ထိပ်တန်းကမ္ဘာ ကိုရီးယားဘာသာစကားသင်တန်း

ထိပ်တန်းကမ္ဘာ ကိုရီးယားဘာသာစကားသင်တန်း

Share

ကိုရီးယားသွားချင်တဲ့ ညီငယ် ၊ ညီမငယ်များကို
အကောင်းဆုံးကူညီ သင်ကြားပေးနေပါတယ်

Operating as usual

Photos from POEA - EPS's post 25/09/2023
22/06/2023

ဆရာ : ကဲ စာမေးပွဲအတွက် Listening Skills Test လေး လုပ်ကြည့်ကြရအောင် 💁

29/05/2023

🇰🇷 ကိုရီးယားဘာသာစကားကို‌သေသေချာချာ လေ့လာချင်ပေမယ့် တက်စရာသင်တန်းတွေက များလွန်းလို့ ရွေးချယ်ရခက်နေပြီလား ❓

💁 Korea သွားပြီး အလုပ်လုပ်မလား ?

💁 ကိုယ့်နိုင်ငံမှာပဲ Korea ရုပ်ရှင်တွေ၊သီချင်းVideoတွေ ဘာသာပြန်တဲ့အလုပ်ပဲလုပ်မလား ?

💁 ဝါသနာအရပဲ လေ့လာထားချင်တဲ့သူလား ?

ဒါဆိုရင်တော့ Korea ဘာသာစကားကိုအခြေခံကစပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးမဲ့ သင်တန်းတခုခုကိုတက်ဖို့ လိုပါမယ် 🤗

အခုဆိုရင် အပြင်မှာရော Online မှာပါ အလွယ်တကူတက်လို့ရတဲ့သင်တန်းပေါင်းစုံကို တွေ့ရပါလိမ့်မယ် 💡

🏵️ online က‌နေပဲသင်မယ်ဆိုရင်ရော အမှန်တကယ်စာလုပ်ဖြစ်ပြီး သေချာသင်ပေးနိုင်ပါ့မလား ?

🏵️ ဒါနဲ့ အပြင်မှာတက်မယ်ဆိုပြန်တော့လဲ ဘယ်တစ်ခုက ပိုကောင်းမလဲ ?

🏵️ သင်ပေးမယ့်ဆရာကရောဘယ်လိုလဲ ?

🏵️ ဘာတွေဘယ်လိုသင်ပေးမှာလဲ?

ဟိုမေးဒီမေးနဲ့ အချိန်တွေကုန်ပြီး လမ်းတွေပျောက်တယ်ဟုတ် ?

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

💻 Online ကနေသင်တာက အတိုင်းအတာတစ်ခုထိတော့ တတ်မြောက်နိုင်ပေမယ့် အပြင်မှာ သင်တာလောက်တော့ မထိရောက်နိုင်ပါဘူး !

🏢 အပြင်မှာဆိုရင်လဲ လက်ရှိ မြို့နယ်တိုင်းလိုလိုမှာ သင်တန်းပေါင်းများစွာ ဖွင့်လာနေကြပါပြီ !

အဲ့ဒီမှာ အရေးကြီးတာက သင်ကြားမှုပုံစံ ဖြစ်ပါတယ်-

❌ ပုံမှန်စာသင်သလိုပဲ စာအုပ်ထဲကစာတွေ နှုတ်တိုက်ရွတ် စာအုပ်ထဲပြန်ကူး စာအုပ်ထဲစာပါရင်ပြီးရော ဆိုပြီးသင်တဲ့ သင်တန်းမျိုး

❌ သင်တန်းသားဦးရေအများကြီးကို တခါထဲရောသင်တဲ့သင်တန်းမျိုး

❌ ကိုယ်နားမလည်တာမရှင်းတာတွေ ပြန်မေးဖို့ကြတော့လဲ လူအများကြီးနဲ့ဆိုတော့ မေးဖို့ကအဆင်မပြေတာမျိုး

❌ အာရုံစိုက်လို့မရနိုင်တော့တာမျိုး
နောက်ဆုံး စာတစ်ခုပဲ စာအုပ်ကြီးအတိုင်း သင်တာမျိုး စတဲ့ သင်တန်းမျိုးတွေကို မရွေးချယ်မိဖို့လဲလိုပါတယ်

သင်တန်းအရွေးမှားရင် -

💰 သင်တန်းကြေးဆုံးပါတယ်

🕖 ကိုယ့်ရဲ့ အချိန်တွေအလကားကုန်သွားပါတယ်

🤦 သင်တန်းသာပြီးသွားတယ် ဘာမှသေချာ မတတ်လိုက်ပဲ ဖြစ်သွားတတ်ပါတယ်

🤷 နောက်သင်တန်းတစ်ခု ထပ်တက်ဖို့ကြပြန်တော့လဲ ကိုယ်ကသင်ထားပြီးသားဆိုတော့ ရသလိုလို မရသလိုလိုနဲ့ သင်ရတာ ပိုခက်ပါတယ်

ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ အတွက်

📌 ကိုရီးယားမှာ ၁၀နှစ်နီးပါး သွားပြီးအလုပ်လုပ်ခဲ့တဲ့ ဆရာ ကိုရီးယားအကြောင်း၊ ကိုရီးယားစာအကြောင်း နဲ့ ကိုရီးယားနိုင်ငံအကြောင်းကို ကျေကျေညက်ညက် သိတဲ့ဆရာ ကိုယ်တိုင်သင်ကြားပေးမယ်။

📌 သင်တန်းသားတွေအတွက် အခြေခံကစပြီး Native တစ်ယောက်လို ပိုင်ပိုင်နိုင်နိုင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့ကြုံတွေကို ဝေမျှရင်း စိတ်ဝင်စားစရာကောင်းအောင်သင်ကြားပေးမယ် ဆိုရင်ရော ?

ဒါ့အပြင်

ထိရောက်စွာသင်ကြားနိုင်ရန်အတွက် သင်တန်းသားဦးရေကို ကန့်သတ်ထားတာမို့လို့

💯 လူတွေအများကြီးနဲ့ရောမသင်ချင်တဲ့သူတွေ

💯 စာကိုအမှန်တကယ် လေးလေးနက်နက် ကြိုးစားသင်ယူလိုသူတွေ

💯 သဘောကောင်းစိတ်ရှည်တဲ့ ဆရာကိုယ်တိုင်အနီးကပ်သင်ပေးတဲ့အတွက် နားမလည်တာ မရှင်းတာတွေကို အချိန်မရွေးမေးချင်တဲ့သူတွေ အတွက်ကတော့

🏮အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ပါတယ်🏮

💁 ဘယ်နှစ်လပြတ်ဆိုတာမျိုး မဟုတ်ပဲ ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံက တရားဝင်ကျင်းပတဲ့ EPS Topic စာမေးပွဲကိုဖြေပြီးတဲ့အထိ သင်ပေးမှာဆိုတော့ စာတွေ နားမလည်မှာ မလိုက်နိုင်မှာလဲ ပူစရာမလိုပဲ အေးအေးဆေးဆေး သင်ယူခွင့်ရမယ်

ဟုတ်ပါပြီ အဲ့လောက် စေတနာအပြည့်နဲ့ ဝန်ဆောင်မှုတွေပေးနေပုံထောက်ရင်တော့ မင်းပြောတဲ့သင်တန်းက ဈေးကြီးမှာသေချာပါတယ် 😒

No ပါ အခုလိုအားလုံးခက်ခဲနေကြတဲ့အချိန်မှာ ကိုယ့်ဘဝကိုတိုးတက်ဖို့ ကြိုးစားချင်‌တဲ့ လူငယ်တွေအတွက် သင်တန်းကြေး‌လေးကို အပြီးအစီးမှ

[350,000 ကျပ်]သာ သတ်မှတ်ထားပါတယ် 💁

(တခါထဲမသွင်းချင်သေးဘူးဆိုရင်လဲ နှစ်ဖြတ်ခွဲသွင်းလို့ရအောင် စီစဉ်ပေးထားပါသေးတယ်)

📌 အ‌ဝေးကနေ လာတက်ချင်တဲ့သင်တန်းသားတွေအတွက်လဲ ရေမီးအစုံရတဲ့ နေစရာအဆောင်ရှိတယ်ဗျာ အဆောင်ကြေးလေးကလဲ တစ်လကို(၄၀၀၀၀)ကျပ်ပါ။

ကဲဘာလို‌သေးလဲ ?

သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်

Ph n.o - 09256283488 ကိုဆက်သွယ်လို့ရသလို

Page Messager ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းလိပ်စာ - ကျောက်ဆည်မြို့၊ ဈေးတန်းရပ်ကွက်၊ တောင်ခြေလမ်း။

(သင်တန်းသားဦးရေ ကန့်သတ်ထားတာမို့လို့ တက်ချင်တဲ့သူတွေ အမြန်ဆုံး စရင်းသွင်းထားမှ စိတ်ချရပါမယ်နော်)

26/05/2023

ဘာလို့ ကိုရီးယားမှာ နံပတ် 4 ကိုမသုံးတာလဲ ❓

တချို့သောအနောက်နိုင်ငံတွေနဲ့ မြောက်အမေရိကမှာ နံပါတ် 13 ကို Unlucky Number အဖြစ်သတ်မှတ်ကြသလိုမျိုး ကိုရီးယားနိုင်ငံမှာလဲ ကံဆိုးစေတယ်လို့ ယနေ့အထိယူဆထားကြတဲ့ Unlucky Number တစ်ခုရှိပါတယ် ....

