أبناء الحكيمية ဟကီမီယဟ် ၏ ရင်သွေးများ

  • Home
  • Myanmar
  • Labutta
  • أبناء الحكيمية ဟကီမီယဟ် ၏ ရင်သွေးများ

أبناء الحكيمية ဟကီမီယဟ် ၏ ရင်သွေးများ အသိပညာ ဗဟုသုတများ ဖလှယ်၍ တိုးပွားစေရန်

24/02/2025
လာနိုင်ရင်လာခဲ့ကြပါ မလာနိုင်ရင်ဒူအာမှာသတိရပေးကြပါ
30/09/2024

လာနိုင်ရင်လာခဲ့ကြပါ မလာနိုင်ရင်ဒူအာမှာသတိရပေးကြပါ

လွယ်ကူအောင် အသင့်စီစဥ်ပေးကြသူအားလုံးကိုအရှင်မြတ်သခင် ကောင်းမြတ်သော အစားများချီးမြှင့်ပါစေ။
29/05/2024

လွယ်ကူအောင် အသင့်စီစဥ်ပေးကြသူ
အားလုံးကိုအရှင်မြတ်သခင် ကောင်းမြတ်သော အစားများချီးမြှင့်ပါစေ။

“ဟာဂျီများ အလွယ်တကူသယ်ဆောင်နိုင်မည့် ဟဂျ်နှင့်အွမ်ရဟ်လမ်းညွှန် Digital Handbook”

AL-SAFA MEDIA HOUSE က စီစဉ်တင်ဆက်သည့် “ဟဂျ်အွမ်ရဟ်လမ်းညွှန်” Digital Handbook (2024 Edition) အား အောက်ပါ Link မှ Download လုပ်၍ အလွယ်တကူလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

https://drive.google.com/file/d/1MEMFDAjyK1AoQzwFvvdy090pDb19c7w6/view?usp=drivesdk

Telegram Link - https://t.me/alsafamediahouse/113

(Download လုပ်ရန် အခက်အခဲရှိသူများအနေဖြင့် 0931061082 နံပါတ်သို့ Viber / WhatsApp မှ ဆက်သွယ်ရယူနိုင်ပါသည်။)

မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။အလ္လာဟ်အရှင် ဆရာကြီးကို မဂ်ဖိရသ်နှင့်ဂျန္နသုလ်ဖိရ်ဒေါင်စ်မှာ စံမြန်းခွင့် ပေးသနားတော်မူပါစ...
27/01/2024

မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။

အလ္လာဟ်အရှင် ဆရာကြီးကို မဂ်ဖိရသ်နှင့်
ဂျန္နသုလ်ဖိရ်ဒေါင်စ်မှာ စံမြန်းခွင့်
ပေးသနားတော်မူပါစေ။ အာမီးန်

30/11/2023
မိန်းမချောတွေရင်းပြီးဟမ္မားစ်ကိုလှည့်စားဖို့ကြိုးစားတဲ့အိဇ်ရေး
28/11/2023

မိန်းမချောတွေရင်းပြီးဟမ္မားစ်ကိုလှည့်စားဖို့ကြိုးစားတဲ့အိဇ်ရေး

Shameful Plan of Israel's Intelligence Agency Mossad | Israeli Honey Trap Girls & Hamas ,honeytrap murder,army honeytraps,raw agent honeyt...

07/11/2023

ကျွန်တော်တို့အားလုံးရဲ့ ကျေးဇူးရှင် ဆရာသခင်ကြီး
ဟဇရသ်မောင်ဝ်လာနာဟာဖိဇ် ဒီးန်မုဟမ္မဒ်ဆွာဟိဗ်ရဲ့
ဗယာန်အစီစဥ်ပါ။

26/07/2023

ကျွန်ုပ်တို့ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်တို့ကို စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှား​ကျေးဇူးတင်ရပါတယ်။

