30/07/2022
မိသားစုတစ်စုမှာ အရေးကြီးတဲ့အချက်(4)ချက်ရှိတယ်
1.ဝင်ငွေ
2.အိမ်တွင်းငြိမ်းချမ်းမှု
3.စစ်မှန်သော ချစ်ခင်ရိုင်းပင်းမှု
4.တာဝန်ကျေမှု(every family member)
ဒါတွေအပြင် အခြားသောအရာတွေရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒါတွေဟာမရှိမဖြစ်အချက်တွေဖြစ်တယ်။ဒီအချက်တွေထဲကတစ်ခုခု ချွတ်ယွင်းရင် ဒီအဆောက်အအုံဟာ မခိုင်ခံ့နိုင်ဘူး။အိမ်တစ်အိမ်လ်ုဘဲ လေးဘက်လေးလံ တိုင်တွေပေါ့။အများစုဟာ rich ဖြစ်ချင်ကြတယ် သိပ်ကို standard မြင့်ချင်ကြတယ် စသည်ဖြင့်တောင်းတကြတယ် တကယ်အရေးကြီးတဲ့ အချက်တွေကို မလိုက်နာကြဘူး။
နိုင်ငံတစ်နိုင်ငံမှာလည်းအရေးကြီးတာတွေရှိတယ်
1.တန်ဖိုးထားတတ်မှု
2.တာဝန်ကျေပွန်မှု(every citizen)
ဒီနေရာမှာ စီးပွားရေး နိုင်ငံရေး လူမှူရေး ကျန်းမာရေး ပညာရေး စာပေ ယဥ်ကျေးမှု စတာတွေကို ထည့်မပြောဘူးဆိုတာ အကြောင်းရှိပါတယ်။ နိုင်ငံသားတိုင်းဟာ တန်ဖိုးထားတတ်တဲ့စိတ်ဓာတ်လေးသာရှိ မယ်ဆိုရင် အရာအားလုံးဟာအဆင်ပြေမယ်လို့ကျွန်တော့အနေနဲ့ယုံကြည်လို့ပါ။ ဥပမာ တောင်သူကြီးက မိသားစုကိုတန်ဖိုးထားပြီး စားဝတ်နေရေးအတွက် အားကြိုးမာန်တက်လုပ်ကိုင်ရင် စပါးထွက်နှုန်းဟာ တိုးမှာပါ။တောင်သူတိုင်းဟာသည်လိုကျင့်သုံးရင် စပါးစိုက်တဲ့လုပ်ငန်းဟာအောင်မြင်တာပါဘဲ။ဆရာတိုင်းဟာ စာသင်ကြားမှုကိုတန်ဖိုးထားပြီး ကျောင်းသားတိုင်းဟာ သင်ယူမှုကိုတန်ဖိုးထားရင် ပညာရေးဟာအောင်မြင်တာပါဘဲ။ ဒါကရိုးရိုးရှင်းရှင်းတွေးတာပါ။ မြေပြင်မှာလက်တွေ့လုပ်ကိုင်မှုကျတော့ အခက်အခဲမျိုးစုံရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် underline ပေးချင်တာက တန်ဖိုးထားတတ်မှုကိုပါ။ မိန်းမသူတွေ BTS ဆိုသိပ်ကြိုက်ကြတယ် သဲသဲလှုပ်။အဲ့ကိုရီးယားတွေကို ထိရင် မျက်လုံးကနေ မီးဟုန်းဟုန်းတောက်တယ်။ ကိုယ့်အနုပညာ ကိုယ့်ယဥ်ကျေးမှုကိုတော့မေ့ထားတယ်။ တိုင်းတစ်ပါကအစားအသောက်တွေ နင်းကန်ကြိုက်ကြတယ် ကိုယ့်ရိုးရာကိုယ့်အစားစောကိုကျ ဘာမှမတီထွင်မဆန်းသစ်ချင်ကြဘူး။ တန်ဖိုးထားမှုသိပ်နည်းတယ်။ တန်ဖိုးထားတတ်မှ နိုင်ငံဟာရှေ့ရောက်တယ်။
2.တာဝန်ကျေမှု
တာဝန်ကျေမှုမှာ မိဘတာဝန် သားသမီးတာဝန် ဆရာတာဝန် တပည့်တာဝန် မိတ်ဆွေတာဝန် လင်တာဝန် မယားတာဝန် စသည်ဖြင့်တာဝန်တွေရှိတယ်။ကျောင်းသားဟာကျောင်းသားတာဝန်ကျေရတယ် ။တစ်ချိန်လုံး tik tokဆော့နေလို့မရဘူး။ Gameနှိပ်နေလို့မရဘူး။ အစိုးရကအစိုးရတာဝန်ကျေရတယ်။ အစိုးရက အကျင့်ပျက်ခြစား ပြည်သူက်ိုသတ်ဖြတ် ရသမျှခေါင်းပုံဖြတ် ကိုယ်ကျိုးရှာနေရင် တိုင်းပြည်ပျက်စီးတယ်။ ပြည်သူဟာလည်း စည်းမရှိကမ်းမရှိ ခိုးဆိုးလုနှိုက် ဖာသိဖာသာ ဖာလောက်သိပြီးဖာသာသာအတွေးမျိုးနဲ့ ကိုယ်အဆင်ပြေဖို့ဘဲ လုပ်ကိုင်ဆောင်ရွက်ရင် တိုင်းပြည်အောက်ကျ နောက်ကျ ကျန်တယ်။
ကိုယ့်ကိုကိုယ်သိဖို့လိုတယ်
ကိုယ်ဟာတာဝန်ကျေလား
တန်ဖိုထားတတ်လား
ဖာလောက်သိပြီး ဖာသာသာလား....