အဲ့တာကတော့ " နံပတ် 4 " ပါ

ကိုရီးယားလို နံပတ် “4” က "သေခြင်း" (사) ဟန်ဂျာနဲ့တူတဲ့အတွက်ကြောင့် ကံမကောင်းတဲ့နံပတ် (Unlucky Number)လို့ ယနေ့အချိန်အထိ ယူဆထားကြပါတယ်။

- တချို့အဆောက်အဦးတွေမှာ ၄ထပ်မြောက် အထပ်(4th floor) ကိုလုံးဝ အလွတ်ချန်ထား‌တာမျိုး

- ကားပါကင်နေရာ၊ ဆေးရုံ‌ ၊ အသုဘခန်းမတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦး တွေမှာလဲ အခန်းနံပါတ် 4 ကိုကျော်သွားတာမျိုးအပြင်

-ဓာတ်လှေကားထဲက နံပတ်မှာတောင် 4 အစား (Four) F ကို သုံးကြပါတယ်။

ကိုယ့်မှာရော ကံမကောင်းစေတဲ့ နံပတ်ရှိလား?
ရှိရင် Comment မှာမန့်သွားလို့ရပါတယ်နော် 🤗


#ထိပ်တန်းကမ္ဘာကိုရီးယားဘာသာစကားသင်တန်း

14/05/2023

💁ပညာအရည်အချင်းမလိုပဲ 🇰🇷ကိုရီးယားနိုင်ငံမှာ လစာ 35သိန်း ဝန်းကျင်နဲ့ အလုပ်လုပ်နိုင်မဲ့ အခွင့်အရေး❗

💠 ကိုးရီယားက‌နေခေါ်တဲ့ လုပ်ငန်း(၃)မျိုးကတော့
🔸ကုန်ထုတ်လုပ်ငန်း
🔸ဆောက်လုပ်ရေးလုပ်ငန်း
🔸 စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း စတာတွေရှိပြီး
ကိုယ်ကြိုက်နှစ်သက်ရာ အဆင်ပြေရာ(၁)ခုကို ရွေးချယ်နိုင်ပါတယ်။

💠 ဘာတွေလိုမလဲ❓
🔸ယောက်ျားလေးဖြစ်ရပါမယ်။
🔸အသက် 18နှစ်မှ 39နှစ်အတွင်းဖြစ်ရှိရပါမည် ။
🔸ရာဇဝတ်မှု ကျူးလွန်ဖူးခြင်းမရှိသူဖြစ်ရမည်။
🔻အောက်ဖော်ပြပါ ဆေးစစ်ချက်အောင်ရပါမယ်။ဆေးကျရင်တော့ သွားလို့မရပါဘူး။
🔹Colour Blindမရှိသူဖြစ်ရပါမယ်
🔹မျက်မှန်တပ်သူ‌တွေ၊ တက်တူးရှိတဲ့သူ‌တွေလဲ သွားလို့ရပါတယ်။
🔹ပညာအရည်အချင်း ကန့်သတ်ထားခြင်းမရှိပါဘူး။
🔹EPS Topik စာမေးပွဲကိုအောင်မြင်‌စွာ ဖြေနိုင်ရပါမယ်။

💠 EPS ဆိုတာဘာလဲ ❓
🔸 EPS (Employment Permit System) ဆိုတာ 🇰🇷ကိုရီးယားမှာ အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသားတွေ အတွက် ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှု့ အဖွဲ့အစည်းက စီစဉ်ကျင်းပပေးတဲ့ စာမေးပွဲဖြစ်ပါတယ် ။

🔸 မြန်မာအစိုးရ🇲🇲 အလုပ်သမားဝန်ကြီးဌာနနဲ့ ကိုရီးယားအစိုးရ🇰🇷 အလုပ်သမားဝန်ကြီးဌာနတို့က အချင်းချင်းသဘောတူညီမှုနဲ့ နိုင်ငံခြားကလုပ်သား ခေါ်ယူခြင်းဖြစ်ပါတယ်။

💠 Agency တွေနဲ့ချိတ်ပြီးသွားရမှာလား❓
🔸 မဟုတ်ပါဘူး အစိုးရကကျင်းပတဲ့ စာမေးပွဲကိုအောင်မှသာ ကိုရီးယားကိုသွားနိုင်မှာပါ။ ဘယ် Agency နှင့်မှ ချိတ်ပြီးသွားလို့မရပါဘူး။

