အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်

အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်

လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားပေးခြင်း

Operating as usual

08/06/2024

သင်ယူလိုသူတိုင်း သင်ကြားနိုင်သည့်
အခွင့်အရေး ရရှိနိုင်စေရန်အတွက်
#အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်ပါက မည်သူမဆို လာရောက်လျှောက်ထားနိုင်ပါသည်၊

#စာသင်နှစ် ၃ နှစ် တက်ရောက်ရပါမည်

#ဖွင့်လှစ်မည့်သင်တန်းများ
၁။ Information Technology
၂။ Automotive Technology
၃။ Building Service Technology

#လျှောက်လွှာပိတ်ရက် ၁၄၊၇၊၂၀၂၄

#ဆက်သွယ်ရန်
09250966277

07/06/2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်
#သင်တန်းသားသစ်ဆက်လက်ခေါ်ယူပါသည်၊
#အမြန်လာရောက်ဆက်သွယ်လျှောက်ထားနိုင်ပါသည်

#ဆက်သွယ်ရန်ဖုန်း 09250966277
#လျှောက်လွှာပိတ်ရက် ၂၅၊၆၊၂၀၂၄

စက်မှုနည်းပညာသင်တန်း
===============

စက်မှုနည်းပညာလမ်းကြောင်းတွင်
အခြေခံပညာ အထက်တန်းဆင့်
ဘာသာရပ်များအပြင် အထူးပြုဘာသာရပ်
(၃)မျိုးဖြစ်သည့်
အဆောက်အဦနည်းပညာ
(Building Technology)၊
လျှပ်စစ်နည်းပညာ
(Electrical Technology) နှင့်
စက်ပစ္စည်း အစိတ်အပိုင်းများ
ထုတ်လုပ်ခြင်းနည်းပညာ
(Machining Technology)
ဘာသာရပ်များကို
ပညာသင်ကာလ (၃)နှစ်တွင်
စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်
အသင့် ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ
အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ပါသည်။

13/05/2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်တန်းသားသစ်ခေါ်နေပါပြီ၊ အမြန်လာရောက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 10/05/2024

***၂၀၂၄- ၂၀၂၅ အတွက် သင်တန်းသားသစ်(ကျောင်းသား၊ကျောင်းသူအသစ်)
ခေါ်ယူခြင်း***

#လျှောက်လွှာများကို (၁၀.၅.၂၀၂၄) မှစ၍ ထုတ်ယူနိုင်ပြီး မိမိတက်ရောက်လိုသည့်မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)တို့တွင် ပြန်လည်တင်သွင်းရပါမည်။

#စနေ၊တနင်္ဂနွေ နေ့များအပါအဝင် ကျောင်းသို့ လာရောက်၍ ဝင်ခွင့်လျှောက်လွာများ ထုတ်ယူနိုင်ပါသည်)

#စုံစမ်းရန်ဖုန်းနံပါတ် -
09 250966277

ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ-

၁။ လိုင်စင်ဓာတ်ပုံ- ၃ ပုံ
၂။အခြေခံပညာအလယ်တန်းအဆင့်၊ Grade 9 အောင်လက်မှတ်မူရင်း/အောင်ကြောင်းထောက်ခံစာ
၃။ အိမ်ထောင်စုဇယားမိတ္တူ
၄။ရဲစခန်းထောက်ခံချက်မူရင်း တို့ပါရှိရပါမည်။

27/04/2024

2023-2024 ပညာသင်နှစ်
ပထမနှစ်နှင့် ဒုတိယနှစ် အောင်စာရင်း အား ထုတ်ပြန်၍
ကျောင်း၏ ကြေညာသင်ပုန်းတွင် ကြေငြာထားပါသည်။

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 25/04/2024

မေလ ၆ ရက်နေ့တွင် ဖွင့်လှစ်မည့်
ကာလတိုသင်တန်းများ (အခမဲ့)
တက်ရောက်နိုင်ပါသည်

(၁)အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း

(၂)အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းနည်းပညာသင်တန်း

နေရာ - အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)

