MITTA International School

MITTA International School The ability of using technology effectively, creating new ideas and self-reliance to solve problems are good signs for the future.

To engage with the lager community and to make every student a human is our goal.

🌟 MITTA ကျောင်းတော်ကြီးတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်ခြင်း 🌟MITTA International School & Private High...
06/02/2026

🌟 MITTA ကျောင်းတော်ကြီးတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်ခြင်း 🌟
MITTA International School & Private High School တွင် အတူတကွ လက်တွဲပြီး ကလေးများ၏ အနာဂတ်ကို ပုံဖော်ပေးမည့် ထက်မြက်တက်ကြွသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို အောက်ပါရာထူးများအတွက် အလိုရှိနေပါသည်။

🧑🏽‍🏫(1) ဆရာ/ဆရာမ ရာထူးများ

❇️Cambridge English Teacher (၅) ဦး
❇️Cambridge Maths Teacher (၅) ဦး
❇️Cambridge Science Teacher (၃) ဦး
❇️Assistant Teacher (၁၀) ဦး
❇️English Teacher (Primary/Middle) (၆) ဦး
❇️Class Teacher (၁၅) ဦး
❇️Preschool Teacher (Maths) (၂) ဦး
❇️Main Teacher (Maths) (၃) ဦး
❇️ICT / Computer Teacher (၄) ဦး

(2) နည်းပညာနှင့် စီမံခန့်ခွဲမှု ရာထူးများ

✅ Digital Marketing (၁) ဦး
✅ Videographer (M/F) (၂) ဦး
✅ Computer (၃)ဦး

📋 ရာထူးအလိုက် လိုအပ်ချက်များ

• ဆရာ/ဆရာမများ: သက်ဆိုင်ရာ ဘာသာရပ်များကို ပိုင်နိုင်စွာ သင်ကြားနိုင်ရမည်။
သင်ကြားရေး အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
• ကလေးများအပေါ် စိတ်ရှည်သည်းခံရမည်။
(မူးယစ်ဆေးဝါးနှင့် အကျင့်ဆိုးကင်းရှင်းသူဖြစ်ရမည်)။

⏩️ လစာ: အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းပေးပါမည်။

📁 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
၁။ ကိုယ်ရေးရာဇဝင် (CV Form)
၂။ ပညာအရည်အချင်း ထောက်ခံချက် မိတ္တူများ
၃။ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ
၄။ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ (မူရင်း)
၅။ လိုင်စင်ဓာတ်ပုံ (၂) ပုံ
📍 ဆက်သွယ်လျှောက်ထားရန်
လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
📧 Email: [email protected]
📞 Viber/Phone: 09-257533733, 09-776004646
🏢 လိပ်စာ: ရွှေစေတီဘိုးဘွားရိပ်သာအနီး၊ ကြက်မင်းတွန်ရပ်ကွက်၊ ကျောက်ဆည်မြို့။

23/11/2025
🌠🌕✨ တန်ဆောင်တိုင်လပြည့်နေ့ ✨🌕🌠MITTA Private & International School မှကျောင်းသားမိဘများ၊ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမ...
04/11/2025

🌠🌕✨ တန်ဆောင်တိုင်လပြည့်နေ့ ✨🌕🌠

MITTA Private & International School မှ
ကျောင်းသားမိဘများ၊ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများအားလုံး တန်ဆောင်တိုင်လပြည့်နေ့အခါသမယမှာ ကျန်းမာ ချမ်းသာပြီး ပျော်ရွှင်စရာကောင်းသော တန်ဆောင်တိုင်ပွဲတော်ကို မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ပါစေကြောင်း MITTA မိသားစုမှ မေတ္တာအပြည့်ဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏



#မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း


မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းနှင့် MITTA International School တို့မှ ကျောင်းသား/သူများသည် ဒသမအကြိမ်မြောက် စုပေါင်းမဟာဘ...
01/11/2025

မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းနှင့် MITTA International School တို့မှ ကျောင်းသား/သူများသည် ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားတွင် အကအလှ အမျိုးမျိုးဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။


#မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း

#ကထိန်ပွဲတော်
#ရွှေကူညီမိုးကုတ်ရိပ်သာ

🌟 MITTA မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် (ရွှေကူညီမိုးကုတ်ရိပ်သာ) 🌟၂၀၂၅...
01/11/2025