Laslam Kaung Ma Lay, Than Than Win, Ko Ko, Yee Yee Zaw, Love Queen, သဇင်း, Michael Soe, Nay Min Ko Ko, ရင်ခွင်မဲ့ နှလုံသား, Shab Nam, ဂျူး လေး, Moe Moe, ကိုပြည့်, محمد جمل دین, Chitya Aung, Ko Ko, ဟာနှစ် မိုဟာမက် မိုဟာမက်, Juinde Khairon, Kyawwana, နေ မင်းကိုကို, Ah Mee Lay, May Thandar Soe, Angel Lay, La Yeik May, ဆူးမျာ့တဲ့နှင်းဆီ ဆူမျာတဲ့နှင်းဆီ, Ayemarthu Ayemarthu, Kyu Kyu, Myint Thein, Yeminthw E Yeminthwe, ပါပါနဲ့မာမာရဲ့ သားနဲ့သ္မီးငယ်, Thet Min Htwe, Ko Zaw, လမင်း ကဗျာ, Za Id, Shwe Zin Mor, Rah Mat Ali, Nay Min Kha Naing, Soe Soe, Koye Koye, Abdloo Ashi, Sky Queen Sky Queen, Love King, Iss Lam Kaung Lay, ခနတာ အပြုံး, Ma Huuyar Ma Huuyar, Kyaw Lay Maung, Akar Akar, Chitkoko, رقیہ رقیہ, Zin Ko

20/04/2023

عن أنس، قال رسول الله صلى الله عليه وسلم: من اقتراب الساعة أن يرى الهلال قبلا، فيقال: لليلتين، وأن تتخذ المساجد طرقا، وأن يظهر موت الفجأة

အထက်ပါ ဟဒီးစ်တော်တွင် ကိယာမသ်၏ လက္ခဏာများအနက်မှ အချက် (၃) ချက်ကို
ဖော်ပြထားပေသည်။

၁။ ဆန်းဦးစလသည် အချိန်မှန်ထွက်ခြင်း
ဖြစ်သော်လည်း ရှင်းလင်းပြတ်သားစွာ မြင်ရကာ ကြီးမားထူထဲပြီး တကူးတက ရှာဖွေရန် မလိုသည့်အတွက် နှစ်ရက်လဟု ထင်မြင်ယူဆကြမည်။

(ဆန်းဦးစလ ကြီးတိုင်း နှစ်ရက်လ မဟုတ်၊
ပထမရက်က telescope နဲ့မကြည့်လို့
မမြင်လိုက်တာပါဟု မဆိုနိုင်ပေ)

၂။ ဗလီဝတ်ကျောင်းတော်များကို လမ်းအဖြစ် အသုံးပြုလာကြမည်။ အလိုသဘောမှာ
အိဗာဒသ်အတွက် သက်မှတ်ထားသော ဗလီကို လောကီအကျိုးအတွက် အသုံးပြုလာကြမည်။

( ​အိမ်သာတက်ရုံသက်သက် ဗလီလာသူများနှင့် ဗလီကို လမ်းတင်မက ကစားကွင်းပါ လုပ်လိုသူများကို ယနေ့ ကျွန်ုပ်တို့ တွေ့နေရသည်။)

၃။ ရုတ်တရက် သေဆုံးကွယ်လွန်သော ဖြစ်ရပ်များ ထင်ရှားပေါများလာမည်။

(မြက်မှောက်ခေတ် ကျွန်ုပ်တို့ society တွင်
မြင်နေ၊ ကြားနေရသော heart failure, brain fever, acidente စတဲ့ အကြောင်း အမျိုးမျိုးကြောင့် အခုမြင် အခုပျောက် အခြေအနေများက သာဓကပင်ဖြစ်သည်။)

မှတ်ချက်။ ။ အထက်ပါ ဟဒီစ်တော်အား
ဟဒီစ်ပါရဂူ တချို့က ဒွအီးဖ် ဟု ဆိုသော်လည်း
စနဒ်နှစ်ခုထက်ပို၍ မတိမ်းမယိမ်း စကားလုံးများနှင့် လာရှိထားသည့်အတွက် အနည်းဆုံး ဟစန်လိဂိုင်ရိဟီ အဆင့်ရှိသော ဟဒီးစ်ဟု ဆိုနိုင်သည်။

