Lashio English Learning Club

Lashio English Learning Club "Charity Begins at Home." We focus on developing education and knowledge through English. Basic to A

11/02/2022
11/01/2022

Basic Zoom Accounts with No Time Limit (အချိန်အကန့်အသတ်မရှိသော Basic Zoom Account)

Covid ကာလ/ကမ္ဘာ့ကပ်ရောဂါကာလ တစ်လျှောက်လုံး အသုံးပြုနိုင်သည့် မိနစ်(၄၀)အကန့်အသတ်မရှိသော Basic Zoom Account ကို ကျပ်ငွေ (၂၀,၀၀၀)ကျပ်ဖြင့် မှာယူနိုင်သည်။
အခမဲ့သင်တန်းပေးနေသူများ (၁၀,၀၀၀)ကျပ်ဖြင့် ရယူနိုင်သည်။
ငွေကြေးအခက်အခဲရှိသူများလည်း ညှိနှိုင်းရယူနိုင်သည်။
လူဦးရေကန့်သတ်ချက် - အယောက် (၁၀၀)
မိနစ် - အကန့်အသတ်မရှိ

စိတ်ပါဝင်စားသူမည်သူမဆို Messenger မှ တဆင့် မေးမြန်းရယူနိုင်ပါသည်။

, ,

Parts of the Head
31/12/2021

Parts of the Head

📍 Basic English Grammar အခြေခံအင်္ဂလိပ်စာသဒ္ဒါ✅ အခြေခံအင်္ဂလိပ်စာလေ့လာချင်နေသူများ၊ အစမှပြန်လည်လေ့လာချင်သူများ မည်သူကိုမ...
31/12/2021

📍 Basic English Grammar အခြေခံအင်္ဂလိပ်စာသဒ္ဒါ
✅ အခြေခံအင်္ဂလိပ်စာလေ့လာချင်နေသူများ၊ အစမှပြန်လည်လေ့လာချင်သူများ မည်သူကိုမဆို ဤအခြေခံအင်္ဂလိပ်သဒ္ဒါအား လေ့လာရန် ကြိုဆိုပါသည်။
✅ အခြေခံအင်္ဂလိပ်စာကို လုံးဝနားလည်သဘောပေါက်ရန် သင်ခန်းစာများစွာဖြင့် သင်ကြားပေမည်ဖြစ်ပါသည်။

📍 သင်ခန်းစာများမည်သို့တည်ဆောက်ထားသနည်း။
✅ အဓိကအားဖြင့် (Section 1, 2, 3) အပိုင်း(၃)ပိုင်းခွဲထားပြီး၊ အပိုင်း(၁)ပိုင်းစီတွင် ခေါင်းစဉ်(၅)ခုပါဝင်ပြီး အပိုင်း(၁)ခုရှိ ခေါင်းစဉ်ကြီး(၅)ခုအား လေ့လာပြီးတိုင်း ဆန်းစစ်သည့် စာမေးပွဲပုံစံလေ့ကျင့်ခန်းများ ပြင်ဆင်ပေးထားပါသည်။
✅ ခေါင်းစဉ်ကြီး(၅)ခုမှာ ၁။ Nouns & Adjectives/ Adverbs (နာမ် နှင့် နာမဝိသေသန/ ကြိယာဝိသေသန)၊ ၂။ Verbs (ကြိယာ)၊ ၃။ Prepositions (ဝိဘတ်များ)၊ ၄။ Gerunds & To Infinitive (V+ing & To + V1) နှင့် ၅။ Sentence Structure (စာကြောင်းတည်ဆောက်ပုံ)တို့ဖြစ်ပါသည်။
✅ အခြေခံအင်္ဂလိပ်စာသဒ္ဒါတွင် သိသင့်သည့်သင်ခန်းစာများစွာ ပါဝင်ပါသည်။

📍 သင်တန်းကြာချိန် နှင့် အချိန်
✅ သင်တန်းကာလသည် (၇) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။
✅ (၁၇-၁-၂၀၂၂) ရက်နေ့တွင် သင်တန်းစတင်ပါမည်။
✅ တနင်္လာနေ့ မှ သောကြာနေ့ (နံနက် ၁၀ နာရီ မှ ၁၁ နာရီ) (သို့မဟုတ်) တနင်္လာနေ့ မှ သောကြာနေ့ (ည ၇ နာရီ မှ ၈ နာရီ) [မိမိကြိုက်နှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်ပါသည်။]
✅ နေ့စဉ် လေ့လာရမည့် သင်ခန်းစာများအား Comment တွင် သော်လည်းကောင်း၊ တင်ထားပေးသော ပုံများတွင်လည်းကောင်း အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

