20/02/2024
1. I forgot where I put my keys.
ငါ့သော့ ဘယ်မှာ ထားလိုက်လဲ မေ့သွားပြီ။
2. What was his name again?
သူ့နာမည် ဘာပါလိမ့်။
3. When was the last time you showered?
မင်း နောက်ဆုံး ရေချိုးတာ ဘယ်တုန်းကလဲ။
4. That's embarrassing.
ရှက်စရာကြီး။
5. Do you know how dangerous it is?
ဒါ ဘယ်လောက်ထိ အန္တရာယ်ရှိတယ်ဆိုတာ မင်းသိရဲ့လား။
6. Why do you still have your ex's photos?
မင်း ex ရဲ့ ဓါတ်ပုံတွေ ဘာလို့ ခုထိ ရှိနေတာလဲ။
7. I am watching videos on Tik Tok.
ငါ တစ်တော့ ဗီဒီယိုတွေ ကြည့်နေတာ။
8. What do you do for work?
မင်း ဘာအလုပ်လုပ်လဲ။
9. I still have not found a job.
ငါ ခုထိ အလုပ်ရှာမတွေ့သေးဘူး။
10. Can you get me a glass of water?
ရေတစ်ခွက်လောက် ယူပေးလို့ရမလား။
With Love,
MM