OASIS English Training Centre

OASIS English Training Centre (OASIS) Every Child is SPECIAL

18/04/2025

ကျွန်မတို့ရဲ့ စနေ တနင်္ဂနွေနွေနှင့်အပတ်စဉ်သင်တန်းများကို
( မနက်ဖန် စနေနေ့တွင်)ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပီး ၊ ကြားရက် နွေရာသီ ၃လ အတန်းများ ကို (တင်္နလာနေ့တွင်) ပြန်လည် ဖွင့်လှစ်ပေးပါမည်ရှင်။

အချိန်နှင့်နေ့ရက်များ အပြောင်းအလဲမရှိပါ။ တက်လက်စ ပုံမှန်အတိုင်းပါဘဲရှင်။ 🙏🙏

မိသားစုနဲ့ အဆောက်ဦးကြီးကြီးမားမား မထိခိုက်ပါဘူး။ဒါပေမဲ့ တံတိုင်း ၄ဖက်၄တန်လုံး တစ််ခန်းမကျန် ပြိုကျပျက်စီးသွားပါတယ်။ရေပို...
30/03/2025

မိသားစုနဲ့ အဆောက်ဦးကြီးကြီးမားမား မထိခိုက်ပါဘူး။

ဒါပေမဲ့ တံတိုင်း ၄ဖက်၄တန်လုံး တစ််ခန်းမကျန် ပြိုကျပျက်စီးသွားပါတယ်။ရေပိုက်စနစ်တေအကုန်ကျိုးပဲ့ပြတ်ထွက်ကုန်ပါတယ်။
စာသင်ခန်းတွင်းပစ္စည်းများအားလုံး ဖရိုဖရဲစုပုံနေပါတယ်။

အများကြီးဆုံးရှုံးထားသူတေနဲ့ယှဉ်ရင် ကိုယ့်အပူကသေးသေးလေးပေမဲ့
ကျွန်မတို့ရဲ့ စနေ တနင်္ဂနွေအပတ်စဉ်တန်းတွေရော ၊နွေရာသီအတန်းသစ်တေရော တစ်ပတ်လောက်နားထားပါမယ်။ နောက်အပတ်လောက်ပြန်ဖွင့်ပေးနိုင်ဖို့ကြိုးစားနေပါတယ်။

တနှစ်ကိုတစ်ခါဘဲတင်နေကျဖြစ်တဲ့ ကြော်ငြာပိုစ့်လေးတင်ပါရစေရှင်။ 🗣️🗣️2025-2026နွေရာသီအင်္ဂလိပ်Grammar သင်တန်းအသစ်များအတွက် က...
18/02/2025

တနှစ်ကိုတစ်ခါဘဲတင်နေကျဖြစ်တဲ့ ကြော်ငြာပိုစ့်လေးတင်ပါရစေရှင်။ 🗣️🗣️

2025-2026နွေရာသီအင်္ဂလိပ်Grammar သင်တန်းအသစ်များအတွက် ကျောင်းအပ်လက်ခံပါပြီရှင်။ (သင်တန်းဝင်ကြေး၊ စာရွက်စာတမ်းကြေး မပေးရပါဘူးရှင်)။

မတ်လ ၃ရက် (တနင်္လာနေ့) နွေရာသီသင်တန်းသစ်များ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

တနင်္လာ -အင်္ဂါ -ဗုဒ္ဓဟူး - မနက် ၈နာရီခွဲမှ ၁၀ နာရီအထိ (Section A )
Grade 3,4,5,6,7

တနင်္လာ -အင်္ဂါ -ဗုဒ္ဓဟူး -မနက် ၁၀နာရီမှ ၁၁နာရီခွဲအထိ (Section B )
Grade 8,9,10,11 ,12