Abu Mahir Ahsan

သောက ကင်းဝေး ကျန်းမာရေး💝💝💝💝💝💝💝💝💝ပူဆွေးသောကများကို ကုစားဖို့တစ်ခုတည်းသောနည်းလမ်းမှာ ထိုသောကဖြစ်စရာအကြောင်းများကိုလုံးဝမတွ...
28/06/2021

သောက ကင်းဝေး ကျန်းမာရေး
💝💝💝💝💝💝💝💝💝

ပူဆွေးသောကများကို ကုစားဖို့တစ်ခု
တည်းသောနည်းလမ်းမှာ ထိုသောကဖြစ်စရာ
အကြောင်းများကိုလုံးဝမတွေးဘဲ အာရုံ
ဖျောက်ထားခြင်းသာဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ ထိုပြသနာပေါင်းစုံကို
သတိထားခံစားနေသလောက် သင်သောကတွေ
ပိုနေရဦးမှာဖြစ်ပါတယ်။

လူ့သဘောကိုက ပူဆွေးသောကဖြစ်စရာတွေကို
တွေးရင်းပြောရင်း အလွန်အကျွံတွေလုပ်လေ့
ရှိတယ်၊ အို....အလ္လာဟ် ဘာတွေဖြစ်ကုန်ပြီလဲ
သားသမီးတွေကဘယ်သွားထားရမလဲ
ဇနီးကဘယ်လိုလုပ်မလဲ အစရှိသဖြင့်
အကျယ်ချဲ့ တွေးတောနေရင်း နှလုံးသားမှာ
ဒဏ်ရာတွေတိုးလာပါရော ဒါကြောင့်ဒီပြဿနာ
ဒုက္ခတွေကို တွေးတွေးပြီးဆွေးနေတာကို
အပြီးစွန့်လိုက်ခြင်းက အဲဒီပူဆွေးသောက
တွေကနေလွတ်မြောက်စေမဲ့ ထိရောက်တဲ့
ကုထုံးဖြစ်ပါတယ်။

အဲဒီလိုလုပ်ခြင်းကြောင့် သောကတွေ
ပျောက်မသွားပေမယ့် သာမန်ပူဆွေး
သောကမျိုးသာကျန်ရှိမှာဖြစ်တာကြောင့်
လူကိုဆိုးကျိုးမဖြစ်စေဘဲ ကောင်းကျိုး
ရရှိစေမှာပါ။

ပူဆွေးသောကဖြစ်ရခြင်းမှာလည်း ပင်ကို
သဘာဝအရ ဟိက်မသ်နဲ့ကောင်းကျိုးအချို့
လည်းရှိနေပါတယ်၊ ဖြစ်ရိုးဖြစ်စဉ် သောက
ကြောင့်နှလုံးသားသန့်စင်သွားပါတယ်။

ဒါကြောင့် မြတ်နဗီ (ဆွလ္လလ္လားဟုအလိုင်ဟိ
ဝစလ္လမ်)ဟာအမြဲလိုလို အကြောင်း
တစ်ခုခုကြောင့် ပူဆွေးသောကဖြစ်
နေလေ့ရှိကြောင်း ရှမာအိလိသိရ်မိဇီကျမ်းမှာ
တင်ပြထားပါတယ်။

ဖိရ်အောင်န်ဟာ သောကဖြစ်စရာမရှိတော့
မိမိကိုယ်ကို ခိုဒါ...ကိုးကွယ်ရာအရှင်အဖြစ်အထင်ရောက်ပြီး လူသိရှင်ကြား
ကြွေးကျော်ဝံ့သွားခြင်းဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် အရှင့်ဗန္ဒာ
ခံနိုင်ရည်ရှိသလောက် အရှင်ပေးတဲ့သောက
အနည်းငယ်ဟာ လူသားအတွက်အကျိုး
ရှိတဲ့အရာသာဖြစ်ပြီး ကျွန်တော်တို့က
ကိုယ့်ဒုက္ခကိုယ်ရှာပြီး မိမိကိုယ်ကို အပူသည်
ဖြစ်အောင် ဖန်တီးလိုက်မှသာ ဆိုးကျိုးဖြစ်
သွားရခြင်းဖြစ်ပါတယ်။

