပုံထားသည် / (ဗဟုသုတ) စုဆောင်းသည်
205. 空く (あく) : (အပေါက်) ပွင့်သည် / (နေရာ/အခန်း) လွတ်သည်
206. 空ける (あける) : (အပေါက်) ဖောက်သည် / (နေရာ/အချိန်) ဖယ်ပေးသည်
207. 下がる (さがる) : ကျဆင်းသည် / နောက်သို့ဆုတ်သည်
208. 下げる (さげる) : နှိမ့်သည် / လျှော့ချသည် / (ပန်းကန်) သိမ်းသည်
209. 冷える (ひえる) : အေးစက်သွားသည်
210. 冷やす (ひやす) : အေးအောင်လုပ်သည် / စိတ်အေးအေးထားသည်
211. 冷める (さめる) : အေးစက်သွားသည် (အပူချိန်/စိတ်အားထက်သန်မှု)
212. 冷ます (さます) : အေးအောင်ထားသည်
213. 燃える (もえる) : လောင်ကျွမ်းသည် / စိတ်အားထက်သန်သည်
214. 燃やす (もやす) : မီးရှို့သည် / စိတ်ဓာတ်ပြင်းပြစေသည်
215. 沸く (わく) : (ရေ) ဆူသည် / ပွဲဆူသွားသည် (စိတ်လှုပ်ရှားသည်)
216. 沸かす (わかす) : (ရေ) ကျိုသည် / ရေနွေးနွေးအောင်လုပ်သည်
217. 鳴る (なる) : မြည်သည် (မိုးကြိုး/ဖုန်းသံ)
218. 鳴らす (ならす) : အသံမြည်အောင်လုပ်သည် (ခေါင်းလောင်း/ဘူဇာ)
219. 役立つ/役に立つ (やくだつ/やくにたつ) : အသုံးဝင်သည် / အကျိုးရှိသည်
220. 役立てる/役に立てる (やくだてる/やくにたてる) : အသုံးချသည် / အကျိုးရှိအောင်လုပ်သည်