စနေ တနင်္ဂနွေ -မနက် ၈နာရီမှ ၁၀နာရီအထိ
(Section C)
Grade 3,4,5

သင်တန်းကြေး- မတ် -ဧပြီ-မေ
(နွေရာသီ၃လအပြတ်) ၇၅၀၀၀ ကျပ်

*ကလေးများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းတဲ့အနေနဲ့ Grammar and Writing ကိုယ်ပိုင်သင်ရိုးအပြင် ဗုဒ္ဓဟူးနေ့တိုင်း Speaking Practice လုပ်ပေးပါမယ်ရှင်။

*အိုအေစစ်သင်တန်းမှာ ကြော်ငြာပိုစ့်တင်ပြီး ၂ပတ်လောက်ကြာရင် လူပြည့်မြဲဖြစ်တာကြောင့် သင်တန်းအပ်မဲ့မိဘများ အချိန်မှီနာမည်စာရင်းပေးသွင်းနိုင်ဖို့ပါရှင်။

(မိဘများအချင်းချင်းလည်း သတင်းစကားလေးတွေတဆင့်စကား တဆင့်နားနဲ့ ခါတိုင်းလိုဘဲ ကူညီသတင်းပေးကြော်ငြာပေးကြပါဦး။)

သင်တန်းနေရာ- အိုအေစစ်အင်္ဂလိပ်စာသင်တန်း ၊အထက၃ နောက်ကျော ဘက် အေးမြကြည်လင်ရပ်ကွက်၊ကျောက်ဆည်မြို့။

ဖုန်းနံပတ်များ- ၀၉ ၅၁၆၉၈၁၁
၀၉ ၉၇၅၁၆၉၈၁၁

(သင်တန်းသို့လာရောက်၍ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ ၊နာမည်စာရင်းပေးသွင်းနိုင်ပါပြီရှင်)

02/02/2024

တစ်နှစ်ကိုတစ်ကြိမ်ဘဲတင်တဲ့ သင်တန်းကြော်ငြာပိုစ့်လေးလာပါပြီ။ 🗣️🗣️🗣️

၂၀၂၄နွေရာသီအင်္ဂလိပ်စာသင်တန်း တန်းခွဲအသစ်များအတွက် နာမည်စာရင်း စတင်ပေးသွင်းလို့ရပါပြီရှင်။

၂၀၂၄ မတ်လ ၄ရက်(တနင်္လာနေ့) စတင်သင်ကြားပါမယ်။

***ကလေးများ ပိုမိုအကျိုးရှိတတ်မြောက်စေဖို့အတွက် ၂၀၂၄ ထပ်ဆောင်းသင်ရိုးအနေနဲ့ Grammar အပြင် Speaking (အင်္ဂလိပ်စကားပြော) ကိုယ်ပိုင်သင်ရိုးကိုပါ ဖြည့်စွက်လေ့ကျင့်သင်ကြားပေးပါမယ်ရှင်။

ထုံးစံအတိုင်း Section 2ခု စတင်ဖွင့်လှစ်ပေးပါမယ်။ တက်မှာသေချာရင် စောစောနာမည်စာရင်းပေးပါရှင်။(တနှစ်တကြိမ်ဘဲ ကျောင်းသား/သူ အသစ်အပ်တာလက်ခံတာဆိုတော့ လူပြည့်တာအရမ်းမြန်တာ မိဘတွေအသိမို့ပါရှင်)

***ကြိုသွင်းငွေ လုံးဝလက်မခံပါဘူးရှင်။ နာမည်စာရင်းဘဲကြိုပေးထားရမှာပါ။ ကလေးအသက် ၈နှစ်ပြည့်ပြီးမှသာ စတင်လက်ခံပါတယ်ရှင်။

Section A တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး
(မနက် ၈နာရီခွဲ မှ၁၀နာရိီအထိ)
Grade- 2,3,4,5

Section B တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး
(မနက် ၁၀နာရီမှ ၁၁နာရီခွဲအထိ)
Grade- 6,7,8,9,10,11,12

