22/09/2023
#သက်ဆိုင်သူသို့
#ဝန်တိုစိတ်ထားနှင့်မာန်မာနများကင်းဝေးပါစေ။
#လူ့ဘဝသည် အလွန်တရာ တန်ဖိုးရှိလှပါသည်။
#လူ့လောက၌ ကောင်းမှုများပြုလုပ်လျှင် ကောင်းကျိုးများစံစားရပြီး၊ မကောင်းမှု ပြုလုပ်လျှင် ဆိုးကျိုးများစွာကို လက်ဝယ်ခံစားရမည်မှာ မုချဧကန်ဖြစ်ပါသည်။
#လူ့ဘဝရလာခိုက်တွင် ကောင်းကျိုးဖြစ်စေတတ်သော ကုသိုလ်များစွာကိုပြုလုပ်ရပြီး မှန်ကန်သည့် စိတ်နေစိတ်ထား ဖြစ်သော ( မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ)တရားများကို လက်ခံကျင့်သုံးတတ်စေရန် နှင့် မိမိ၏ စိတ်နှလုံးအား သန့်ရှင်း ဖြူစင်စေရန် အတွက် ကျင့်ကြံနေထိုင်ကြရမည်ဖြစ်ပါသည်။
#မိမိနှင့်ပတ်သက်မှုမရှိသော(မိမိ၏လုပ်ငန်းကဏ္ဍ နယ်ပယ်နှင့်မသက်ဆိုင်သော)*** အရာများအား မနာလိုဝန်တိုသောစိတ်ဆန္ဒဖြင့် ပုတ်ခတ်စော်ကားခြင်းနှင့် အရှက်သိက္ခာမဲ့စွာ ပြောဆိုရေးသားခြင်းလုပ်ရပ်များအားရပ်တန့် ပေးပါရန် အကြံပေးတိုက်တွန်းအပ်ပါသည်။
ပုံ/
#ကျောင်းသား/သူများ
"မှတ်သားဖွယ်ရာ ဘဝနေနည်းများ"
၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။
၂။ အကောင်းမြင်စိတ် မွေးပါ။
၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။
၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)
၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )
၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ
၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။
၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )
၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )
၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )
၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )
၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )
၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။
၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။
၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )
၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။
၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။
၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။
Credit