💠 စာမေးပွဲအောင်ရင်တန်းသွားလို့ရပြီးလား❓
🔸 စာမေးပွဲအောင်ပြီးချက်ချင်းတော့သွားလို့မရသေးပါဘူး နောက်ပြီး စာမေးပွဲအောင်ပြီးတဲ့ကျောင်းသာတွေက ကိုရီးယားကိုသွားရတဲ့ အချိန်မတူနိုင်ပါဘူး ၊
🔸 အလုပ်လျှောက်လွှာ သက်တမ်းက ၂နှစ်ဖြစ်ပြီးတော့ အဲ့ဒီ ၂နှစ်အတွင်းမှာ ခေါ်တာဖြစ်ပါတယ်။ 3လ4လအတွင်းသွားရတဲ့သူ ရှိသလို၊ 1နှစ်ကျော်‌လောက်မှသွားရတဲ့သူလည်း ရှိနိုင်ပါတယ်။မသွားရသူများလည်း ရှိနိုင်ပါတယ်။ကိုယ့်ကံနဲ့လည်းဆိုင်ပါတယ်။
🔸 ပထမအဆင့်စာမေးပွဲ အောင်ပြီးရင် ဒုတိယအဆင့် လက်တွေ့ ကျွမ်းကျင်မှု Skill Test စာမေးပွဲမဖြေ မနေရဖြေရပါမယ်၊ 2 ခုလုံးပေါင်းပြီး အောင်မြင်မှ ကိုရီးယားသွားဖို့ အလုပ်လျှောက်လွှာတင်ခွင့်ရရှိပါမယ်။

💠 စာမေး‌ပွဲအောင်ဖို့ဘာတွေလိုမလဲ❓
🔸ပုံမှန်စာလုပ်ဖို့လိုပါမယ်။
🔸စနစ်တကျသေချာသင်ကြားပေးမယ့်သင်တန်းတစ်ခုခုတက်ဖို့လိုပါမယ်။
🔸 နီးစပ်ရာအဆင်ပြေရာ သင်တန်းကို စုံစမ်းတက်နိုင်သလို -

⚜️ ကိုရီးယားမှာ ၁၀ နှစ်လုပ်သက် အတွေ့ကြုံရှိတဲ့ဆရာကိုယ်တိုင်ဦးစီးပြီး သေချာသင်ကြားပေးနေတဲ့ ထိပ်တန်းကမ္ဘာ ကိုရီးယားဘာသာစကားသင်တန်းမှာလဲ စုံစမ်းပြီးတက်ရောက်နိုင်ပါတယ်။

🔸သင်တန်းကြေး - ၃၅၀၀၀၀(၃သိန်း၅သောင်းကျပ်)
❗200000 (2သိန်း)တစ်ခါ 150000(1သိန်းခွဲ)တခါ သွင်းလို့လဲရပါတယ်။
🔸သင်တန်းချိန် - Mon to Fri▪️ 09:00AM -11:00AM
🔸စနေ၊တနင်္ဂ‌နွေ -အတန်းခွဲလဲ ရှိပါတယ် (အချိန်ညှိနှိုင်းနိုင်ပါတယ်)
🔸အဝေးမှကျောင်းသားများအတွက်လဲ နေစရာ အဆောင်စီစဉ်ပေးပါတယ်။ (အဆောင်ကြေးကတော့ ၄၀၀၀၀ ကျပ်ပါ)
🔸သင်တန်းကြာချိန် - ‌စာမေးပွဲ ဖြေတဲ့အချိန်ထိ အပြတ်ပါ အဲ့ဒါကြောင့် စာတွေစောစောပိုင်နေချင်ရင် အမြန်ဆုံးလာရောက်‌အပ်နှံဖို့အတွက် အကြံပေးချင်ပါတယ်။
⚠️သင်တန်းသားဦးရေကန့်သတ်ထားပါတယ်⚠️
🔸သင်တန်းလိပ်စာ - ကျောက်ဆည်မြို့နယ်၊ ဈေးတန်းရပ်ကွက်။
☎️ ဆက်သွယ်ရန် - Page Messagerမှ ဖြစ်စေ 09256283488 သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

