Tree of Life Education အသက်ပင် ပညာရေးစင်တာ - Nyiex Pingnya Khaox Imju

  • Home
  • Myanmar
  • Lashio
  • Tree of Life Education အသက်ပင် ပညာရေးစင်တာ - Nyiex Pingnya Khaox Imju

Tree of Life Education အသက်ပင် ပညာရေးစင်တာ - Nyiex Pingnya Khaox Imju Motto
“Aspire, Learn, Achieve.”

Core Values
“Be resilient, independent and hardworking.”
?

မိဘအုပ်ထိန်းသူသို့ မေတ္တာရပ်ခံ ပန်ကြားချက်
17/03/2020

မိဘအုပ်ထိန်းသူသို့ မေတ္တာရပ်ခံ ပန်ကြားချက်

🚨အများအားဖြင့် ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ်သည် တပည့်များနှင့် ရင်းနှီးခြင်း၊ ဖော်ရွေခြင်းစသည့် ဆက်ဆံရေးများ အပေါ်တ...
15/03/2020

🚨အများအားဖြင့် ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ်သည် တပည့်များနှင့် ရင်းနှီးခြင်း၊ ဖော်ရွေခြင်းစသည့် ဆက်ဆံရေးများ အပေါ်တည်ဆောက်ထားသည်ဟု ထင်မြင်လေ့ရှိကြသည်။ အမှန်မှာ ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ်သည် လေးစားမှုအပေါ် အခြေခံ၍ အဓိက တည်ဆောက်ထားသည့် အရာဖြစ်သည်။ 🏣

👨‍🎓ဆရာကောင်း၊ဆရာမြတ်တို့ပိုင်ဆိုင်သော စွမ်းဆောင်ရည် (၅)မျိုး👩‍🎓

ထူးချွန်သော ဆရာကောင်းတစ်ယောက်သည် တပည့်များကို ဖြေဆိုနိုင်ရန် သင်ကြားပေးသည် သာမက နောက်ထပ် မေးခွန်းများစွာကို မေးမြန်းနိုင်ရန် လမ်းညွှန်လှုံ့ဆော်ပေးသည့်အရည်အချင်းရှိသူဖြစ်သည်။

ဆရာတစ်ယောက်၏တာဝန်မှာ မိမိတပည့်၏အရည်အသွေးများကို စာသင်ခန်း၌ တိုးတက်လာအောင် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သည်။ ထို့အပြင် သင်ကြားလေ့ကျင့်ပေးထားသော ပညာရပ်များကို စာသင်ခန်းပြင်ပ လူမှုပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချနိုင်​​အောင် ချိတ်ဆက်လမ်းညွှန်ပေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာအလုပ်ဟူသည် ကမ္ဘာပေါ်တွင် အလွန်ပင်အရေးကြီးသော အလုပ်တစ်ခုဖြစ်သည်ဟု ပြောဆိုသမုတ်ကြသည်။

🔥သင်ယူမှု နှင့် တိုးတက်မှုအတွက် စိတ်အားထက်သန်ပါ။

ဆရာကောင်းတစ်ယောက်သည် အတော်ဆုံးဆရာတစ်ယောက်ဖြစ်လာစေရန် မျှော်လင့်ချက်ထားကာ အစဉ်မပြတ် ကြိုးစားအားထုတ်လျက်ရှိသည်။ သူ၏လေ့ကျင့်သင်ကြားပုံ၊ နည်းစနစ်များနှင့် ပတ်သတ်လာလျှင် အကောင်းဆုံးဖြစ်စေလိုသည့် စိတ်ဆန္ဒရှိသည်။ သူသည် အခြားသူများကို သင်ကြားပေးသည်သာမက အခြားသူများထံမှလည်း သင်ယူရန် အစဉ်မြဲ စိတ်အားထက်သန်သည်။ သူသည် သူ၏သင်ကြားရေးအလုပ်ကို အလွန်ပင်တန်ဖိုးထားသကဲ့သို့ သူ၏သင်ကြားရေးနည်းစနစ်များကို အခြားပညာရှင်များနှင့် မျှဝေကာ ပြန်လည်သုံးသပ်လေ့ရှိသည်။ ယင်းသုံးသပ်ချက်မှ ထွက်ပေါ်လာသော အကျိုးရလဒ်များကို ရယူပြီး စာသင်ခန်း၌ ပြန်လည် အသုံးချကာ တပည့်များ ပိုမိုထူးချွန်လာစေရန် ကူညီလုပ်ဆောင်ပေးသည်။

