Nay Chi Private High School ,Lashio

Nay Chi Private High School ,Lashio Nay Chi Private High School , Lashio
Northern Shan State , Myanmar.

01/01/2023

နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ "နေခြည် ကိုယ်ပိုင်ကျောင်း " မိသားစုက မေတ္တာပို့သ ပါ တယ် ။
ဒီနှစ် ဇွန်လမှာတော့ နေခြည်ကျောင်းဖွင့်ပြီး ( KG ကနေ Grade – 9 ) အထိလက်ခံသင်ကြားမှာပါ။ ကျောင်းမဖွင့်ခင် တစ်လအလိုလောက်မှာ အကြောင်းအရာ အသေးစိတ်ကို အသိပေးမှာပါ။
အခုတော့ International ပညာရေးကိုချိတ်ဆက်နိုင်မယ့် နိုင်ငံတကာ အသိ အမှတ်ပြု အထက်တန်း ဆင့်စာမေးပွဲဖြေနိုင်ဖို့ IGCSE သင်တန်းကိုအ ရင်ဆုံးဖွင့်ပါဦးမယ် ။
၂၀၂၃- ခုနှစ် ၊ဇန်နဝါရီလ (၅) ရက်နေ့မှာ IGCSE နဲ့ပက်သက်တဲ့ အကြောင်းအ ရာအသေးစိတ်ကိုရှင်း ပြပြောကြားမှာ ဖြစ်လို့ တက်ရောက် နား ထောင်ကြည့် ဖို့ရှမ်းမြောက်တစ်ခွင်က ကျောင်းသူ၊ကျောင်းသား နဲ့ မိဘတွေကို ဖိတ်ခေါ်ပါ ရစေ။
နေရာကတော့ လားရှိုးမြို့ ၊ကြက်ခြေနီရုံးနဲ့ မျက်နှာချင်းဆိုင်က လူထုအခြေ ပြုဗဟိုဌာနမှာ နံနက် (၁၀) နာရီ စတင်မှာပါ ။ ဈေးနဲ့လည်း ကပ်နေတော့ ခဏ တစ်ဖြုတ်လာဖို့ အဆင်ပြေမှာပါနော်။
IGCSE ဆိုတာဘာလဲ
IGCSE ဆိုသည်မှာ - “International General Certificate of Secondary Education” ၏အတိုကောက်ဖြစ်သည်။
နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအဆင့်အောင်လက်မှတ်ရ စာမေး ပွဲဖြစ်သည်။မြန်မာနိုင်ငံတွင် British Council မှ ကြီးမှူးကျင်းပပေးသည်။
Cambridge International Examination (CIE) နှင့် Pearson (Edexcel) Examination နှစ်ခုရှိသည်။
(နေခြည်ကိုယ်ပိုင်ကျောင်းမှ Pearson (Edexcel) Examination ‌ဖြေဆိုရန် အတွက် သင်ကြားပေးမည်။)
အသက်(၁၄)နှစ်နှင့်အထက် မည်သည့်ကျောင်းသူ/ကျောင်းသားမဆို တက် ရောက်သင်ကြားနိုင်သည်။International School များမှ Secondary 3, 4 (Grade 9, 10)နှင့် မြန်မာနိုင်ငံ အစိုးရကျောင်းများမှ ၉တန်း (Grade 10) သို့မဟုတ် ၁၀တန်း (Grade 11) အောင်မြင်ထားသူများ IGCSE သင်တန်းကို တက် ရောက်နိုင်ပြီး ၊ ကျောင်းတွင် စစ်ဆေးသော ရလာဒ်ပေါ်မူတည်၍ Pearson (Edexcel) IGCSE စာမေးပွဲကို ဖြေဆိုရမည်။
သင်ယူနိုင်မည့် ဘာသာရပ်များမှာ-
(1) English as a First Language
(2) English as a Second Language
(3) Mathematics B
(4) Further Pure Mathematics
(5) Physics
(6) Chemistry
(7) Biology
(8 ) Information and Communication Technology (ICT)
(9) Computer Science (CS)
(10) Accounting
(11) Business Studies
(12) Economics
Compulsory Subjects
(1) English (ESL or EFL)
(2) Mathematics (Mathematics B or Further Pure Mathematics)
(3) Science (Physics or Chemistry or Biology)
(4) Information and Communication Technology (ICT) or
Computer Science (CS)
(5) Accounting or Business Studies or Economics
အနည်းဆုံး (၅) ဘာသာ သင်ယူဖြေဆိုရမည်။
အများဆုံး (၇) ဘာသာ သင်ယူဖြေဆိုနိုင်သည်။
သင်ကြားချိန်- (၁၈)လ
စာမေးပွဲကျင်းပချိန်- နှစ်စဉ် May/June နှင့် November လများတွင် ကျင်းပ သည်။
IGCSE လက်မှတ်ရပြီးပါက နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ထား သော ပြည်တွင်းရှိ တက္ကသိုလ်များ၊ နိုင်ငံတကာတက္ကသိုလ်များသို့ လျှောက် ထားတက်ရောက်ခွင့်ရှိသည်။ AS နှင့် A Level များသို့ ဆက်လက်တက်‌ ရောက်နိုင်သည်။ နေခြည်ကိုယ်ပိုင်ကျောင်းတွင်ဖွင့်လှစ်ပို့ချမည့် IGCSE သင်တန်းနှင့်ပက်သက်သည့် အကြောင်းအရာအသေး စိတ်ကို အငြိမ်းစား ပါမောက္ခချုပ် ‌‌‌Dr. Khin Aye Aye (Ph.D Germany) နှင့် အဖွဲ့က အောက်ဖော် ပြပါ အစီအစဉ်အတိုင်းရှင်းလင်း‌ ပြောကြားမည်ဖြစ်ပါ သည်။
နေ့ရက် ။ ။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၅) ရက် (ကြာသပတေးနေ့)
အချိန် ။ ။ နံနက် (၁၀)နာရီ
နေရာ ။ ။ ဘက်စုံသုံးခန်းမ (ပဉ္စမထပ်)
လူထုအခြေပြုဗဟိုဌာန (ပြန်ကြားရေးရုံး)
ကြက်ခြေနီရုံးမျက်နှာချင်းဆိုင်၊ ‌မြို့မဈေးအနီး၊
လမ်းမတော်လမ်း၊ လားရှိုးမြို့။

Address

Parami Street
Lashio

Telephone

+959403705569

Website

Alerts

Be the first to know and let us send you an email when Nay Chi Private High School ,Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Nay Chi Private High School ,Lashio:

Shortcuts

Share

Category