16/08/2026
🏕️🇲🇲 MITTA မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၏ ပထမဆုံး (၁/၂၀၂၆)ကင်းထောက်ငယ်သင်တန်း စတင်ဖွင့်လှစ်ခြင်း 💙
(၁၀.၈.၂၀၂၆)မှ (၁၂.၈.၂၀၂၆)အထိ ၃ ရက်တာ ဖွင့်လှစ်သင်ကြားခဲ့သည့် Cub Scout Training (၁/၂၀၂၆) ကို မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နှင့် MITTA မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ MITTA ကျောင်းတွင် ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်ခဲ့ပါသည်။🏕️🤝🏫
ဖွင့်ပွဲအခမ်းအနားသို့ MITTA မေတ္တာကိုယ်ပိုင်
အထက်တန်းကျောင်းမှ ကင်းထောက်ငယ် Grade 3,Grade -4 , Grade -5 နှင့် MITTA International School မှ ကင်းထောက်ငယ် Primary - 3 , Primary - 4 နှင့် Primary - 5 တို့မှ ကျောင်းသား/သူ (၃၀၆)ဦးနှင့် ကင်းထောက်သင်တန်းသား ဆရာ/ဆရာမ (၃၀) ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ဆရာကြီး၊ ဆရာမကြီးများနှင့် Trainer များ၊ MITTA ကျောင်းမှ အုပ်ချုပ်ရေးတာဝန်ရှိသူများ စုံလင်စွာ တက်ရောက်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပါသည်။ 🇲🇲✨
ဒီနေ့ဟာ MITTA မိသားစုအတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခု ဖြစ်သလို မိဘများအတွက်လည်း မိမိတို့၏သားသမီးများကို စာသင်ခန်းအတွင်း ပညာရပ်များသာမက စည်းကမ်း၊ တာဝန်ယူမှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်မှုနှင့် လူမှုအကျိုးပြုစိတ်ဓာတ် များကို လက်တွေ့သင်ယူခွင့်ရရှိစေမည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။ 💙🌱
🏕️ MITTA မေတ္တာကျောင်းတော်ကြီးမှာ ကင်းထောက်ငယ်လေးများ၏ အိပ်မက်၊ စည်းလုံးညီညွတ်မှုနှင့် အနာဂတ်ခေါင်းဆောင်မှုခရီးစဉ်ကို ဂုဏ်ယူစွာ စတင်မှတ်တမ်းတင်လိုက်ပါတယ်။ 💙🇲🇲
🏕️✨ MITTA Family — Growing Together, Leading Tomorrow. 🏕️✨
#ကင်းထောက်ငယ်သင်တန်း #ပထမဆုံးအကြိမ် #မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် #ကျောက်ဆည်