🔥လေးစားမှုပေးခြင်းဖြင့် သင်ယူမှုပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း။

ဆရာကောင်းတစ်ယောက်သည် မိမိ၏ဆရာအသက်မွေးဝမ်းကြောင်းအလုပ်အပေါ် တန်ဖိုးထားလေးစားမှု ရှိသကဲ့သို့ မိမိ၏အလုပ်နှင့် စပ်ဆိုင်သည့် မည်သူကိုမဆို အမြဲလေးစားမှုရှိသည်။ မိမိ၏ ကျောင်းသူ၊သားများအပေါ်ပင်လျှင် လေးစားမှုဖြင့်သာ ပြောဆိုဆက်ဆံသည်။ များသောအားဖြင့် ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ်သည် တပည့်များနှင့် ရင်းနှီးခြင်း၊ ဖော်ရွေခြင်းစသည့် ဆက်ဆံရေးများ အပေါ်တည်ဆောက်ထားသည်ဟု ထင်မြင်လေ့ရှိကြသည်။ အမှန်မှာ ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ်သည် လေးစားမှုအပေါ် အခြေခံ၍ အဓိက တည်ဆောက်ထားသည့် အရာဖြစ်သည်။ အချို့သောဆရာများသည် တပည့်များနှင့် သူငယ်ချင်းကဲ့သို့ ရင်းနှီးသောဆက်ဆံရေးရှိကြသည့်အခါ စာသင်ကြားရာ၌ အခက်အခဲများစွာပေါ်ပေါက်လာရသည်။ သင်ခန်းစာများသင်ကြားသည့်အခါသာမက တပည့်များနှင့် ပြောဆိုဆက်ဆံခြင်း၊ ဆုံးမသွန်သင်ခြင်းတို့အပေါ်လည်း အခက်အခဲရှိလာနိုင်သည်။ ဆိုလိုသည်မှာ ကောင်းမွန်ထိရောက်သော သင်ကြားမှုစနစ်သည် ရင်းနှီးဖော်ရွေသောဆက်ဆံရေးတစ်ခု၌သာ မှီခိုနေသည့်အရာမဟုတ်ကြောင်း ဖော်ပြလိုခြင်းဖြစ်သည်။ တပည့်များပိုမိုထူးချွန်လာစေရန် ရံဖန်ရံခါ အမုန်းခံ၍ ဆုံးမသွန်သင်ရသည့်အချိန်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဆရာများဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆရာအလုပ်အပေါ် လေးစားစွာ သစ္စာရှိရမည်။ ကျွန်ုပ်တို့သည် တပည့်များ၏ အနာဂတ်ကို လေးစားရမည်။ ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ် အတွက် ကောင်းမွန်သောဆက်ဆံရေးကို ပစ်ပယ်ထား၍မရပါ။ မှန်ပါသည်။ သို့သော် ထိုဆက်ဆံရေးသည် သူငယ်ချင်းကဲ့သို့သော ရင်းနှီးမှုအပေါ်တွင် အခြေမခံထားဘဲ တပည့်များအပေါ် ယုံကြည်မှု၊ ရိုးသားမှု၊ လေးစားမှု၊ တရားမျှတမှု၊ ကတိတည်ကြည်မှုစသည့်အရာများ၌သာ အခြေခံပြီး ပိုမိုကောင်းမွန်သော သင်ကြားမှုပတ်ဝန်းကျင်ကို တည်ဆောက်ရပါမည်။