💠 လိုအပ်တဲ့စာမေးပွဲ‌တွေအကုန်အာင်ပြီး သွားရတော့မယ်ဆိုရင်‌ ကုန်ကျစရိတ်ကဘယ်လောက်ရှိမလဲ❓
🔸Visa ကြေး၊ လေယဉ်လက်မှတ်ကြေး၊ ဝတ်စုံကြေးနဲ့နောက်ဆုံးလေယာဉ်ဒိတ်ကျပြီဆိုရင် မြန်မာ့အစိုးရ စီးပွားရေးဘဏ်မှာ
ကျပ် ၁၅ သိန်း စပေါ်ငွေ ပေးရပါမယ် ဒါပေမယ့် -
🔸ကိုးရီးယားက‌နေ ပြစ်မှုကျူးလွန်ခြင်းမရှိပဲ ပြန်လာရင် အဲ့ဒီ ကျပ် ၁၅သိန်းစပေါ်ကို ပြန်ထုတ်လို့ရပါတယ်
လေယာဥ်ကြေး၊ ဗီဇာကြေး နှင့် အပေါင်ကြေး 15 သိန်းအပါအဝင် ကိုရီးယားအရောက်စုစုပေါင်း (အပြီးအစီး) သိန်း40 ခန့်ကုန်ကျနိုင်ပါမယ်။ ဒေါ်လာပေါက်စျေးအပေါ်ကွာဟနိုင်ပါတယ်။

💠 ဘယ်လောက်ကြာကြာ အလုပ်လုပ်လို့ရမလဲ❓
🔸ကိုးရီးယားမှာအလုပ်လုပ်နိုင်သော ကာလ E9 Visaနဲ့ပထမစာချုပ်အရ = 3 နှစ်သက်တမ်းပါပါမယ် (နောက်ထပ်သက်တမ်းတိုးချင်တယ်ဆိုရင်) သက်တမ်းတိုးနိုင်တဲ့ကာလကတော့ 1 နှစ်နဲ့ 10 လပါ။ စုစုပေါင်း ၄နှစ် ၁၀လထိနေလို့ရပါမယ်။

💁 ဒါကတော့ ကိုရီးယားသွားပြီးအလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် လိုအပ်တာတွေကို အကြမ်းဖျင်းရှင်းပြပေးတာပါ။

❗အသေးစိတ်သိလိုတာရှိရင်လဲစုံ‌စမ်းမေးမြန်းနိုင်ပါတယ်❗

⚜️ ထိပ်တန်းကမ္ဘာ 🇰🇷ကိုရီးယားဘာသာစကားသင်တန်းကျောင်း
⚜️ ကျောက်ဆည်မြို့နယ်၊ ဈေးတန်းရပ်ကွက်။
☎️ 09256283488

11/05/2023

🇰🇷ကိုရီးယားနိုင်ငံသွားမယ်
✅အလုပ်တွေလုပ်ပီးငွေရှာမယ်ဆိုရင်
အရေးကြီးဆုံးကကျန်းမာရေးကိုအထူးဂရုစိုက်ကြပါနော် 💗
⬛Bပိုး၊Cပိုးမရှိအောင်
⬛အဆုတ်မှာအစက်လေးတွေမရှိအောင်
⬛နှလုံးရောဂါ၊အားနည်းတာတွေမဖြစ်အောင်
ဂရုစိုက်နေထိုင်ကြပါနော် 😘

11/05/2023

ပညာအရည်အချင်းမလိုအပ်ပဲအသက်18နှစ်မှ38နှစ်အတွင်းရှိတဲ့ယောကျာ်းလေးတိုင်းကိုရီးယား🇰🇷နိုင်ငံသို့သွားရောက်ပီးလစာကောင်းကောင်းဖြင့်အလုပ်လုပ်ကိုင်နိုင်သည့်အခွင့်အရေးဖြစ်တဲ့EPS Topikတန်းခွဲဖွင့်ထားပါတယ်ရှင့်
🔶EPSစနစ်(Employment Permit System)ဆိုတာကိုရီးယားနိုင်ငံမှာအလုပ်လုပ်လိုသူများအတွက်ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှု့အဖွဲ့အစည်းမှစီစဥ်ကျင်းပပေးသောစာမေးပွဲ ဖြစ်ပါတယ်

Photos from ထိပ်တန်းကမ္ဘာ ကိုရီးယားဘာသာစကားသင်တန်း's post 09/05/2023

🚖 "အံ့ဖွယ်အငှားယာဉ်မောင်း" 🚖

တောင်ကိုရီးယားမှာ မစ္စတာလီ လို့ခေါ်တဲ့ အငှားယာဉ်မောင်းတစ်ဦးရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေးတစ်ခုဟာ ဆိုရှယ်မီဒီယာ‌တွေပေါ်မှာ ‌ရေပန်းစားခဲ့ပါတယ်။