15/08/2026

ကဲ.. ဂျပန်လို ဘယ်လို blame မလဲ
၁။ のろま (のろま) - လေးတွဲသူ / အနှေးကောင်
၂။ 間抜け (まぬけ) - ငတုံး / အတုံးမ
၃။ 馬鹿 (ばか) - အရူး / ငတုံး
၄။ 阿呆 (あほう) - အနုံ / ငတုံး
၅။ 鈍くさい (どんくさい) - မဖြတ်လတ်သူ / မသွက်လက်သူ
၆။ 鈍感 (どんかん) - ခံစားချက်တုံးသူ / အကဲမဆတ်သူ
၇။ 不器用 (ぶきよう) - လက်မသွက်သူ / လက်ရာမမြောက်သူ
၈။ ぐず (ぐず) - နှေးကွေးတွဲဆိုင်းသူ
၉။ 嘘つき (うそつき) - လိမ်ညာသူ / မုသားသမား
၁၀။ 卑怯者 (ひきょうもの) - မကောင်းတဲ့နည်းသုံးသူ / လူယုတ်မာ
၁၁။ 臆病者 (おくびょうもの) - သတ္တိကြောင်သူ
၁၂။ 弱虫 (よわむし) - အပျော့ဆွဲ / သတ္တိနည်းသူ
၁၃။ 意気地なし (いくじなし) - စိတ်ဓာတ်ပျော့ညံ့သူ
၁၄။ 頑固者 (がんこもの) - ခေါင်းမာသူ
၁၅။ 偏屈 (へんくつ) - သဘောထားကောက်သူ / ဆန်းကြယ်သူ
၁၆။ 厚顔無恥 (こうがんむち) - မျက်နှာပြောင်သူ / အရှက်မရှိသူ
၁၇။ 恥知らず (はじしらず) - အရှက်မရှိသူ
၁၈။ 見栄っぱり (みえっぱり) - ဟန်ဆောင်ကောင်းသူ / ဆရာလုပ်ချင်သူ
၁၉။ お調子者 (おちょうしもの) - မြှောက်ပေးရင် မြောက်သူ / ကာလဒေသမကြည့်သူ
၂၀။ 八方美人 (はっぽうびじん) - ဘက်ပေါင်းစုံ မျက်နှာလိုမျက်နှာရလုပ်သူ
၂၁။ けち (けち) - ကပ်စေးနည်းသူ
၂၂။ 欲張り (よくばり) - လောဘကြီးသူ
၂၃။ 怠け者 (なまけもの) - ပျင်းရိသူ
၂၄။ いい加減 (いいかげん) - စည်းကမ်းမရှိသူ / ပေါ့ပျက်ပျက်နိုင်သူ
၂၅။ 無責任 (むせきにん) - တာဝန်မဲ့သူ
၂၆။ 無神経 (むしんけい) - စာနာစိတ်မရှိသူ / စိတ်မဝင်စားသူ
၂၇။ 自惚れ屋 (うぬぼれや) - ကိုယ့်ကိုယ်ကို ဘဝင်မြင့်နေသူ
၂၈။ ナルシスト (なるシスと) - ကိုယ့်ကိုယ်ကို သဘောကျလွန်းသူ
၂၉။ 目立ちたがり屋 (めだちたがりや) - လူရာဝင်ချင်သူ / ပေါ်လွင်ချင်သူ
၃၀။ かまってちゃん (かまってちゃん) - ဂရုစိုက်ခံချင်လွန်းသူ
၃၁။ おせっかい (おせっかい) - စอดဇယားရှုပ်သူ
၃၂။ 邪魔者 (じゃまもの) - အနှောင့်အယှက်ပေးသူ
၃၃။ 厄介者 (やっかいもの) - ဒုက္ခပေးသူ / ဝန်ထုပ်ဝန်ပိုး
၃၄။ 浮気者 (うわきもの) - စိတ်ကူးယဉ်ဖောက်ပြန်သူ
၃၅။ 偽善者 (ぎぜんしゃ) - အယောင်ဆောင် သူတော်ကောင်း
၃၆။ 裏切り者 (うらぎりもの) - သစ္စာဖောက်
၃၇။ 裏表がある人 (うらおもてがあるひと) - မျက်နှာနှစ်မျိုးရှိသူ
၃၈။ ケチなやつ (けちなやつ) - ကပ်စေးနည်းတဲ့ကောင်
၃၉။ 変質者 (へんしつしゃ) - စိတ်မမှန်သူ / စိတ္တဇနာ
၄၀။ 変人 (へんじん) - ဂေါ်လီ / ထူးဆန်းသူ
၄၁။ 空気が読めない人 (くうきがよめないひと) - အကဲမဆတ်သူ / ဘာသာမသိသူ
၄၂။ 能なし (のうなし) - အရည်အချင်းမရှိသူ
၄၃။ 役立たず (やくたたず) - အသုံးမကျသူ
၄၄။ 落ちこぼれ (おちこぼれ) - နောက်ကျကျန်ခဲ့သူ
၄၅။ 未熟者 (みじゅくもの) - အတွေ့အကြုံမရှိသေးသူ / မရင့်ကျက်သေးသူ
၄၆။ 非常識 (ひじょうしき) - လူမှုရေးစံနှုန်းမရှိသူ
၄၇။ 粗忽者 (そこつもの) - ကမန်းကတန်းလုပ်တတ်သူ / သတိလက်လွတ်နိုင်သူ
၄၈။ 負け犬 (まけいぬ) - အရှုံးသမား
၄၉။ 腰抜け (こしぬけ) - သတ္တိမရှိသူ / ခါးရိုးမရှိသူ
၅၀။ くず (くず) - အမှိုက် / အသုံးမကျတဲ့လူ

