UM Business Center - Kyaukse

UM Business Center - Kyaukse

Share

သင့်ရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတ?

Operating as usual

23/03/2020

💢အလေအလွင့်မရှိရေး💢
*တချို့စီးပွားရေးလုပ်ငန်းတွေဟာ ၀င်ငွေရရှိ‌ရေးကိုချည်း အာရုံစိုက်ပြီးအလောတကြီး လုပ်ကိုင်ကြတဲ့အတွက် လုပ်ငန်းဖြစ်စဉ်တွေရဲ့ အရေးပါပုံကို မမြင်ကြဘူး။
*အလေအလွင့်တွေ ဖြစ်နေခြင်းရဲ့ ဆိုးကျိူးကိုလည်းမမြင်ကြတော့ဘူး။
*တနည်းအားဖြင့် နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ထောင့်စေ့အောင် စနစ်တကျလုပ်ကိုင်နိုင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဟာ ကျွမ်းကျင်ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေထက် သိသိသာသာ အားသာချက်တွေရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

👇 👇 👇
*အယူအဆ*

*ထိပ်တန်းဂျပန်ကုမ္ပဏီတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်လို Muda လို့ခေါ်တဲ့(အလေအလွင့်မရှိရေး) ကို ဦးတည်ပြီး ကုန်ကျစရိတ်သက်သာအောင် အားထုတ်ခဲ့ကြတယ်။
*အနောက်တိုင်း ကုမ္ပဏီတွေဟာ 1970 ပြည့်လွန်ကစပြီး အနှစ်20 လောက်အတွင်း အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့တဲ့ အဲ့ဒီ Muda ခေါ် အလေအလွင့်ပပျောက်ရေးစနစ်တွေ အတိုင်းအရေးယူဆောင်ရွက်ခဲ့ကြတယ်။
* အချိန်မီ လုပ်ကိုင်ဆောင်ရွက်ရမယ်။ အလေအလွင့်မရှိစေရဆိုတဲ့ အယူအဆတွေကြောင့် စီးပွားရေးလုပ်ငန်းလောကမှာ 'လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း'၊'လုပ်ငန်းအဆင့်ဆင့်ကို ကောက်ကြောင်းလိုက်ခြင်း' နဲ့ 'လုပ်ပုံကိုင်ပုံ ပြန်လည်ပြုပြင်ခြင်း'ဆို‌တဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ဒီဝေါဟာရတွေကို အင်္ဂလိပ်လို အစဉ်လိုက်ဖော်ပြရင်

✨Process Analysis ၊ Process Mapping နဲ့ Reengineering✨

တို့ဖြစ်ပါတယ် ။ 'လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း' ဆိုတာ လုပ်ငန်းစဉ်တစ်လျှောက် ဘာတွေဖြစ်လာလို့ အဆုံးမှာ ဘာတွေဖြစ်သွားတယ်ဆိုတာ သိဖို့လိုတတ်ပါတယ်။
* Harley-Davidson ဟာ 1970 ပြည့်လွန် ဆယ်နှစ်တာကာလအတွင်းက အခက်အခဲတွေ ကြုံတွေ့ရပြီးကြုံတွေ့ရပြီးနောက်ပိုင်း Chis ပြည်နယ်ရှိ Honda မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံကို သွားလေ့လာတယ်။
* Honda ရဲ့ စက်ရုံနဲ့ Harely-Davidson ရဲ့ မန်နေဂျာတွေဟာ JIT စနစ်ကို ကျင့်သုံးဖို့လိုပြီဆိုတာသိလာကြတယ်။
*JIT (Just In Time ) ကုန်ထုတ်လုပ်ရေးဆိုတော့ ၀ယ်သူရှိမှ ထုတ်လုပ်တဲ့ စနစ်ဖြစ်တယ်။ တစ်နည်းအားဖြင့် MAN ( M-Materials As Need ) လို့လည်းခေါ်တယ်။ ဒါလည်း လိုသလောက်ပဲ ပစ္စည်းထုတ်လုပ်တာပါပဲ။
* ထုတ်လုပ်ရေးနဲ့ အကျုံး၀င်တဲ့ လုပ်ငန်းတွေကို တစ်စုတစ်ဝေးတည်း ထားလိုက်တယ်။ဒါကြောင့် တစ်နေရာမှတစ်နေရာ ထုပ်ပိုးရွှေ့ပြောင်းသယ်ယူသွားရတဲ့အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အစောကြီးကြိုပြီး များများစားစား ထုတ်လုပ်မထားဘူး။
*ဒီတော့ ကုန်ထုတ်လုပ်ရေးအတွက် နေရာတွေပိုရလာပါတယ်။လယ်ယာနဲ့စိုက်ပျိုးရေးဆိုင်ရာ စက်ယန္တားကြီးတွေကို ထုတ်လုပ်တဲ့ Caterpillar ကုမ္ပဏီဟာလည်း အလားတူလုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်။
*ဒီကုမ္ပဏီဟာ သူ့ရဲ့ပြိုင်ဘက် ဂျပန်ကုမ္ပဏီ Komatsu နဲ့ ကုန်ထုတ်လုပ်မှုစရိတ်ချင်း နှိုင်းယှဉ်လိုက်ရင် သိသိသာသာကြီးပိုများနေတာ သိသွားတယ်။ ဂျပန်ကုမ္ပဏီလုပ်တဲ့အတိုင်း ကုန်ထုတ်လုပ်ငန်းစဉ်ထဲမှာ အကျုံး၀င်တဲ့ လုပ်ငန်းပိုင်းတွေကို တစ်ခုနဲ့တစ်ခု၊ တစ်နေရာနဲ့တစ်နေရာ နီးနီးကပ်ကပ်ထားပြီး စက်ရုံရဲ့အခင်းအကျင်းကို ပြန်လည်ဖွဲ့စည်းလုပ်ကိုင်လိုက်တဲ့အခါHandling Expenses လို့ခေါ်တဲ့ကိုင်တွယ်စရိတ်(ပစ္စည်းတွေကို ထုတ်ပိုးသယ်ယူရွှေ့ပြောင်းပေးရတဲ့အတွက် ကုန်ကျစရိတ်)တွေ သက်သာသွားနိုင်တယ်။

*ထုတ်ထုပ်ရမယ့်ပစ္စည်းအရေအတွက် ကိုလည်း ထိန်းညှိပေးသွားနိုင်ရုံသာမက ပစ္စည်းတစ်ခုချင်းရဲ့ အစက အဆုံး ထုတ်လုပ်ကြတဲ့ အချိန်ဟာလည်း ၈၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်။

👇 👇 👇
*လက်တွေဆောင်ရွက်ရန်*

ကိုယ်ရဲ့ကုန်ထုတ်လုပ်မှုဖြစ်စဉ်ဟာ ထိရောက်မှုရှိရဲ့လား၊အလေအလွင့်တွေ!အလဟဿဖြစ်နေတာတွေရှိမလားဆိုတာစိစစ်ကြည့်ပါ။

*ဒီအလုပ်တွေလုပ်နေတဲ့သူတွေကိုဘယ်လိုပိုကောင်းအောင်ထိရောက်အောင်လုပ်မလဲဆိုတာ အကြံဥာဏ်တောင်းပါဝန်ဆောင်မှုပဲလုပ်လုပ်! ကုန်ပစ္စည်းထုတ်လုပ်ရေးပဲလုပ်လုပ် ဒီလိုပဲ အကြံဉာဏ်တောင်းသင့်တယ်။
*လုပ်ငန်းတွေထိရောက်မှုမရှိဘူးဆိုရင် အဲဒီအဖြစ်မျိုးနည်းသွားအောင် ဘယ်လိုလုပ်မလဲ စရိတ်ကျဉ်းကျဉ်းနဲ့ ထိရောက်တဲ့နည်းကိုဘယ်လိုရှာမလဲ ဆိုတာနဲပတ်သက်ပြီး ရှင်းလည်းရှင်း၊လက်တွေ့လည်းလုပ်နိုင်တဲ့ အစီအစဉ်တစ်ရပ် ကြံဆဆောင်ရွက်ပါ။

*ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုအောင်မြင်မလဲ။အဲဒီအောင်မြင်မှုကိုဘယ်လိုတိုင်းတာမလဲ!(တစ်နည်း ဘာကြောင့် အောင်မြင်တယ်လို့ပြောနိုင်တာလဲ)ဆိုတာနဲ့ဘယ်တော့ အဲဒီလို အကဲဖြတ် ဆုံးဖြတ်ဖြစ်မလဲဆိုတာ သိသင့်တယ်။

*လုပ်နည်းလုပ်ငန်အသစ်ကို စလုပ်ပြီဆိုရင် သတိထားပါ။အ‌ပြောင်းအလဲဆိုတာတွေဟာ မျှော်မှန်းမထားခဲ့တဲ့ ဆိုးကျိုးတွေရှိတက်တယ်။ ဒါမျိုးတွေကို သတိမူပြီး ဘယ်လိုအတိုးအလျှော့တွေ လုပ်ရမလဲဆိုတာ သတိပြုပါ။

~~~~~~~~~~~~~~~~~~
Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

21/03/2020

🔥သတင်းအချက်အလက်တွေကိုအသုံးတည့်အောင်ဆောင်ရွက်ခြင်း🔥

🖥️သတင်းအချက်အလက်နည်းပညာနဲ့ပတ်သတ်တဲ့ဆော့(ဖ်)ဝဲတွေ၊ကွန်ပျူတာစက်တွေမှာ
💵 နှစ်စဥ်ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကိုကြည့်ရင်ဒီကနေ့သတင်းအချက်အလက်ဆိုင်ရာနည်းပညာတွေဟာ စီးပွါးရေးလုပ်ငန်းတွေပိုမိုအောင်မြင်ဖို့ အထောက်အကူပြုနေတယ်ဆိုတာ မန်နေဂျာတွေအတိအကျသိနေကြပါပြီ။

💭အယူအဆ💭
"ပါမောက္ခ Donald Marchand "ရဲ့သုတေသနတစ်ရပ်အရ လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ဟာ ရထားတဲ့သတင်းအချက်အလက်တွေကို အကျိုးရှိအောင်သုံးစွဲနိုင်ဖို့နဲ့ပတ်သတ်ပြီး အချက်သုံးချက်ရှိတယ်။ ဒီအချက်သုံးချက်ကိုခြုံပြီးInformation Capabilition လို့ခေါ်ထားတယ်။
🌞Information Behaviors and Values
သတင်းအချက်အလက်နဲ့ပတ်သတ်ပြီး ကြိုတင်ဆောင်ရွက်တာ၊ ထိန်းချုပ်တာ၊ထင်သာမြင်သာပြုတာ၊မျှဝေတာတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့အချက်တွေ ပါ၀င်ပါတယ်။ သတင်းအချက်အလက်တွေရရှိရေးမှာ အဟန့်အတားဖြစ်နေတာတွေကိုဖယ်ရှားပေးပြီး ရထားတဲ့သတင်းအချက်အလက်တွေကိုသုံးတတ်အောင် အားပေးတာတွေလည်းပါ၀င်တယ်။

🌞 Information Management Practices
သတင်းအနံ့ခံတာ၊စုဆောင်းတာ၊စုစည်းတာ၊စိစစ်တာနဲ့ထိန်းသိမ်းတာတွေပါ၀င်ပါတယ်။ မန်နေဂျာတွေက သတင်းအချက်အလက်တွေကို စီမံရာမှာ တာ၀န်ယူရတယ်။အဖွဲ့အစည်းအတွက်မှန်ကန်တဲ့သတင်းအချက်အလက်ရဖို့ အာရုံစိုက်ရတယ်။သတင်းတွေ ဖောင်းပွမနေဖို့လည်းအရေးကြီးတယ်။
🌞 Information Technology Practices
သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပစ္စည်းတွေကို သုံးစွဲပြီး ဆုံးဖြတ်ချက်ချနိုင်တာတွေရှိတယ်။
ကုမ္ပဏီအတော်များများဟာ သတင်းအချက်ဆိုင်ရာ နည်းပညာနဲ့ပက်သတ်တဲ့စီမံချက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတယ်။ဥပမာအားဖြင့် BBVA လို့အတိုကောက်ခေါ်တဲ့ ဘဏ်ဟာ ဘဏ်ခွဲတွေ ထားပြီး ဆောင်ရွက်တဲ့ စပိန်နိုင်ငံက ဘဏ်လုပ်ငန်းဖြစ်တယ်။သူ့ရဲ့ဘဏ်ခွဲတွေရှိလူတေကို မှန်ကန်တဲ့သတင်းအချက်အလက်တွေပေးပြီး ဆောင်ရွက်တဲ့ အတွက် ရက်တစ်ထောင်အတွင်း အအောင်မြင်ဆုံးဘဏ်တွေထဲမှာ အပါအ၀င်ဖြစ်လာခဲ့ပါတယ်။
🍁Skandia Bavker 🍁 ဆိုတဲ့ ဘဏ်ဟာ ဘဏ်ခွဲမထားဘဲ အင်တာနက်တို့၊ တယ်လီဖုန်းတို့နဲ့သာ ဆက်သွယ်ဆောင်ရွက်တာဖြစ်ပေမယ့် ဖောက်သည်တွေအတွက်ရော ၀န်ထမ်းတွေအတွက်ပါ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူပေးနိုင်လို့ ဖြစ်တယ်။ ဒါ့ပြင် ပွင့်လင်းမြင်သာမှုကိုလည်း အထူးအလေးပေးတယ်ဆိုတဲ့ အကြောင်းတွေကြောင့်ဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန်
သတင်းအချက်အလက်ကို စီမံခန့်ခွဲအသုံးချတယ်ဆိုတာ
လူတွေ အဲ့ဒီ့သတင်းအချက်အလက်တွေဘယ်လိုအသုံးပြုတယ်၊ လူတွေကို ဘယ်လိုမျှဝေပေးတယ်၊ တီထွင်ကြံဆနိုင်အောင် ဒီသတင်းအချက်အလက်တွေကို သုံးစွဲချင်စိတ်ဘယ်လောက်ပေါ်လာသလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်တယ်ဆိုတာ သိထားပါ။
လုပ်ငန်းအောင်မြင်ရေးအတွက် နည်းပညာဟာ မရှိမဖစ် လိုအပ်တာမှန်ပေမယ့် သူ့ချည်းပဲကတော့ စီးပွားရေးဆိုင်ရာကိစ္စအားလုံးကို ဆောင်ရွက်မပေးနိုင်ဘူးဆိုတာသဘောပေါက်ပါ။
ဒီကဏ္ဍပါအကြောင်းအရာတွေကို ပိုမိုပြည့်စုံစွာသိချင်ရင်
🔥Donlad Marchand 🔥 ‌ ရေးတဲ့
💢 Marking the Invisible Visible💢
ဆိုတဲ့စာအုပ်ကိုဖတ်ပါ။

🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

17/03/2020

❣️ဖောက်သည်နဲ့ပက်သတ်တဲ့
သတင်းအချက်အလက်တေကို အသုံးချခြင်း❣️

💬အဆက်အစပ်ရှိရှိ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက် တွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံး၀င်ပါတယ်။ ကုန်ကျစရိတ်သက်သာဖို့ အသုံးချနိုင်တယ်။ ဖောက်သည်တစ်ဦးချင်းရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင် အရန်သင့် စီစဉ်ထားနိုင်တယ်။ဒါတွေကို အင်တာနက်ကနေတဆင့် ဆောင်ရွက်ပေး နိုင်တယ်။

