Tr Cinthiya's Digital Classroom

Tr Cinthiya's  Digital Classroom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr Cinthiya's Digital Classroom, Education, Lashio.

Merry Christmas and happy New year to you all!
25/12/2020

Merry Christmas and happy New year to you all!

21/11/2020
ကလေးတွေကို သင်ထားပေးသင့်တဲ့ Body Safey Rules===============================ကလေးတွေ အသက် ၂-၃ နှစ် အရွယ် မူကြိုစတက်တဲ့ အချ...
23/09/2020

ကလေးတွေကို သင်ထားပေးသင့်တဲ့ Body Safey Rules
===============================
ကလေးတွေ အသက် ၂-၃ နှစ် အရွယ် မူကြိုစတက်တဲ့ အချိန်မှာမိဘနဲ့ ခွဲပြီး စတင်သွားရပါပြီ။ အဲဒီမှာ sexual abuse သို့ mo**st သို့ assault စတင်ဖြစ်ပွားတာများတဲ့ အချိန်ပါ။

Sexual Abuse ဆိုတာ Private Parts တွေကို အကိုင်ခံရတာ, ထိတွေ့စေတာ, မဖွယ်မရာလုပ်တာ, ထိုင်ခိုင်းတာ, နမ်းခိုင်းတာ အစုံပါပဲ မုဒိမ်းကျင့်တဲ့ အဆင့်တော့မရောက်ပေမယ့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အသားယူခံရတာ ဖြစ်ပြီး ကလေးတွေရဲ့ နုနယ်တဲ့ စိတ်ပိုင်းဆိုင်ရာကို နာကျင် ထိခိုက်စေနိုင်ပါတယ်။ သူတို့ အနေနဲ့လဲ မိဘတွေကို ဖွင့်ပြောရမယ် မှန်းမသိတာ, ဘယ်လို စပြီး ဖွင့်ပြောရမလဲ မသိတာမျိုး, မဖွင့်ပြောရဲတာ, မဖွင့်ပြောဖို့ ခြိမ်းခြောက်ခံရတာ, လှိူ့ဝှက်ခိုင်းတာ တွေလဲဖြစ်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ မိန်းကလေး ၄ ယောက်မှာ တယောက်, ယောက်ကျားလေး ၆ ယောက်မှာ တယောက်ဟာ Sexual Abuse လုပ်ခံရပါတယ်လို စစ်တမ်းများအရ့ လေ့လာတွေ့ရှိရပါတယ်။ Child Molester (ကလေးတွေကို မဖွယ်မရာလုပ်တဲ့သူ) တွေဟာလည်း နေရာမရွေး အချိန်မရွေး အသက်ကြီးငယ်အရွယ် အစုံရှိပါတယ်။

အသက် ၂ နှစ်အရွယ်လောက်ကစပြီး Private Parts တွေကို အခေါ်အဝေါ်တွေကို သင်ထားပေးပါ။ ရေချိုးတဲ့ အချိန်မှာ ဘယ်အရာကို ဘယ်လိုခေါ်တာ "ဒါတွေကို ရေချိုးလို့ မေမေ-ဖေဖေတို့က သန့်ရှင်းပေးတာ ထိတွေ့တာ တခြားအချိန်ဆို ဘယ်သူ့ကိုမှ ပေးမထိနဲ့နော်" ဆိုတာ ပြောပြထားပါ။

အသက် ၅ နှစ် အရွယ် မှာဒီအချက် ၅ ချက်ကို ကလေးတွေ သိထားသင့်ပါတယ် ။ မိဘတိုင်းသင်ထားပေးကြပါ။ ကလေးတွေဟာ မိဘတွေနဲ့ အမြဲ အတူ၂၄ နာရီ ပတ်လုံး ရှိမှာမဟုတ်လို့ မိဘတွေနဲ့ အတူမရှိတဲ့ အချိန်မှာ Sexual Abuse ဖြစ်ခြင်းမှ ကိုယ့်ဘာသာ ကာကွယ်နိုင်အောင် ကာကွယ်တတ်အောင်ပါ။

5 Body Safety Rules by age 5
------------------------
1) My body is my body and it belongs to me.
မိမိကိုယ်ကို မိမိပိုင်ပါတယ် သူများလာကိုင်ရင်-လာနမ်းရင်-ဖက်ရင် မကြိုက်ဘူး ပြောပိုင်ခွင့်ရှိပါတယ်။

2) I have a safety network
ဒီလူ ၅ မျိုးကိုပဲယုံပါ ထိတွေ့ခွင့်ပေးပါ။
-အိမ်က ဘွားဘွား, အန်တီ, မိသားစု ဆရာဝန်, ကျောင်းကဆရာမနဲ့ မေမေ

3) Early Warning Signs
တစုံတယောက်က ကိုယ့်ကို ကြောက်စေတယ်, ဇောချွေးပြန်စေတယ်, နှလုံးခုန်တာမြန်စေတယ်, sick tummy, တုန်လှုပ်ခြောက်ခြားစေတယ်ဆိုတယ်ရင် အိမ်က မိဘ လူကြီးတွေကို ပြန်ပြောပြဖို့ သင်ထားပေးပါ။

4) Private Parts
Private Parts ဆိုတာ ရေကူးအင်္ကျီအောက်က အပိုင်းကိုခေါ်တာပါ။ နာမည်တွေကို မှန်အောင်ခေါ်တတ်ဖို့ ကလေးတွေကို သင်ထားပေးပါ။

အဲဒီနေရာကို ဘယ်သူ့ကိုမှ ပေးမကိုင်ပါနဲ့။ တခြား တစိမ်းက ကိုင်ခိုင်းလဲ မကိုင်ပါနဲ့။ ပုံတွေပြလဲ မကြည့်ပါနဲ့။ပုံတွေပြ-လာကိုင်ခိုင်းတာ-ကိုင်ခံရရင် မိဘ လူကြီးတွေကို ပြောပြဖို့ မမေ့ပါနဲ့ ဆိုတာသင်ထားပေးပါ။

5) Secrets
တစုံတယောက်က မိမိကို လှိူ့ဝှက်ခိုင်းတယ် စိတ်မလုံခြုံစေဘူး ဖွင့်ပြောသင့်တယ် ထင်ရင် မိဘ လူကြီးတွေကို ပြောတတ်အောင် ပြောရဲအောင် open ပေးထားပါ။

ကျန်းမာသန်စွမ်း စ်ိတ်ဒဏ်ရာကင်းစွာ ကြီးပြင်းတဲ့ ကလေးများဖြစ်ကြပါစေ။

Monica (Pharm.D, USA)
USA Vitamin Store for Myanmar

ref: http://everydayfeminism.com/2014/02/10-ways-to-talk-to-your-kids-about-sexual-abuse/

22/09/2020

Address

Lashio

Telephone

+959257681245

Website

Alerts

Be the first to know and let us send you an email when Tr Cinthiya's Digital Classroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category