14/08/2026

N3 mimikara goi Chapter 2 part I
121- 渇く (かわく) - ရေဆာသည်
122- 嗅ぐ (かぐ) - အနံ့ခံသည်
123- 叩く (たたく) - ပုတ်သည်၊ ရိုက်သည်၊ လက်ခုပ်တီးသည်
124- 殴る (なぐる) - ထိုးသည်၊ ထိုးကြိတ်သည်
125- 蹴る (ける) - ကန်သည်
126- 抱く (だく) - ဖက်ထားသည်၊ ပွေ့ဖက်သည်
127- 倒れる (たおれる) - လဲကျသည်၊ မှောက်သည် (自動詞)
128- 倒す (たおす) - လဲအောင်လုပ်သည်၊ အနိုင်ယူသည် (他動詞)
129- 起きる / 起こる (おきる / おこる) - နိုးသည်၊ ထသည်၊ ဖြစ်ပွားသည် (自動詞)
130- 起こす (おこす) - နှိုးသည်၊ စတင်ဖန်တီးသည် (他動詞)
131- 尋ねる (たずねる) - မေးမြန်းသည်
132- 呼ぶ (よぶ) - ခေါ်သည်
133- 叫ぶ (さけぶ) - အော်ဟစ်သည်
134- 黙る (だまる) - တိတ်ဆိတ်စွာနေသည်၊ နှုတ်ဆိတ်သည်
135- 飼う (かう) - (တိရစ္ဆာန်) မွေးမြူသည်
136- 数える (かぞえる) - ရေတွက်သည်
137- 乾く (かわく) - ခြောက်သွေ့သည် (自動詞)
138- 乾かす (かわかす) - အခြောက်ခံသည်၊ အခြောက်လှန်းသည် (他動詞)
139- 畳む (たたむ) - ခေါက်သည် (အဝတ်၊ ထီး)
140- 誘う (さそう) - ဖိတ်ခေါ်သည်၊ စိစစ်ဖိတ်ခေါ်သည်
141- おごる - ဧည့်ခံကျွေးမွေးသည် (ဒကာခံသည်)
142- 預かる (あずかる) - ထိန်းသိမ်းပေးထားသည်၊ လက်ခံပေးထားသည်
143- 預ける (あずける) - အပ်နှံသည်၊ ထိန်းသိမ်းခိုင်းသည်
144- 決まる (きまる) - ဆုံးဖြတ်ပြီးသားဖြစ်သည်၊ သတ်မှတ်ပြီးဖြစ်သည် (自動詞)
145- 決める (きめる) - ဆုံးဖြတ်သည်၊ သတ်မှတ်သည် (他動詞)
146- 写る (うつる) - (ဓာတ်ပုံ) ပေါ်သည်၊ ရိုက်ကူးမိသည် (自動詞)
147- 写す (うつす) - ဓာတ်ပုံရိုက်သည်၊ ကူးရေးသည် (他動詞)
148- 思い出す (おもいだす) - ပြန်လည်သတိရသည်
149- 教わる (おそわる) - သင်ယူသည်၊ နည်းခံသည်
150- 申し込む (もうしこむ) - လျှောက်ထားသည်
151- 断る (ことわる) - ငြင်းပယ်သည်
152- 見つかる (みつかる) - တွေ့ရှိသည်၊ မိသည် (自動詞)
153- 見つける (みつける) - ရှာဖွေတွေ့ရှိသည် (他動詞)
154- 捕まる (つかまる) - အဖမ်းခံရသည်၊ ဆုပ်ကိုင်ထားသည် (自動詞)
155- 捕まえる (つかまえる) - ဖမ်းဆီးသည်၊ ဖမ်းယူသည် (他動詞)
156- 乗る (のる) - စီးနင်းသည် (自動詞)
157- 乗せる (のせる) - တင်ပေးသည်၊ စီးနင်းစေသည် (他動詞)
158- 降りる / 下りる (おりる) - ဆင်းသည် (自動詞)
159- 降ろす / 下ろす (おろす) - ချပေးသည်၊ ပြန်ထုတ်သည် (他動詞)
160- 直る (なおる) - ပြန်ကောင်းသွားသည် (စက်ပစ္စည်း/အမှား) (自動詞)
161- 直す (なおす) - ပြင်ဆင်သည်၊ ဘာသာပြန်သည် (他動詞)
162- 治る (なおる) - (ရောဂါ/ဒဏ်ရာ) ပျောက်ကင်းသည် (自動詞)
163- 治す (なおす) - (ရောဂါ/ဒဏ်ရာ) ကုသပျောက်ကင်းစေသည် (他動詞)