သင်တန်းကြေး -March,April, May နွေရာသီ၃လအပြတ်(၆သောင်းကျပ်)

ဖုန်းနံပါတ်- ၀၉ ၅၁၆၉၈၁၁
၀၉၉၇၅၁၆၉၈၁၁

သင်တန်းလိပ်စာ- OASISအင်္ဂလိပ်စာ
သင်တန်း

အထက၃နောက်ကျောဘက်
ရွှေညောင်ပင်လမ်းနှင့်နီလာ
လမ်းထောင့်ချိုး။

အေးမြကြည်လင်ရပ်ကွက်

(သင်တန်းတက်ရတာ အဆင်ပြေတယ်ဆိုတဲ့ သားသားမီးမီးတို့ရဲ့ ဖေဖေမေမေများကိုလည်း ခါတိုင်းလိုဘဲ တဆင့်စကား တဆင့်နားဖြင့် Oasisသင်တန်းအကြောင်း သတင်းပေး၊ Shareပေးကြပါဦးရှင်) ။ OASISသင်တန်းလေးက မိဘချင်းမိဘ ၊ ကလေးချင်းကလေး သတင်းလက်ဆင့်ကမ်းရင်း ပေါ်ပေါက်ဖြစ်တည်လာခဲ့တာပါ။😍😍😍

06/12/2023

Determiners+ Nouns လေးတွေ တွဲရေးကြည့်ကြပါမယ်။

ကျွန်တော့်စာအုပ်/ငါ့စာအုပ် my book
ခွေးတစ်ကောင် a dog
ဆင်တစ်ကောင် an elephant
ထိုလူကြီး/ဟိုလူကြီး That man
ထိုလူကြီးများ/ဟိုလူကြီးတွေ Those men
သင့်၏ခဲတံများ/ နင့်ခဲတံတွေ Your pencils
ကြောင် ၁၀ကောင် Ten cats

မှတ်သားစရာ-
တက္ကသိုလ်တစ်ခု a university
စင်္ကြာဝဠာတစ်ခု a universe
(အူနီဗာစတီ/အူနီဗာစ်လို့အသံမထွက်လို့ပါ)

ရိုးသားမှုတစ်ခု ( an honesty)
(ဩောနက်စတီလို့အသံထွက်လို့ပါ)

(a,e,i ,o,uနဲ့စရင် an သုံးရမယ်ဆိုတာအတိအကျမမှန်ပါဘူးနော်။ အ အသံထွက်မှ an သုံးရတာပါ)

စသည်ဖြင့် ကလေးတွေစိတ်ထဲပေါ်ရာလေးတွေရေးကြည့်လို့ရပါတယ်။ သတိပြုရမှာက မြန်မာလိုမှာ ဘယ်စာလုံးကဘဲရှေ့ရောက်နေနေ အင်္ဂလိပ်လိုစိီရင်တော့ Determinersကဘဲစရေးရပြီး Nounsကနောက်ကဘဲလိုက်ရပါတယ်။
Unit 3 ကျရင် Adjectives အကြောင်းကိုဆက်ပါမယ်။

30/11/2023

မနေ့က Determiners စာလုံးလေးတွေကို ပြောပြပြီးတဲ့အခါ ဒီနေ့မှာတော့ Nouns (နာမည်များ) အကြောင်းကို ဆက်ပြောပြပေးမှာပါ။

Unit 2. Nouns( နာမည်များ)

အလွယ်မှတ်ရရင် နာမည်တွေ (အခေါ်ဝေါ်တွေ)မှန်သမျှဟာ Nounsဖြစ်ပါတယ်။ ကလေးတွေ ပိုနားလည်အောင် ထပ်ပီးအလွယ်မှတ်ရရင်

၁။ လူနာမည်များအားလုံး ( Susan, John, Mg Mg, Uncle, teacher…..)

၂။ တိရိစ္ဆာန်နာမည်များအားလုံး( Zebra, Bird, Tiger , Cat….)