🌟 MITTA မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် (ရွှေကူညီမိုးကုတ်ရိပ်သာ) 🌟

၂၀၂၅ အောက်တိုဘာ ၃၀ ရက်နေ့တွင်
ရွှေကူညီမိုးကုတ်ရိပ်သာ ဘုန်းကြီးကျောင်း၌
ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို
စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး၊

အောက်တိုဘာလ ၃၁ ရက်နေ့တွင်
သင်္ဃာတော်အရှင်မြတ်များအား ဆွမ်း ၊ ကထိန်သင်္ကန်းနှင့် ပစ္စည်းလေးပါးများအပါအဝင်လှူဖွယ်ဝတ္ထုပစ္စည်းများကို စုပေါင်းဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြပါသည်။

ဤမွန်မြတ်လှသော ကုသိုလ်အစုစုတို့အား (၇)ရက် သားသမီးများအပါအဝင်
ပါဝင်လှူဒါန်းခဲ့ကြသူအလုံးစုံအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး
သာဓုအနုမောဒနာပြု၍ ကုသိုလ်အကျိုးထပ်တူရရှိကြပါစေ🙏✨
===================================
On 30 October 2025, the MITTA Private High School family joyfully and respectfully held the 10th Annual Unified Grand Kathina Ceremony at Shwe Ku Nyi Moe Kote Monastery.

Following this, on 31 October, we continued our meritorious activities by offering alms, the Kathina robe, the four requisites, and other wholesome donations to the Sangha with sincere devotion.

May all who participated in these noble acts of merit — including our beloved students — be blessed with good health, peace of mind, and prosperity.

With heartfelt reverence, we rejoice in this merit and wish that everyone shares in these blessings and gains equal fruits of this wholesome deed. 🙏✨



#မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း
#ကထိန်ပွဲတော်
#ကထိန်ပွဲတော်

31/10/2025

🌟🌟MITTA International School နှင့် MITTA မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် "လောကအားမာန်"သီချင်းဖြင့် လှပစွာ ဖျော်ဖြေတင်ဆက်ခဲ့ကြသော Grade 11 ကျောင်းသား/သူများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအက💃💃🕺🕺
================================================
🌟🌟At the 10th Annual Unified Kathina Ceremony of the MITTA International School and MITTA Private High School family, our talented Grade 11 students beautifully performed traditional Myanmar cultural dances, showcasing elegance, grace, and cultural pride. 💃💃🕺🕺



#မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း
#ကထိန်ပွဲတော်

🌟 10th Annual Unified Kathina Ceremony (Shwe Ku Nyi Moe Kote Monastery) 🌟Sādhu… Sādhu… Sādhu… 🙏🙏🙏With deep reverence, we...
30/10/2025

🌟 10th Annual Unified Kathina Ceremony (Shwe Ku Nyi Moe Kote Monastery) 🌟

Sādhu… Sādhu… Sādhu… 🙏🙏🙏

With deep reverence, we joyfully share that the MITTA International School and MITTA Private High School family, led by our beloved Founder Teacher Gyi Daw Thinnpyant Kyu and family, together with our Head of School, teachers, students, staff, and parents…

On 30 October 2025, we successfully held the 10th Unified Grand Kathina Ceremony at Shwe Ku Nyi Moe Kote Monastery.

During the ceremony, we respectfully offered the Kathina robe, the four requisites, and various merit-worthy donations, sharing blessings and goodwill with pure devotion.

May all donors, participants, and well-wishers who contributed to this noble act of merit be blessed with good health, peace, prosperity, and continued success — especially in the field of education.

May the merit bring happiness and wisdom to all. 🙏✨
=========================================

🌟 ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် (ရွှေကူညီမိုးကုတ်ရိပ်သာ) 🌟

သာဓု... သာဓု... သာဓု... အနုမောဒနာပြုအပ်ပါသည် 🙏🙏🙏

MITTA International School နှင့် MITTA မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ ကျောင်းတည်ထောင် အုပ်ချုပ်သူ တီချယ်ကြီး ဒေါ်သင်းပျံ့ကြူ မိသားစု ဦးဆောင်မှုဖြင့်၊ ကျောင်းအုပ်ဆရာမကြီးနှင့် တကွ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ ၊ ဝန်ထမ်းများနှင့် မိဘပြည်သူများ စုပေါင်းကာ...