"အယူအဆ"
လက်လီဖြန့်ချိရောင်းချတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံက" Amazan .com" ဟာ စာအုပ်ရောင်းတဲ့အလုပ်ကို သမာရိုးကျမဟုတ်ဘဲ တစ်နည်းတစ်ဖုံ ဆောင်ရွက်လုပ်ကိုင်တယ်။ ဒီကုမ္ပဏီဟာ ဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီး ရရှိတဲ့ သတင်းအချက်အလက်တွေကို အောက်ပါအတိုင်း အကျိုးရှိအောင်သုံးစွဲတယ်။
☀️ ဆုံးရှုံးနစ်နာမှုနည်းနိုင်သမျှ နည်းရေးအတွက်
ဖောက်သည်တွေသာ ဘယ်အခါမျိုးမှာ ဘယ်လို၀ယ်ယူကြတယ်ဆိုတာဘသိရအောင် သန်းပေါင်းများစွာသော ဖောက်သည်တွေထံမှ သတင်းအချက်အလက်တွေကို စုဆောင်းစစ်ဆေးမှုတွေလုပ်တယ်။ ဒါကြောင့် ရမ်းသန်းပြီးလုပ်တာနဲ့စာရင် လုပ်ငန်းအတွက် ဆုံးရှူံး နစ်နာမှုနည်းသွားတယ်။
☀️ ကုန်ကျစရိတ်သက်သာရေးအတွက်
ဆိုင်ပေါ်တင်ရောင်းတဲ့ ပစ္စည်း‌အရေအတွက်နဲ့ ပစ္စည်းတင်သွင်းသူ အရေအတွက်တွေကို လိုအပ်သလို သတင်းနည်းပညာကိုအသုံးပြုပြီး အတိုးအလျှော့လုပ်ပေးတယ်။

☀️ ပစ္စည်းတန်ဖိုးတတ်လာရေးနဲ့ ဖောက်သည်တွေကို ကူညီရေးအတွက်
မိမိလက်လီဖြန့်ဖြူးရောင်းချတဲ့ ပစ္စည်းတွေ (စာအုပ်တွေ)ကို အကျဉ်းဝေဖန်သုံးသပ်ပြပေးတယ်။ဒါတွေကို အင်တာနက်ကတစ်ဆင့် အခမဲ့ကူးယူခွင့် ပေးထားတယ်။မိမိရဲ့အင်တာနက် ပထမဦးဆုံး ၀က်ဘ်ဆိုက်စာမျက်နှာမှာ ယခင်၀ယ်ယူထား၊ ဖတ်ရှုထားပြီး သူများရဲ့အကြိုက်တွေကို အခြေခံပြီး ဖတ်လို့ကောင်းမယ့် စာရင်းတွေကိုလည်း ပြုစုတင်ပြပေးထားတယ်။

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

Crd #
စီးပွားရေ၊(၁၀၀)
ညွန့်သောင်း

13/03/2020

🏆၀န်ထမ်းတွေ ဂုဏ်ယူနိုင်ကြပါစေ🏆

👩‍🚒ကုမ္ပဏီ၀န်ထမ်းတွေဟာ ကိုယ့်ကုမ္ပဏီကို အကောင်းမြင်ပြီး
ဂုဏ်လည်းယူတတ်ရင် ဒီကုမ္ပဏီဟာ ပိုမို စည်းလုံးပြီး ပိုမိုလုပ်ငန်းကျွမ်းကျင်လာမှာဖြစ်ပါတယ်။

👩‍💼လုပ်ငန်းရှင်လည်းနာမည်ကောင်း ခိုင်မာ လာမှာဖြစ်ပါတယ်။
☀️၀န်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား၊ လုပ်သားစွမ်းအား၊
လုပ်ထားတဲ့ အလုပ်ရဲ့ အရည်အသွေးနဲ့ လုပ်ငန်းခွင်
စိတ်ကျေနပ်မှု တွေလည်းတိုးလာမှာ ဖြစ်တယ်။☀️

🐝အယူအဆ🐝
🛑၀န်ထမ်းတွေဟာ ကိုယ့် ဆီ မှာလုပ်ရတာပျော်ရဲ့လား၊
ကိုယ့်လုပ်ငန်းမှာလာလုပ်ကြသူတွေ လုပ်ငန်းကို ဂုဏ်ယူ
တယ်ဆိုတာ အကြောင်းအမျိုးမျိုး ရှိတယ်။

ကိုယ့်ကုမ္ပဏီရဲ့ 🌺ရည်ရွယ်ချက်၊ 🌺အောင်မြင်မှု၊
🌺အချင်းအချင်းတရားသဖြင့် ပြုမူဆက်ဆံမှု၊
🌺ခေါင်းဆောင်ပိုင်းရဲ့ အရည်အသွေး၊
🌺ထုတ်လုပ်တဲ့ ပစ္စည်းတွေရဲ့အရည်အသွေး၊
🌺ဒီပစ္စည်းတွေကို လူတွေကြိုက်မကြိုက် စတဲ့
အကြောင်းတွေဖြစ်တယ်။

👉 ဒါနဲ့ပတ်သက်ပြီး
💢Taylor Nelson Sofres (TNS) 💢
ကိုနမူနာအဖြစ် ပြနိုင်တယ်။

🏢ဒီကုမ္ပဏီ ဟာ စျေးကွက် သတင်းအချက်အလက်ဆိုင်ရာ
ကုမ္ပဏီဖြစ်ပြီး ကမ္ဘာအနှံ့ အချိန်ပြည့်၀န်ထမ်းပေါင်း
၁၄,၀၀၀ ကျော်ရှိတယ်။

🛑သူ့လုပ်ငန်း မှာစျေးကသတင်းအချက်အလက်တွေကို
🎲စုဆောင်းခြင်း၊ 🎲ဆန်းစစ်ခြင်း၊ 🎲အဓိပ္ပါယ် ကောက်ခြင်း၊

စတာတွေကို ဆောင်ရွက်ပြီးထုတ် ဝေဖြန့်ချိတာဖြစ်တယ်။
🎲လူမှူရေး နဲ့ နိုင်ငံရေး ဆိုင်ရာ သဘောထားစစ်တမ်း
တွေကိုလည်း ကောက်ယူ့တယ်။🎲

🎇ဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေ ကို နိုင်ငံပေါင်း ၇၀ မှာ
ဖြန့်ကြက်ထားပြီး အများအားဖြင့် တခြားကုမ္ပဏီ
တွေကို ၀ယ်ယူလုပ်ကိုင်တာ ဖြစ်တယ်။

ဒါကြောင့် အဲ့ဒီ့ ကုမ္ပဏီတွေက ပါလာတဲ့၀န်ထမ်တွေဟာ
ဒေသခံ မူလကုမဏီ ကိုပဲ ပိုပြီး သံယောဇဉ်ရှိကြတယ်။

TNS ကုမဏီ အုပ်စုကြီးအနေနဲ့ ကတော့ သူတို့နဲ့ဝေးနေသလို “နိုင်ငံခြားကပါ” ဆိုတဲ့ အသိကရှိနေတယ်။

📰ဒါပေမယ့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက
အရှေ့တောင်အာရှမှာ ဆူနာမီဘေးသင့်သွားတဲ့
TNS အမှုဆောင်အရာရှိတစ်ဦးအတွက် အပါအ၀င်
ဒုက္ခသည်တွေအတွက် UNICEF ကတဆင့်
ကယ်ဆယ်ရေးအလှူငွေဒေါ်လာ ၂၅၀,၀၀၀ ကို
ပေးအပ်လိုက်ပါတယ်။ 📌း

အခုလို ပရဟိတစေတနာ လုပ်ရပ်ကြောင့် ၀န်ထမ်းတွေ
စည်းလုံးညီညွတ်လာကြတယ်။ကုမ္ပဏီမှာ အလုပ်လုပ်ရတာ
ဂုဏ်ယူတတ်လာတယ်။
👆 👆 👆 👆
အထက်ပါ TNS နမူနာမှာတင်ပြထားတဲ့အတိုင်း
ရိုးရိုးစင်းစင်းလေးနဲ့ ကောင်းတာတွေကို လုပ်ရင်
၀န်ထမ်းတွေဟာ အလုပ်လုပ်ရတာ ပျော်ပြီးဂုဏ်လည်း
ယူတတ်လာကာ အလုပ်ကြိုးစားချင်စိတ်တွေလည်းတိုးပွား
လာနိုင်ပါတယ်။