#ဂျပန်စာ

14/08/2026

ဂျပန်နိုင်ငံမှာ စက်ဘီးစီးတဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက်များ

​စက်ဘီးကို လမ်းမပေါ်တွင် စီးနင်းပါက ဘယ်ဘက်ခြမ်းမှသာ မောင်းနှင်ရမည်။

​လမ်းဘေး ပလပ်ဖောင်း (Walkway) ပေါ်တွင် စက်ဘီးစီးခွင့်ပြုထားသည့် အမှတ်အသားရှိမှသာ စီးနင်းရမည်ဖြစ်ပြီး လမ်းလျှောက်သူများကို ဦးစားပေးရမည်။

​မီးပွိုင့်နှင့် လမ်းဆုံများတွင် ခေတ္တရပ်ရန် (一時停止) ဆိုင်းဘုတ်ပါပါက ခေတ္တရပ်တန့်ပြီး လမ်းရှင်းမှ ဆက်သွားရမည်။

​ညဘက် သို့မဟုတ် မှောင်သည့်အချိန်များတွင် စက်ဘီးရှေ့မီးကို မဖြစ်မနေ လင်းနေအောင် ထွန်းထားရမည်။

​အသက် ၁၃ နှစ်အောက် ကလေးငယ်များ စက်ဘီးစီးပါက ဘေးကင်းလုံခြုံရေး ဦးထုပ် (Helmet) ဆောင်းပေးရမည်ဖြစ်ပြီး ကြီးသူများလည်း ဆောင်းရန် တိုက်တွန်းထားသည်။

​အရက် သို့မဟုတ် သောက်စားထားစဉ် စက်ဘီးစီးနင်းခြင်းကို ပြင်းထန်စွာ တားမြစ်ထားပြီး ဥပဒေအရ အရေးယူခံရနိုင်သည်။

​စက်ဘီးစီးနေစဉ် ဖုန်းကြည့်ခြင်း၊ ဖုန်းပြောခြင်းနှင့် နားကြပ်တပ်၍ သီချင်းနားထောင်ခြင်းများကို လုံးဝ မပြုလုပ်ရပါ။

​ထီးဆောင်းပြီး စက်ဘီးစီးခြင်းကို တားမြစ်ထားပြီး မိုးရွာပါက မိုးကာအင်္ကျီ ဝတ်ဆင်၍သာ စီးနင်းရမည်။

​စက်ဘီးတစ်စီးတွင် လူနှစ်ယောက် ပူးတွဲစီးနင်းခြင်း မပြုရပါ (ကလေးထိုင်ခုံပါသည့် စက်ဘီးများတွင် ကလေးငယ်တင်ဆောင်ခြင်းမှအပ)။

​စက်ဘီးများကို ဘေးချင်းယှဉ်၍ ယှဉ်စီးခြင်း မပြုရဘဲ တစ်စီးနောက် တစ်စီး တန်းစီ၍သာ စီးနင်းရမည်။

​စက်ဘီးများကို သတ်မှတ်ထားသည့် ရပ်နားရန်နေရာ (駐輪場) များတွင်သာ ရပ်နားရမည်ဖြစ်ပြီး စည်းကမ်းမဲ့ ရပ်နားပါက သိမ်းဆည်းခံရနိုင်သည်။

​ဂျပန်တွင် စက်ဘီးတိုင်းကို မိမိအမည်ဖြင့် ခိုးယူမှုကာကွယ်ရေး မှတ်ပုံတင် (防犯登録) ပြုလုပ်ထားရမည်။

??
13/08/2026

??

