07/06/2026
🍍🎨 အရောင်ခြယ်သင်ကြားခြင်း 🎨🍍
ယနေ့တွင် ကလေးများအား နာနတ်သီး၏ ပုံသဏ္ဍာန်နှင့် အရောင်များကို သိရှိမှတ်မိစေရန် နာနတ်သီးပုံ အရောင်ခြယ်ခြင်း လှုပ်ရှားမှုကို ပျော်ရွှင်စွာ သင်ကြားပေးခဲ့ပါသည်။ 🥰
အရောင်ခြယ်ခြင်းမှတဆင့် 🌈 အရောင်များကို ခွဲခြားသိမြင်ခြင်း
🌈 လက်ချောင်းကြွက်သားများ သန်မာစေခြင်း
🌈 အာရုံစူးစိုက်မှု တိုးတက်စေခြင်း
🌈 မျက်စိနှင့် လက်တို့၏ ညှိနှိုင်းလုပ်ဆောင်နိုင်မှုကို မြှင့်တင်ပေးခြင်း
တို့ကို လေ့ကျင့်သင်ယူနိုင်ခဲ့ပါသည်။ 💙
ကလေးများ၏ သင်ယူတိုးတက်မှုကို ကစားရင်း ပျော်ရွှင်စွာ လေ့လာနိုင်စေရန် Bright Of Kids မှ အမြဲကြိုးစားပေးလျက်ရှိပါသည်။ ✨