💯လက်တွေ့ဆောင်ရွက်ရင်💯

-ကုမ္ပဏီအနေနဲ့ လူမှုရေးအရကူညီသင့်တာတွေ ကူညီပေးပါ။
ငွေလှူဒါန်းတာကူညီဖို့အတွက် ငွေကောက်ခံပေးတာဒါမှမဟုတ်ပိုပြီးဂရုဏာသဘော၀င်တဲ့လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်ပေးတာတွေဖြစ်တယ်။

-၀န်ထမ်းတွေကိုအများအကျိုးအတွက် အခမဲ့ ဆောင်ရွက်လုပ်ကိုင်ပေးတာ စတဲ့ အလုပ်တွေမှာ ပါ၀င်လာနိုင်အောင် အခွင့်အလမ်းတွေဖန်တီးပေးပါ။

-အနုတ်လက္ခဏာဆောင်တဲ့ လုပ်ငန်းလုပ်ကိုင်ပုံကိုရှောင်ပါ။ လူတွေကအမြင်ဆောင်းနေတဲ့ ကုမ္ပဏီတွေ၊ ၀န်ထမ်းတွေ သိပ်လုပ်ချင်ကြမှာမဟုတ်ပါဘူး။

-၀န်ထမ်းကိုလည်း သူတို့ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ အလုပ်တွေကြောင့် အများပြည်သူတွေ အကျိုးရှိသွားကြတယ်ဆိုတာ ပြောပြပေးပါ။

-------------------------------------

Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

12/03/2020

💡ဖြစ်နိုင်ချေ နှင့် မဖြစ်နိုင်ခြေကို ကြိုတင်စဉ်းစားထားခြင်း💡

☝️ဖြစ်နိုင်ချေ/မဖြစ်နိုင်ခြေတွေအတွက် ကြိုတင်စီစဉ်ထားခြင်း

ဟာ စီးပွားရေးလုပ်ငန်းဆောင်ရွက်‌တဲ့ အဖွဲ့အစည်းတွေအတွက်

✨ ပွဲမ၀င်မီ အပြင်မှာကျင်းပခြင်း✨

မျိုးဖြစ်တဲ့အတွက် တကယ်ကြုံရတဲ့အခါ ကိုယ့်ဘက်ကပိုပြီး အသင့်

အနေအထား မှာ ရှိ‌နေပါတယ်။ဒီလိုလုပ်ထားခြင်းဟာ အနာဂတ်မှာ

ဖြစ်လာနိုင်တဲ့ အလားအလာတွေကို နားလည်ထားဖို့သာ ဖြစ်တယ်။

🌞အယူအဆ🌞

1960 ပြည့်လွန် ဆယ်နှစ်တာမျှကာလအတွင်း

☀️ Royal Dutch Shell☀️

ရဲ့အုပ်စုစီမံကိန်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင်

✳️Pierre Wack✳️ ဟာ ကုမ္ပဏီရဲ့အမှုဆောင်အဆင့် ၀န်ထမ်းတွေ

ကို အနာဂတ်အတွက် ကြိုတင်ခန့်မှန်းချက်တွေပေးဖို့ပြောတယ်။

🔶ဒါကြောင့်ဒီ၀န်ထမ်းတွေဟာ ပြောင်းလဲမှုကိုမြင်အောင်ကြည့်တယ်။

🔶နားလည်တတ်လာပြီး လက်ရှိအခြေအနေကိုလည်းဦးတည်အောင်

နိုင်ငံရေးအတွက် ကောင်းကောင်းတွေးမြင်လာတတ်ပါတယ်။

💢အနာဂတ်မှာ ရေနံထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ထုတ်လုပ်ရေး

စက်မှုနည်းပညာပိုင်းအပြင် အခြားမရေရာမသေချာတဲ့အချက်တွေ

ရှိလာနိုင်သလားဆိုတာ သိချင်လာတယ်။

💢 ရေနံထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ အစိုးရတွေဟာ ရေနံကိုတစ်နှစ်

ထက်တစ်နှစ် တိုးထုတ်သွားမှာလားဆိုတာ သူကအသေအချာသိချင်နေတယ်။

🔥အစိုးရမူဝါဒပြောင်းလာနိုင်ခြေတွေကို‌ ဆန်းစစ်ကြည့်တဲ့အခါ

အစိုးရတွေဟာ ✳️Shell ✳️လုပ်သလိုလိုက်လုပ်ဖို့ အလားအလာမရှိ

ဘူး ဆိုတာတွေ့ရတယ်🔥

👉ရေနံထုတ်လုပ်တဲ့ နိုင်ငံအများစုဟာ ၀င်ငွေတိုးမရလည်း အကြောင်းမဟုတ်ဘူး။

👉 သူတို့ကလုပ်ချင်သလိုလုပ်နိုင်တဲ့ အနေအထားမှာရှိတဲ့အတွက် ရေနံကို လျှော့ထုတ်တယ်။

👉ဈေးတွေကို မြှင့်လိုက်ပြီး မရောင်းရလို့ကျန်လည်း ဆက်ထိန်းထားရုံပါဘဲ။

🗓️1973 ခုနှစ် အာရပ် အစ္စရေးစစ်ပွဲဖြစ်တော့ ရေနံကို

အကန့်အသတ်နဲ့ပဲ ထုတ်ယူနိုင်ကြတော့တယ်။ဈေးလည်းငါးဆတတ်

သွားတယ်။ Wack ရဲ့ ကြိုတင်တွက်ဆထားမှုကြောင့်ဖြစ်တယ်။

❗Shell ဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး သက်သာသွားတဲ့အပြင် ကမ္ဘာ

တစ်လွှားရေနံထုတ်လုပ်ရေးလုပ်ငန်းတွေထဲက အမြတ်ရနိုင်ခြေရှိတဲ့

စာရင်ဇယားမှာ 👇

🔔အမှတ်စဉ် ၇ ကနေ အမှတ်စဉ် ၂ 🔔ကိုတတ်သွားခဲ့တယ်။

✨Shell ✨က သူ့လုပ်ငန်းအောင်မြင်ရေးအတွက် ဘယ်အစိုးတွေ

ကို ဘယ်လိုမဲဆွယ်စည်းရုံးချဉ်းကပ်ရမယ်၊ ရေနံတင်ပို့တဲ့ နိုင်ငံများ

အဖွဲ့(OPEC) နဲ့ ဘာတွေ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာတွေကို

သိတယ်။

👀 ဖြစ်နိုင်ချေတွေအတွက် ကြိုတင်စီစဉ်ထားရင် မရေရာမသေချာ

မှုတွေနဲ့ကြုံတဲအခါ ကိုင်တွယ်ဖြေရှင်တတ်သွားနိုင်တယ်။

👌ဒါကြောင့် လုပ်ငန်းဆိုင်ရာ ၀န်းကျင်အပြောင်းအလဲ ကိုနားလည်သွားနိုင်တယ်။

👌အခွင့်အလမ်းသစ်တွေကိုလည်း မြင်လာ၊ ဦးတည်ချက် ရောက်

အောင် ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာ သိမြင်လာပြီး ရေရှည်

အမြော်အမြင်နဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်တတ်လာတယ်။

‌🤜လက်တွေ့ဆောင်ရရွက်ရန်🤛

~ ဖြစ်နိုင်ခြေအတွက် ကြိုတင်စီစဉ်ထားခြင်းဟာ အနာဂတ်ကို

ကြိုတင်ဟောကိန်းထုတ်တာမဟုတ်ပါ။ အနာဂတ်ကို ပုံဖော်ပေးနေတဲ့

အချက်အလက်‌တွေကို နားလည်အောင်စီစဉ်ထားတာဖြစ်တယ်။

အနာဂတ်ကို အတိအကျသိဖို့က အဓိကမဟုတ်ပါဘူး။အနာဂတ်မှာ

ဘာတွေ၊ ဘယ်လို၊ ဘာကြောင့်ဆိုတာ သိထားဖို့ကသာ အဓိကပါ။

