28/02/2024
Credit; soe moe thu
#မြန်မာအမျိုးသမီးများဝန်ဆောင်မှုလုပ်ငန်းဖြင့်လာရောက်ခြင်းကိစ္စ
၂၀၂၃ခုနှစ် နှောင်းပိုင်း ကိုရီးယားအစိုးရမူဝါဒညှိနှိုင်းရေးရုံးအောက်ရှိ နိုင်ငံခြားသားအလုပ်သမားမူဝါဒကော်မတီအစည်းအဝေးအရ-
၁။ မြန်မာဘက်အာဏာပိုင်များက EPSစနစ်ဖြင့် မြန်မာအမျိုးသမီးအလုပ်သမားကို စေလွှတ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး၂၀၂၄ခုနှစ် မေ(သို့)ဂျွန်တွင် ကျင်းပမည့် EPSစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့်ပြုမည်။(စာမေးပွဲရက်အတိအကျ မသတ်မှတ်ရသေး)
၂။ ယခုနှစ် ၈လပိုင်းမှ ၁၁လပိုင်းအတွင်း လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲကို ကျင်းပ၍ အောင်မြင်သူများအား ကိုရီးယားသို့ စေလွှတ်သွားရန် အစီအစဉ်ထားရှိသည်။
၃။ အရည်အချင်းစစ် စာမေးပွဲအမျိုးအစားများမှာ အခြေခံကျန်းမာကြံ့ခိုင်ရေး စစ်ဆေးမှု စာမေးပွဲ၊ လူတွေ့အင်တာဗျူးနှင့် လုပ်ငန်းအလိုက် အခြေခံ အရည်အချင်းစစ်ဆေးမှုစာမေးပွဲတို့ဖြစ်သည်။
#စာမေးပွဲဖြေမည့်မြန်မာအမျိုးသမီးများသည်
၁။ အသက် ၁၈နှစ်မှ ၃၉နှစ်အတွင်း
၂။ ထောင်ကျဖူးခြင်း မရှိသူ
၃။ ကိုရီးယားမှ နှင်ထုတ်ခံရဖူးခြင်းမရှိသူ
၄။ ပညာအရည်အချင်း ကန့်သတ်ချက်မထား(မြန်မာဘက်ကတော့ ကန့်သတ်ချက်ထားနိုင်သည်)
#ကိုရီးယားအလုပ်သမားဝန်ကြီးဌာန၏ဆုံးဖြတ်ချက်အရ-
၂၀၂၄ခုနှစ်အတွက် ဝန်ဆောင်မှုလုပ်ငန်းဖြင့် လာရောက်ခွင့်ရမည့် မြန်မာအမျိုးသမီးအလုပ်သမား အရေအတွက် ခွဲတမ်း သတ်မှတ်ထားခြင်းမရှိသေး။
ကွီးစိုး(ပိတောက်ရိပ်)
ပိတောက်ရိပ်ကုမ္ပဏီ
https://www.facebook.com/pdglory
ကိုစိုးမိုးသူ(ပိတောက်ရိပ်ဆိုင်)
လေယာဉ်လက်မှတ်ဆိုင်ဖုန်း 010-2707-5218(ဘိုက်ဘာ +82-10-2707-5218)
တည်းခိုဆောင် ဖုန်း 010-8058-2393(ဘိုက်ဘာ +82-10-8058-2393)
ဆိုင်ဖွင့်ချိန် မနက်၁၀-ည၈ ပိတ်ရက်မရှိ