စာပဲကျက်မနေနဲ့ဖုန်းလေးလည်းသုံး🫢
Kyaukse University- English Mail Box
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaukse University- English Mail Box, College & University, Kyaukse.
Operating as usual
"Emajor second year က ကိုကြီး ကုလားရီးကိုကြွေနေလို့ လို့တင်ပေးပါ"
ဆိုတဲ့ message လေးနဲ့ လာတင်ခိုင်းလို့တင်ပေးလိုက်ပါတယ်နော် 😁
ကဲ..ကိုကုလားရီးကိုmentionလိုက်ကြပါအုံးနော်
အဲ့လိုပဲ..ကြိတ်crushနေတာတို့ fall in love နေတာတို့ တင်ခိုင်းချင်ဝာာရှိရင်လည်းလာပြောလို့ရပါတယ်နော်🤪
ရေချိုးနေရင်း ကျောင်းဖွင့်တော့မဲ့အကြောင်း တွေးမိသောအခါ
Crd
ကျောင်းပိတ်တော့
အတွဲတွေ ဝေးကုန်တာ
ဝမ်းသာလိုက်တာ
တီချယ်တို့ကျန်းမာပါစေချမ်းသာပါစေနော်🥺
စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။
သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။
အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိူးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။
ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်
သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။
စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။
အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း
လူငယ်တွေ ကျောင်းပြီးဖို့ထက်ဘုန်းကြီးဝတ်ဖို့ စဉ်းစားနေကြပြီ။🤭🥹
Crd photo
#ရည်းစားမထားဘဲ ချောကလက်ရနည်း… See more
Englishနှင့်စီးပွားရေး မေဂျာများဖြင့် ကျောင်းပြီးထားသူများအတွက်လျှောက်ထားသင့်သော
ဝန်ကြီးဌာနအမည် #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ဦးစီးဌာနအမည် #ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊
ရာထူးအမည် #စစ်ရေးမှူး_၂ (ဒုဦးစီးမှုးနဲ့တူတူပါပဲ)
လျှောက်လွှာပိတ်ရက်-၂၉-၂-၂၀၂၃
Englishစာနဲ့ပြီးထားသူများ ဦးစားပေးခေါ်သော
ဌာနကောင်းတစ်ခု။ လျှောက်သင့်သည့်ထဲပါတယ်။
#ဒုဦးစီးမှူး_18နေရာ
#ဒုလက်ထောက်ဦးစီးမှူး_2နေရာ
E major/စီးပွားရေး /Law ဘွဲ့ရများဦးစားပေးခေါ်သော
စီမံ/ဘဏ္ဏာ
#မြန်မာ့စီးပွားရေးဘဏ်_ ၂၉၂နေရာ
E major နဲ့ဘွဲ့ရထားသူများ
လျှောက်ထားသင့်တဲ့
ဒု-ဦးစီး ၁၅ နေရာ
#စီးပွား_ကူးသန်း
ပထမနှစ် ပထဝီ အောင်စာရင်းများ
#ကျောက်ဆည်တက္ကသိုလ်_အဝေးသင်
စတုတ္ထနှစ် သမိုင်း အောင်စာရင်းများ
#ကျောက်ဆည်_အဝေးသင်
ပထမနှစ် E major အောင်စာရင်းများ
ကျောက်ဆည် အဝေးသင်
ကဲ..