၃။အရာဝတ္တုပစ္စည်း ၊သက်မဲ့များအားလုံး( Book, Train, Air, Money, Water….)

** ဒိီနေရာမှာ နာမည်မှန်ရင် တစ်ဉ်ီးဆိုင်၊ အများဆိုင် ဘာဆိုင်ဆိုင် အကုန် Nounလို့ထည့်မှတ်လို့ရပါမယ်။ အခေါ်အဝေါ်နာမည်နာမ အားလုံးဟာ Nounဖြစ်ပါတယ်။

ကလေးတွေ အားရင် ကိုယ်သ်ိသမျှ Nounလေးတွေချရေးကြည့်ပီး ဘယ်Nounအမျိုးအစားထဲမှာ ပါလဲဆိုတာပါ စဉ်းစားပီးလေ့ကျင့်ကြည့်ကြပါဦးနော်။

အသက်အရွယ်အားဖြင့် (၈နှစ်ကျော် ၉ နှစ် ၁၀နှစ်)အရွယ်လေးများအတွက် English Grammar အခြေခံကစပြီး ကျက်မှတ်စရာလေးတွေ နဲ့ လေ့ကျင်...
29/11/2023

အသက်အရွယ်အားဖြင့် (၈နှစ်ကျော် ၉ နှစ် ၁၀နှစ်)အရွယ်လေးများအတွက်
English Grammar အခြေခံကစပြီး ကျက်မှတ်စရာလေးတွေ နဲ့ လေ့ကျင့်ခန်းလေးတွေ နည်းနည်းချင်းတင်ပေးပါမယ်။

Unit 1 (အခန်း၁)

Determiners (အညွှန်းစကားလုံးလေးများ)

** Nounsနာမည်များကိုမသင်ယူခင်မှာ သူတို့ကိုညွှန်းရမယ့် အညွှန်းစကားလုံးလေးများကိုသိဖို့လိုအပ်တာမို့ အောက်ပါ Determiners (အညွှန်းစကားလုံးများကို အရင်ဆုံး လေ့လာကျက်မှတ်ဖို့လိုပါတယ်။

A=တစ်ခုကိန်း (တစ်ကောင် တစ်ယောက် တစ်လုံး )
An=။ ။ ။ ( အ အသံထွက်သောစာလုံးများအတွက်) umbrella,apple,eye, orange,honesty,ice...
Her=သူမ၏
My=ကျွန်ုပ်၏
Our=ကျွန်ုပ်တို့၏
Their=သူတို့၏၊၄င်းတို့၏
Your=သင်၏၊သင်တို့၏
Its=ထိုဟာ၏၊၄င်း၏
That=ထို(အနည်း)
Those=ထို(အများ)
This=ဤ(အနည်း)
These=ဤ(အများ)
Some=အချို့
All=အားလုံး
Numbers(ကိန်းဂဏန်းများ)

တစ်နှစ်ကိုတစ်ကြိမ်ဘဲကြော်ငြာမဲ့ အလုပ်ပိုစ့်လေးတင်ပါရစေ။ 🗣️🗣️🗣️ပိုစ့်မတင်ဖြစ်ရင်  အပ်မဲ့မိဘတစ်ယောက်ချင်းစီကိုလိုက်ဖြေပေးန...
31/01/2023

တစ်နှစ်ကိုတစ်ကြိမ်ဘဲကြော်ငြာမဲ့ အလုပ်ပိုစ့်လေးတင်ပါရစေ။ 🗣️🗣️🗣️

ပိုစ့်မတင်ဖြစ်ရင် အပ်မဲ့မိဘတစ်ယောက်ချင်းစီကိုလိုက်ဖြေပေးနေရမှာမို့ အလုပ်ပိုစ့်တင်ခြင်းကိုနားလည်ပေးဖို့မျှော်လင့်ပါတယ်။ 🙏🙏🙏