📍 စာမေးပွဲ
✅ အပိုင်း(၁)ပိုင်းပြီးတိုင်း ပြန်လည်ဆန်းစစ်သည့် စာမေးပွဲ (၁)ခု ဖြေဆိုရမှာဖြစ်ပါသည်။ အပိုင်း(၃)ပိုင်းရှိသည့်အတွက် စာမေးပွဲ(၃)ခု ဖြေဆိုရမည်ဖြစ်ပါသည်။
✅ သင်ခန်းစာများအား ပြန်လည်ဆန်းစစ်သည့် စာမေးပွဲများတွင် (၈၀%) နှင့်အထက် ရရှိပါက အင်္ဂလိပ်စာအခြေခံသဒ္ဒါအား သင်ယူတတ်မြောက်ပြီးကြောင်း လက်မှတ်ပေးအပ်မည်ဖြစ်ပါသည်။

📍 မည်သို့စာရင်းသွင်းနိုင်သနည်း။
✅ ပထမအဆင့်အနေဖြင့် ဤ page ၏ Messenger မှတဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
✅ ဒုတိယအဆင့်အနေဖြင့် မိမိတက်ရောက်ချင်သည့် အချိန်အား ဖော်ပြပေးရမည်ဖြစ်ပါသည်။
✅ တတိယအဆင့်အနေဖြင့် သင်တန်းကြေးအား ပေးသွင်း၍ တက်ရောက်နိုင်ပြီဖြစ်ပါသည်။
✅ သင်တန်းကြေးပေးသွင်းပြီးပါက တက်ရောက်မည့်သူများ၏ Group ထဲတွင် ထည့်ပေးပါမည်။
(Zoom Link (သို့မဟုတ်) ID နှင့် Passwordအား Group ထဲတွင် နေ့စဉ်ပို့ပေးသွားမည်ဖြစ်ပါသည်။)

📍 မည်သည့်အရာများ လေ့လာသိရှိမည်နည်း။
✅ အင်္ဂလိပ်စာသဒ္ဒါနှင့်စပ်လျဉ်း၍ အခြေခံသင်ခန်းစာများကို နားလည်သဘောပေါက်ပြီး အသုံးချနိုင်မည်ဖြစ်ပါသည်။
✅ လက်တွေ့တွင်လည်း အသုံးချနိုင်ရန် သင်ခန်းစာ၊ လေ့ကျင့်ခန်းများစွာဖြင့် ပြင်ဆင်ထားပေးပါသည်။
✅ နာမ်၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ ကြိယာများ၊ ဝိဘတ်များ၊ စာကြောင်းတည်ဆောက်ပုံများ၊ စကားဆက်များ အစရှိသည်နှင့်ပတ်သက်၍ ခေါင်းစဉ်ခွဲများ၊ သင်ခန်းစာများစွာဖြင့် လေ့လာ၊ လေ့ကျင့်ရမည်ဖြစ်ပါသည်။

📍 မည်သူသည် ဤသင်တန်းအား တက်ရောက်သင့်သနည်း။
✅ အင်္ဂလိပ်စာ အခြေခံမှစ၍လေ့လာလိုသူများ၊ အခြေခံပိုင်နိုင်လိုသူများ၊ ယုံကြည်ချက်ရှိရှိ အခြေခံသင်ခန်းစာများအား ပိုင်နိုင်စွာအသုံးပြုလိုသူများ၊ အခြေခံသဒ္ဒါသင်ကြားသော ဆရာ/မများဖြစ်ပါက အသက်အရွယ် အကြီးအငယ်မရွေး၊ မည်သူမဆို တက်ရောက်သင့်ပါသည်။

📍 မည်သို့ လေ့လာရမည်နည်း။
✅ သင်တန်းနှင့်ပတ်သက်၍ နားလည်မှုမရှိပါက၊ ရှင်းလင်းမှုမရှိပါက Group တွင်လည်းကောင်း၊ သင်ကြားပေးသည့် ဆရာအားလည်းကောင်း ပြန်လည်မေးမြန်နိုင်ပါသည်။
✅ Zoom ဖြင့် တနင်္လာ မှ သောကြာနေ့ ပုံမှန်အချိန်တွင် လေ့လာရမည်ဖြစ်ပါသည်။

📍 အဓိကအားဖြင့် ကိုးကားသင်ကြားမည့် သဒ္ဒါစာအုပ်
✅ Elaine Walker နှင့် Steve Elsworth တို့မှ ရေးသားပြုစုထားသည့် Grammar Practice For Elementary Students သဒ္ဒါစာအုပ် ဖြစ်ပါသည်။

📍 သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ပေးပါသလား။
✅ သင်ခန်းစာများအား ပြန်လည်ဆန်းစစ်သည့် စာမေးပွဲများတွင် (၈၀%) နှင့်အထက် ရရှိပါက အင်္ဂလိပ်စာအခြေခံသဒ္ဒါအား သင်ယူတတ်မြောက်ပြီးကြောင်း လက်မှတ်ပေးအပ်မည်ဖြစ်ပါသည်။

