
“ ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် အထောက်အပံ့ဖြစ်စေဖို့"
ခဲပန်းချီ(sketch)ရေးဆွဲနည်း၊ posterပန်းချီ(ရေဆေး) ရေးဆွဲနည်းသင်တန်း…
အသက် 11နှစ်ပြည့်ပြီးသူတိုင်း သင်တန်းအပ်နှံလို့ရပါပြီ။ အခြေခံကနေစပြီး သေချာသင်ကြားပေးတာမို့ လုံး၀မဆွဲတတ်သေးတဲ့သူတွေလည်း သင်တန်းလာတက်လို့ ရပါတယ်နော်🥰
—-----------------------------------------------------------------------
🔰သင်ကြားပေးမည့် ခေါင်းစဥ်
(1)အခြေခံ ခဲပန်းချီ(sketch) ရေးဆွဲနည်း
(2)Landscape ရှု့ခင်းပုံရေးဆွဲနည်း(ရေဆေး)
🔰သင်ကြားပေးမည့်နည်းလမ်း
လူပုံရေးဆွဲနည်း၊ ရှု့ခင်းပုံရေးဆွဲနည်းတွေကို
ခဲပန်းချီဖြင့် ရေးဆွဲတတ်အောင် အရင်သင်ကြားပေးမှာဖြစ်ပြီး၊ ခဲပန်းချီရေးဆွဲတတ်ပြီဆိုပါက ရေဆေးပန်းချီရေးဆွဲတတ်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
—------------------------------------------------------
🔰ဘယ်လိုလူတွေတက်ရောက်သင့်လဲ?
(1)ပန်းချီရေးဆွဲခြင်း ဝါသနာပါသူ
(2)Designer နယ်ပယ်မှာ လျှောက်လှမ်းချင်သူ
(3)Artist တစ်ယောက်အဖြစ် လျှောက်လှမ်းချင်သူ
(4)အသက်မွေး၀မ်းကြောင်းပညာ သင်ယူချင်သူ
(5)ကျောင်းအားလပ်ရက်အတွင်း ပန်းချီရေးဆွဲခြင်းအတတ်ပညာ သင်ယူချင်သူတွေ တက်ရောက်သင့်သော သင်တန်းဖြစ်ပါတယ်😍
--------------------------------------------------------------------------
🔰ပန်းချီရေးဆွဲခြင်းက ကလေးတွေအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ?
(1)ပန်းချီရေးဆွဲခြင်းက ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို ဖွံ့ဖြိုးစေတယ်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စိတ်ကူးစိတ်သန်းတွေကို စူးလမ်းလေ့လာခွင့် ရရှိစေတယ်၊ တီထွင်ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှုနဲ့ ပြဿနာဖြေရှင်းမှုစွမ်းရည်တွေကို တိုးတက်စေဖို့ ကူညီပေးပါတယ်
(2)Mortor Skills တွေကို မြှင့်တင်ပေးနိုင်ခြင်း- Motor Skillဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို အသုံးပြုနိုင်ဖို့အတွက် ထုတ်လွှတ်ရတဲ့စွမ်းရည်ဖြစ်ပါတယ်၊ Gross Motor and Find Motor skills နှစ်မျိုးရှိပြီး ပန်းချီရေးဆွဲခြင်းက Find Motor skill ထဲတွင်ပါ၀င်ပါတယ်
ပန်းချီဆွဲတဲ့အခါမှာ လက်နဲ့လက်ချောင်းတွေကြားမှာရှိတဲ့ ကြွက်သားငယ်တွေကို အသုံးပြုရန်လိုအပ်ပြီး Mortor Skillနဲ့ လက်၊ မျက်လုံးပေါင်းစပ်မှုတွေကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးနိုင်ပါတယ်
(3)အာရုံစူးစိုက်မှုရရှိစေပြီး အမြင်ကြည်လင်ပြတ်သားမှုတွေကိုလည်း ပိုမိုကောင်းမွန်စေပါတယ်
(4)ပန်းချီရေးဆွဲပြီး လှပတဲ့အရာတစ်ခုကို ဖန်တီးနိုင်တဲ့အချိန်မှာ ကလေးတွေဟာ သူတို့ရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူနိုင်ပြီး အရည်အချင်းတွေကို ပိုမိုယုံကြည်မှု ရှိလာစေတာကြောင့်
ကိုယ့်ကိုယ်ကို လေးစားမှုနဲ့ ယုံကြည်မှုတွေကိုလည်း တိုးစေပါတယ်
(5)ပန်းချီရေးဆွဲခြင်းက ကလေးတွေအတွက် စိတ်ငြိမ်စေတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်၊ စိတ်ခံစားချက်တွေအတွက် ကောင်းမွန်တဲ့ ထွက်ပေါက်တွေကို ရရှိစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်တာကြောင့် စိတ်အပန်းပြေစေပါတယ်
(6)ပန်းချီရေးဆွဲခြင်းကနေပြီး ကလေးတွေအတွက် စိတ်ရှည်ခြင်း၊ ဇွဲလုံ့လကို အသုံးပြုပြီး ပြဿနာဖြေရှင်းရတဲ့ သဘာ၀စွမ်းအင်တွေကိုလည်း ရရှိစေတယ်၊ ဒီလိုအရည်အချင်းတွေက အနာဂတ်မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားဖို့ အကူအညီပေးနိုင်ပါတယ်
(7)ပန်းချီရေးဆွဲတဲ့အခါ မတူညီသောအရောင်၊ မတူညီတဲ့ သွင်ပြင်လက္ခဏာတွေ၊ မတူညီတဲ့ နည်းပညာတွေနဲ့ ရေးဆွဲရတာမို့ စူးစမ်းမှုနဲ့ စမ်းသပ်မှုတွေကို တွန်းအားဖြစ်စေတယ်၊ စူးစမ်းချင်စိတ်နဲ့ စိတ်ကူးသစ်တွေကို ပေါင်းစပ်ပီး ဖြစ်နိုင်ချေရှိတာတွေကို လေ့လာကြည့်ဖို့ တွန်းအားဖြစ်စေပါတယ်
အတိုချုပ်ပြောပြရလျှင် ပန်းချီရေးဆွဲတဲ့ပညာ သင်ယူခြင်းက ကလေးတစ်ဦးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကောင်းကျိုးများစွာသက်ရောက်နိုင်ပြီး သူတို့အတွက် ပျော်ရွှင်စရာကောင်းပြီး အဖိုးတန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာနိုင်ပါတယ်
--------------------------------------------------------------------------သားသားမီးမီးတို့ရဲ့ ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် အထောက်အကူဖြစ်ဖို့ဆိုရင် ခုပဲ သင်တန်းအပ်လိုက်တော့နော်🥰
သင်တန်းကာလ- ၂လ(March-April)
သင်တန်းရက်- Monday to Friday
သင်တန်းချိန်- 9:00Am to 12:00Pm
သင်တန်းကြေး- ၂လ ( ၁ သိန်း )
ဆက်သွယ်ရန် လိပ်စာ- Isme အလှပြင်ဆိုင်၊ စုကြီး ထန်းတောရပ်၊ ကျောက်ဆည်မြို့
ဆက်သွယ်ရန် ဖုန်းနံပတ်- 095181166, 09775841798(ရုပ်ရှင်ပိုစတာ၊ မျက်နှာဖုံးကာဗာ)
🔸သင်ထောက်ကူပစ္စည်းဖိုးကိုတော့ သပ်သပ်ပေးဆောင်ရပါမည်🔸