Kazoku Japanese Language Centre

Kazoku Japanese Language Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kazoku Japanese Language Centre, Education, Kyauktan.

ကိုယ့်ကို​ကြိုက်တဲ့သူလည်းရှိသလို ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ မုန်းတဲ့သူကလည်းရှိမှာပဲ။ဒါကလောကကြီးရဲ့သဘာဝတရားပဲ ။ လူအများ...
11/10/2022

ကိုယ့်ကို​ကြိုက်တဲ့သူလည်းရှိသလို ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ မုန်းတဲ့သူကလည်းရှိမှာပဲ။

ဒါကလောကကြီးရဲ့သဘာဝတရားပဲ ။

လူအများစုကြည့်လိုက်ရင်အမြဲတမ်းကိုယ့်ဘဝကိုအလိုမကျကြဘူးဆိုတာသတိထားမိတယ်။ ကိုယ်ဘယ်လောက်ပဲကောင်းတာတွေလုပ်လုပ် အမှားလေး​တစ်ခုလုပ်လိုက်တာနဲ့ နောင်တရလို့မဆုံးတော့ဘူး။

ကြာလာတော့ ကိုယ်လုပ်နိုင်တဲ့​ရာ​တွေပါ လုပ်ဖို့အားမရှိတော့ဘူး။

မြဲမြဲမှတ်ထားပါဘဝမှာကိုယ်ထိန်းချုပ်လို့ရတဲ့အရာရှိသလို ကိုယ်ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။

လူတွေကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာထိန်းချုပ်လို့မရဘူး ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်​လိုကောင်းအောင်နေရမလဲဆိုတာထိန်းချုပ်လို့ရတယ်။

ဒါကြောင့်ဘဝမှာကိုယ့်ကိုယ်ဘယ်သူတွေဘယ်လောက်ပြောပြော ဘယ်လောက်ဝေဖန်ဖန်ဂရုမစိုက်ပါနဲ့ မပျော့ညံပါနဲ့ ၊ ပညာမဲ့တစ်ယောက်လိုမတုံ့ပြန်ပါနဲ့ ။

ကိုယ့်ကိုဝေဖန်တယ်တိုက်ခိုက်တယ်ဆိုတာ ကိုယ်ကတနည်းမဟုတ်တစ်နည်းသူတို့ထပ်သာအရှေ့ရောက်နေတာ (သို့) သူတို့ထက်သာနေလို့ဖြစ်တယ်။

Winston Churchill ပြောခဲ့တာလေးတစ်ခုရှိတယ်။
"မင်းဘဝမှာ တွေ့သမျှခွေးတိုင်းကိုသာခဲနဲ့လိုက်ထုနေမယ်ဆိုရင် သွားချင်တဲ့ခရီးကိုရောက်မှာမဟုတ်ဘူး တဲ့ "

ဒါကြောင့်ဘဝမှာ မလိုတဲ့အရာတွေ အရေးမပါတဲ့အရာတွေကိုအချိန်မပေးပါနဲ့ဂရုမစိုက်ပါနဲ့ ကိုယ်ထိန်းချုပ်ရတာကိုပဲအာရုံစိုက်ပါ သွားစရာရှိတာဆက်သွားပါ။


#၃၀မိနစ်တက္ကသိုလ်။

အားလုံးဘဲ မဂ်လာပါရှင်❣၁၀ လပိုင်း ကျောင်း Scholar ship (သူနာပြု)နဲ့ COEအောင်သွားတဲ့ ညီမလေး အိမ့်နီလာကျော်နဲ့ အိဖြိုးသွယ်န...
18/08/2022

အားလုံးဘဲ မဂ်လာပါရှင်❣

၁၀ လပိုင်း ကျောင်း Scholar ship (သူနာပြု)နဲ့ COE

အောင်သွားတဲ့ ညီမလေး အိမ့်နီလာကျော်နဲ့ အိဖြိုးသွယ်

နှစ်​​ယောက်လုံး Congrulation ပါနော်🥳🥳

၁၀ လပိုင်းအတွက်လျှောက်တဲ့ ညီမလေးနှစ်ယောက်လုံး

အောင်မြင်သွားတဲ့အတွက် အောင်ချက်က

100% ပါနော် 🙊🙊

--------------------------------------

4 လပိုင်းအတွက် ကျောင်း ( သူနာပြု) Scholarship နဲ့

လျှောက်ထားချင်တဲ့သူလေးတွေရှိရင်လဲ စတင်ပြီး

စာရင်းသွင်းလို့ရနေပါပြီနော်။

လူဦးရေအကန့်အသတ်ရှိလို့ မြန်မြန်လေး စာရင်းသွင်း

ဖို့တော့ လိုအပ်ပါတယ်နော်🙆🙆

-------------------------------------------

တကယ်လို့ စိတ်ဝင်စားပြီး လျှောက်လွှာတင်ချင်ရင်တော့

အောက်ပါအချက်လေးတွေ လိုအပ်ပါတယ်နော်။

လျှောက်လွှာတင်ရန် လိုအပ်ချက်များ

1. အသက် ၁၈ နှစ်မှ ၂၆ နှစ်အထိ စာလုပ်ချင်သူများ။

2. ကျောင်းပြီးလျှင် ဂျပန်တွင် ဘိုးဘွားစောင့်ရှောက်
ရေးအလုပ်ဖြင့် အလုပ် လုပ်ကိုင်ချင်သူများ။

3. နောက်ဆုံးတက်ခဲ့သော ကျောင်းပြီး၍ 5 နှစ်အတွင်း
ရှိသူများ။

4. ဂျပန်စာအရည်အချင်း N4 အဆင့်အထက်ရှိသူများ။

(JLPT / NET TEST........ အစရှိသဖြင့် ဂျပန်စာ
အရည်အချင်းစစ်စာမေးပွဲများတွင် တစ်ခုခု
အောင်မြင်ထားသူများ ဖြစ်ရပါမည်။)

အထက်ပါ လိုအပ်ချက်များနဲ့ ပြည်စုံပြီး စိတ်ပါဝင်စားသူများ စာရင်း ပေးထားနိုင်ပါပြီနော် 🙆🙆

စာရင်းပေးထားချင်သူများ အောက်ပါ ဖုန်းနံပါတ်နဲ့ လိပ်စာကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အမှတ် ( ၂၉၉ ) နေပြည်တော် ၁ လမ်း စံချိန်မှီရပ်ကွက် ကျောက်တန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ။

Phone Number - 09796051162
09751365839

[email protected]

Page Chat Box နဲ့ Kazoku acc ကနေလဲ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Address

Kyauktan

Website

Alerts

Be the first to know and let us send you an email when Kazoku Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kazoku Japanese Language Centre:

Shortcuts

Share

Category