အချိန် - (၆.၅.၂၀၂၄)ရက်နေ့မှ (၁၇.၅.၂၀၂၄)ရက်နေ့အထိ

#တနင်္လာနေ့မှသောကြာနေ့အထိ
နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ

#အတန်းပညာ၊အသက်အရွယ်
ကန့်သတ်ချက်(မရှိပါ)

#ဆက်သွယ်ရန်ဖုန်းနံပါတ်
၀၉-၂၅၃၄၂၇၂၂၃(ရုံးချိန်အတွင်း)

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 31/01/2024

#လစ်လပ်လျှက်ရှိသော အမှုထမ်းနေရာများ
(စာရင်းကိုင် ၄၊ အငယ်တန်းစာရေး ၊ ရုံးအကူ၊ အစောင့် ၊ သန့်ရှင်းရေးအကူ) အတွက် လျှောက်လွှာခေါ်ယူခြင်း

#ယနေ့မှစ၍ လျှောက်လွှာများထုတ်ယူနိုင်ပြီး
၁၃၊ ၂၊ ၂၀၂၄ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်

19/01/2024

အခြေခံပညာအလယ်တန်းဆင့် (Grade 9)
ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်
သင်ယူမည့် ကျောင်းသား ကျောင်းသူများသည်
ရွေးချယ် တက်ရောက် နိုင်သော ပညာရေး လမ်းကြောင်း ၄ သွယ်ရှိပါသည်

(၁) အခြေခံပညာ အထက်တန်းဆင့်၊
(၂) စက်မှုနည်းပညာ၊
(၃) စိုက်ပျိုးရေးအတတ်ပညာ၊
(၄) မွေးမြူရေးအတတ်ပညာ
တို့ဖြစ်ပါသည်

(၂) စက်မှုနည်းပညာကဏ္ဍ
===============

စက်မှုနည်းပညာလမ်းကြောင်းတွင်
အခြေခံပညာ အထက်တန်းဆင့်
ဘာသာရပ်များအပြင် အထူးပြုဘာသာရပ်
(၃)မျိုးဖြစ်သည့်
အဆောက်အဦနည်းပညာ
(Building Technology)၊
လျှပ်စစ်နည်းပညာ
(Electrical Technology) နှင့်
စက်ပစ္စည်း အစိတ်အပိုင်းများ
ထုတ်လုပ်ခြင်းနည်းပညာ
(Machining Technology)
ဘာသာရပ်များကို
ပညာသင်ကာလ (၃)နှစ်တွင်
စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်
အသင့် ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ
အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ပါသည်။

စက်မှုနည်းပညာလမ်းကြောင်းတွင်
တက်ရောက်သည့် ကျောင်းသားများအတွက်
ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများမှာ
အထူးအောင် (Credit) ဖြင့်
အောင်မြင်သူများသည် ပညာသင်နှစ်(၆)နှစ်
တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့(BE)
ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့်

ပညာသင်နှစ် (၄)နှစ် တက်ရောက်ရပြီး
နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော
အစိုးရနည်းပညာကောလိပ်များသို့ လည်းကောင်း၊

အဆင့်မီ (Qualified) ဖြင့်
အောင်မြင်သူများသည် ပညာသင်နှစ် (၃)နှစ်
တက်ရောက်ရပြီး အင်ဂျင်နီယာ နည်းပညာ
ဒီပလိုမာ (AGTI Diploma) ပေးအပ်သော
အစိုးရစက်မှုလက်မှုသိပ္ပံများသို့ လည်းကောင်း
ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