ဟဇရသ်မောင်ဝ်လာနာအရ်ှရဖ်အလီ
ထာနဝီ (ရဟ်)
အဟ်ကာမုလ်မာလ် စာမျက်နှာ ၁၁၉

အလ္လာဟ်အရှင် ဒုက္ခဖြစ်စေမည့်ဝေဒနာ
ပေါင်းစုံမှကျွန်တော်တို့အားလုံးကို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်
တော်မူပါစေ။ အာမီးန်။

အရ်ှရဖ်အလီ (ဟကီမီ-အဇီဇီ) မြန်မာပြန်ဆိုသည်။

23/07/2020

💞💞💞﷽💞💞💞
အစ္စလာမ့်တရားတော်
ကုရ်ဘာနီဆိုသည်မှာ

အစ္စလာမ်ဘာသာဝင်တို့ လိုက်နာရသည့် သီလ (၇၇) ပါး======(တနည်း အီမာန်၏ အကိုင်းအလက် ကိုယ်ကျင့်တရား (၇၇) ချက်)၁။ အလ္လာဟ်အရှင်မြ...
22/06/2020

အစ္စလာမ်ဘာသာဝင်တို့ လိုက်နာရသည့် သီလ (၇၇) ပါး
======

(တနည်း အီမာန်၏ အကိုင်းအလက် ကိုယ်ကျင့်တရား (၇၇) ချက်)

၁။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်း။

၂။ အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာအားလုံးသည် နောက်မှ ဖန်ဆင်းခြင်းခံရသည်ကို ယုံကြည်ခြင်း။ (ကုရ်အာန်ကျမ်းတော်မြတ်သည် အဖန်ဆင်းခံမဟုတ်- အရှင့် မုက္ခပါဋ္ဌ်တော်ဖြစ်သည်)

၃။ မလာအိကဟ် (ကောင်းကင်) များကိုယုံကြည်ခြင်း

၄။ အလ္လာဟ်အရှင်မြတ်ချပေးတော်မူသော ကျမ်းစာများကို ယုံကြည်ခြင်း

၅။ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော နဗီ ရစူလ်အပေါင်းကို ယုံကြည်ခြင်း

၆။ အကောင်းအဆိုး ဟူသမွ် အရှင့်ဘက်တော်မှ ဖြစ်သည်ဟူ၍ သပ်က်ဒီးရ်အပေါ် ယုံကြည်ခြင်း

၇။ ကိယာမသ်နေ့၏ ဟပ်က် မှန်ကန်မှုကို ယုံကြည်ခြင်း။ (သေပြီးနောက် ပြန်လည်ရှင်ပြန်ထရမည်နှင့် ကဗရ် ဟရှရ် ပွရ်စေရာသ် တို့ကို ယုံကြည်ခြင်း)

၈။ ဂျန္နသ်(သုခဘုံ)အပေါ် ယုံကြည်ခြင်း (မုအ်မင်န်သည် အင်န်ရှာအလ္လာဟ် ဂျန္နသ်တွင် ထာဝရနေရမည်)

၉။ ဂျဟန္နမ်(ငရဲဘုံ)ကိုယုံကြည်ခြင်း။.

၁၀။ အလ္လာဟ်အရှင်မြတ်ကို ချစ်ခင်မြတ်နို်းခြင်း။

၁၁။ အလ္လာဟ်အရှင်မြတ်အတွက်သာ အျခားသူမ်ားကို ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်း။

၁၂။ ရစူလွလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလလ္လမ်)ကိုယ်တော့်ကို ချစ်မြတ်နို်းခြင်း။ (စွန္နသ်တော်များကို လိုက်နာခြင်းနှင့် ဒရူးဒ်စလာမ် ပို့သခြင်းများ ပါဝင်သည်)