~ ဖြစ်နိုင်ချေအတွက်ကြိုတင်စီစဉ်ရေးဆွဲရာမှာ ပါ၀င်ပတ်သတ်ရ

မယ့် လူတွေနဲ့ ပတ်သတ်ပြီး အားလုံးသဘောတူညီမှု ရထားဖို့လို
တယ်။

~ အနာဂတ်မှာ ဖြစ်လာနိုင်တာတွေကိုဆွေးနွေးပါ။

~ တဖြည်းဖြည်း ပိုပြီးအသေးစိတ်ကျတဲ့ အစီအစဉ်ကို ရေးဆွဲပါ

~ အနာဂတ်မှာ ဘာကြောင့် ဘာတွေဖြစ်နိုင်တယ်၊ ဖြစ်လာရင် ဘာ
လုပ်မယ်ဆိုတာ ဆန်းစစ်ပါ။

~ ဦးစားပေးလုပ်ငန်းနဲ့ ပတ်သတ်လို့ လုပ်ကိုင်ရာမှာနဲ့ ဆုံးဖြတ်ချက်ချ

ရာမှာ အထက်ပါ ကြိုတင်ရေးဆွဲထားတာတွေကို အ‌ခြေခံပြီး
ဆောင်ရွက်ပါ။

# # # # # # # # # # # # # # # # # # # # # # # # # #

Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

08/03/2020

**တပေါင်းလပြည့် ပြည်တော်၀င် အခါတော်နေ့**🙏🙏🙏

"ငါးတန်ငါးကြင်း ၊ရွှေတသင်းတို့၊ မြစ်တွင်းမြူးပျော်၊ ဇင်ယော်မြစ်တွေး၊ ချစ်သံလေးနှင့် ရေကျေး ရေငှက် ၊
စက္က ၀က်ဟင်္ဟာ၊ ငှက်တကာလည်း ၊ ဘာသာ ကျူးကျော်
မြူးပျော် ကြတုံ ၊ငွေသောင် ခုံ၀ယ် ၊ သဲပုံစေတီ ပွဲတော် ပြီတည်း"

သဲပုံစေတီ ပွဲတော် /တပေါင်းလပြည့်နေ့မှာ အားလုံး
ပျော်ရွှင်ချမ်းမြေ့ကြပါစေ🙏🙏🙏

07/03/2020

အဆင့်အတန်း၊ စံချိန် (သို့) STANDARD

၀န်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်နေရာ ရောက်သွားတဲ့အခါမှာ အဲ့ဒီနေရာကပေးတဲ့၀န်ဆောင်မှုက ကောင်းချင်ကောင်းလိုက် ဆိုးချင်ဆိုးလိုက်နဲ့ ပုံသေမရှိတဲ့အခါ၊ လုပ်ဆောင်မှုတိုင်းမှာလဲ တသမတ်တည်းမရှိတဲ့အခါ အတော်လေးကို စိတ်ကသိကအောက်ဖြစ်စေတတ်ပါတယ်။ အဆင့်အတန်း၊ စံချိန် < သို့> standard မရှိဘူးဆိုပြီးကျွန်တော်တို့တစ်တွေပြောတတ်ကြပါတယ်။ အဲ့ဒီလိုပြောကြတဲ့ အဆင့်အတန်း၊ စံချိန် < သို့> standard ဆိုတာကိုကျွန်တော်တို့ဘယ်လို နားလည်ကြပါသလဲ။
Standard ဆိုတာက တကယ့်လက်တွေ့မှာ ရရှိနေတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုတွေရဲ့အနေအထားတွေကို ရေးသားဖော်ပြထားတဲ့ ထုတ်ပြန်ချက်ကို ဆိုလိုတာဖြစ်ပါတယ်။ Standard တွေကသုံးစွဲသူတွေ ဘာတွေကိုရရှိမယ်ဆိုတာ၊ လာရောက်တဲ့အခါတိုင်းမှာ ဘာတွေကိုမြင်တွေ့ရမယ်ဆိုတာ၊ ဘာတွေကိုမျှော်လင့်ထားလို့ရမယ်ဆိုတာ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေရဲ့ ကတိစကားများ စတာတွေကို ပြောပြပေးနိုင်မှာဖြစ်ပါတယ်။
နောက်တခုကတော့ကျွန်တော်တို့ကြားကြားနေတဲ့ SOP လို့ခေါ်တဲ့ Standard Operating Procedure ပဲဖြစ်ပါတယ်။ SOPဆိုတာက အလုပ်တာ၀န်{Task} တစ်ခုကိုဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို တိတိကျကျရေးသားဖော်ပြထားတဲ့ စာရွက်စာတမ်းကို ပြောတာဖြစ်ပါတယ်။ဒီ SOP တွေက ကိုယ်လုပ်ကိုင်ရမဲ့တာ၀န်တွေကို လုပ်ဆောင်ချိန်တိုင်းမှာ တသမတ်တည်းရှိနေစေရန် ညွှန်ကြားပေးနေမှာ ဖြစ်ပါတယ်။ သေသေချာချာ ရေးသားထားတဲ့ Standard Operating Procedure တစ်ခုမှာ ဒီလို သွင်ပြင်လက္ခဏာတွေရှိတတ်ပါတယ်။
✓ နားလည်ရလွယ်ကူခြင်း
✓ လုပ်ရမယ့်တာ၀န်တွေကို ပြီးဆုံးမဆုံးကို ဖော်ပြ
နိုင်ခြင်း
✓ အမြဲတသမတ်တည်း လုပ်ဆောင်နိုင်စေခြင်း
✓ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ရှိသင့်တဲ့
အသေးစိတ် အမူအရာကိုဖော်ပြနိုင်ခြင်း
✓ သုံးစွဲသူများ ၀န်ဆောင်မှုကို အမြန်ဆုံးရရှိရမယ့်
အချိန်အတိုင်းအတာကို‌ဖော်ပြပေးခြင်း
✓ သုံးစွဲသူများရဲ့ မျှော်မှန်းချက် ပြည့်မှီသာလွန်
နိုင်‌စေခြင်း
✓ လုပ်ဆောင်မှုကိုပြတဲ့ "လုပ်ခြင်း ပြကြိယာ" များဖြင့်ရေးသားထားခြင်း
✓ လုပ်ရမယ့် တာ၀န်တွေကို ဘယ်လိုမှန်မှန်ကန်ကန် လုပ်ရမယ် ဆိုတာကို ဖော်ပြပေးခြင်း
ဒါဆိုSupervisor တစ်ယောက် အနေနဲ့ကိုယ်လုပ်နေတဲ့အလုပ်မှာ လိုအပ်တဲ့ အဆင့်အတန်း စံချိန် (သို့) Standard တွေကိုပြန်လှယ်သုံးသပ်ကြရမှာဖြစ်ပါတယ်။
fromစောကယ်ရီ၀င်း
Supervisor level သို့စတင်၀င်ရောက်သူများအတွက်


03/03/2020

✓ Supervisor တိုင်း လိုက်နာရမည့် ✓

Supervisor VS Need &Want
🕴️🕴️🕴️🕴️ VS. 📊📊📊📊📊

Effective supervisor တစ်ယောက်ဟာ
ကိုယ့်ဝန်ထမ်းတွေရဲ့လိုအပ်တာ(Need)နဲ့ လိုချင်တာ
(Want)တွေကိုနားလည်ပြီး ဖြည့်ဆည်းပေးနိုင်ဖို့အရေးကြီးပါတယ်။
--------
👉 ဒီလိုပြုလုပ်နိုင်ဖို့ supervisorတစ်ယောက်မှာရှိသင့်တဲ့
အရေးပါတဲ့ အပြုအမူ (၅)မျိုးရှိပါတယ်။ အဲ့ဒါတွေကို
အတိုကောက်စာလုံးL.E.A.R.N. နဲ့အလွယ်တကူ မှတ်
သားနိုင်အောင် ဖော်ပြထားပါတယ်။ Supervisor တစ်
ယောက်အနေနဲ့ ဝန်ထမ်းတွေကို စိတ်အားတတ်ကြွလာ