အင်ဂျင်နီယာ နည်းပညာ ဒီပလိုမာ
သင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာ ကောလိပ်၏
တတိယနှစ်(ပထမနှစ်ဝက်)သို့ လည်းကောင်း၊
နည်းပညာတက္ကသိုလ်၏
တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း
စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်သူများအနေဖြင့်
ပြီးမြောက်ကြောင်း အောင်လက်မှတ်
ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင် အသင့်ဖြစ်စေမည့်
သင်ရိုးညွှန်းတမ်းများအသုံးပြု၍
လေ့ကျင့်သင်ကြားပေးထားသဖြင့်
ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်
လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်းကောင်း များစွာ
အထောက်အကူရရှိစေမည် ဖြစ်ပါကြောင်း သိရှိနိုင်ရန်နှင့် ကျောင်းဖွင့်ကာလ၊ ၂၀၂၄ -၂၀၂၅
ပညာသင်နှစ် သင်တန်းသားသစ် ခေါ်ယူသည့်အခါ၌ အချိန်နဲ့တပြေးညီ ကြေညာသွားပါမည်၊ နိုင်ငံပိုင်သတင်းစာများမှလည်း ကြေညာထည့်သွင်းခေါ်ယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 13/10/2023

#'အလုပ် ခေါ်စာ #
အမှုထမ်းနေရာများအတွက် အလုပ်ခေါ်ပါပြီ
သတ်မှတ်ချက်နှင့် ကိုက်ညီပါက
အချက်အလက်ပြည့်စုံစွာဖြင့်

အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်သို့ လာရောက်လျှောက်ထားနိုင်ပါသည်။

#၁၀ ရက် ၁၁လ ၂၀၂၃ နောက်ဆုံးလျှောက်လွှာ
တင်သွင်းရပါမည်

စုံစမ်းမေးမြန်းရန်

09403327353
09775854610

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 19/09/2023

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာရေးဉီးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပသော ခရိုင်အတွင်း ဖိတ်ခေါ် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၂၁ မှ ကျောင်းသား၊ကျောင်းသူ ၂၁ ဉီးတို့မှ ခေါင်းစဉ် ၉ အား အုပ်စု ၃ စုခွဲ၍ မိမိကျရာခေါင်းစဉ်ကို အချက်အလက်၊ဗဟုသုတအပြည့်အဝဖြင့် ပျော်ပျော်ရွင်ရွင် ရင်းနှီးနွေးထွေးစွာ အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြပါသည်။

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 20/08/2023

မိုးရာသီအားကစား မှတ်တမ်းပုံရိပ်များ

မိုးရာသီကျောင်းတွင်း အားကစားပွဲတွင်
ပါ၀င်ဆင်နွဲပေးပါသောကျောင်းသား ကျောင်းသူများနှင့် ပွဲစဉ်အားလုံး အောင်မြင်စွာ ပြီးမြောက်အောင် ပါဝင်ကူညီကြသော ဆရာ၊ဆရာမ ဝန်ထမ်းများအားလုံးကို အထူးပင်
ကျေးဇူးတင်ရှိပါသည်။

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 14/06/2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက်
စိတ်ဝင်တစား ယုံကြည်၍ သက်မွေးပညာကို သင်ယူရန်အတွက်
အချိန်မီ လာရောက် အပ်နှံပြီး
ပညာဆည်းပူး တက်ရောက်ကြသော ကျောင်းသား၊ကျောင်းသူများအားလုံး မင်္ဂလာပါ။
အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောက်ဆည် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏။

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 16/05/2023

လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ၏

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 11/05/2023
Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 04/05/2023

***သင်တန်းသားသစ်(ကျောင်းသား၊ကျောင်းသူအသစ်) ခေါ်ယူခြင်း***

လျှောက်လွှာများကို (၅.၅.၂၀၂၃) မှစတင်ထုတ်ယူနိုင်ပြီး (၁၅.၆.၂၀၂၃)နောက်ဆုံးထား၍ မိမိတက်ရောက်လိုသည့်မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)တို့တွင် ပြန်လည်တင်သွင်းရပါမည်။

( စနေ၊တနင်္ဂနွေ နေ့များအပါအဝင် ကျောင်းသို့ လာရောက်၍ ဝင်ခွင့်လျှောက်လွာများ ထုတ်ယူနိုင်ပါသည်)