၁၃။ စိတ်စေတနာဖြူစင်ခြင်းနှင့် ပြစားမှုမှ ကင်းခြင်း။

၁၄။ အပြစ် ဂိုနဟ်များအတွက် ယူကြုံးမရဖြစ်ခြင်း၊ နောင်တွင်မကျူးလွန်တော့ကြောင်း ဝန္ခံ သောင်ဗာဟ်ပြုခြင်း (မတရားသတ်ခြင်း၊ မုသားပြောခြင်း၊ ခိုးခြင်း၊ အရက်သေစာ သောက်စားရောင်းဝယ်ခြင်း၊ ကာမေသုမိစာၦအမှုပြုခြင်း၊ မုသားသက်သေထွက်ခြင်း ၊ အတိုးပေးယူခြင်း၊ ဟရာမ်အရာများ စားသုံးခြင်း၊ ဟရာမ်အရာကို ရောင်းဝယ်ဖောက်ကားခြင်း၊ .... စသည်တို့ကို အစ္စလာမ်သာသနာတွင် အပြစ်ဟု သတ်မှတ်သည်။ အမျိုး ၇ဝ ကျော်ရှိသည်။).

၁၅။ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေခြင်း။

၁၆။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ထားခြင်း။ (ကောင်းမှု ပြုပြီးပါကလည်း အရှင့်ကရုဏာတော်အရသာ လက်ခံခြင်းခံရမည်ဟု မျှော်ကိုးခြင်း။)

၁၇။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မက်ကင်းမှု မရှိခြင်း။ (စိတ်အလိုလိုက်ပြီး မကောင်းမှု ကျူးလွန်မိပါကလည်း အရှင့်ကရုဏာတော်အရသာ လွတ်ငြိမ်းချမ်းသာ ခွင့်ကို မျှော်ကိုးခြင်း)

၁၈။ အလ္လာဟ်အရှင်မြတ်ကို အစဉ်အမြဲ ကျေးဇူးတင်ရှိခြင်း။

၁၉။ ကတိတည်ခြင်း။

၂ဝ။ သည်းခံခြင်းတရားလက်ကိုင်ထားခြင်း။ (ဘေးဒုက္ခတစုံတရာဖြစ်စေ၊ စီးပွားရေးမပြေလည်မှု တစုံတရာဖြစ်စေ... ကြုံတွေ့ရပါက ကြံ့ကြံ့ခံရပ်တည်ခြင်း)

၂၁။ ရိုကျိုးနှိမ့်ချခြင်း။ (ကြီးသူကို ရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကို သနားခြင်း)

၂၂။ စာနာထောက်ထားခြင်း။ (အလုပ်အကိုင်အရ၊ အပြုအမူအရ၊ ခွန်အားဗလအရ၊ ကြီးနို်င်ငယ်ညှဉ်း မပြုခြင်း)

၂၃။ သပ်က်ဒီးရ် အရဖြစ်လာသည်ကို ကျေနပ်ခြင်း။ (ကြိုးစား၍ အောင်မြင်မှု မရသော်လည်း ကျေနပ် နှစ်သိမ့်ခြင်း)

၂၄။ သဝပ်ကွလ်် - အရှင်မြတ်အပေါ် ယုံပုံအားထားခြင်း။ (မိမိလုပ်နို်င်သမျှ တတ်စွမ်းသမျှ လုပ်၍ ရလဒ်ကို အရှင့်ထံယုံပုံ အပ်နှံခြင်း)

၂၅။ မာနဝင်ခြင်း၊ အထင်ကြီးခြင်းတို့မှ ရှောင်ခြင်း။

၂၆။ ရန်ငြိုးဖွဲ့ခြင်းနှင့် မနာလိုစိတ်များ မထားခြင်း။

၂၇။ အရှက်သိက္ခာရှိခြင်း။ (ခန္ဓာကိုယ်တွင် ယောက်ျားအရှက် - ချက်မှဒူးထိ။ မိန်းမအရှက် မျက်နှာ၊ ခြေဖဝါး၊ လက္ဖဝါးမွလြဲ၍ ဆံပင်အပါအဝင် တကိုယ်လုံး) မိမိ အပြောအဆို၊ အနေအထိုင် အလုပ်အကိုင်များတွင် အရှက်တရားထားရှိခြင်း။ သိက္ခာရှိခြင်း။

၂၈။ ဒေါသမထားခြင်း။ ဒေါသကို ထိန်းချုပ်ခြင်း။

၂၉။ လိမ်လည်မှု မပြုရ။ သူတပါးအား မကောင်းထင်ခြင်း၊ အကောက်ထားခြင်း၊ အညှိုးအတေးထားခြင်းမပြုရ။