🔥မိမိသင်ကြားသော ဘာသာရပ်များအပေါ်ကျွမ်းကျင်မှု နှင့် စိတ်အားထက်သန်မှု

အများအားဖြင့် ကျွန်ုပ်တို့သည် ဆရာအသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ရာ၌ အခြားအလုပ်အကိုင်မရှိ၍ ရွေးချယ်ကြသည်ထက် ကျွန်ုပ်တို့ကို ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ဆရာမကြီးများ၏ ထူးချွန်သော၊ အနစ်နာခံသော၊ စေတနာထားသော၊ မေတ္တာဂရုဏာကြီးမားသော စသည့်အရာများအပေါ် အခြေခံထားသည့် သင်ကြားမှုပုံစံ၊နည်းစနစ်များကို လေးစားအားကျ၍ ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် ဆရာကြီး၊ဆရာမကြီးတို့၏ ဘာသာရပ်အပေါ် နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်မှု၊ အသိပညာ ဗဟုသုတဝကြွယ်ဝမှုနှင့် စိတ်အားထက်သန်မှုတို့သည် ကျွန်ုပ်တို့အပေါ်အဓိက လွှမ်းမိုးသောအကြောင်းအရာများဖြစ်လာ ပြီးလေးစားအားကျဖွယ်အလွန်ကောင်းလှသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် စာသင်ခန်း၌ သင်ခန်းစာများကို မသင်ကြားမှီ မိမိနှင့်သက်ဆိုင်သောဘာသာရပ်များအပေါ် ကျွမ်းကျင်သဘောပေါက်ရန်လိုအပ်သည်။ ထိုကဲ့သို့ ကျွမ်းကျင်တတ်မြောက်စေရန် အဆက်မပြတ်လေ့လာအားထုတ်နေရမည်။ စိတ်အားထက်သန်နေရမည်။ မိမိသင်ကြားသော ဘာသာရပ်အပေါ် ကျွမ်းကျင်သဘောပေါက်မှုမရှိခြင်း၊ စိတ်အားထက်သန်မှုမရှိဘဲ တပည့်များကို သင်ခန်းစာ သင်ကြားပေးနေခြင်းသည် အကျိုးမရှိသောလုပ်ရပ်တစ်ခုဖြစ်ပြီး အချိန်ဖြုန်းတီးနေခြင်းသာဖြစ်သည်။

🔥မေးခွန်းများမေးမြန်းနိုင်ရန် လမ်းညွှန်လှုံ့ဆော်ပေးခြင်း

ထူးချွန်သော ဆရာကောင်းတစ်ယောက်သည် တပည့်များကို ဖြေဆိုနိုင်ရန် သင်ကြားပေးသည် သာမက နောက်ထပ် မေးခွန်းများစွာကို မေးမြန်းနိုင်ရန် လမ်းညွှန်လှုံ့ဆော်ပေးသည့်အရည်အချင်းရှိသူဖြစ်သည်။ ပညာရေးအခန်းကဏ္ဍကို ဦးဆောင်နေသော ဆရာတစ်ယောက်အနေဖြင့် တပည့်များအား သင်ရိုးညွန်းတမ်းပါ သင်ခန်းစာများကို သင်ကြားပေးနေရုံဖြင့်မလုံလောက်ပါ။ ယင်းသင်ခန်းစာများနှင့် ဆက်လျဉ်းသည့် နောက်ထပ်ဗဟုသုတများနှင့် နားလည်တတ်ကျွမ်းမှုများအပေါ် တပည့်များ ပိုမိုဆာလောင်သိရှိလိုသည့် စိတ်အားထက်သန်မှု၊ မေးမြန်းမှုစသည့်အရာများ ပေါက်ဖွားလာစေရန် မျိုးစေ့ကြဲသောသူများဖြစ်သင့်သည်။ သင်ခန်းစာကောင်းတစ်ခုတွင် တပည့်များအနေဖြင့် သင်ခန်းစာထဲ၌ ပါဝင်သော အကြောင်းအရာ တစ်စုံတစ်ခုကို သင်ယူတတ်မြောက်သွားနိုင်သည်။ သို့သော် ပိုမိုကောင်းမွန်သော သင်ခန်းစာကောင်းတစ်ခုတွင် တပည့်များအနေဖြင့် ၎င်းတို့သင်ယူခဲ့ရသည့် သင်ခန်းစာအပေါ် အာသီသပြေခြင်းမရှိဘဲ ပိုမိုသိရှိလေ့လာလိုခြင်း၊ မေးခွန်းများစွာ ထွက်ပေါ်လာခြင်း နှင့် စိတ်ဆန္ဒပြင်းပြလာခြင်းတို့ ပါဝင်သည်။ ဤအရာများသည် ကောင်းမွန်ထိရောက်သောသင်ကြားမှုစနစ်ပင် ဖြစ်သည်။ တပည့်များအနေဖြင့် သင်ခန်းစာနှင့်ဆက်စပ်သည့် နောက်ထပ်မေးခွန်းများကို မေးမြန်းတတ်လာခြင်းသည် ၎င်းတို့အနေဖြင့် ယင်းဘာသာရပ်အပေါ် စိတ်ဝင်စားမှုမြင့်တက်လာခြင်း၊ အလေးပေးလာခြင်းဖြစ်သည်။