ယနေ့ အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၅ ရက်နေ့တွင် ရွှေကူညီမိုးကုတ်ရိပ်သာ ဘုန်းကြီးကျောင်း၌ ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး၊ ကထိန်လျာ သင်္ကန်းအပါအဝင် ပစ္စည်းလေးပါးနှင့် လှူဖွယ်ဝတ္ထုများကို စုပေါင်းဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြပါသည်။

ဤမွန်မြတ်လှသော စုပေါင်းကုသိုလ်ပွဲကြီး၌ ပါဝင်လှူဒါန်းခဲ့ကြသူ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ ပညာရေးနယ်ပယ်တွင်လည်း အကျိုးပြုနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


#မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း


#ကထိန်ပွဲတော်
#ရွှေကူညီမိုးကုတ်ရိပ်သာ

🎉 MITTA International School နှင့် MITTA Private High School မှ ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အရေးကောင်း! 🐝✨BFI E...
29/10/2025

🎉 MITTA International School နှင့် MITTA Private High School မှ
ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အရေးကောင်း! 🐝✨

BFI Education Services Co., Ltd. မှ နှစ်စဉ်ကျင်းပလေ့ရှိသော Spelling Bee Competition 2025 ပြိုင်ပွဲတွင် MITTA International School နှင့် MITTA Private High School ၏ ကျောင်းသား၊ ကျောင်းသူများအား တက်ကြွစွာပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ဤပြိုင်ပွဲသည် ကျောင်းသား/သူများ၏ စာလုံးပေါင်းတတ်မှု၊ ဝေါဟာရတိုးတက်မှုနှင့် အင်္ဂလိပ်ဘာသာအသုံးအနှုန်းမှန်ကန်မှု တိုးတက်အောင် အထောက်အပံ့ပေးရန် ရည်ရွယ်ထားပါသည်။

📅 ပြိုင်ပွဲကျင်းပမည့်နေ့ – နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၅ (စနေနေ့)
📍 ကျင်းပရာနေရာများ –
• SKT International School (Yangon)
• NISA – Naypyidaw
• MISA – Mandalay
________________________________________
📘 အဆင့်အလိုက် ပြိုင်ပွဲအချိန်ဇယား
🔹 Junior Level (Year 4–6 / Grade 3–5)
🕘 မနက် ၉:၀၀ မှ ၁၂:၀၀ အထိ
🔹 Senior Level (Year 7–9 / Grade 6–8)
🕐 မွန်းလွဲ ၁:၀၀ မှ ၄:၀၀ အထိ
________________________________________
🏆 အနိုင်ရသူများအတွက် ဆုများ
🥇 ပထမဆု – ၇၀၀,၀၀၀ ကျပ်
🥈 ဒုတိယဆု – ၅၅၀,၀၀၀ ကျပ်
🥉 တတိယဆု – ၄၀၀,၀၀၀ ကျပ်
________________________________________
📝 စာရင်းသွင်းရန် အသေးစိတ်
• စာရင်းသွင်းခ: ၄၀,၀၀၀ ကျပ်
• လိုအပ်ချက်: Passport size ဓာတ်ပုံ (၁ ပုံ)
• နောက်ဆုံးစာရင်းသွင်းရက်: နိုဝင်ဘာ ၁၇၊ ၂၀၂၅
________________________________________
📣 အင်္ဂလိပ်စာ စာလုံးပေါင်းနှင့် အင်္ဂလိပ်ဘာသာကိုစိတ်ဝင်စားသူများ မိမိအရည်အချင်းကို ပြသဖို့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ် ။

ကျောင်းသား/သူများ တက်ကြွစွာပါဝင်ပြီး MITTA ၏အောင်မြင်မှု သမိုင်းစာမျက်နှာသစ်ကို တူညီစွာဖန်တီးရန် ဖိတ်ခေါ်အပ်ပါသည်။💪📚

ပြိုင်ပွဲယှဉ်ပြိုင်လိုသော ကျောင်းသူ/သားများ MITTA International School ရှိ မိမိတို့အတန်းပိုင်ဆရာ/ဆရာမများထံသို့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်ရှင် ။

==========================================

🎉 An Exciting Opportunity for MITTA Students! 🐝✨

BFI Education Services Co., Ltd. is hosting the Annual Spelling Bee Competition 2025, and MITTA International School students are warmly invited to participate!