၃ဝ။ လောကီ၏ ခုံမင်မှုများကို ထုတ်ရမည်။ ဂုဏ်သိက္ခာစွဲလန်းခြင်းကိုလည်း ထုတ်ရမည်။

၃၁။ ကလိမဟ် သွိုင်ယေဗာဟ် ရွတ်ဖတ်ခြင်း။

၃၂။ ကျမ်းတော်မြတ်ကုရ်အာန်ကို ရွတ်ဖတ်ခြင်း။ (အဓိပ္ပာယ်များပါသိအောင် လုပ်ခြင်း၊ ကျင့်သုံးခြင်း)

၃၃။ သာသနာ့ပညာမ်ား ဆည်းပူးခြင်း။ (ဤနေရာတွင် သာသနာ့ပညာကို အထူးပြု၍ ဖော်ပြခြင်းမှာ ခေတ်ပညာများကို လူတို့သည် မတိုက်တွန်းလျှင်လည်း သင်ယူ ဆည်းပူးကြမည် ဖြစ်သောကြောင့် ဖြစ်သည်။)

၃၄။ အျခားသူမ်ားကို သာသနာ့ ပညာမ်ား သင်ကြားပို့ချပေးရမည်။
၃၅။ ဒိုအာတောင်းဆုပြုခြင်း။ (ဒိုအာသည် အရှင်မြတ်နှင့်နီးစပ်စေသည်။)

၃၆။ အိစ်သစ်ဂ်ဖာရ် ဖတ်ခြင်းနှင့် ဇိက်ရ် တသမှုပြုခြင်း။

၃၇။ အကျိုးမရှိသော စကားပြောဆိုခြင်းမှ ရှောင်ခြင်း။ (ထိုအထဲတွင် အကျိုးမဲ့ ရုပ်ရှင်များကြည့်ခြင်း၊ တချိန်လုံး ဂိမ်းများ ဆော့ခြင်း၊ သီချင်းနားထောင်၍ အချိန်ကုန်ခြင်း တို့ကိုလည်း ရှောင်ရမည်။)

၃၈။ သန့်ရှင်းစင်ကြယ်မှုရှိခြင်း။ (ရွရီအသ်အရ တကိုယ်ရေသန့်ရှင်းခြင်း၊ အဝတ်အစားသန့်ရှင်းခြင်း၊ နေရာထို်င်ခင်း သန့်ရှင်းခြင်း၊ ခန္ဓာသန့်ရုံမက စိတ်အာရုံပါသန့်ရှင်းခြင်း။)

၃၉။ ဆွလာသ် (အချိန်သတ်မှတ်ချက်အရ တနေ့ အနည်းဆုံး ငါးကြိမ်ဝတ်ပြုခြင်း)ကို မွန္ကန္စြာ ဆောက်တည်ခြင်း။ (အစ္စလာမ်သာသနာ တစ်ခုတည်းတွင်သာ အချိန်သတ်မှတ်ချက်ဖြင့် ဝတ်ပြုခြင်းရှိသည်)

၄ဝ။ အလှူဒါနပြုခြင်း။ (တာဝန်အရ အလှူ (ဇကားသ်၊ ဖိသ်ရာဟ်)၊ သီးသန့်အလှူ (လစ်လ္လာဟ်၊ ခိုင်ရားသ်၊ ဆြဒကာ) စသည့် ငါးမျိုးသော ဒါနပြုခြင်း) ဧည့်ဝတ်ကျေပြွန်ခြင်း၊ ထမင်းကျွေးခြင်း၊ လက်ဆောင်ပေးခြင်း စသည်တို့လည်း ပါဝင်သည်။

၄၁။ ရိုဇဟ်ခေါ် ဥပုသ်စောင့်ထိန်းခြင်း။ (တစ်နှစ်လျှင် တစ္လ နေ့အချိန် စားသောက် (မိမိဇနီးနှင့်)ကာမကိစ္စ မ်ားမွ ရှောင်ကြဉ်ခြင်း) အခြားလများတွင် အပိုဆောင်း ဥပုသ်များစောင့်ထိန်းခြင်း။

