28/02/2022
March လ မှစပြီး N4 လေ့လာမယ့်သူတွေအတွက် study schedule
N4 JLPT ဖောင်တင်လို့ရတဲ့သူတွေ အတွက် March ကနေ JLPT EXAM မလာခင်အထိ စာလုပ်ဖို့အချိန်ကို ဘယ်လို စီမံရမလဲဆိုတာ sharing လုပ်သွားပေးပါမယ်။
JLPT ဖောင်တင်လို့မရလိုက်တဲ့ minna san တို့လည်း အားမငယ်ပါနဲ့။ တခြားစာမေးပွဲဖြေလို့ရတဲ့ Nat-Test, Top-J, J-Test တို့ရှိပါသေးတယ်နော်။ (သက်ဆိုင်ရာပေ့ချ်တွေမှာ စာမေးပွဲအကြောင်း အသေးစိတ် လေ့လာလို့ ရပါတယ်ရှင့်)
အခု sharing လုပ်ပေးချင်တာက JLPT ဖြေဆိုမယ့်သူတွေအတွက်ဘဲ မဟုတ်ပဲ၊ တခြားစာမေးပွဲတွေ ဝင်ဖြေမယ့်သူတွေ၊ ဒါမှမဟုတ် စာမေးပွဲမဖြေဘဲ ဒီတိုင်းစာကိုသေချာလုပ်ချင်တဲ့သူ အတွက်ပါ အသုံးဝင်ပါတယ်နော် ❤️
March 1 ကနေစပြီး June 30 ထိ ရက်ပေါင်းရေတွက်ကြည့်ရင် N4 level ကို လေ့လာဖို့ စုစုပေါင်း စာကြည့်ချိန် ရက်ပေါင်း ( ၁၂၂ )ရက် ခန့်ရှိပါတယ်။
ဒါပေမယ့် တစ်နေ့ကို စာလုပ်ဖို့ အချိန် သုံးနာရီ၊ လေးနာရီ လောက် ပေးထားပါနော်။ ***
Minnano nihongo II အခန်း ၂၅ခန်း
Kanji Challenge အလုံး ၂၀၀ ခန့်
တစ်ခန်းကို သုံးရက် ဖြင့် ပုံမှန် စာကို သေချာလုပ်သွားရင် ၇၅ရက်နဲ့ minnano nihongo II စာအုပ်တစ်အုပ်လုံးပြီးပါမယ်။
ခန်းဂျီးကို တစ်ပတ် အလုံး (၂၀) လုပ်မယ်ဆိုရင်
အလုံး(၂၀) ကို ၇ရက် ၊ အလုံး (၂၀၀) ဆို ရက်ပေါင်း (၇၀)။
တစ်ရက်ကို သုံးနာရီလောက်အချိန်ပေးပြီးတော့လုပ်စေချင်ပါတယ်။ တစ်နေ့ အချိန် သုံးနာရီဆိုတာ များတော့မများပေမယ့် သေသေချာချာလေ့စာလုပ်ခဲ့မယ်ဆိုရင် revision လုပ်တဲ့အချိန်ကျရင် သိပ်ပြီးအကြာကြီးမဖြစ်တော့ဘူးပေါ့နော်။
တစ်ခန်းသုံးရက်မှာ
✔️ မီးနင်းအရကျက်ပြီး Grammar က တစ်ရက်၊
✔️ Renshū ဖြေဖို့ နဲ့ mondai ဖြေဖို့ကတစ်ရက်၊
✔️ Kaiwa အရပြောနိုင်တဲ့အထိ နဲ့ reibun တို့ ပြန်လုပ်ဖို့က တစ်ရက်။
ကျန်တဲ့ (၄၇)ရက် မှာ မေးခွန်းဟောင်းလေ့ကျင့်ဖို့၊ ပြန်လှန်လေ့ကျင့်ခန်းလုပ်ဖို့နဲ့၊ ကိုယ့်အတွက် အားနည်းမယ်ထင်တဲ့သင်တန်းကို တက်ဖို့အချိန် တစ်လကျော်လောက်ရှိပါတယ်။
ဒါ့အပြင် Minnano nihongo နဲ့ Kanji challenge စာအုပ်နှစ်အုပ်တည်းနဲ့ မလုံလောက်ပါဘူးနော်။ နောက်ထပ် self-study အနေနဲ့
Soumatome၊
Shinkanzen၊
Speed Master၊
Super Moshi
Tryနဲ့ Old questions တွေပါ လုပ်ထားမယ်ဆိုရင် JLPT ကို ကောင်းကောင်းဖြေဆိုနိုင်ပါလိမ့်မယ်ရှင့်။
N4 ဖြေရင် N4ကစာတွေပဲ မေးတာမဟုတ်ဘဲ N3 ဘာ ပါတဲ့အတွက်ကြောင့် old questions တွေရော၊ တခြားစာအုပ်တွေပါ ထပ်မံလေ့လာစေချင်ပါတယ်။
စာအုပ်တွေကို google Drive ထဲမှာထည့်ပြီး သက်သက်ပို့စ်တစ်ခု တင်ပေးဦးပါမယ်ရှင့်။
အပေါ်က ပြောထားတဲ့အတိုင်း ပုံမှန်လုပ်သွားရင် တခြား စာအုပ်တွေလုပ်ဖို့ အချိန် တစ်လခွဲလောက် ကျန်ပါတယ်နော်။ ❤️
ကဲ ဒါဆိုရင် မပျင်းဘဲ 一緒に頑張りましょう 💪 💪
*** မင်မင် ဒီပို့စ်က N4 သမားတွေအတွက်
အဓိက ထားပြီး ပြောထားတာဖြစ်ပါတယ်။
N5 စလေ့လာမယ့်သူတွေက
N5 ကိုဘယ်လိုစလေ့လာရမလဲ?
ဘာစာအုပ်တွေနဲ့လေ့လာရမလဲ?
ဘယ်လိုလေ့လာရင် ကောင်းသလဲ? ဆိုတာ
ဒီလင့်ခ်ဝင်ပြီး ကြည့်လို့ရပါတယ်နော် ❤️
https://www.facebook.com/102974532321177/posts/103526088932688/?d=n