13/08/2026

JLPT N2 Vocabulary Day 10
* 発達(はったつ) = ဖွံ့ဖြိုးတိုးတက်ခြင်း
* 発展(はってん) = တိုးတက်ပြန့်ပွားခြင်း
* 発表(はっပိျော) = ထုတ်ပြန်ကြေညာခြင်း / စာတမ်းဖတ်ပွဲ
* 発明(はつめい) = တီထွင်ဖန်တီးခြင်း
* 派手(はで) = တောက်ပြောင်သော / ကြွားကြွားဝါဝါရှိသော
* 話しかける(はなしかける) = စကားစမြည်ပြောသည်
* 離れる(はなれる) = ဝေးကွာသွားသည် / ကင်းကွာသည်
* 放す(はなす) = လွှတ်ပေးသည် / လွှတ်လိုက်သည်
* 離す(はなす) = ခွာထားသည် / ခွဲထားသည်
* 華やか(はなやか) = ဝေဝေဆာဆာ / ဆန်းပြားလှပသော
* 幅(はば) = အကျယ် / အနံ
* 母親(ははおや) = မိခင်
* 省く(はぶく) = ချန်လှပ်သည် / လျှော့ချသည်
* 場面(ばめん) = ဇာတ်ဝင်ခန်း / အခြေအနေ
* 素足(すあし) = ခြေသလုံးဗလာ
* 腹(はら) = ဝမ်းဗိုက်
* 原(はら) = လွင်ပြင် / ကွင်းပြင်
* 払い戻す(はらいもどす) = ငွေပြန်အမ်းသည်
* 払い込む(はらいこむ) = ပေးသွင်းသည် (ငွေ)
* 針(はり) = အပ် / နာရီလက်တံ
* 張る(はる) = ကပ်သည် / ကြက်သည်
* 範囲(はんい) = နယ်ပယ် / အတိုင်းအတာ
* 反応(はんのう) = တုံ့ပြန်မှု
* 反映(はんえい) = ထင်ဟပ်စေခြင်း
* 板(いた) = ပျဉ်ပြား
* 版(はん) = ပုံနှိပ်ထုတ်ဝေသည့် အကြိမ်/ဗားရှင်း
* 犯人(はんにん) = တရားခံ / ပြစ်မှုကျူးလွန်သူ
* 販売(はんばい) = အရောင်းအဝယ်ပြုလုပ်ခြင်း
* 反抗(はんこう) = ပုန်ကန်ဆန့်ကျင်ခြင်း
* 犯罪(はんざい) = ပြစ်မှု
* 判断(はんだん) = ဆုံးဖြတ်သုံးသပ်ခြင်း
* 判定(はんてい) = အနိုင်အရှုံး ဆုံးဖြတ်ခြင်း
* 反対(はんたい) = ဆန့်ကျင်ဘက်
* 審判(しんぱん) = ဒိုင်လူကြီး
* 被害(ひがい) = ထိခိုက်ပျက်စီးမှု
* 比較(ひかく) = နှိုင်းယှဉ်ခြင်း
* 日帰り(ひがえり) = တစ်ရက်တည်း သွားပြန်ခရီး
* 悲劇(ひげき) = ဝမ်းနည်းဖွယ် ဇာတ်လမ်း
* 光る(ひかる) = လင်းလက်သည်
* 引き受ける(ひきうける) = တာဝန်ယူလက်ခံသည်
* 引き返す(ひきかえす) = လှည့်ပြန်သည်
* 引き出す(ひきだす) = ထုတ်ယူသည် (ငွေ/စွမ်းရည်)
* 引き止め(ひきとめ) = တားဆီးဆွဲထားခြင်း
* 引く(ひく) = ဆွဲသည် / နှုတ်သည်
* 惹く(ひく) = ဆွဲဆောင်သည်
* 悲観(ひかん) = စိတ်ပျက်အားလျှော့ခြင်း
* 卑怯(ひきょう) = မရိုးသားသော / မကင်းသော
* 悲鳴(ひめい) = အော်ဟစ်သံ (ကြောက်လန့်၍)
* 膝(ひざ) = ဒူးခေါင်း