OASIS သင်တန်းရဲ့ ၂၀၂၃ နွေရာသီ၃လပြတ် အခြေခံGrammar သင်တန်း တန်းခွဲအသစ်များ
Marchလ (၆ရက် ) တနင်္လာနေ့မှာ စတင်ပါမယ်။

🙏🙏အသက် ၈နှစ်ပြည့်ပီးမှ စလက်ခံပါတယ်ရှင်။

🗣️🗣️🗣️ March, April , May ၃လစာ
သင်တန်းကြေး ( ၅သောင်းကျပ်ပါ) ။

(အဆင်မပြေလှသောကာလမို့ တမင်က်ို သင်တန်းကြေးသက်သက်သာသာဆက်ယူပေးထားတာပါ။ 😍😍)

သင်တန်းရက်က တနင်္လာ၊အင်္ဂါ ၊ ဗုဒ္ဓဟူး တစ်ပတ်ကို၃ရက်ပါ။

သင်တန်းအချိန်က မနက် ၉နာရီကနေ ၁၀နာရီခွဲ အထိ( Section A)

မနက် ၁၀နာရီခွဲ ကနေ ၁၂အထိ (Section B )

(မနက်ပိုင်း၂ချိန်ဘဲဖွင့်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အကြမ်းဖျင်း အတန်းစုံ ကလေး ၁၅၀ လောက်လက်ခံပါမယ်)

သင်တန်းဖုန်းနံပတ်တွေက ၀၉၅၁၆၉၈၁၁/ ၀၉၉၇၅၁၆၉၈၁၁ ပါ။
ဖုန်းဆက်ပီးစာရင်းပေးလို့ရပါတယ်။

သင်တန်းလိပ်စာက အေးမြကြည်လင်ရပ်ကွက် အထက၃နောက်ကျောဘက် ။ ရွှေညောင်ပင်လမ်းနဲ့နီလာလမ်းထောင့်ပါ။ အိုအေစစ်ဆိုင်းဘုတ်ရှိပါတယ်။

🗣️🗣️🗣️ အမြဲပြောနေကြအတိုင်း တစ်ခုဘဲပြောပါရစေ။ တက်မှာသေချာရင် နာမည်စာရင်းစောစောပေး စောစောအပ်ပါ။ အိုအေစစ်ရဲ့ထုံးစံအတိုင်း သင်တန်းကြေးလုံးဝကြိုမယူပါဘူး။ နာမည်စာရင်းကြိုပေးထားပါ။ လူပြည့်မှ လာအပ်ရင် ကျွန်မလည်း ဘယ်လိုမှမတတ်နိုင်ဘဲ ငြင်းရတာအားနာလို့ပါ။

(တက်မဲ့သူတွေအတွက်လည်း နီးစပ်ရာမိဘအချင်းချင်းလက်တို့ပေးပီး ကူညီကြပါဦး။ 🙏🙏🙏

အသက်အရွယ်အားဖြင့် (၉)နှစ်၊(၁၀)နှစ်၊(၁၁)အရွယ်ကလေးတွေအတွက် အခြေခံ English GrammarZoom Classလေးတွေဖွင့်ပေးဖို့ ရှိပါတယ်အတန်...
02/07/2022

အသက်အရွယ်အားဖြင့်

(၉)နှစ်၊(၁၀)နှစ်၊(၁၁)အရွယ်ကလေးတွေ

အတွက် အခြေခံ English Grammar

Zoom Classလေးတွေဖွင့်ပေးဖို့ ရှိပါတယ်

အတန်းတစ်တန်းလျှင် အများဆုံး ကလေး

(၁၅)ယောက်သာ လက်ခံသင်ကြားပေးပါမည်။

A,An,The လို အခြေခံ အညွန်းစကားလုံးလေးများကနေတစ်ဆင့် Noun ,Adjectiveတို့နဲ့ တွဲဆက်အသုံးပြုပုံ၊စာကြောင်းတိုတည်ဆောက်ပုံ ၊စာကြောင်းရှည်တည်ဆောက်ပုံ၊ အခြေခံ ကျကျ တစ်ဆင့်ခြင်း စနစ်တကျသင်ပေးဖြစ်ပါတယ်။