အောင်လုပ်ဖို့ ကိုယ့်ရဲ့ L.E.A.R.N. ကို အသုံးချလို့ရပါတယ်။

1️⃣ “L”ဆိုတဲ့စကားလုံးက’Learn to Lead’ပါ 🔻

ခေါင်းဆောင်နိုင်ဖို့အတွက်ဆို အမြဲလေ့လာသင်ယူတတ်တဲ့ အပြုအမူကို ပြောချင်တာဖြစ်ပါတယ်။ခေါင်းဆောင်မူခံထားရတဲ့နေရာမှာ supervisor တစ်ယောက်ဟာ အလုပ်ကိုထိထိရောက်ရောက်လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်မှူကို ပြရပါတယ်။Supervisor ကဝန်ထမ်းတွေကို ကိုယ့်အတွက်ကိုကိုယ်စဉ်းစားဖို့ အားပေးတာမျိုးလုပ်ရပါတယ်။

ဒီအပြုအမူကို ကိုယ့်ရဲ့အလုပ်မှာ ဘယ်လိုမျိုးပြသနိုင်မလဲ?။Role modelစံပြအဖြစ်နေထိုင်လုပ်ဆောင်တာ၊ လိုအပ်တဲ့မေးခွန်းတွေ မေးတတ်တာ၊ ဝန်ထမ်းတွေရဲ့အကြံဉာဏ်၊ စိတ်ကူးတွေကိုတောင်းခံတာ၊ ကိုယ်ကိုယ်တိုင်တောင်မှ မလုပ်ချင်တဲ့အရာတွေကို အခြားသူတွေကို မလုပ်ခိုင်းတတ်တာ၊ ဝန်ထမ်းတွေ အလုပ်များတဲ့အချိန်တွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးတတ်တာ၊ ဝန်ထမ်းတွေကို လိုအပ်သလိုချီးမွမ်းပေးတတ်တာတွေကို လုပ်ဆောင်ခြင်းအားဖြင့် ပြသနိုင်ပါတယ်။

2️⃣ “E”ဆိုတဲ့စကားလုံးက’Examine and Establish
Expectations’ပါ 🔻

ဝန်ထမ်းတွေအပေါ်မှာထားတဲ့ ကိုယ်ဖြစ်စေချင်/လုပ်စေချင်တဲ့ မျှော်မှန်းချက်တွေကို စမ်းစစ်ခြင်း၊ သတ်မှတ်ပေးခြင်းတွေကို ပြောချင်တာဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာသူတို့လုပ်တဲ့အလုပ်မှာ အတွေ့အကြုံတွေရရှိလာတဲ့ အခါ နောက်ဆုံးရရှိလာမဲ့ရလဒ်ကိုမြင်လာနိုင်မယ်၊ လုပ်ရတဲ့အလုပ်တွေကိုစိတ်ဝင်စားလာပြီး / ပိုပြီးလုံခြုံမှူကိုခံစားရစေပါတယ်။(ဝန်ထမ်းတွေအပေါ် ကိုယ်လုပ်စေ/ဖြစ်စေချင်တဲ့မျှော်မှန်းချက်ကို သူတို့နဲ့ ကိုက်ညီအောင်လုပ်ဆောင်ပေးမှ ရမာပါ)Daily targetလိုဟာမျိုးကိုပြောပြထားမျိုးဖြစ်ပါတယ်။ဒီလိုသာမလုပ်ကြဘူးဆိုလျှင်ကိုယ့်ရဲ့ team ကစိတ်ဓာတ်ကျတာ၊ အားပေးခြင်းမခံရတာ၊ ဦးတည်ချက်ကင်းမဲ့တဲ့ခံစားချက်တွေခံစားရတာတွေဖြစ်လာတတ်ပါတယ်။

3️⃣ “A”ဆိုတဲ့စကားလုံးက’Actions That Show You Care'ပါ🔻

ဂရုစိုက်တတ်တဲ့ ကိုယ့်ရဲ့ အပြုအမူတွေအားဖြင့် ဝန်ထမ်းတွေအပေါ်ထားတဲ့ စိုးရိမ်ပေးတတ်မှူကိုဆိုလိုပါတယ်။ ဝန်ထမ်းတွေရဲ့စကားကို နားထောင်ပေးတဲ့အခါ၊ သိသင့်တာတွေကို အသိပေးတဲ့အခါ သူတို့အပေါ် ဂရုစိုက်ပါ့လားဆိုတာကို သိရှိလာကြပါတယ်။ ဒီအပြုအမူတွေကို ကိုယ့်ရဲ့အလုပ်မှာ ဘယ်လိုမျိုးပြနိုင်မလဲ။ သူတို့အဆင်ပြေရဲ့လားလို့မေးတာမျိုး၊ ချီးမွမ်းပြောဆိုတာမျိုး၊ briefing တွေမှာ အောင်မြင်မှူတွေကိုပြောပြတာ၊ အသိအမှတ်ပြုခံရတာမျိုးကို လုပ်ဆောင်ပေးခြင်းအားဖြင့်ပြသပေးနိုင်ပါတယ်။ (ကိုယ့်ကို လုံးဝဂရုမစိုက်တဲ့ Supervisior နဲ့အလုပ်လုပ်ခဲ့ဖူးပါသလား။ သူတို့တွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ?)

4️⃣ “R” ဆိုတဲ့စကားလုံးက ‘Respect and Recognition’ ပါ 🔻

အောင်မြင်မှု၊ ဂုဏ်ရှိမှုလို့ အဓိပ္ပာယ်ရတဲ့ Prestige ကို ရေပုံးတစ်ပုံးလို့ သဘောထားကြည့်ပါ။ Supervisior ကဝန်ထမ်းတွေကို လေးစားစွာ ဆက်ဆံတဲ့အခါ၊ အသိအမှတ်ပြုပေးတဲ့အခါတဲ့အခါတွေတိုင်းမှာ Prestigeက ရေပုံးက ပြည့်ပြည့်လို့လာတာဖြစ်ပါတယ်။ ကိုယ်ကအလုပ်တွေ ကြိုးစားပြီး၊ စေတနာတွေထားလုပ်ခဲ့တာတွေကို အသိအမှတ်ပြုခံရရင် ဘယ်လိုနေမလဲ ? / ဒါမှမဟုတ် အသိအမှတ် မပြုခံရခဲ့ရင် ဘယ်လိုနေမလဲ ?

5️⃣ “N” ဆိုတဲ့စကားက ‘Never Stop Growing’ပါ🔻

ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေကို အလုပ်နဲ့ ပတ်သတ်ပြီး လုပ်နိုင်စွမ်းကိုစမ်းသပ်တာဝန်ပေးခံရတာ၊ ကျွမ်းကျင်မှုတိုးတတ်ရေးဆိုင်ရာအခွင့်အလမ်းများ ရရှိတာတွေအားဖြင့် ပြည့်ဝတတ်ကြပါတယ်။ ဘာလို့ ဝန်ထမ်းတွေရဲ့ အလုပ်ကိုတိုးမြှင့်ပြီး လေ့လာစရာအသစ်တွေကို ပေးဖို့လိုအပ်ရပါသလဲ။ အဲ့လိုလုပ်တဲ့အခါ အလုပ်နဲ့ပတ်သတ်တဲ့ စိတ်ကျေနပ်မှုတွေရလာမှာဖြစ်ပါတယ်၊ လုပ်အားတွေတိုးတတ်လာမှာဖြစ်ပါတယ်။ ရာထူးတိုးဖို့ အလားအလာတွေ ကို များလာစေပါတယ်။

🕴️Supervisor တစ်ယောက်အနေနဲ့ ခေါင်းဆောင်နိုင်ဖို့ အမြဲ သင်ယူ (Learn) သင့်သလို ကိုယ့်ရဲ့ ဝန်ထမ်းတွေကိုလည်း L.E.A.R.N ဆိုတဲ့ အပြုအမူကို ချပြတက်မယ်ဆိုရင် ဝန်ထမ်းများရဲ့လိုအပ်တာ(Need)နဲ့ လိုချင်တာ (Want)တွေကိုဖြည့်ဆည်းနိုင်လာပြီး သူတို့ကို စိတ်ခွန်အားတက်ကြွစေလို့ လုပ်အားတွေကို ပိုလို့ 📊မြှင့်တင်လာနိုင်ပါလိမ့်မယ် ။

(စိတ်ခွန်အား80% + လုပ်အား20% = တိုးတက်မှု100% )