* 肘(ひじ) = တံတောင်ဆစ်
* 非常(ひじょう) = အရေးပေါ် / အလွန်အမင်း
* 非常口(ひじょうぐち) = အရေးပေါ်ထွက်ပေါက်
* 膝掛け(ひざかけ) = ဒူးလွှမ်းစောင်
* 密か(ひそか) = တိတ်တဆိတ် / လျှို့ဝှက်စွာ
* 額(ひたい) = နဖူး
* 必死(ひっし) = အသက်နဲ့လဲပြီး ကြိုးစားသော
* ぴったり = ကွက်တိ / အံကိုက်
* 引っ張る(ひっぱる) = ဆွဲငင်သည် / ဦးဆောင်သည်
* 否定(ひてい) = ငြင်းပယ်ခြင်း
* 一言(ひとこと) = စကားတစ်ခွန်း
* 人込み(ひとごみ) = လူစူလူဝေး
* 等しい(ひとしい) = ညီမျှသော / တူညီသော
* 独り言(ひとりごと) = တစ်ယောက်တည်း ရေရွတ်ခြင်း
* 人目(ひとめ) = လူအများ၏ အကြည့်
* 一目(ひとめ) = တစ်ချက်ကြည့်ရုံဖြင့်
* 一降り(ひとふり) = တစ်ချက်ခါလိုက်ခြင်း
* 批判(ひはん) = ဝေဖန်ထောက်ပြခြင်း
* 批評(ひひょう) = သုံးသပ်ဝေဖန်ခြင်း
* 秘密(ひみつ) = လျှို့ဝှက်ချက်
* 紐(ひも) = ကြိုးစ/ကြိုး
* 費用(ひよう) = ကုန်ကျစရိတ်
* 表彰(ひょうしょう) = ဂုဏ်ပြုဆုပေးခြင်း
* 表情(ひょうじょう) = မျက်နှာမူရာ
* 評論(ひょうろん) = ဝေဖန်သုံးသပ်ချက်
* 標語(ひょうご) = ဆောင်ပုဒ်
* 表面(ひょうめん) = မျက်နှာပြင်
* 平気(へいき) = အေးဆေးပဲ / ဘာမှမဖြစ်ပါဘူး
* 平行(へいこう) = ပြိုင်လိုင်း / ယှဉ်တွဲလျောက်လှမ်းခြင်း
* 平和(へいわ) = ငြိမ်းချမ်းရေး
* 呆れる(あきれる) = အံ့အားသင့်သည်
* 減らす(へらす) = လျှော့ချသည်
* 減る(ヘル) = လျော့နည်းသွားသည်
* 変化(へんか) = ပြောင်းလဲမှု
* 変更(へんကော) = ပြင်ဆင်ပြောင်းလဲခြင်း
* 編集(へんしゅう) = တည်းဖြတ်ခြင်း (Video/စာအုပ်)
* 返品(へんぴん) = ပစ္စည်းပြန်ပို့ခြင်း
* 弁護(べんご) = ရှေ့နေလိုက်ပေးခြင်း / ကာကွယ်ပြောဆိုခြင်း
* 勉強(べんきょう) = စာလေ့လာခြင်း
* 方角(ほうかく) = အရပ်မျက်နှာ
* 報告(ほうこく) = အစီရင်ခံစာတင်ပြခြင်း
* 方向(ほうこう) = ဦးတည်ရာ direction
* 放射線(ほうしゃせん) = ဘေးထွက်ရောင်ခြည် (Radiation)
* 方式(ほうしき) = နည်းလမ်း / စနစ်ပုံစံ
* 放射(ほうしゃ) = ဖြန့်ဝေထုတ်လွှတ်ခြင်း
* 放射能(ほうしゃのう) = ရေဒီယိုသတ္တိကြွမှု
* 訪ねる(たずねる) = သွားရောက်လည်ပတ်သည်
* 放置(ほうち) = ပစ်ထားခြင်း / ပစ်စလုတ်ထားခြင်း
* 膨大(ぼうだい) = မဟာစိုးစိုး များပြားသော
* 法律(ほうりつ) = ဥပဒေ
* 候補(こうほ) = အဆိုပြုခံရသူ / လျှောက်ထားသူ