မိဘများစိတ်ပါဝင်စားပါက 095169811
09975169811 သို့ အသေးစိတ်ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိူင်ပါတယ်

အတန်းတစ်တန်းချင်းဆီတိုင်းအတွက်
Messenger Group လေးတွေပါပြုလုပ်ထားပေးမှာဖြစ်ပီး စာသင်ရက်မရှိတဲ့အချိန်များတွေလည်း အချင်းချင်း မေးမြန်းပီး သင်ခန်းစာဖလှယ်နိူင်ဖို့ဖြစ်ပါတယ်။

အခြေခံက စသင်ကြားပေးရမှာမို့ သင်တန်းကာလ (၃)လသတ်မှတ်ထားပါတယ်
သင်တန်းကြေး တစ်လ (၁၀၀၀၀)သာပေးသွင်းရမှာဖြစ်ပီး အဆင်မပြေ သဘောမကျပါက သင်တန်းကြေး ပြန်လည် ပေးအပ်ပါမည်။

08/03/2020

အလုပ်ကိစ္စလေးဘက် တစ်ကျော့ပြန်လှည့်ပါရစေနော်။🗣🗣🗣

အခုလ ၁၆ရက်နေ့စဖွင့်ပေးမဲ့ ကလေးတွေရဲ့ နွေရာသီ၃လ Grammarသင်တန်း အတွက် ပထမအချိန် Section A ( မနက်၈နာရီခွဲမှ ၁၀နာရီခွဲအထိ ) တန်းခွဲအားလုံးလူပြည့်ပါပြီ။

ဒုတိယအချိန် Section B ( ၁၀နာရီခွဲ မှ ၁၂နာရီခွဲအထိ) တန်းခွဲတွေမှာ ၃၊၄၊၅တန်းအတွက် ခြောက်ယောက်စာ နဲ့ ၆၊၇၊၈တန်းအတွက် နှစ်ယောက်စာ ရနိုင်ပါသေးတယ်။

အခု နောက်ဆုံးတန်းခွဲအနေနဲ့ Section C ( ညနေခင်း ၃နာရီခွဲမှ ၅နာရီခွဲအထိ) နောက်ဆုံးတန်းခွဲဖွင့်ပေးပါမယ်။ ညနေပိုင်းသင်ချင်သူများစာရင်းပေးနိုင်ပါပြီ။

ဒီတန်းခွဲလူပြည့်ရင်တော့ ဒီ ၂၀၂၀ခုနှစ် Hall Classတွေအတွက် မည်သည့်ကျောင်းသားအသစ်မဆို လက်ခံမပေးနိုင်တော့ပါဘူးရှင်။ ယုံကြည်ပေးရတာနဲ့တန်အောင် ကျွန်မတို့ တတ်စွမ်းနိုင်သလောက်အလုပ်လုပ်နေကြပါတယ်။ ယုံကြည်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်။ 😇😇😇

10/02/2020

ကလေးများအတွက် Oasis အင်္ဂလိပ်စာသင်တန်းမှ ၂၀၂၀ နွေရာသီ Grammarတန်းခွဲသစ်များ မတ်လ (၁၆ရက်) တနင်္လာနေ့ စတင်ဖွင့်ပါမည်။ 🗣🗣🗣

(အခုလက်ရှိ Oasisမှာ တက်လက်စ ကလေးများအတွက်မဟုတ်ပါနော်။ သူတို့က အခုပုံမှန် စနေတနင်္ဂနွေအချိန်များပါဘဲ အပြောင်းအလဲမရှိပါဘူးနော်။ )😍😍😍😍