🧘🧘🧘🧘🧘 + 🤼🤼🤼 = 📈📈📈📊📊

စောကယ်ရီဝင်း( supervisory level သို့စတင်ဝင်ရောက်
သူများအတွက် )

01/03/2020

တောင်သူလယ်သမားနေ့
************************
မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်ပုဂံခေတ်မတိုင်မီ ကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ ပဒေသရာဇ်ခေတ် အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးအက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။

ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသော အခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။

၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို
1. ဂရန်မြေ (အပိုင်စာချုပ်မြေ)
2. အငှားစာချုပ်မြေ
3. ယာယီလုပ်ခွင့်ရမြေ
4. မြေနုကျွန်းမြေ
5. နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။

ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူအဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက် သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဂဠုန်ဆရာစံက “သုပဏ္ဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘဝမှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘဝကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်းတောင်သူလယ်သမား ဘဝ မြင့်မားစေရေး ဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။

သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ
****************
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း
*******************************
တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမား နေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။


Wikipedia

24/02/2020

💪Secret of Mind Power💪
(စိတ်စွမ်းအားသည်သာ အကြီးဆုံးစွမ်းအား)
ပြောင်းလဲချင်တဲ့လူငယ်တွေ ဒီစာဖတ်ပြီးပြောင်းလဲဖို့ ကိုယ်တွေ့ပြောင်းလဲမှုနဲ့ အားပေးထားပါတယ်။ကျွန်တော့်ဘဝရဲ့အရာအားလုံးဟာ စိတ်စွမ်းအားတို့ဖြင့်ဖန်တီးကြိုးစားနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။လူတိုင်းလည်းစိတ်စွမ်းအား ကြီးမားတယ်ဆိုရင် အရာရာကို ဖန်တီးနိုင်ဖို့ ယုံကြည်အားပေးလိုက်ပရစေ။

ယခင်ကျွန်တော် - ပတ်ဝန်းကျင်အထင်ကြီးဖို့နဲ့ မရှိတာကို အရှိလုပ်ပြီး ကိုယ်တိုင်လက်တွေ့ မကြိုးစားခဲ့တာတော့ အမှန်ပါပဲ။
ယခုကျွန်တော် - ပတ်ဝန်းကျင်က အထင်ကြီးဖို့ထက် ကိုယ်တိုင်က အောင်မြင်တိုးတက်ဖို့ ကြိုးစားရမယ်ဆိုတာသိလာတယ်။

ယခင်ကျွန်တော် - အဆင်မပြေမှုတွေနဲ့ ကြုံလာရင် သူများလွှဲချတဲ့ ပတ်ဝန်းကျင်နဲ့ ဘေးလူတွေကိုပဲ အပြစ်မြင်ဖူးတယ်။
ယခုကျွန်တော် - အဆင်မပြေမှုနဲ့ကြုံလာရင် ကိုယ့်ကိုကိုယ် အပြစ်မြင်တယ်၊ဘာပြောင်းလဲသင့်လဲတွေးမိလာတယ်။

ယခင်ကျွန်တော် - လူတွေအထင်ကြီးဖို့ကြွားဝါလိုတဲ့စိတ်နဲ့ အောင်မြင်ခြင်း နာမည်ကြီးခြင်းကို အရမ်းလိုချင်ခဲ့တာပေါ့။
ယခုကျွန်တော် - အောင်မြင်ဖို့ထက် ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းကို စိတ်ကျေနပ်ပြီး နှိမ့်ချနေရတဲ့ဘဝကို ပိုကြိုက်လာတယ်။

ယခင်ကျွန်တော် - အောင်မြင်ချမ်းသာချင်ဟာ ကံတရားပဲ ကိုယ်တိုင်မကြိုးစားပဲ ကံကိုပဲ အပြစ်ပုံချဘူးတယ်။
ယခုကျွန်တော် - ကံဆိုတာအလုပ် - အလုပ်တွေအဆင်ပြေအောင်ကြိုးစားလိုက်ရင် ကံကောင်းခြင်းတွေပဲလို့လက်ခံလာတယ်။

ယခင်ကျွန်တော် - ကိုယ့်ပျော်ဖို့အတွက် အချစ်ရေးကို ဦးစားပေးပြီး ဘဝကြီးကို မျက်လုံးမှိတ်ပြီး မိုက်ရူးရဲဆန်ခဲ့ဖူးတာပေါ့။
ယခုကျွန်တော် - အများအတွက်အလုပ်အကျွေးပြုရင်း အချစ်ရေးထက် ဘဝကို အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ်ဖြစ်စေခဲ့ပြီ။

ယခင်ကျွန်တော် - သူငယ်ချင်း အပေါင်းသင်းတွေကြားမှာ ဝင်ငွေအနည်းဆုံ ဖြစ်လို့ သိမ်ငယ်တဲ့အတွေးတွေနဲ့လူပေါ့။
ယခုကျွန်တော် - သူငယ်ချင်းတွေအားကျရလောက်တဲ့ ဝင်ငွေနဲ့ လူတွေအတွက် ပြန်လည် ကူညီရမယ်ဆိုတဲ့အတွေးတွေနဲ့ပါ။

ယခင်ကျွန်တော် - အားတဲ့အချိန်မှာ အချိန်ဖြုန်း၊ ပျော်ရွှင်မှုကို မက်တက်ပြီး ဘဝရဲ့ ရည်ရွယ်ချက်ကောင်းကောင်း မရှိခဲ့ပါဘူး။
ယခုကျွန်တော် - အားတဲ့အချိန်မှာ အသိပညာရဖို့နဲ့ အလုပ်အတွက်ပြင်ဆင်ရမယ်ဆိုတဲ့စိတ်နဲ့ အလုပ်တွေပဲစဉ်းစားနေမိပြီ။

ယခင်ကျွန်တော် - ကိုယ့်ရဲ့အရည်ချင်းအားနည်းမှုကို မမြင်ပဲ ကိုယ့်ရဲ့ထမင်းရှင် ကုမ္ပဏီတွေကို အပြစ်မြင်ခဲ့ဘူးတယ်။