၂၀၂၄ အဝေးသင်သင်တန်း အချိန်စာရင်းထွက်ပါပြီ
စာသေချာဖတ်ကြပါ။
-ကျောင်းအပ်ရမယ့်ရက်
-အနီးကပ်တက်ရက်
-ကိုယ်ပိုင်စာကြည့်ချိန်ရက်
-စာမေးပွဲဖြေမယ့်ရက် အစုံပါပါတယ်။
ဒုသုတ်နဲ့ တသုတ်ကိုယ်ပိုင်စာကြည့်ချိန်အများဆုံးပဲ🤭
ဘွဲ့နှင်းသဘင်တက်ပါ
🎓 ဟုတ်ကဲ့ တစ်ဘဝလုံး အမှတ်တရဖြစ်နေစေဖို့ ဘွဲ့ယူပါလို့ ပြောချင်တယ်
🎓 အင်္ကျီအဝတ်အစားကြောင့် မိသားစုမစုံလို့ ဘာလို့ ဆင်ခြင်တွေနဲ့ ဘွဲ့မယူပဲမနေပါနဲ့
🎓 ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး လှအောင်ပြင်ပြီး ဘွဲ့ယူပါ
🎓 ငွေကုန်တယ် မမြင်ပါနဲ့ 🎓နောင်သိန်းငါးဆယ်ရှာနိုင်လဲ တစ်သက်တာအမှတ်တရအတွက် အခမ်းအနားနဲ့ ပြန်မရနိုင်လို့ပါ
🎓 ကိုယ် ခိုလှုံခဲ့တဲ့ ကျောင်းနဲ့ ဆရာမတွေ ကျောင်းသားဘဝအငွေ့အသက်တွေအတွက် ဘွဲ့ယူပါ
🎓 အိပ်ရေးဝဝအိပ်ပါ လှအောင်ပြုံးပါ ပုံတိုင်း ပြုံးပါ လူတိုင်းနဲ့ ဓာတ်ပုံရိုက်ပါ
🎓 စင်ပေါ်တက်ရတဲ့ သုံးစက္ကန့်လောက်လေးအတွက် ပိုက်ဆံကုန်တာနဲ့ ပင်ပန်းတာနဲ့ မတန်ဖူး မထင်ပါနဲ့ တန်လွန်းလို့ပါ
🎓ကိုယ့်အတွေ့အကြုံအရပြောရမယ်ဆိုရင် ဝတ်ရုံကြီး ဝတ်ထားရတဲ့ အချိန်ပိုင်းလေးက တကယ်ကို ပြောမရအောင် လှပပျော်ရွှင်စရာကောင်းတဲ့အချိန်ပါ
🎓 စင်ပေါ်တက်ဖို့ ခြေလှမ်းစလှမ်းထဲက ရင်တုန်စရာတွေနဲ့ပါ စင်ထိပ်မှာ ဆရာကို လက်မှတ်ကမ်းပေးပြီး ကိုယ့်နာမည်ခေါ်ဖို့အခိုက်အတန့် တစ်စက္ကန့်တောင် မပြည့်တဲ့အချိန်လေးမှာ အလှဆုံးပြုံးရင်း လမ်းလျှောက်ရင်း တီချယ်ကြီးက လက်မှတ်ကမ်းပေးတာကို အပြုံးနဲ့ယူ ပြန်ဆင်း အားလုံး သုံးစက္ကန့် မကျော်ပါဖူး တကယ်ကို ခဏလေးပါ
🎓 အောက်ကမိသားစုက ကိုယ့်အတွက် ပီတိ ဖြစ်နေမယ်ဆိုတာ ကိုယ်တိုင် အခွေပြန်ကြည့်ရင် သိမှာပါ
🎓 ခံစားတတ်ပါစေ ဝမ်းနည်း ဝမ်းသာ အခိုက်အတန့် လူတိုင်းခံစားရပါတယ်
ကိုယ်ဟာ ဘဝတစ်ဆစ်ချိုးခဲ့ပြီ လမ်းအသစ်လျှောက်ရတော့မယ်ဆိုပြီး အားငယ်သလို ပျော်ရွှင်တက်ကြွသလို ခံစားရလိမ့်မယ်
🎓 ကျောင်းသားဘဝ ကလေးဘဝကိုပြန်လွမ်းနေလိမ့်မယ်လို့ ယုံတယ်
🎓 ကိုယ့် ဘွဲ့ဓာတ်ပုံ ဘွဲ့လက်မှတ် အခွေတွေပြန်ကြည့်တိုင်းမှာ မပြောပြတတ်တဲ့ စိတ်ခံစားမှုတွေ နဲ့ တသက်လုံး ဂုဏ်ယူရမဲ့ ပွဲပါ
🎓 မိဘတွေအတွက်လဲ သူတို့ဘယ်လောက်ပျော်မလဲ ကိုယ်မမှန်းဆနိုင်လောက်အောင် ဂုဏ်ယူရမဲ့ပွဲပါ
🎓 ကိုယ်တောင် အော် ကျောင်းက ကိုယ်တွေကို ကန်ထုတ်လိုက်ပြီ ဘဝလမ်းကို လျှောက်ဖို့ မောင်းထုတ်လိုက်ပြီဆိုပြီး ဝမ်းနည်းမှု
လွမ်းတယ် ကျောင်းတက်ချင်တယ်ဆိုပြီး ခံစားချက်တွေ အတွက် ဘွဲ့ယူပါ
🎓 ဘွဲ့ယူတာ ပကာသန ဘာညာဆိုပြီး လာမငြင်းခုံပါနဲ့ ငြင်းဖို့ ပြောတာမဟုတ်လို့ပါ
