BHES6 Lashio Friends Gathering Place

BHES6 Lashio Friends Gathering Place Have fun and keep in touch!

27/09/2021
ညီစေနော် လားရှိုးရေ
05/04/2021

ညီစေနော် လားရှိုးရေ

CDMအတွက်ပါဝင်သောဆရာဆရာမများ ကျန်းမာရေးဝန်ထမ်း အစိုးရဝန်ထမ်းများအားလုံးကိုဂုဏ်ယူလေးစားပါတယ်  ကျေးဇူးတင်ပါတယ်🙏🙏🙏
31/03/2021

CDMအတွက်ပါဝင်သောဆရာဆရာမများ ကျန်းမာရေးဝန်ထမ်း အစိုးရဝန်ထမ်းများအားလုံးကိုဂုဏ်ယူလေးစားပါတယ် ကျေးဇူးတင်ပါတယ်🙏🙏🙏

ထ၆ကကျောင်းသူ/သားဟောင်းတို့ရေ ဒီဆရာမသိတယ်ဟုတ်?? ၉တန်းမှာ physic သင်ဖူးတယ်လေ F=ma ကို ဖေ့ မ ဆိုပြီးသင်ခဲ့တဲ့ဆရာမ
27/03/2021

ထ၆ကကျောင်းသူ/သားဟောင်းတို့ရေ ဒီဆရာမသိတယ်ဟုတ်?? ၉တန်းမှာ physic သင်ဖူးတယ်လေ

F=ma ကို ဖေ့ မ ဆိုပြီးသင်ခဲ့တဲ့ဆရာမ

26/03/2021

#လားရှိုးမြို့လုံးကျွတ်သပိတ်_တစ်နိုင်ငံလုံးသပိတ် မတ် ၂၇

မတ်လ ၂၇ ရက်လားရှိုးမြို့လုံးကျွတ်သပိတ်အစီအစဥ်
~~~~~~~~

အချိန်။ ။ နံနက် ၉ နာရီတိတိ
(အားလုံးတစ်ညီတစ်ညွှတ်ထဲ ၉နာရီတိမှအိမ်မှစထွက်ရန်)

စုရပ် - ၁ ။ ။ လားရှိုးတက္ကသိုလ်ရှေ့။
စုရပ် - ၂ ။ ။ မန်ဆူရှေ့။
စုရပ်- ၃ ။ ။ ယုံဟော်လမ်းတစ်လျှောက် (ပင်မစုရပ်)

- အားလုံးထွက်ဖို့အချိန်တန်ပြီ။ လမ်းမပေါ်ထွက်ဖို့ အချိန်တန်ပီ။ ဒီမိုကရေစီပြန်ရဖို့အချိန်တန်ပြီ။ နီးစပ်ရာပူးပေါင်းပါ။ ပင်မသပိတ်သည် ယုံဟော်လမ်းတစ်လျှောက်ဖြစ်သည်။ လူစုံလျှင် တော်လှန်ရေးကြွေးကြော်သံများ ကြွေးကြော်ပါမယ်။

- ၂ ငါးလုံးတုန်းကစည်းလုံးမှုမျိုး ပြန်ပြကြမယ်။ လားရှိုးသမိုင်း ဘယ်တော့မှမရိုင်းခဲ့ဘူး။ ကျနော်တို့အကုန်လုံး စုပေါင်းပြီးမှ ဒီမိုကရေစီပြန်ယူကြမယ်။ မတွေဝေနဲ့ မကြောက်နဲ့ စိတ်ဝမ်းမကွဲနဲ့။ ကျနော်တို့ ကြောက်နေရင် တစ်သက်လုံး အကြောက်တရားနဲ့ရှင်သန်သွားကြရလိမ့်မယ်။ ဒါကိုမမေ့နဲ့။

- ညညဆို အကြောက်တရားနဲ့အိပ်ပီး မနက်မနက်ဆို စိုးရိမ်စိတ်တွေနဲ့မနိုးထချင်တော့ဘူး။ အင်တာနက်ကို အချိန်အကန်သတ်နဲ့မသုံးချင်ဘူး။ ဖုန်းလိုင်းတွေ ထင်သလိုဖြတ်နေတာ မခံနိုင်တော့ဘူး။ ကြောက်နေရင် အိမ်ထဲမှာနေလဲ ဝင်ဆွဲခံရမှာကို မမေ့နဲ့။ မှန်နေရင် သမ္မတကိုတောင် ပြန်​ပြောခွင့်ရှိတဲ့ ဒီမိုကရေစီ၊ မှားနေရင် ဆယ်အိမ်မှူးကိုတောင် ကြောက်နေရတဲ့ အာဏာရှင်စနစ် မလိုချင်ဘူး။

- ဒါကြောင့် ကျနော်တို့အားလုံးလမ်းပေါ်ထွက်ကြရမယ်။ ဒီမိုကရေစီ ရဖို့တောင်းဆိုကြရမယ်။ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြရမယ်။ သမိုင်းပေးတါဝန်မို့ အားလုံးထွက်ကြရမယ်။

- ကျနော်တို့ လူငယ်တွေလဲအကုန်လမ်းပေါ်ရှိနေမှာမို့ အားလုံးထွက်ခဲ့ကြပါ။ နီးစပ်ရာပြောပြပါ။ အသိပေးပါ။ ထွက်လို့ရတဲ့ ထွက်နိင်တဲ့လူမှန်သမျှအားလုံးထွက်ခဲ့ကြပါ။ ဒီမိုကရေစီက လက်တစ်ကမ်းမှာ..........

#မတ်လ_၂၇ရက်
#တစ်နိုင်ငံလုံးသပိတ်
#လားရှိုးသပိတ်
#လားရှိုးအောင်ပွဲ

Address

Khine Shwe War Road
Lashio

Website

Alerts

Be the first to know and let us send you an email when BHES6 Lashio Friends Gathering Place posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BHES6 Lashio Friends Gathering Place:

Shortcuts

Share

Category