ယခုကျွန်တော် - ကိုယ့်ရဲ့အရည်အချင်းတိုးတက်နေမှ ညီမျှတဲ့ အကျိုးရလဒ်ကိုဖြစ်စေတဲ့ မျှတတဲ့ပေးဆပ်မှုကို မြင်ခဲ့ပြီ။

ယခင်ကျွန်တော် - သူများနိုင်ငံကိုပဲအထင်ကြီးလေးစားခဲ့ပြီး နိုင်ငံခြားထွက်မှအောင်မြင်တိုးတက်မယ်လို့ ထင်ခဲ့ဖူးတာပေါ့။
ယခုကျွန်တော် - နိုင်ငံခြားမထွက်ပဲ ကိုယ့်နိုင်ငံမှာနေရင်း အောင်မြင်အောင်ဖန်တီးရင်း နိုင်ငံအကျိုးပြုဖို့ကို သိလာတယ်။

ယခင်ကျွန်တော် - ဘဝတစ်ခုအဆင်ပြေစွာရပ်တည်ဖို့ အလုပ်တစ်ခုဖို့အတွက်ကို သူများတွေစီ အောက်ကျခဲ့ဖူးတာပေါ့။
ယခုကျွန်တော် - တချို့လုပ်ငန်းတချို့မှာ ရင်းနှီးမြုပ်နှံမည့်သူတွေက ကမ်းလှမ်းလာရင်း စွန့်ဉီးတီထွင်လုပ်ငန်းရှင်ဖြစ်စေခဲ့ပြီ။

ယခင်ကျွန်တော် - ကိုယ့်အတွက် ပြောင်းလဲမှုဖြစ်ဖို့ အများက ပြောင်းလဲပေးမှ ရမယ်ဆိုတဲ့အတွေးနဲ့ သူများကိုအားကိုးခဲ့ဖူးတာပေါ့။
ယခု ကျွန်တော် - ကိုယ်ပြောင်းလဲဖို့အတွက် ကိုယ်တိုင်ပြောင်းလဲမှရမယ်ဆိုတဲ့ခံယူချက်နဲ့ ကိုယ်တိုင်ပြောင်းလဲ ယူနေပါပြီ။

-------------------ကျွန်တော့ဘဝကို ပြောင်းလဲပေးခဲ့တဲ့ အဆင်ပြေမှု၊ အဆင်မပြေမှု၊ကူညီခဲ့သူ၊ မကူညီခဲ့သူ အရာအားလုံးကို ကျေးဇူးတင်နေမိပါတယ်-------
ဒီစာကို ရေးသားခြင်းမှာ ကြွားဝါခြင်း လုံးဝမပါပဲ၊လူတိုင်းလည်းပြောင်းလဲနိုင်တယ်ဆိုတာ လက်ခံနိုင်ဖို့နဲ့ လက်ရှိအခွင့်အရေးများစွာ ပေါ်လာတဲ့နိုင်ငံစီးပွားရေး၊တိုးတက်ရေးအခွင့်အလမ်းတွေမှာ ကျွန်တော်တို့လူမျိုးတွေကို အောင်မြင်စေချင်ပါတယ်။ပြောင်းလဲပြီးကြိုးစားကြည့်စေချင်တယ်။ပြောင်းလဲနိုင်တဲ့သူတိုင်း ဖြစ်နိုင်ပါလိမ့်မယ်။ဒီလိုပြောင်းလည်းချင်းကို အားလုံးလည်းလုပ်နိုင်ပါလိမ့်မယ်။ ဖြစ်ချင်တဲ့ စိတ်ကူးသာ ရှိပါစေ ပြောင်းလဲဖို့နည်းလမ်းရှိပါတယ် (There is a will ….There is a way )ကျွန်တော့်ရဲ့ပြောင်းလဲမှု စာတွေက ထာဝရအားဖြစ်နိုင်ပါတယ်။
ကျွန်တော်ဟာ ပြောင်းလဲနိုင်ခဲ့တယ်ဆိုရင်၊ ကျွန်တော့်ကို ပြောင်းလဲစေခဲ့တဲ့ အချက်တွေက …
(၁) တကယ်တော့ ကိုယ့်ရဲ့ဘဝကို ပြောင်းလဲစေတာကိုယ့်ရဲ့အလုပ်ပါ။အလုပ်လုပ်တဲ့အခါ အကောင်းဆုံကြိုးစားပါ
(၂) သိချင်ရင် ရှာဖွေလေ့လာပါ၊ အရာအာလုံးဟာ ဆရာကောင်းတွေ၊မိတ်ဆွေကောင်းတွေကြောင့်ပါ ၊သူတို့ကို
ချဉ်းကပ်ပါ။
(၃) စာများများဖတ်ရင်း ဘဝ အောင်မြင်မှုအဖြေတွေကို ရှာဖွေပါ၊အားလုံး စာဖတ်ပြီးပြောင်းလဲဖို့ ကျွန်တော်
အာမခံပါတယ်။

If you believe you can see the change သင့်ရဲ့ ယုံကြည်လက်ခံမှုဟာ ပြောင်းမှုတွေကို မြင်နိုင်ပါလိမ့်မယ် ။ကျွန်တော်တို့အားလုံးရဲ့အတွေးသာ ပြောင်းလိုက်ပါ ။ဘဝကြီးက ပြောင်းလဲသွားပါလိမ့်မယ်။

I Must = I Can (မဖြစ်ဖြစ်အောင်လုပ်ရင် လုပ်နိုင်ပါတယ်)
Seeing & Someday for Something
(တနေ့မှာတော့ တစုံတစ်ရာဆိုတာကို မြင်ယောင်ယုံကြည်နေရင်း)
Living with Believing (ယုံကြည်မှုနဲ့ ရှငိသန်နေဖို့ပါ)
Credit #
စိတ်စွမ်းအားတို့၏ လျှို့ဝှက်ချက်

Want your school to be the top-listed School/college in Kyaukse?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Unnamed Road
Kyaukse
111

Opening Hours

09:00 - 17:00
Other Education in Kyaukse (show all)
U Wai Myo Spoken English Class U Wai Myo Spoken English Class
Kyaukse

Speaking can learnt only by speaking.

Memory Japanese Language Center Memory Japanese Language Center
Kyaukse

Have fun and let's learn Japanese.

KTU Information Technology Club KTU Information Technology Club
Kse
Kyaukse

အနာဂတ်အတွက် ​​ကျောင်းသား​တွေ အလုပ်?

Yoon's Chinese Yoon's Chinese
Kyaukse

စာသင်ချိန်​တွေများတာ​ရောpageစာဝင်တာများလွန်းတာ​ကြောင့်replyနောက်ကျ​လေ့ရှိလို့​ကြိုတောင်းပန်ပါတယ်ရှင့်

Li Shan Xian Li Shan Xian
Kyaukse

HR Training Alumni- Shwe Sae Myay HR Training Alumni- Shwe Sae Myay
Kyaukse, HELLO

လူငယ်ဘဝလူငယ်အနာဂတ်လှပအောင်ကူညီမယ်

English For Your Life - EFYL English For Your Life - EFYL
Kyaukse

Online Class

Brightkids Kyaukse Private School Brightkids Kyaukse Private School
အေးမြကြည်လင်ရပ်ကွက် စံကားဝါလမ်း, စံကားဝါဆောင်ဘေး GTC ဘေး
Kyaukse

"Start them right ....Make them bright“ BRIGHTKIDS FOR ALL CHILDREN