📍 သင်တန်းကြေးမည်မျှနည်း။
✅ ငွေကျပ် သုံးသောင်း (၃၀,၀၀၀ ကျပ်)ဖြစ်ပါသည်။
✅ မြန်မာနိုင်ငံတွင်းရှိ ကျောင်းသား/သူများအား အင်္ဂလိပ်စာအခြေခံတတ်မြောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းကြေးအား ဤမျှလာက်ဖြင့် အဆင်ပြေစေရန် သတ်မှတ်ထားခြင်းဖြစ်ပါသည်။
✅ သင်တန်းစာရင်းသွင်းခြင်း နှင့် သင်တန်းကြေးပေးသွင်းခြင်းအား Page ၏ Messenger မှတဆင့် ဆောင်ရွက်နိုင်ပါသည်။ သင်တန်းကြေးအား KBZPayဖြင့် ပေးချေနိုင်ပါသည်။

📍 လက်ဆောင်
✅ ဆရာကြီး Raymond Murphy မှ အသစ်ရေးသားပြုစုထားသော English Grammar in Use (Fifth Edition), Cambridge University Press, (2019) သဒ္ဒါစာအုပ် (e-book) အား ဒေါင်းလုပ်ရယူရန် လင့်ပေးထားပါသည်။ ရောင်းအားအကောင်းဆုံး သဒ္ဒါစာအုပ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အင်္ဂလိပ်စာလေ့လာသူများသာမက ဆရာ/ဆရာမသုံးစွဲသော စာအုပ်လည်းဖြစ်ပါသည်။ ဤအခြေခံသင်တန်းရှိ သင်ခန်းစာများအားလုံးလုပ်ဆောင်ပြီးပါက ထိုစာအုပ်အား မိမိကိုယ်တိုင် လေ့လာနိုင်မည်ဟု မျှော်လင့်ပါသည်။

, , ,

American Accent Training: Grammar✅ သဒ္ဒါ✅ လေယူလေသိမ်း✅ အသံထွက်✅ နားလည်မှုစွမ်းရည်✅ ဝေါဟာရ✅ စာဖတ်ခြင်း✅ အရေးအသား✅ စာလုံးပ...
25/12/2021

American Accent Training: Grammar
✅ သဒ္ဒါ
✅ လေယူလေသိမ်း
✅ အသံထွက်
✅ နားလည်မှုစွမ်းရည်
✅ ဝေါဟာရ
✅ စာဖတ်ခြင်း
✅ အရေးအသား
✅ စာလုံးပေါင်း နှင့်
✅ ပုဒ်ဖြတ်၊ ပုဒ်ရပ်
အစရှိသည်များ ပါဝင်သည့်စာအုပ်ကောင်းတစ်အုပ်

📍 လေ့ကျင့်ခန်းများအတွက် အဖြေများ (Answer Keys) ပါ တပါတည်းပါရှိသည့်အတွက် အလွန်မှပင် အဆင်ပြေပါသည်။

📍 အသံထွက် နှင့် သဒ္ဒါများအား Self-Study သို့မဟုတ် မိမိကိုယ်တိုင် ပုံမှန်အတိုင်း တစ်ဦးတည်းလေ့ကျင့်ချင်သူများအတွက်သော်လည်းကောင်း၊ သင်ခန်းစာများကောက်နုတ်၍ အတန်းထဲတွင် အသံထွက်နှင့်သဒ္ဒါများအား သင်တော်သလို သင်ကြားရန် အင်္ဂလိပ်စာသင်ကြားနေသည့် ဆရာ/ဆရာမများအတွက်သော်လည်းကောင်း အလွန်မှပင် သင့်လျော်သော စာအုပ်ဖြစ်ပါသည်။

✅ ဝယ်ယူလေ့လာလိုပါက Messenger မှ တဆင့် ဆက်သွယ်ပေးပါ။

📍 စာအုပ် နှင့် CD (၂) ချပ် အသံဖိုင်များ၏တန်ဖိုး - ၁,၀၀၀ ကျပ်

✅ email ဖြင့်သော်လည်းကောင်း၊ Telegram အားဖြင့်သော်လည်း ဖိုင်များအား Download ရယူရန် အဆင်ပြေနိုင်မည့်နည်းလမ်းဖြင့် ပေးပို့ပေးပါသည်။

✅ KBZ-pay ဖြင့် ငွေပေးချေနိုင်ပါသည်။

, , ,

Address

Thidar Lwin Street
Lashio

Alerts

Be the first to know and let us send you an email when Lashio English Learning Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lashio English Learning Club:

Shortcuts

Share

Category