🎓 မောင်မယ်တို့ မောင်မယ်တို့ရဲ့ မိဘ ဆွေမျိုး မိတ်သင်္ဂဟ တွေနဲ့ထပ်တူ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ် နဲ့ဌာနမှုး သင်ကြားပေးတဲ့ ဆရာဆရာမ
စီမံခန့်ခွဲရေး နှင့်ပညာရေးအဖွဲ့ဝင်😘
အားလုံးက ဂုဏ်ယူ ဝမ်းမြောက် နေကြတယ်ဆိုတာ
တကယ်ပါ . . . . တကယ်ကို ထိရှလွန်းလှတဲ့ မိန့်ခွန်းတွေကိုနားထောင်ရင်း ခံစားပါ ဘဝတစ်လျှောက်လုံး အားအင်တွေ ရယူပါ 😭 ဘွဲ့ယူပါ
🎓 ကျောင်းကိုလဲလွမ်းပါ😍 တီချယ်တွေကိုလဲလွမ်းပါ နောင်အသက်ကြီးလာရင်ကိုယ့်ဘဝ အတွက် အောက်မေ့စရာ အမှတ်တရတွေ ယူသွားဖို့ ဘွဲ့ယူပါ
🎓 ဘွဲ့ပုံတွေ ပလူပျံအောင်တင်ပါ ကြွားပါ သူများမျက်စိနောက်လဲတင်ပါ 😘
🎓 ရုပ်ဆိုးဆိုးပုံကို ဘောင်သွင်းပြီး ကျေနပ်ပါ
မလှရင် ကြည့်တိုင်း စိတ်တိုပါ ရယ်ပါ ဂုဏ်ယူပါ
ရိုက်ချင်ရာရိုက်တဲ့ ဗီဒီယို အခွေကိုလဲကြည့်ပါ သူငယ်ချင်းတွေကို ကြည့်ပါ ရယ်ပါ 😂 တကယ်ကို အမှတ်တရဖြစ်ပါတယ်
🎓ကိုယ့် အောင်မြင်မှုရဲ့ နောက်ကွယ်က တစ်စုံတစ်ယောက်ကိုလဲ မိသားစုကြား ပွဲထုတ်ပါ
ဘဝ အမှတ်တရပေါ့ 😁😁
🎓 ဗီဒီယိုခွေ စဖွင့်ဖွင့်ခြင်းမှာ ဆောင်းဦးလှိုင်ရဲ့ ကျောင်းသီချင်းကြားရင် မျက်ရည်မဝဲအောင် ကြိုးစားကြည့်ပါလို့ မှာရင်း
ဘွဲ့ယူကြပါ ဘွဲ့နှင်းသဘင်တက်ယူပါ
👨🎓R👩🎓D
#၂၀၂၃အဝေးသင်
#တက္ကသိုလ်အလိုက်_မေဂျာစုံ_ဝင်ခွင့်အနိမ့်ဆုံးမှတ်များ
တစ်သက်မှတခါထဲယူရတာကိုနော်😁
ကျောက်ဆည်တက္ကသိုလ်တဲ့နော်
ဘွဲ့ယူရင်ဓာတ်ပုံဆရာအရွေးမမှားစေနဲ့ 🥹
Crd vd
ကျောက်ဆည် အဝေးသင်
ဒုတိယနှစ် အင်္ဂလိပ်စာ အောင်စာရင်း
2019+2020
ကျောက်ဆည်
ဒုတိယနှစ် အရှေ့တိုင်း
ကျောက်ဆည်
တတိယနှစ် E major
E major ကလေးတွေအတွက် မင်မင်ပေးတဲ့ မိုတီ 🤪
နည်းနည်းဖြေဖြေ များများဖြေဖြေ Qမပါဖူး
အဲ့တော့အောင်ရင်တော်ရောပေါ့ နည်းနည်းပဲဖြေကြ
တီချယ်တွေသက်သာအောင် 😁
ကျောက်ဆည်
တတိယနှစ် အဝေးသင်
အရှေ့တိုင်း/ဒဿနိက/ပထဝီ အောင်စာရင်းများ
ကျောက်ဆည်
4th year ဒဿနိက
Click here to claim your Sponsored Listing.
Videos (show all)
Location
Category
Website
Address
ရွှေရောင်မျိုးဆက်သစ်ကျောင်းတော်၊ အင်းကုန်းစံပြကျေးရွာ
Kyaukse
Anawyahtar Foundation We have two main projects. (1)- To progress Sangha (2)- To promote Leadershi
Taw Ma Village, Singaing Township, Mandalay Region
Kyaukse, 05
Non-official Media of Kyaukse University. Only For Kyaukse Univefsity's Real Members And Their Justice!
English_Kyaukse University
Kyaukse
It's for all students! If u have something to share or ask about some info, u can tell us on this ch