🔥ပညာရေး၏ပိုမိုကျယ်ပြန့်သော ရည်ရွယ်ချက်များကို နားလည်သ​ဘော​ပေါက်ခြင်း

အစောဆုံး လူသိများသည့် သင်ရိုးညွှန်းတမ်းစာရွက်စာတမ်းသည် ဂရိနိုင်ငံ၊ Delphiတွင်တည်ရှိသော Apolloဘုရားကျောင်း၌ ရေးထိုးထားသော ကမ္ပည်းကျောက်စာ စကားလုံးနှစ်ခုဖြစ်သည်။ ယင်းစကားလုံးနှစ်ခုမှာ "Know Yourself" မိမိကိုယ်ကို သိရှိနားလည်ခြင်း ဖြစ်သည်။ ပညာရှိတစ်ဦးဖြစ်စေရန်အလို့ငှာ ပထမအချက်အနေဖြင့် မိမိကိုယ်ကိုသိရှိနားလည်ရန် လိုအပ်ပြီး နောက်တစ်ချက်အနေဖြင့် အခြားသူတစ်ဦး၏ ဘဝကို စနစ်တကျနှင့် အခြေခံကျကျ ရိုးသားစွာ ဆန်းစစ်တတ်ရန်လိုအပ်ပေသည်။ ဆရာကောင်းတစ်ယောက်သည် တပည့်များအား သင်ခန်းစာများကိုသာ သင်ကြားပေးသည်သာမက ပညာရေး၏ပိုမိုကျယ်ပြန့်သော ရည်ရွယ်ချက်များကို နားလည်သဘောပေါက် စေရန် ဦးဆောင်လမ်းပြသော မီးအိမ်ရှင်ဖြစ်သည်။ ပညာရေး၏ပိုမိုကျယ်ပြန့်သော ရည်ရွယ်ချက်များမှာ မိမိတပည့်များကို ပိုမိုစဉ်းစားတွေးခေါ်တတ်လာစေခြင်း၊ ရိုးသားခြင်း၊ လူ့ဘဝတွင် လူသားဆန်စွာ နေထိုင်အသက်ရှင်ရခြင်း၊ အခြားသူများကို လေးစားမှုရှိခြင်း၊ မိမိကိုယ်ကျိုးအတ္တကို ဦးစားပေးခြင်းမရှိဘဲ လူ့အဖွဲ့အစည်း အသိုက်အဝန်းအကျိုးကို ဦးစားပေးဆောင်ရွက်ခြင်းစသည့်အကြောင်းအရာများဖြစ်သည်။ ဆရာကောင်းတစ်ဦးဖြစ်လာရန် သင်ခန်းစာများကို သင်ကြားပေးနေရုံဖြင့် မလုံလောက်ပါ။ လူငယ်များအား မိမိတို့ကိုယ်ကိုနှင့် ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန်လိုအပ်သည့် စွမ်းအားများကို သိရှိလာစေရန်အလို့ငှာ ကူညီဖေးမခြင်းဖြစ်သည်။