၄၂။ ဟဂျ်နှင့်အွမ္မရာပြုလုပ်ခြင်း။

၄၃။ အိအ်သိကားဖ် (တနှစ်လျှင် အနည်းဆုံး ၁၀ ရက်မျှ လောကီကိစ္စများကို ဖြတ်၍ ဗလီဝတ်ကျောင်းတော်အတွင်း တရားအားထုတ်ခြင်း။ အမျိုးသမီးများ အိမ်တွင် တရားအားထုတ်ခြင်း)

၄၄။ ဟစ်ဂျ်ရသ်ပြုခြင်း။ (ဒီးန်သာသနာတော်ကို ထိန်းသိမ်းရန် နီယသ်ဖြင့် အိုးအိမ်စွန့်ခွာခြင်း)

၄၅။ နဇရ်ပြုထားသည်များအတွက်ဖြည့်ဆည်းခြင်း။

၄၆။ ကစမ် ကျိန်ဆိုထားမှုများအတွက် စောင့်ထိန်းခြင်း။

၄၇။ ကဖ္ဖာရဟ်များ ပေးခြင်း။

၄၈။ ဆွလာသ်အတွင်း အရှက်တရားဖြင့် ဝတ်ပြုသကဲ့သို့ ပြင်ပလောကတွင်လည်း အရှက်ရှိစွာနေခြင်း။

၄၉။ ကုရ်ဘာနီ။ အရှင့်အတွက်ရည်စူး၍ သီးသန့်စွန့်လွှတ် စွန့်လှူမှု ပြုခြင်း။

၅ဝ။ ဂျနာဇဟ်။ သေသူကိုမြေမချမီ ဂုဏ်ပြုသည့်အနေဖြင့် သက္ကဗီရ် လေးကြိမ်ပါဝင်သော နမာဇ် ဆောက်တည်ခြင်း။ ဂျနာဇဟ်ကိစ္စအလုံးစုံတွင် ပါဝင်ဆောင်ရွက်ပေးခြင်း။

၅၁။ ကြွေးမြီများ ပေးဆပ်ခြင်း။ အကြွေးသည် ပြန်ပေးရမည့်အရာဖြစ်သည်။

၅၂။ အပေးအယူကိစ္စ (စီးပွားရေးကိစ္စ) များတွင် ရှရီအသ်အတိုင်း တိကျစွာလိုက်နာရမည်။ စာချုပ်ပါ စည်းကမ်းချက်များကို တိကျစွာလိုက်နာရမည်။ အတိုးကိစ္စ မပတ်သက်ရ။

၅၃။ မှန်ကန်သောစကားအတွက် သက်သေခံချက်ပေးရမည်။

၅၄။ နိကာဟ် (တရားဝင်ထိမ်မြားမှု) ပြုခြင်းဖြင့် ဇိနာ (လိင်အငှားပျော်ပါးခြင်း၊ ကာမေသု ကျူးလွန်ခြင်း၊ ကြာခိုခြင်း၊ ပြည့်တန်ဆာလုပ်ခြင်း) တို့မှရှောင်ရမည်။

၅၅။ မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမများ၊ ဇနီးနှင့် သားသမီးတို့ အခွင့်အရေးကို ပြည့်ဝစွာပေးရမည်။ အလုပ်သမား အခွင့်အရေးကိုလည်း ပြည့်ဝစွာပေးရမည်။

၅၆။ မိဘနှစ်ပါးကို အ်မဲနာခံ၍ နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။

