23/11/2025
လားရှိုးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ ဖွဲ့စည်းပုံ အခြေခံမူဝါဒ အတိုင်းဆိုရင် ကျွန်တော်တို့အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ရာထူးမှ နှုတ်ထွက်ပြီး
တာဝန်လွှဲပြောင်းပေးရမည်ဖြစ်ပါသည်။ သို့သော် တာဝန်ထမ်းဆောင်ရန်ဆက်ခံပေးမည့် ဂျူနီယာကျောင်းသားများမရှိခြင်းနှင့်
ယခုချိန်ထိ နှုတ်မထွက်ရခြင်းမှာ ရာထူးတာဝန်ကြောင့်မဟုတ်ဘဲ သမဂ္ဂအဖွဲ့ဝင်အနေဖြင့် မိမိတတ်နိုင်သော တစ်ထောင့်တစ်နေရာမှ ယခုချိန်ထိတိုင်ဆက်လက်ပါဝင်နေရခြင်းဖြစ်ပါသည်။
လက်တစ်ဆုပ်စာ CDM students များနှင့်အတူ ဆက်လက်တည်ရှိနေသေးကြောင်း သိစေချင်၍လည်းဖြစ်ပါသည်။
မြေပြင်အခြေအနေ အခက်အခဲ အမျိုးမျိုးကြား ယခုချိန်ထိ
ထတိုင် သူနာပြုပညာရပ်အားချစ်မြတ်နိုးပြီး အမှန်တကယ်
ပညာဆက်လက်သင်ယူလိုသော ကျောင်းသူ/ကျောင်းသားများ ပညာဆက်လက် သင်ယူလိုကြောင်း ဆက်သွယ်လာလျှင် မိခင်ကျောင်းမှဆရာကိုယ်စားလှယ်အား ဆက်သွယ်ပြီး ကြားကြာလ ပညာဆက်လက်သင်ယူလိုသောကျောင်းသူ/ကျောင်းသားများအဆက်မပြတ်ပညာဆက်လက်သင်ယူနိုင်ရန် ဖွဲ့စည်းထားသော ကောင်စီ))မှ
အတန်းများ သင်ယူနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ကောင်စီအားတိုက်ရိုက်မဆက်သွယ်ပေးနိုင်
ခြင်းမှာ ကောင်စီနှင့်တိုက်ရိုက်ဆက်သွယ်ရန် ရှမ်းပြည်နယ်အတွက်ခန့်အပ်ထားသောကျောင်းသားကိုယ်စားလှယ်မှာ Non-CDM ဖြစ်သွားခြင်းနှင့် ကောင်စီဘက်မှလည်း ကျောင်းသားကိုယ်စားလှယ်ထပ်မံတောင်းဆိုလာခြင်း မရှိခြင်းကြောင့် information များရယူပေးနိုင်ခြင်းမရှိတော့သောကြောင့်ဖြစ်ပါသည်။
( သမဂ္ဂအားယုံကြည်၍ လာပေးထားသော
CDM/non CDM students list များအား သမဂ္ဂအဖွဲ့ဝင်များနှင့် မိခင်ကျောင်းဆရာကိုယ်စားလှယ်များမှလွဲ၍ လုံခြုံရေးကြောင့် မည်သည့်အဖွဲ့အစည်းကိုမဆို မည်သည့်အကြောင်းပြချက်မျိုးဖြစ်ပါစေ ပေးမည်မဟုတ်ပါ။))
မိမိတို့ သည်အခက်အခဲ အမျိုးမျိုးကြား လာရောက်ဆက်သွယ်သော ကျောင်းသားများအတွက် လိုအပ်သောအကူအညီများကိုတတ်နိုင်သည့်ဘက်မှ အဆင်အမြဲလုပ်ဆောင်ပေးလျှက်ရှိပြီး၊ တော်လှန်ရေးကာလမှသည် ယခုထိတိုင် တတ်နိုင်ရာ အခန်းကဏ္ဍများမှ ဆက်လက်
ပါဝင်ပေးနေဆဲဖြစ်ပါသည်။
သမဂ္ဂအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိပြီး
အရေးတော်ပုံ အောင်မြင်သည့်တိုင် မိမိတို့၏ တော်လှန်ရေးရဲဘော်ရဲဘက် မိဘပြည်သူများနှင့်အတူ ဆက်လက်အတူရှိနေမည်ဖြစ်ပါသည်။
ဘေးအန္တရာယ်အမျိုးမျိုးမှကင်းရှင်းပြီး အကြမ်းဖက်အာဏာရှင်အမျိုးမျိုးသောလက်မှ လွတ်မြောက်ကြပါစေရှင့်။