13/08/2026

"သူများတွေ N3 ရောက်နေပြီ… ငါက N5 မှာပဲ ရပ်နေသေးတယ် 🥲"

ဂျပန်စာသင်နေတဲ့အချိန်မှာ
ဒီလိုတွေးမိဖူးလား?

သူများက JLPT အောင်သွားပြီ…
သူများက ဂျပန်လို ပြောတတ်နေပြီ…
သူများက အလုပ်အကိုင်အခွင့်အရေးတွေ ရနေပြီ…

ကိုယ်ကတော့
Hiragana / Katakana ကနေ စနေရတုန်း...

အဲ့ဒီအချိန်မှာ "ငါနောက်ကျနေပြီ" လို့ ခံစားရတတ်ပါတယ်။

ဒါပေမယ့်...

သူများရဲ့ Chapter 10 နဲ့
ကိုယ့်ရဲ့ Chapter 2 ကို မနှိုင်းယှဉ်ပါနဲ့။

သူတို့ ဘယ်အချိန်က စခဲ့လဲ မသိဘူး။
ဘယ်လောက်ကြာကြာ လေ့လာခဲ့လဲ မသိဘူး။
ဘယ်လောက်အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရလဲလည်း မသိဘူး။

ကိုယ်သိဖို့လိုတာ တစ်ခုပဲရှိပါတယ်။

မနေ့က ကိုယ့်ထက် ဒီနေ့ ကိုယ်နည်းနည်းပိုတိုးတက်လာရဲ့လား?

မနေ့က "おはよう" တောင် မသိခဲ့ဘူးဆိုရင်
ဒီနေ့ သိလာတာက တိုးတက်မှုပါ။

မနေ့က Hiragana မဖတ်တတ်ခဲ့ဘူးဆိုရင်
ဒီနေ့ ဖတ်တတ်လာတာက တိုးတက်မှုပါ။

မနေ့က စာကြောင်းတစ်ကြောင်း မပြောနိုင်ခဲ့ဘူးဆိုရင်
ဒီနေ့ တစ်ကြောင်းပြောနိုင်လာတာက တိုးတက်မှုပါ။ 🌱

တိုးတက်မှုဆိုတာ အမြဲတမ်း အကြီးကြီး ဖြစ်နေစရာမလိုပါဘူး။

တစ်ခါတလေ
ကိုယ်တိုင်တောင် သတိမထားမိလောက်အောင် သေးသေးလေး ဖြစ်နေတတ်ပါတယ်။

ဒါကြောင့်...

သူများဘယ်ရောက်နေပြီလဲဆိုတာ ခဏမကြည့်ပါနဲ့။
ကိုယ်ဘယ်ကနေ ဘယ်လောက်အထိ ရောက်လာပြီလဲဆိုတာပဲ ပြန်ကြည့်ပါ။ ❤️

ဂျပန်စာမှာလည်း
အရေးကြီးတာက ဘယ်သူ့ထက်မြန်လဲ မဟုတ်ဘူး။
ကိုယ့်လမ်းကို မရပ်ဘဲ ဆက်လျှောက်နိုင်လားဆိုတာပါ။ 🇯🇵🌸

ဒီနေ့ N5 ဖြစ်နေလည်း ကောင်းပါတယ်။
တစ်နေ့မှာ N4 ရောက်မယ်။
ပြီးရင် N3... N2... N1...

အရေးကြီးတာက ဒီနေ့မှာ ကိုယ့်လမ်းကို ကိုယ်မရပ်လိုက်ဖို့ပါ။ ✨

ဒီစာကို ဖတ်ပြီး
"ငါလည်း အဲ့လိုပဲ" လို့ ခံစားမိရင် ခု​နေ့ကစဘာတွေကြိုးစားသွားမလဲ commentလေးတစ်ခုထားခဲ့ပါ။

Address

Letpandan

Telephone

+959962233161

Website

Alerts

Be the first to know and let us send you an email when Sora Japanese Language Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category