ဆောင်းရာသီညနေခင်းတစ်ခုမှာ မစ္စတာလီဟာ အလျင်စလိုနဲ့ စိုးရိမ်နေပုံရတဲ့ စုံတွဲတစ်တွဲကိုတင်‌ဆောင်ခဲ့လာပါတယ်။ ခရီးသည်အမျိုးသမီးက ကိုယ်ဝန်‌ဆောင်သည်ဖြစ်ပြီး ဗိုက်နာတဲ့ဝေဒနာကို ခံရင်း ဆေးရုံကို အမြန်ရောက်ဖို့ လိုအပ်နေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ကံမကောင်းစွာပဲ၊ နှင်းမုန်တိုင်းတစ်ခုက မြို့ကိုဖုံးလွှမ်းသွားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး လမ်းတွေပိတ်သွားခဲ့ပါတယ်။ အဲ့လိုအခြေအနေမှာ မစ္စတာလီက အတားအဆီးများကို ဂရုတစိုက်ရှောင်ရှားပီး ဆေးရုံသို့အမြန်ဆုံးရောက်အောင် တခြားဖြတ်လမ်းများကနေ မောင်းလိုက်ပါတယ်။

ကားဆရာ လမ်းကြောင်းလွဲမောင်းပြီထင်ပြီး‌တော့ ခင်ပွန်းသည်က အချိန်မီမ‌ရောက်တော့မှာကို စိုးရိမ်သထက် ပိုစိုးရိမ်လာပါ‌တော့တယ်။ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ဖို့အတွက် မစ္စတာလီဟာ ပေါ့ပေါ့ပါးပါးစကားတွေ၊ ရီစရာဟာသတွေ‌ပြောပေးရင်းနဲ့ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကနေ သူတို့ကို အာရုံလွှဲဖို့ သီချင်းတွေတောင် ဖွင့်ပေးခဲ့ပါ‌သေးတယ်။

နောက်ဆုံးမှာတော့ ဆေးရုံကို အချိန်မှီရောက်လာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးလဲအချိန်မှီ မီးဖွားနိုင်ခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦးဟာ မစ္စတာလီရဲ့ထူးခြားတဲ့ကားမောင်းကျွမ်းကျင်မှု၊ ကိုယ်ချင်းစာစိတ်နှင့် ကြင်နာမှုအတွက် ကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။

အကယ်၍သူသာ ယာဉ်ကြောတွေကပိတ်နေတာ နှင်းမုန်တိုင်းတွေကကြမ်းနေတာဆိုပီး ဆင်ခြေတွေပေးကာနေသာသလိုနေခဲ့မယ်ဆိုရင် ခရီးသည်မိခင်နဲ့ ဗိုက်ထဲက ကလေးရဲ့ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်သွားနိုင်ပါတယ်။ မစ္စတာလီရဲ့ လုပ်ဆောင်ချက်ဟာ သူတို့ဘဝရဲ့ အချိုးအကွေ့တခုလို ဖြစ်စေခဲ့တာကြောင့် သူ့ရဲ့ ကြိုးစားအားထုတ်မှုအတွက် အလွန်ကျေးဇူးတင်ခဲ့ကြပါတယ်။

မစ္စတာလီရဲ့ သူရဲကောင်းဆန်သော လုပ်ရပ်ကြောင့် သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများရဲ့ နှလုံးသားကို ထိခက်သွားခဲ့ပါတယ်။
အထူးသဖြင့် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ တခြားသူတွေကို ကူညီပေးဖို့၊ သူ့ရဲ့ ကိုယ်ကျိုးမဖက်မှုနဲ့ ဇွဲရှိမှုတို့ကို လူအများကချီးကျူးခဲ့ကြပါတယ်။

မစ္စတာလီနဲ့ သူကူညီခဲ့တဲ့ ဇနီးမောင်နှံရဲ့ ကြည်နူးဖွယ်ဖြစ်ရပ်လေးဟာ ကိုရီးယားလူမျိုးများရဲ့ လွယ်လွယ်အရှုံးမပေးတတ်တဲ့စိတ်နဲ့ အရေးဒုက္ခကြုံလာရင် ဖေးမကူညီလိုတဲ့စိတ်ကို ဖော်ပြပေးထားတာဖြစ်ပါတယ်။

🖤သေးငယ်တဲ့ ကူညီမှုလေးတွေကနေလဲ ကြီးမားတဲ့အပြောင်းလဲကိုဖြစ်စေနိုင်ပါတယ်🖤

Photo Crd : A Taxi Driver Movie

08/05/2023

🚨ကုန်ထုတ်နှင့်စိုက်ပျိုးရေးလုပ်သား လျှောက်ထားသူများအတွက်🚨

HRD-Korea မှ ဗီဇာလျှောက်ထားရန်ပေးပို့လာသည့် Regular (ကုန်ထုတ်နှင့်စိုက်ပျိုးရေး) လုပ်သား အမည်စာရင်းတွင် ပါရှိသူများ သိရှိနိုင်ပါရန် ❗