ဆရာများအနေဖြင့် အထက်ဖော်ပြပါအကြောင်းအရာများကို ကောင်းမွန်ကျေပွန်စွာလုပ်ဆောင်ပါက စာသင်ခန်းအတွင်းပညာသင်ယူနေကြသော မျိုးဆက်သစ်လူငယ်များအနေဖြင့် မည်သည့်ကိစ္စရပ်ကိုမဆို စနစ်တကျဝေဖန်ပိုင်းခြားလာနိုင်ပြီး အသစ်သစ်သော ထီထွင်ကြံဆမှုများ၊ အတွေးအခေါ်များဖြင့် ပိုမိုလှပသော ကမ္ဘာကြီးကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
ဤဆောင်းပါးကိုဖတ်ခြင်းအားဖြင့် သင့်အနေဖြင့် ဆရာကောင်းတစ်ယောက်ဖြစ်လာရန် မည်သည့်အရည်အချင်းများ လိုအပ်သည်ဟု ထင်မြင်ပါသလဲ။? သင့်အနေဖြင့် ဤစာတွင် မဖော်ပြထားသည့် အခြားသော အကြောင်းအရာ၊ အရည်အချင်းများလည်း ပေါ်ထွက်ကောင်းပေါ်ထွက်စဉ်းစားလာနိုင်သည်။ မိမိထင်မြင်သည့် အကြောင်းအရာများကို လုပ်ဖော်ဆောင်ဖက်များနှင့် တိုင်ပင်ဆွေးနွေးပါ။

ဆရာကြီးDavid de Caralhoရေးသားသော Five Qualities of Great Teacher ကို မှီငြမ်း၍ ပြန်လည်ရေးသားခြင်းဖြစ်သည်။ ယခုစာတွင်ဖော်ပြထားသော အတွေးအခေါ် Ideasများအားလုံးသည် ဆရာကြီး၏ မူပိုင်များသာဖြစ်ကြောင်း ဖော်ပြလိုပါသည်။

Hello ✨Tree of Life Education Center (TEC) မှ ဖွင့်လှစ်တဲ့နွေရာသီ (1)လ သင်တန်းမှာနိုင်ငံတကာစံချိန်မှီ အင်္ဂလိပ်စာ သင်ရို...
07/03/2020

Hello ✨
Tree of Life Education Center (TEC) မှ ဖွင့်လှစ်တဲ့
နွေရာသီ (1)လ သင်တန်းမှာ
နိုင်ငံတကာစံချိန်မှီ အင်္ဂလိပ်စာ သင်ရိုးများအပြင်
သင်ရိုးပြင်ပ သင်ခန်းစာများကို လေ့လာသင်ယူနိုင်မှာဖြစ်တဲ့ အတွက်
လူကြီးမင်းတို့ သား/သမီး များရဲ့ တန်းဖိုးရှိတဲ့ နွေရာသီကျောင်းပိတ်ရက် ကို
အကျိုးရှိရှိ အသုံးချနိုင်အောင် အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ 😇
09250272990
Hello everyone ✨
Tree of Life Education Center (TEC) is providing a 1 month class including English course and other extra-curriculum cources.
Please feel free to contact us for more information.
Thanks 😇

"Knowledge is power. Information is liberating. Education is the premise of progress, in every society, in every family"...
03/04/2019

"Knowledge is power. Information is liberating. Education is the premise of progress, in every society, in every family".
Kofi Annan

ကျောင်းသူ၊ ကျောင်းသား ဗဟိုပြုသင်ကြားပေးသည့် TEC တွင် ကျောင်းနေပျော်ပြီး စာတော်ရမည်။