စုံစမ်းရန်ဖုန်းနံပါတ် - ကျောင်းသားရေးရာဌာန 09402748051

ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ-

၁။ လိုင်စင်ဓာတ်ပုံ- ၃ ပုံ
၂။ မှတ်ပုံတင်မိတ္တူ
၃။အခြေခံပညာအလယ်တန်းအဆင့်၊ Grade 9 အောင်လက်မှတ်မူရင်း
၄။ မိဘနှစ်ပါးမှတ်ပုံတင်မိတ္တူ
၅။ အိမ်ထောင်စုဇယားမိတ္တူ၊
၆။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း
၇။ ရဲစခန်းထောက်ခံချက်မူရင်း၊
၈။ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မူရင်း (ပြည်သူ့ဆေးရုံမှထောက်ခံချက်)တို့ပါရှိရပါမည်။

Photos from အစိုးရနည်းပညာအထက်တန်းကျောင်း - ကျောက်ဆည်'s post 23/01/2023

B.Tech/AGTI/GTHS/ITC /B.Sc/B.C.Sc များအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

Want your school to be the top-listed School/college in Kyaukse?

Click here to claim your Sponsored Listing.

ကျောင်းဆိုင်ရာ အချက်အလက်များ

အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး၊ ​ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ရပ်ကွက်ရှိ မြေဧက (၅.၈၉)ဧကပေါ်၌ တည်ဆောက်ထားပြီး သက်မွေးပညာရပ်များကို ၅.၅.၂၀၀၉ ရက်နေ့မှစ၍စတင်ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်

ပုံမှန်ဖွင့်လှစ်သင်ကြားလျက်ရှိ​သောသင်တန်းများ

(၁)အဆောက်အဉီနည်းပညာသင်တန်း

Videos (show all)

အခြေခံပညာအလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက် သင်ယူမည့် ကျောင်းသား ကျောင်းသူများသည်ရွေးချယ် တက်ရောက်...

Location

Category

Telephone

Address

GTHS(Kyaukse)
Kyaukse
066

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Other Kyaukse schools & colleges (show all)
UNITY International School UNITY International School
Mandalay & Kyauk Se
Kyaukse, 05151

Mandalay Campus & Kyauk Se Campus

Luccy Luccy
Singaing
Kyaukse, 05151

Flight Candy ချိုချဥ်ကြာဆေး

𝙋𝙖𝙮𝙚 𝙋𝙝𝙮𝙤 𝙃𝙚𝙞𝙣 - 𝘾𝘾𝙏𝙑 & 𝘾𝙤𝙢𝙥𝙪𝙩𝙚𝙧 𝙏𝙧𝙖𝙞𝙣𝙞𝙣𝙜 𝘾𝙚𝙣𝙩𝙚𝙧 𝙋𝙖𝙮𝙚 𝙋𝙝𝙮𝙤 𝙃𝙚𝙞𝙣 - 𝘾𝘾𝙏𝙑 & 𝘾𝙤𝙢𝙥𝙪𝙩𝙚𝙧 𝙏𝙧𝙖𝙞𝙣𝙞𝙣𝙜 𝘾𝙚𝙣𝙩𝙚𝙧
Kyaukse, Mandalay
Kyaukse, J48F+5Pကျောက်ဆည်

CCTV, GPS နှင့် ကွန်ပျူတာ သင်တန်းများ စုံစမ်းနိုင်ပါသည်။

HAPPY TIMES Pre School,Kyaukse HAPPY TIMES Pre School,Kyaukse
Se Htake Tan Taw Quarter, Factory Road
Kyaukse

Crown Private Primary School Crown Private Primary School
Min Yet, Mandalay
Kyaukse, 05151

Better Education with CROWN

Bright & Smart Bright & Smart
Kyaukse

All kids who can already read are welcome!

U Wai Myo Spoken English Class U Wai Myo Spoken English Class
Kyaukse

Speaking can learnt only by speaking.

Memory Japanese Language Center Memory Japanese Language Center
Kyaukse

Have fun and let's learn Japanese.

English Grammar -AMT. GG" English Grammar -AMT. GG"
Mandalay
Kyaukse