🛑HRD-Korea မှ ဗီဇာလျှောက်ထားရန်ပေးပို့လာသောလုပ်သားများအနက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများသည် အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်၍ ဒဂုံမြို့သစ်မြောက်ပိုင်း(ပင်လုံခန်းမ)သို့ ၁၇-၅-၂၀၂၃ ရက်နေ့ နံနက် (၉:၀၀) အရောက် ရုံးချိန်အတွင်း စောလျင်စွာလာရောက်ကြပါရန်နှင့် အောက်ပါတို့ကို တစ်ပါတည်း ယူဆောင် လာကြပါရန်။

🔵 နောက်ခံအဖြူနှင့် ခြောက်လအတွင်းရိုက်ထားသည့် ဓာတ်ပုံ(၁၀)ပုံ(ခ) ကိုဗစ်ဆေးထိုးနှံပြီးစီးကြောင်းလက်မှတ်

🔵 နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သန်းခေါင်စာရင်း

🔵 ကိုရီးယားသံရုံးတွင် ဗီဇာလျှောက်ထားနိုင်ရန်အတွက် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ (မှတ်ချက်တွင် ဗီဇာလျှောက်ထားရန်ဟုသာဖော်ပြရန်)

🛑သတ်မှတ်ဆေးခန်းတွင် ကျန်းမာရေးစစ်ဆေး၍ဆေးအောင်မြင်မှသာ ဗီဇာလျှောက်ထားရ မည်ဖြစ်ပါသဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊

🛑ကာကွယ်ဆေးထိုးနှံပြီးသူများသာ ကိုရီးယားသမ္မတနိုင်ငံမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါ သဖြင့်နှစ်ကြိမ်ထိုးနှံပြီးသူများသာ POEA ရုံးသို့လာရောက်သတင်းပို့ပါရန်

❗(ပုဆိုးနှင့်ရှပ်အင်္ကျီအဖြူ ဝတ်ဆင်လာပါရန်)❗

Crd
- EPS
https://www.facebook.com/POEAEPS?mibextid=ZbWKwL

07/05/2023

ကိုရီးယားဘာသာစကားကို 👩‍💼Native တစ်ယောက်ကဲ့သို့ ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ဆရာနဲ့မှသင်ချင်ပါသလား⁉️

ကိုရီးယားမှာ လုပ်သက် ၁၀ နှစ်ခန့် Experience ရှိတဲ့ 🧑‍🏫ကိုရီးယားပြန်ဆရာဦးထက်အောင်ကျော် ကိုယ်တိုင်ဖွင့်လှစ်သင်ကြားပေးမယ့် Offline Class လေးကို ဖွင့်လှစ်လိုက်ပါပြီနော်🤗

ဒီသင်တန်းလေးမှာ 🇰🇷ကိုရီးယားဘာသာစကားကို အခြေခံကစပြီး သင်ကြားပေးသွားမှာမို့ အခြေခံမရှိတဲ့သူရော၊ ရှိပြီးသားသူရော Join နိုင်တဲ့ Class လေးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

📌 ဒါ့အပြင် ဒီသင်တန်းမှာ ဘာတွေသင်ကြားပေးမှာလဲ❔

🔹အခြေခံ (Basic)
🔹သဒ္ဒါ (Grammar)
🔹Part 1
🔹Part 2 စတဲ့ Basic Level ကနေ Advanced level အထိ Native တစ်ယောက်ကဲ့သို့ဆရာကျကျပြောလာနိုင်သည်အထိ သင်ကြားပေးမှာပါ။

🔹ဆရာဦးထက်အောင်ကျော်ရဲ့ ၁၀နှစ်တာအတွေ့အကြုံ၊ ယဉ်ကျေးမှု၊ ကင်ချီမြေရဲ့လူနေမှုစရိုက်၊ ကုန်ကျစရိတ်၊ Visa များစသဖြင့် ကိုရီးယားမသွားခင် လိုအပ်တဲ့ Tips လေးတွေပါ စာသင်ရင်း Sharing လုပ်ပေးသွားမှာပါ။

🔹၁၀လပိုင်းနဲ့ ၁၁လပိုင်းမှာ ကျင်းပပြုလုပ်မယ့် Korea Language Exam မှာအဆင်သင့်ဖြစ်နေအောင် တစ်ခါတည်း ပြင်ဆင်ပေးပြီး လေ့ကျင့်သင်ကြားပေးသွားမှာပါ။