၁တန်း ၊၂တန်းတက် ကလေးများအားလုံးအတွက်

တနလာ် အင်္ဂါ ၊ ဗုဒ္ဓဟူး မနက် ၉နာရီမှ ၁၁နာရီထိ ။

ဆရာကြီး ဦးအေးလွင် (လယ်ပြ ငြိမ်း) မှ ဆူးကုန်းမြောက်ပိုင်း အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားပေးပါမည်။ 👍🏻👍🏻

ကျန်ရှိသော ၃တန်း၊ ၄တန်း၊၅တန်း ၊၆တန်း ၊၇တန်း၊ ၈တန်းတက်ကလေးများအားလုံးအတွက်

သင်ကြားမည့်ရက်နှင့် အချိန် ... ⏰⏰⏰

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (တစ်ပတ်၃ရက်)

မနက် ၈နာရီခွဲမှ ၁၀နာရီခွဲ (Section A )

မနက် ၁၀နာရီခွဲမှ ၁၂နာရီခွဲ(SectionB)

ကိုယ်ပိုင်ကျောင်းအသီးသီးမှ ကလေးများအားလုံး စနေ နှင့် တနင်္ဂနွေ (နေ့လည် ၁၂နာရီမှ ၂နာရီထိ )

ဦးစီးသင်ကြားပေးမည့်ဆရာများ...

ဆရာ ဦးလှိုင်ဝင်းအောင် B.A (Eng )
ဆရာမ ဒေါ်ကြည်စုစုဦး M.A (Eng)

လက်ထောက်အကူဆရာမများ ...

ဒေါ်ရွှေရည်ဝင်း (မူလတန်းပြ)
ဒေါ်အေးစန္ဒာထွန်း B.Sc (Bot: )

သင်တန်းကြေး ။ နွေရာသီ နွေ၃လပြတ်။ တစ်ယောက်လျှင် ၃သောင်းခွဲကျပ်။ (ဘာအတွက်မှ ထပ်ပေးသွင်းရန်မလိုပါ)

Ps.⏰⏰⏰ကလေးများကျောင်းပိတ်ချိန် မတ်လ ဒုတိယအပတ်မှ စတင်ဖွင့်လှစ်ရသဖြင့် နွေ၃လ အချိန်ပြည့်ဖြစ်ရန် ယခင်နှစ်များထက် သင်တန်းချိန် တစ်ရက်လျှင် နာရီဝက် တိုးမြှင့်ပေးထားပါသည်။

🗣🗣🗣ယခုနှစ်၂၀၂၀ တွက်လည်း ယခင်နှစ်များအတိုင်း အတန်းစုံကလေး စုစုပေါင်း ၂၀၀ဦး လက်ခံသင်ကြားပေးပါမည်။

(လူပြည့်မြန်ပါသဖြင့် စောစောအပ်နှံပေးကြပါရှင် )

ဆက်သွယ်ရန် သင်တန်းနေရာ...

Oasis အင်္ဂလိပ်စာသင်တန်း
အေးမြကြည်လင်ရပ်ကွက် အထက ၃ နောက်ကျောဘက် (ကြက်သွန်ပွဲရုံလမ်း)
နီလာလမ်းနှင့် ရွှေညောင်ပင်လမ်းထောင့်

Ph...၀၉ ၅၁၆၉၈၁၁ | ၀၉ ၉၇ ၅၁၆၉၈၁၁

(သင်တန်းသို့သော်လည်းကောင်း ဖုန်းဖြင့်လည်းကောင်း စာရင်းသွင်းအပ်နှံနိုင်ပါပြီ)

Address

Back Of B. E. H. S(3), Corner Of Nilar And Shwenyaungpin
Kyaukse

Telephone

095169811

Website

Alerts

Be the first to know and let us send you an email when OASIS English Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to OASIS English Training Centre:

Shortcuts

Share

Category