This competition aims to help students improve their spelling skills, expand their vocabulary, and enhance their English usage in a fun and challenging way.

📅 Competition Date: November 22, 2025 (Saturday)
📍 Venues:
• SKT International School (Yangon)
• NISA – Naypyidaw
• MISA – Mandalay

📘 Competition Levels & Time
🔹 Junior Level (Year 4–6 / Grade 3–5)
🕘 9:00 AM – 12:00 PM

🔹 Senior Level (Year 7–9 / Grade 6–8)
🕐 1:00 PM – 4:00 PM

🏆 Awards for Winners
🥇 1st Place – 700,000 Kyats
🥈 2nd Place – 550,000 Kyats
🥉 3rd Place – 400,000 Kyats

📝 Registration Details
• Registration Fee: 40,000 Kyats
• Requirement: 1 Passport-size Photo
• Deadline: November 17, 2025

📞 For more information, please contact us:
09-257 533 733 | 09-77 600 4646






🎉 Congratulations from MITTA Private & International School! ✨💙We are proud to announce that our outstanding students ha...
13/10/2025

🎉 Congratulations from MITTA Private & International School! ✨💙

We are proud to announce that our outstanding students have been selected to represent Kyaukse District, Kyaukse Township, in the upcoming Mandalay Region English Proficiency Competition for the 2025–2026 Academic Year! 🇬🇧🌟

The MITTA students chosen to advance to the regional level are:

📕 Grade 8 – Maung Yae Yint Bhone Pyae
📗 Grade 7 – Ma Phyu Sin Shinn Thant
📘 Grade 6 – Maung Khun Aung Khant Thaw

Your dedication, discipline, and passion for learning have brought this proud achievement to our MITTA family. 👏👏👏

We wish you all the best of success in the Mandalay Region English Proficiency Competition, and we are confident you will continue to shine brightly! 🌟🏆
===========================================

🎉၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအဆင့် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း ! ✨💙

အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၌ တိုင်းအဆင့် ဆက်လက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည့် MITTA မှ ထူးချွန်ကျောင်းသားများမှာ-

📕Grade – 8 မောင်ရဲရင့်ဘုန်းပြည့်
📗Grade – 7 မဖြူစင်ရှင်းသန့်
📘Grade – 6 မောင်ခွန်အောင်ခန့်သော်

ကျောင်းသား/သူများ၏ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ပညာရေးအပေါ် စိတ်ပါဝင်စားမှုတို့အား MITTA Private & International School မှ အထူးဂုဏ်ယူဝမ်းမြောက်ပါသည်။ 👏👏
👏
နောင်လာမည့် မန္တလေးတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင်လည်း ထပ်မံအောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ 🌟🏆





🎉🌕 သီတင်းကျွတ်လပြည့်နေ့  🌕🎉MITTA School  မိသားစုများနှင့် တကွ…မြန်မာနိုင်ငံသူ/သားများအားလုံးသီတင်းကျွတ် အချိန်ခါလေးမှာစိ...
06/10/2025

🎉🌕 သီတင်းကျွတ်လပြည့်နေ့ 🌕🎉

MITTA School မိသားစုများနှင့် တကွ…
မြန်မာနိုင်ငံသူ/သားများအားလုံး

သီတင်းကျွတ် အချိန်ခါလေးမှာ
စိတ်ချမ်းသာမှု၊ ကိုယ်ကျန်းမာမှုနှင့်
မိသားစုချစ်ခြင်းမေတ္တာများလည်း ပြည့်စုံပြီး
ပျော်ရွှင်ကြည်နူးစရာအချိန်တစ်ခု ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်.......🙏🙏🙏





 #ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုလွှာ ’Day! 🌟October 5th 2025ဒီနေ့ဟာ ပညာရေးရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကလေးတို့ရဲ့ အနာ...
05/10/2025

#ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုလွှာ
’Day! 🌟

October 5th 2025

ဒီနေ့ဟာ ပညာရေးရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကလေးတို့ရဲ့ အနာဂတ်ကို လမ်းပြပေးနေတဲ့၊ စိတ်ဓာတ်ခွန်အားတွေ ပေးနေတဲ့ ဆရာ/ ဆရာမ အံ့မခန်းပုဂ္ဂိုလ်များကို ဂုဏ်ပြုရမယ့်နေ့ ဖြစ်ပါတယ်။ 💐

MITTA International School မှာရှိတဲ့ ကျွန်မတို့၏ ဆရာ/ဆရာမများရဲ့ စေတနာ၊ သည်းခံမှုနဲ့ ကလေးတိုင်းရဲ့ အလားအလာကို ပျိုးထောင်ပေးနေတဲ့ မေတ္တာအားလုံးကို အထူးတလည် တန်ဖိုးထားလေးစားပါတယ်။

ချစ်ခင်ရပါသော ဆရာ ဆရာမတို့... ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်းသူ/သားတွေကို အသိပညာနဲ့ အောင်မြင်မှုဆီ ဦးဆောင်လမ်းပြပေးတဲ့ အလင်းရောင် ဖြစ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်! 🙏❤️
================================

! 🌟

Today, we celebrate the incredible individuals who are the heart and soul of education — the teachers who guide our children every day, inspire their dreams, and light their path toward a brighter future. 💐

At MITTA International School, we deeply appreciate the dedication, patience, and compassion of all our teachers who nurture every student’s potential with love and care.

To our dearest teachers — thank you for being the light that leads our students toward knowledge, growth, and success. 🙏❤️





MITTA Private High School အနေနဲ့ မြန်မာနိုင်ငံရှိ Assumption University (Bangkok, Thailand) ၏ တာဝန်ရှိကိုယ်စားလှယ်ဖြစ်တဲ...
04/10/2025

MITTA Private High School အနေနဲ့ မြန်မာနိုင်ငံရှိ Assumption University (Bangkok, Thailand) ၏ တာဝန်ရှိကိုယ်စားလှယ်ဖြစ်တဲ့ AU MIT Myanmar Company Limited နှင့် နားလည်မှုစာချုပ် (MOU) ကို (3.1.2025)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဤ MOU ကို MITTA ကျေ

🖌🖌🖌MITTA Private High School နှင့် AU MIT Myanmar College တို့အကြား MOU လက်မှတ်ရေးထိုးခြင်း 🖌🖌🖌

MITTA Private High School အနေနဲ့ မြန်မာနိုင်ငံရှိ Assumption University (Bangkok, Thailand) ၏ တာဝန်ရှိကိုယ်စားလှယ်ဖြစ်တဲ့ AU MIT Myanmar Company Limited နှင့် နားလည်မှုစာချုပ် (MOU) ကို (3.1.2025)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဤ MOU ကို MITTA ကျောင်းသားများအတွက် နိုင်ငံတကာပညာရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးနိုင်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

👉 MITTA ကျောင်းသား၊ ကျောင်းသူတိုင်း၏ အနာဂတ်ပညာရေးခရီးလမ်း တောက်ပစေရန် နိုင်ငံရပ်ခြားတွင် တက်ရောက်နိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ကို ရယူနိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးမည်
ဖြစ်ပါသည်။

✅ MITTA ကျောင်းသားများအတွက် Bangkok, Thailand ရှိ Assumption University သို့ အလွယ်တကူ ဝင်ခွင့်ရရှိမည် ။

✅ နိုင်ငံတကာပညာရေးသို့ ဦးတည်လိုသော MITTA ကျောင်းသားများအတွက် ပိုမိုကောင်းမွန်သော အဆင့်မြှင့်အခွင့်အလမ်းများ ဖန်တီးပေးမည်။

📝📝📝နိုင်ငံတကာပညာရေးသို့ လျှောက်လှမ်းလိုသော ကျောင်းသား/ကျောင်းသူများ MITTA ကျောင်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်........







#နိုင်ငံတကာပညာရေး

Address

Near Shwe Ce Ti Home For Aged, Kyat Min Ton Quarter
Kyaukse
100301

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959257533733

Website

Alerts

Be the first to know and let us send you an email when MITTA International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MITTA International School:

Shortcuts

Share

Category