💢စာမေးပွဲကလည်း လပိုင်းလောက်ကျန်တော့တာမို့ အချိန်ရှိခိုက်လုံ့လစိုက်နိုင်ဖို့ဆို စောစောလေးတက်ဖို့ အကြံပေးချင်ပါတယ်နော်🤗

📌 ဘယ်လိုပုံစံသင်ကြားပေးမှာလဲ Class Format❔

🔹တစ်ပတ်၅ရက်မှာ 4skills လုံးကိုတစ်လှည့်စီလေ့ကျင့်သင်ကြားပေးမှာပါ။
🔹ကျောင်းသားအများစုအားနည်းတတ်တဲ့ Vocab နဲ့ Grammar ပိုင်းကို ဆရာရဲ့အထူးမှတ်စုများနဲ့ သင်ကြားပေးသွားမှာပါ။
🔹Group activities, Conversation Club, Fun activities လေးတွေလည်း ပါဝင်မှာပါ။
🔹Test တွေကိုလည်း သင်ခန်းစာပြီးတိုင်းမှာ Revision သဘောမျိုး စစ်ဆေးပေးသွားမှာပါ။
🔹Old question တွေကိုလည်း စာမေးပွဲနီးတာနဲ့ သေချာလေ့ကျင့်ပေးသွားမှာပါ။

📌 𝗖𝗹𝗮𝘀𝘀 𝗗𝗲𝘁𝗮𝗶𝗹𝘀 ကတော့ ~
𝗟𝗲𝗰𝘁𝘂𝗿𝗲𝗿 𝗡𝗮𝗺𝗲 - U Htet Aung Kyaw
𝗦𝘁𝗮𝗿𝘁𝗶𝗻𝗴 𝗗𝗮𝘁𝗲 -
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 - Mon to Fri // 9:00 AM - 11:00 AM
𝗖𝗹𝗮𝘀𝘀 𝗙𝗲𝗲 - 350000 ( ၃သိန်း ၅သောင်း) (အပြတ်)
❗️[200000 တစ်ခါ၊ 150000 တစ်ခါ၊ နှစ်ခါဖြတ်သွင်းလို့လည်းရပါတယ်]
𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 - စျေးတန်းရပ်ကွက်၊ ကျောက်ဆည်မြို့။

🛑 Saturday - Sunday တန်းခွဲရှိပါမည်။ (အချိန်ညှိနှိုင်း)

✅ ဒါ့အပြင် "ထိပ်တန်း ကမ္ဘာ" ရဲ့သင်တန်းသားတိုင်း အထူးခံစားခွင့်ရမှာလေးကတော့ 🫣ကိုရီးယားမှာအလုပ်သွားလုပ်မယ့်သူတွေအတွက်လည်း တစ်ခါတည်းအလုပ်ရှာပေးဦးမှာနော်။

📍နယ်ဝေးကျောင်းသားများ နေဖို့ အဆောင်စီစဉ်ပေးပါတယ်၊ ၄၀၀၀၀ အတိပဲ ကျသင့်ပါမယ်ရှင့်။

အသေးစိတ်သိရှိလိုသည်များကို
📲Page Messenger (သို့)
☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲 : 09256283488/ 09755391015/ 09453585880 မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Kyaukse?

Click here to claim your Sponsored Listing.

Videos (show all)

ဆရာ : ကဲ စာမေးပွဲအတွက် Listening Skills Test လေး လုပ်ကြည့်ကြရအောင် 💁#vdcrd

Location

Category

Telephone

Website

Address


ဈေးတန်းရပ်ကွက်ရုံးလမ်း
Kyaukse
05151
Other Language schools in Kyaukse (show all)
SOE Korean Language Academy SOE Korean Language Academy
ကျောက်ဆည်-တံတားဦးလမ်း၊ မြဘုရင်ဖုန်းဆိုင်အနီး၊ ရဲစုရပ်၊ ကျောက်ဆည်မြို့။
Kyaukse, 05151

Let's Learn Korean Language.

Woori  Education ကိုးရီးယားဘာသာစကားသင်တန်း Woori Education ကိုးရီးယားဘာသာစကားသင်တန်း
ဆေးရုံပတ်လမ်း၊ အမှတ် ၁၅ ကျောင်းလမ်း၊, ပန်းခရေလမ်းကြား၊ ကြက်မင်းတွန်ရပ်ကွက်
Kyaukse, 05151

Yee Phyoe Win  李新亮 Yee Phyoe Win 李新亮
ကျောက်ဆည်
Kyaukse, မဂၤလာပါနွေး‌ေထွးစွာကြိုဆိုပါတယ်

大家好

Better English 4U Better English 4U
Kyaukse
Kyaukse

The best place to learn with affordable fee