Summer Camp Program (40 Days) တွင် တက်ရောက်နေကြသည့်
ကျောင်းသူ၊ကျောင်သားများ၏ သင်ယူလေ့လာမှုနှင့် လှုပ်ရှားမှုများကို ဖော်ပြအပ်ပါသည်။

TEC၏စိတ်ဝင်စားဖွယ် သင်ကြားမှုပုံစံနှင့် Activities ကျောင်းတွင်း၊ကျောင်းပြင် လှုပ်ရှားမှုများလည်း မကြာမှီ ထပ်မံဖော်ပြပေးသွားပါမည်😍😍😍

7.3.2019 တွင် Tree of Life Eduaction Center သို့ Thabyay Education Foundation၏ တာဝန်ရှိပုဂ္ဂိုလ်များမှ သပြေဖောင်ဒေးရှင်းမ...
08/03/2019

7.3.2019 တွင် Tree of Life Eduaction Center သို့ Thabyay Education Foundation၏ တာဝန်ရှိပုဂ္ဂိုလ်များမှ သပြေဖောင်ဒေးရှင်းမှပေးအပ်သော ပညာသင်ဆုအကြောင်းနှင့်ပတ်သတ်၍ လာရောက်ဟောပြောဆွေးနွေးခဲ့ကြပါ သည်။

ဤဆွေးနွေးပွဲသို့ "၀"နှစ်ခြင်းအသင်းတော်(WBC-9)မှ သင်းအုပ်ဆရာတော်ကြီးများ၊လူကြီးများနှင့် ရပ်မိရပ်ဖများ၊ "၀"နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ သာသနာပြုကျောင်းမှ ကျောင်းတာဝန်ခံ၊ "၀"ကျမ်းစာကျောင်း၏ကျောင်းအုပ်နှင့် အခြားစိတ်ပါဝင်စားသောသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အချိန်ပေးပြီးအားရပါးရဟောပြောပေးခဲ့သော Thabyay Education Foundation မှ တာဝန်ရှိဆရာမများနှင့် လာရောက်ဆွေးနွေးပေးကြသော မိဘညစ်အစ်ကိုမောင်နှမများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း TECမှ သခင်ခရစ်တော်၏ နာမတော်မြတ်၌ ဖော်ပြအပ်ပါသည်။

မင်္ဂလာပါ ✨Tree of Life Education Center (TEC) မှ ဖွင့်လှစ်တဲ့နွေရာသီ ရက် (၄၀) သင်တန်းမှာနိုင်ငံတကာစံချိန်မှီ အင်္ဂလိပ်စာ သင...
02/03/2019

မင်္ဂလာပါ ✨
နွေရာသီ ရက် (၄၀) သင်တန်းမှာ
Hello everyone ✨
Tree of Life Education Center (TEC) is providing a 40-day class including English course and other extra-curriculum cources.
Thanks 😇

မင်္ဂလာပါ ✨Tree of Life Education Center (TEC) မှ ဖွင့်လှစ်တဲ့နွေရာသီ ရက် (၄၀) သင်တန်းမှာနိုင်ငံတကာစံချိန်မှီ အင်္ဂလိပ်စာ သင...
02/03/2019

မင်္ဂလာပါ ✨
နွေရာသီ ရက် (၄၀) သင်တန်းမှာ
09250272990
Hello everyone ✨
Tree of Life Education Center (TEC) is providing a 40-day class including English course and other extra-curriculum cources.
Thanks 😇

Address

Lashio
06301

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 11:00 - 14:00

Telephone

09250272990

Website

Alerts

Be the first to know and let us send you an email when Tree of Life Education အသက်ပင် ပညာရေးစင်တာ - Nyiex Pingnya Khaox Imju posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tree of Life Education အသက်ပင် ပညာရေးစင်တာ - Nyiex Pingnya Khaox Imju:

Shortcuts

Share

Category