၅၇။ သားသမီးမ်ားကို ကောင်းမွန်သော စာရိတ္တများသင်ပြပေးရမည်။

၅၈။ ဆွေမျိုးအဆက်ထားရမည်။

၅၉။ ကြီးသူများကို ရိုသေလေးစားကာ (သာသနာ့ဘောင်အတွင်းက) ဆုံးမမှုကို လိုက်နာရမည်။

၆ဝ။ (ဘုရင်- သမ္မတ- ကက်ဘိနက်- အာဏာပိုင်သည်) တရားမြ္တျစာ စိုးမိုးအုပ်ချုပ်ရမည်။

၆၁။ မှန်ကန်သော ဂ်မာအသ်ဘက္က ရပ်တည်ရမည်။

၆၂။ ရှရီအသ်၏ အမိန့်နှင့် မဆန့်ကျင်သရွေ့ အုပ်ချုပ်သူ၏ အမိန့်ကို နာခံရမည်။

၆၃။ အချင်းချင်း ဆက်ဆံရေးတွင် ပြေပြစ်ချောမွေ့မှု ရှိရမည်။ မတရားအနိုင်ကျင့်သူများကို ထိုက်သင့်သည့်အပြစ်ပေးရန်၊ အကြမ်းဖက်သူများ- ပုန်ကန်သူများနှင့် ဂျေဟားဒ်ဆင်နွှဲရန်လည်း ပါဝင်သည်။

၆၄။ ကောင်းမှုလုပ်ငန်းများအတွက် အျခားသူမ်ားကို ဖေးမကူညီရမည်။

၆၅။ ကောင်းမှုလုပ်ရန် ဆော်သြ တိုက်တွန်းရမည်။ မကောင်းမှုမှ တားမြစ်ပိတ်ပင်ရမည်။

၆၆။ အုပ်ချုပ်သူသည် မှန်ကန်သော တရားဥပေဒမ်ား ပြဌာန်းထားရှိရမည်။

၆၇။ မိမိပိုင်နက်ကို ကာကွယ်ရန် လိုအပ်ပါက ဂျေဟားဒ်ဆင်နွှဲရမည်။

၆၈။ အပ်နှံပစ္စည်းကို ပြန်ပေးရမည်။ မာလေဂနီမသ်တွင် ငါးပုံတပုံကို ဗိုင်တွလ်မာသို့ ပေးရန်လည်းပါဝင်သည်။

၆၉။ လိုအပ်သော မိတ်ဆွေများကို တတ်နိုင်ပါက ချေးငှားပေးရမည်။ အကြွေးချထားပေးရမည်။ အတိုးမယူရ။

၇ဝ။ အိမ်နီးချင်းတာဝန် ကျေပြွန်ရမည်။ အိမ်နီးချင်းသည် အစ္စလာမ်ဘာသာဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဂုဏ်ပေးလေးစားရမည်။

၇၁။ မှန်ကန်သောနည်းလမ်းဖြင့် ပစ္စည်းဥစ္စာ စုဆောင်းနိုင်သည်။

၇၂။ ပစ္စည်းဥစ္စာကို သုံးသင့်သည့်နေရာတွင် သုံးစွဲရမည်။ ဖြုန်းတီးမှု၊ စေးနှဲတွန့်တိုမှု မပြုရ။

၇၃။ စလာမ်ပေးရန်နှင့် စလာမ်ပေးလာပါက စလာမ္ကို တုန့်ပြန်ရမည်။

၇၄။ နှာချေသူအတွက် ယရ်ဟမုကလ်လာဟ် ဆိုရမည်။

၇၅။ မိမိကြောင့် သူတပါးဒုက္ခမရောက်စေရ။

၇၆။ အေပ်ာ်အပါး လိုက်စားမှုကို ရှောင်ရမည်။

၇၇။ လမ်းပေါ်မှ ဒုက္ခပေးမည့် ဆူးညောင့်ခလုတ်များကို ဖယ်ရှားရမည်။

Credit : ဟဇရသ် ရှိုက်ခ် ရေးသားသော ဖဇာအိလေဇိက်ရ်ကျမ်း ဒုတိယပိုင်း၏ မြန်မာဘာသာပြန် စာမျက်နှာ 538 မြ 548 အထိကို မှီငြမ်း ကိုးကားသည်။
အစ္စလာမ်ရေးရာ အလင်းလမ်း ဒအ်ဝါဂရုပ်

Address

Aung Thapye
Labutta
1980

Telephone

+60149108934

Website

Alerts

Be the first to know and let us send you an email when أبناء الحكيمية ဟကီမီယဟ် ၏ ရင်သွေးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to أبناء الحكيمية ဟကီမီယဟ် ၏ ရင်သွေးများ:

Shortcuts

Share

Category